နေမင်းထွန်းမှသတင်းဖြင့်ကျေးဇူးဆပ်ပါသည်

Tuesday, October 26, 2010

ဟောဗျာ ...
ဆင်ဖြူကြီးက ပေါ်လာ
ဇောင်းပါတိတ်အပြဲကို ဖာထားတဲ့ အဆင်နဲ့
အလံအသစ်တွေကလည်း ပေါ်လာ ...။

တချို့က သိပ်အယူသီးတယ်
အဲဒီအယူသီးကြသူကြီးများ
ဘယ်လောက်အယူသီးသလဲဆို
နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်လို့တောင်
ကိုယ့်ခြေထောက်ကိုယ်
ခါးခါးသီးသီး အပြစ်တင်တဲ့အထိ အယူသီးတယ်။

ဒါပေမယ့် အဲဒီခြေထောက်တွေလည်း
ဘယ်တော့မှ နောက်မကျခဲ့ကြပါဘူး
ပြေးဟေ့ဆို ရှေ့ဆုံးက
စားပေါက်ဆို ရှေ့ဆုံးက
အခွင့်အရေးဆို ရှေ့ဆုံးက ...။

ကဲ ... အယူသီးကြသူတို့ရဲ့ နိုင်ငံတော်
ထမီအသစ်ကြီးလဲ ကြယ်ပုံအဖာကြီးနဲ့ဖြစ်လို့
တိုင်ထိပ်ပေါ်က မုန်တိုင်းခေါ် ...။ ။

ကိုမွှေး

Monday, October 25, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၅-၁၀-၂၀၁၀)

- ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ခေါင်းဆောင်များ ပြင်ဆင် click
- ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး လက်မှတ်ထိုးသူ (၅၀) ကျော်ပြီ click
- ဦးဝင်းတင်ကို အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့် click
- NLD ခေါင်းဆောင်များကို ဂျာမနီသံအမတ်ကြီး တွေ့ဆုံဆွေးနွေး click
- အန်အယ်လ်ဒီကို ဆက်လက်ထောက်ခံသွားမည်ဟု ဂျာမဏီသံအဖွဲ့ ပြော click
- မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ် အာရှမှာ ဆွေးနွေးဖွယ်ရှိ click
- စင်ပြိုင်အစိုးရအလံကို ဗိုလ်ချုပ်ကြီးတို့ ခိုးယူ click
- နိုင်ငံတော်အလံသစ် ညွန့်ပေါင်းအစိုးရအလံဖြစ် click
- မြန်မာနိုင်ငံ အလံသစ်နှင့် ပြည်ပရောက် အစိုးရအလံ ပုံစံတူ click
- နအဖ၏ နိုင်ငံတော်အလံသစ် NCGUB အလံနှင့် တထပ်တည်းတူနေ click
- အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ ယခင်နှင့် ယခု စင်္ကာပူအတွေ့အကြုံများ (၂) click
- ရန်ကုန်မြို့ လုံခြုံရေးတင်းကျပ် click
- KIO နှစ် (၅၀) ပြည့်အခမ်းအနား လိုင်ဇာဌာနချုပ်တွင် ကျင်းပ click
- မုံးဂိုးတွင် ပြည်သူ့စစ် (၃) ဦး၊ ရဲ (၁) ဦး ပစ်သတ်ခံရ click
- ခုခံတိုက်ပွဲဝင်ရန် ဒီကေဘီအေ ပြင်ဆင် click
- ရတနာပုံပေါ်တယ်က ဂူးဂဲကို ပိတ်ဆို့လိုက်ပြီလား click
- ရွေးကောက်ပွဲအကြိုကာလ အင်တာနက်လိုင်း ဖြတ်တောက်မှုများ စတင်ပြုလုပ် click
- ရွေးကောက်ပွဲ အကြိုကာလ ပြည်တွင်းထုတ် ဂျာနယ်များအား လေကြောင်းလိုင်း အသုံးပြု ဖြန့်ချိခွင့် စတင် ပိတ်ပင် click
- ရေးမြို့ လူ (၅ဝဝ) ကျော် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ click
- ရွေးကောက်ပွဲကို လူတထောင်ကျော် ဆန့်ကျင်ဆန္ဒပြ click
- စင်္ကာပူက မြန်မာများကလည်း ၂၀၁၀ ရွေးကောက်ပွဲကို အလိုမရှိ click
- မထောက်ခံတဲ့ ခလရ (၁၈) ကြံ့ခိုင်ရေး ရန်လုပ် click
- ဘုရားသုံးဆူမြို့နယ်ခွဲရှိ ဝန်ထမ်းများ ကိုယ်တိုင်မဲပေးစရာမလို click
- တိုင်းရင်းဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ click
- လာဘ်ပေးလာဘ်ယူနဲ့ နွှဲမယ့်ပွဲ click
- ပစ်ရှာမယ့် ဝရဇိန်ငယ် ပန်းထိမ်မှာ ပြင်တုန်းထင့်လေး click
- ရွေးကောက်ပွဲက လူထုအတွက် ဘာတွေ ဆောင်ကြဉ်းပေးနိုင်မလဲ (ဒီမိုကရေစီရေးရာ) click
- ရွေးကောက်ပွဲလွန်ကာလ မြန်မာ့စီးပွားရေး အလားအလာ click
- အရပ်သားအုပ်ချုပ်ရေး ဖြစ်နိုင်မလား (ရုပ်သံ) click
- ဘယ်လိုမှ လက်ခံမယုံကြည်ပါ (ဆောင်းပါး) click
- ဒါလည်း ဟုတ်တာပဲ (သရော်စာ) click
- စောဘဦးကြီး မူလေးချက်ကို ကားပါမစ်နဲ့ လဲစားလိုက်ခြင်း (ပေးစာ) click
- နိုဝင်ဘာ (၇) ရက်နေ့ကျရင် [ကဗျာ အပိုင်း - ၁] click

ပခုက္ကူရေနံမြေမှ ဒေသခံ ရာနှင့်ချီ မီးလောင်ခံရ၊ (၁၄) ဦး သေဆုံး
ဓာတ်ပုံသတင်း - မိုးမခ၀က်ဘ်ဆိုက် (အောက်တိုဘာ ၂၆၊ ၂၀၁၀)
မီးလောင်နေသော နေရာကို အဝေးမှ ရိုက်ကူးထားပုံ (photo: AP)
ပခုက္ကူမြို့နယ်အတွင်း ပေါက်နေသည့် ပိုက်လိုင်းမှ ယိုထွက်သည့် ရေနံကို ဒေသခံရွာသားများ သယ်ယူကြစဉ် တနင်္ဂနွေနေ့ ည (၈) နာရီခန့်က မီးလောင်မှုဖြစ်ပွားသောကြောင့် (၁၂၁) ဦး မီးလောင်ဒဏ်ရာရခဲ့သည်ဟု ယ နေ့ထုတ် သတင်းစာများတွင် ရေးထားသည်။ ဒဏ်ရာကြောင့် သေဆုံးသူ (၁၄) ဦး ရှိသည်ဟုဆိုသည်။ ရေနံ သယ်ယူသူ ဒေသခံများမှာ ညောင်လှ၊ ညောင်နီပင်၊ သိန်တော၊ အိုင်ကြီးကျေးရွာတို့မှ ဖြစ်ကြောင်း၊ ရေနံပိုက် ပေါက်သည့် နေရာမှာ ညောင်လှကျေးရွာအနီး မြစ်ခြေ-ဆိတ်ဖြူကားလမ်း မိုင်တိုင်အမှတ် (၂၂) မိုင် (၄) ဖာလုံ နေရာတွင်ဖြစ်ကြောင်း သိရသည်။
- ရေနံပိုက် မီးလောင်လို့ (၅) ယောက် သေဆုံး click
- ပခုက္ကူ ရေနံပိုက်မီး အနည်းဆုံး ဆယ်ဦးသေဆုံး click
- ပခုက္ကူခရိုင်မှာ ရေနံပိုက်လိုင်း မီးလောင်၊ (၁၀) ဦးထက်မနည်း သေဆုံး click
- ပခုက္ကူ ရေနံပိုက်လိုင်းမီး လူအနည်းဆုံး (၁၄) ဦး သေဆုံး click
- ရေနံပိုက်လိုင်း ပေါက်ကွဲမှု၊ မီးစွယ်ကျသွားပြီ click
- ပခုက္ကူခရိုင်အတွင်း ရေနံပိုက်လိုင်း မီးလောင်မှုအပေါ် ဒေသခံတဦးနှင့် မေးမြန်းချက် click
- ကချင်ဌာနချုပ်ဈေး မီးလောင် click
- လိုင်ဇာဈေးကြီး မီးလောင် click
- လိုင်ဇာဈေး မီးလောင်၊ ဆိုင်ခန်း (၂၀၀) ခန့် ဆုံးရှုံး click
- လိုင်ဇာဈေးမီး ကျပ်သိန်း (၃) သောင်းကျော် ဆုံးရှုံး click
- လိုင်ဇာဈေး မီးလောင်၊ ကျပ်ငွေ ကုဋေချီ ဆုံးရှုံး click
- ဂီရိကြောင့် မြေပုံတွင် (၃၅) ဦးထက်မနည်း သေဆုံး click
- ဂီရိဆိုင်ကလုန်း မြေပုံမြို့ အထိနာဆုံး click
- ဂီရိမုန်တိုင်းဒဏ် မြေပုံမြို့နယ် အဆိုးဆုံးခံရ click
- ရခိုင်လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမား click
- ဂီရိဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် သေဆုံးပျက်စီးမှုများ ထပ်မံတိုးပွားလာနေ click
- စစ်အစိုးရ သေဆုံးစာရင်း စတင်ထုတ်ပြန် click
- ဂီရိမုန်တိုင်း အသေအပျောက်စာရင်း သတင်းစာတွင် ထည့်ပြီ click
- ဂီရိမုန်တိုင်းသည် မြန်မာနိုင်ငံအလယ်ပိုင်း ၀င်ရောက်၍ ထိခိုက်သေဆုံးမှု ရှိခဲ့ click
- မလေးရှား၊ ဗီယက်နမ်တို့မှ သင်္ဘော (၂) စီး ရခိုင်ဒေသတွင် မုန်တိုင်းမိ click
- ကျောက်ဖြူက ဂီရိမုန်တိုင်းဒုက္ခသည် ကယ်ဆယ်ရေးအခြေအနေ click
- ဂီရိကယ်ဆယ်ရေးလုပ်ငန်းများ လွတ်လပ်စွာအကူအညီပေးနိုင်ရန် နိုင်ငံရေးအင်အားစုများ တောင်းဆို click
- ဒီနေရာတွေမှာ လှူဒါန်းနိုင် click
- ရခိုင်ပြည်နယ်အတွင်း ဆန်စပါး ပြတ်လပ်မှု ဖြစ်ပေါ်နိုင် click
- ပိုလီယိုရောဂါ အမြစ်ပြတ်အောင် သုတ်သင်နိုင်တော့မယ် click
- သီးညီနောင်နဲ့ မျိုးဆက်သစ် လှပျိုဖြူတို့က ၂၀၁၀ ကို စိန်ခေါ် click
- နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ click
- ဒေါင်ဒေါင်ဒင်ဒင် ခေါင်းလောင်းတီးလို့ … (ဆောင်းပါး) click
- အီရတ်က ညှင်းပမ်းမှုတွေကို စုံစမ်းစေလို click
- တရုတ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် လွှတ်ပေးရေး နိုဘယ်လ်ဆုရှင်တွေ တောင်းဆို click
- တက္ကသိုလ်ဘာသာရပ်တချို့ ကန့်သတ်ဖို့ အီရန်အစိုးရ ကြေညာ click
- အီရန် အဏုမြူဓာတ်ပေါင်းဖို လောင်စာဖြည့်ဖို့ စီစဉ် click
- ဂီရိမုန်တိုင်းအတွင်း အသေအပျောက်၊ ပျက်စီးဆုံးရှုံးမှုစာရင်း တိုးလာ click
- ဂီရိမုန်တိုင်းကြောင့် အသေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှု အစိုးရမီဒီယာ မဖော်ပြ click
- ပခုက္ကူအနီး ရေနံပိုက်လိုင်းပေါက်၊ အနည်းဆုံး (၁၄) ဦး သေဆုံး click
- ဒုတိယ ပင်လုံညီလာခံအကြို၊ နိုင်ငံရေးပေါင်းစည်းမှုအင်အားနဲ့ မြန်မာကွန်မြူနီတီ ညီညွတ်မှု - ဦးဝင်းတင်နဲ့ မေးခွန်းများ click
- ၂၀၁၀ ရွေးကောက်ပွဲနှင့် ပြည်ပမြန်မာမီဒီယာများ (ရုပ်သံ) click
- ရွေးကောက်ပွဲနှင့် သမိုင်းတရားခံ (ဆောင်းပါး) click
- စန္ဒရား စိန်သောင်း (အသံလွှင့်ဆောင်းပါး) click
- အမဲလိုက်ပုံပြင် (ကဗျာ) click
- မြေပုံမြို့နယ်တွင် သေဆုံးသူ အလောင်း (၅၀) ခန့် တွေ့ရှိ၊ ကျောက်ဖြူတွင် ဒုက္ခသည်များ အစိုးရထံမှ အကူ ညီ မရရှိသေး click
- ရခိုင်လေဘေး အရေးပေါ် ကယ်ဆယ်ရေး လိုအပ် click
- ဂီရိဒဏ်ခံ ပြည်သူများအတွက် လှူဒါန်းနိုင် click
- ဂီရိဆိုင်ကလုန်းဒဏ် ခံရသော ပြည်သူများအတွက် ကူညီဆက်သွယ်ရန် click
- ကျောက်ဖြူမြို့ကို ဂီရိမုန်တိုင်း ဖြတ်ကျော်တိုက်ခတ်ခဲ့ (ဓာတ်ပုံ) click
- ရခိုင်မုန်တိုင်းဘေး ဓာတ်ပုံတချို့ click
- မြေပုံမြို့နယ် အပျက်အစီး click
- ရခိုင်မုန်တိုင်းကြောင့် ရွေးကောက်ပွဲ ထိခိုက်နိုင် click
- ရွေးဂေါက်ပွဲကို အဆက်မပြတ် ကြော်ငြာ၊ မုန်တိုင်းဒေသသတင်း ထုံးစံအတိုင်း click
- နိုဝင်ဘာတွင် မုန်တိုင်း လာရန်ရှိသေးဟု ဒေါက်တာထွန်းလွင် ပြော click
- ကျန်နေသေးတယ် မုန်တိုင်းတွေ click
- ရေနံပိုက်လိုင်းပေါက်ပြီး မီးလောင်မှုဖြစ်ရာ လူ (၈) ဦး သေ၊ လူ (၇၀) ဒဏ်ရာရ click
- ရေနံပိုက်လိုင်း ပေါက်ကွဲမှုကြောင့် (၁၄) ဦး သေဆုံး click
- ကျောက်ခွက်-အရာတော် ရေနံပိုက်လိုင်းပေါက် မီးလောင်မှု click
- ကျောက်ခွက်-အရာတော် ရေနံပိုက်လိုင်း မီးလောင်မှု နောက်ဆက်တွဲ click
- KIA မွေးနေ့၌ ဌာနချုပ်ဈေးကြီး မီးလောင် click
- KIO လိုင်ဇာဈေးကြီး မီးလောင်ပျက်စီး click
- လိုင်ဇာဈေး မီးလောင်၍ သိန်းထောင်နှင့်ချီ ဆုံးရှုံး click
- လိုင်ဇာဈေးတခုလုံး မီးလောင်၊ ကျပ်သိန်း သောင်းချီ ဆုံးရှုံး click
- မုံးကိုးပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရ click
- မုံးကိုးပြည်သူ့စစ်စခန်းကို အမည်မသိအဖွဲ့က စီးနင်းတိုက်ခိုက် click
- ပအိုဝ်းပါတီ တပ်အင်အားသုံးမဲဆွယ် MTA ဟောင်းမကျိုင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ် click
“ဆင်ဖြူစီး ဒုက္ခသည်ရံ ယတြာအလံဆောင် မင်းတြားကြီး” (ကာတွန်း ဘီရုမာ - ဧရာဝတီဝက်ဘ်ဆိုက်)
- ဘန်ကီမွန်း၏ ထိုင်းခရီးစဉ်အတွင်း အလုပ်သမားရေးအဖွဲ့များ စာပို့မည် click
- ဒုတိယ ပင်လုံညီလာခံ ခေါ်ရန် အတိုက်အခံခေါင်းဆောင်များ သဘောတူ click
- ဒီနေ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မလား click
- မြန်မာ့အပြောင်းအလဲ ရှုပ်ထွေးမှုကို အမတြာဆန် တင်ပြ (ဆောင်းပါး) click
- အဆုံးမရှိသော ကြားကာလ (ဆောင်းပါး) click
- ပါလီမန်ခေတ် ရခိုင်ပြည် နိုင်ငံရေးနှင့် မျက်မှောက်ခေတ် ဘူးသီးတောင်၊ မောင်တော (စာအုပ်) click
- အဝေးက ပေးစာတစောင် (ဆောင်းပါး) click
- တောင်ကိုရီးယားနိုင်ငံက မြန်မာ့အရေးဆန္ဒပြပွဲ (ဓာတ်ပုံ) click
- နိုင်ငံတကာ ရာဇ၀တ်ခုံရုံးရှေ့က မြန်မာ့အရေး တောင်းဆိုပွဲ (ဓာတ်ပုံ) click
- စစ်အစိုးရ ရွေးကောက်ပွဲအား လန်ဒန်မှာ ဆန့်ကျင်ဆန္ဒပြ (ဓာတ်ပုံ) click
(ကာတွန်း ဟန်လေး - ခေတ်ပြိုင်ဝက်ဘ်ဆိုက်)
- သီးညီနောင်နှင့် အမျိုးသမီးငယ် လူရွှင်တော်လေးများ click
- ယနေ့မြန်မာသို့ မြန်မာပြည်တွင်းမှ ပေးစာ (လိုင်စင်မဲ့ကား လိုင်စင်ထုတ်ပေးတဲ့ ကိစ္စ) click
- ယနေ့မြန်မာသို့ မြန်မာပြည်တွင်းမှ ပေးစာ (မြောက်ဥက္ကလာပက ဆောက်လုပ်ဆဲ ဆေးရုံကိစ္စ) click
- ယူတီကာမြို့ သန္တိသုခကျောင်း ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ (ဓာတ်ပုံ) click
- မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဓမ္မိကာရာမကျောင်း သီတင်းကျွတ်ပွဲတော် (ဓာတ်ပုံ) click
- ကော်လိုရာဒို၊ ဒန်ဗာမြို့ ဓမ္မပါလဘုန်းတော်ကြီးကျောင်း သီတင်းကျွတ်မီးထွန်းပွဲတော် (ဓာတ်ပုံ) click
- ဖို့တ်ဝိန်းမြို့ ဇေတ၀န်ကျောင်း သီတင်းကျွတ်အခါသမယ ပွဲတော်များ (ဓာတ်ပုံ) click
- (၁၁) နှစ်ကြာ ပုန်းရှောင်နေသော နာမည်ကြီး မာဖီးယားခေါင်းဆောင် ဖမ်းဆီးရမိ click
- ကုလအတွင်းရေးမှုးအား ထိုင်းအစိုးရ လူအခွင့်ရေးချိုးဖောက်ခံရမှုများကို တင်ပြမည် click
- ကက်ဘိနက်က နောက်အပတ်မှာ အခြေခံဥပဒေ ပြန်လည်သုံးသပ်မယ် click
- ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ ထောက်ခံသူတွေကို ဒေသခံလယ်သမားတွေ ထိပ်တိုက်ရင်ဆိုင် click
- (၁၀) ယောက်ကျန် မန်စီးတီးကို အာဆင်နယ်က (၃) ဂိုးပြတ်ဖြင့် အနိုင်ကစား click
“အတိတ်နိမိတ်တွေ သယ်ဆောင်လာတဲ့ ယတြာအလံတော်” (ကာတွန်း ဘီရုမာ - မိုးမခ၀က်ဘ်ဆိုက်)

Sunday, October 24, 2010

လိုအပ်နေသည့် ညီညွတ်ရေး

ဒေါက်တာလွဏ်းဆွေ

စစ်အာဏာရှင်စနစ်အောက်မှ ရုန်းထွက်လွတ်မြောက်ရန် ကြိုးစားနေကြသော ပြည်ပမြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ အဖွဲ့အစည်းများအကြားတွင် တောင်းဆိုသံတခုကို မကြာခဏ ကြားရလေ့ရှိသည်။ “ညီညွတ် ရေးက အရေးကြီးတယ်၊ ညီညွတ်ရေး တည်ဆောက်ကြပါ” ဟူသည့် တောင်းဆိုသံပင်ဖြစ်ပါသည်။ ထိုတောင်း ဆိုသံများ ပွက်လောညံနေသည်ကို ထောက်ရှုခြင်းအားဖြင့် ပြည်ပမြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများအ ကြား၊ အဖွဲ့အစည်းများအကြား ညီညွတ်မှုမရှိကြကြောင်း တပ်အပ်သေချာ ပြော၍ရပေသည်။ ယနေ့အထိ မြန် မာ့ဒီမိုကရေစီရေးတိုက်ပွဲကို အဆုံးမသတ်နိုင်ဘဲ ကြန့်ကြာနေခြင်းသည် ညီညီညွတ်ညွတ် လက်တွဲလုပ်ဆောင် နိုင်ခြင်းမရှိမှုက အဓိကအကြောင်းတချက်ဖြစ်သည် ဟူ၍လည်း တောင်းဆိုသူတို့က ယူဆနေကြပေသည်။

နိုင်ငံရေးတိုက်ပွဲများ ဆင်နွှဲရာတွင် အဘယ့်ကြောင့် ညီညွတ်ရေး လိုအပ်သလဲ၊ ညီညွတ်မှုကြောင့် မည်ကဲ့သို့ သော အောင်မြင်မှုကို ရရှိခဲ့သည်လဲ ဆိုသည်ကို အတိတ်သမိုင်းစာမျက်နှာများအား လှန်လှောကြည့်ရှုပါက အ ထင်အရှား တွေ့မြင်နိုင်မည်ဖြစ်သည်။ မဝေးသေးသော အတိတ်သမိုင်းတွင်ပင် မြန်မာပြည်သူလူထုသည် မိမိ တို့အပေါ် နည်းအမျိုးမျိုးဖြင့် ညှင်းပန်းနှိပ်စက် အနိုင်ကျင့် ဗိုလ်ကျခဲ့သည့် ဖက်ဆစ်ဂျပန်တို့အား ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သည့် ဗမာ့တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူတရပ်လုံးက အသက်၊ သွေး၊ ချွေး ပေးဆပ်၍ ညီညီညွတ်ညွတ် ခုခံတော်လှန်ပြီး မြန်မာ့မြေပေါ်မှ မောင်းထုတ်နိုင်ခဲ့သည်။

ထို့နောက် နယ်ချဲ့အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးကို အရယူရန်အတွက် ညီညွတ်ရေးအင်အားကို ပြသနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖလပလအဖွဲ့ချုပ်ကြီးက ဆက်လက်ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ ပင်လုံ စာချုပ်ကို ချုပ်ဆိုပြီး ညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့သည်။ အင်္ဂလိပ်အစိုးရအနေဖြင့် မြန်မာနိုင်ငံကို ဆက် လက်သွေးခွဲအုပ်ချုပ်ရန် မကြိုးစားတော့ဘဲ လွတ်လပ်ရေးပေးရန် ဆုံးဖြတ်ခဲ့ရခြင်းသည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်ကြီး၏ နောက်တွင် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ညီညီညွတ်ညွတ် ရှိ နေကြသည်ကို နားလည်သဘောပေါက်သွားခြင်းက အကြောင်းတချက်ဖြစ်ပေသည်။ ညီညွတ်မှုအင်အားဖြင့် ‘ရရင်ရ၊ မရရင်ချ’ တော့မည်ကို သိသွားသည့်အတွက်လည်း မြန်မာပြည်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။

ထိုသို့သော အတိတ်သမိုင်းစာမျက်နှာမှ အားကျအတုယူဖွယ် နာမူနာယူစရာများရှိနေလင့်ကစား မြန်မာ့ဒီမိုက ရေစီရေးတိုက်ပွဲ အနှစ် (၂၀) ကျော်ကြာလာသည့် ယနေ့အချိန်အထိ ပြည်ပရှိ တက်ကြွလှုပ်ရှားသူများ၊ နှစ် ယောက်ရှိလျှင် သုံးဖွဲ့ဖြစ်နေသော အဖွဲ့အစည်းများအကြားတွင် ညီညွတ်ရေးတည်ဆောက်နိုင်မှု မရှိသည့်အ တွက် ပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုများထံ ထိရောက်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးနိုင်ခြင်းမရှိ သည်ကို တွေ့ရပေသည်။ ထို့အတွက် ညီညွတ်ရေး မတည်ဆောက်နိုင်ခြင်း၏ အားနည်းချက်များကို မိမိအနေ နှင့် တဦးချင်းအမြင်ဖြင့် ရှာဖွေဆန်းစစ်ကြည့်မိပေသည် (ကျနော်၏ အမြင်ကို သဘောတူသူ ရှိကောင်းရှိမည် ဖြစ်သလို သဘောမတူသူ ရှိပါကလည်း လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ သဘောထားကွဲလွဲသူ များ လွတ်လပ်စွာ ဝေဖန်ပြောဆိုလာမည်ကိုလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်)။

ပထမဦးစွာ ဦးဆောင်မှုအပိုင်းကို သုံးသပ်ရာတွင် လွတ်မြောက်နယ်မြေ၌ ဖဆပလအဖွဲ့ချုပ်ကြီးကဲ့သို့ တခု တည်းသော ညီညွတ်သည့် တပ်ပေါင်းစုကို မတွေ့ရဘဲ လှေကြီးပေါ်တွင် လှေကလေးတွေ တင်လိုက်၊ လှေက လေးပေါ်တွင် လှေကြီးတွေ ပြန်တွေ့ရလိုက်နှင့် ရယ်မောစရာ ကမောက်ကမဖြစ်နေသည့် အနေအထားကိုသာ တွေ့နေရပေသည်။ ထို့အပြင် …

(၁) ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများထံမှ အထောက်အပံ့ရသည့် အကူအညီများကို ဒီမိုကရေစီရေးတိုက်ပွဲအ တွက် ထိထိရောက်ရောက် အသုံးချခြင်းမပြုနိုင်ဘဲ ဦးဆောင်မှုအခန်းကဏ္ဍကို အုပ်စီးထားကြသည့် လက်တ ဆုပ်စာ လူတချို့က ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ကြခြင်း (၀ါ) ကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင် လုပ်ဆောင်နေသူတချို့က ဦးဆောင်မှုအခန်းကဏ္ဍများကို အုပ်စီးထားကြခြင်း၊

(၂) ဦးဆောင်မှုအခန်းကဏ္ဍကို ရယူထားကြသူများသည် လွတ်မြောက်နယ်မြေရှိ အောက်ခြေလူထုနှင့် ထိ တွေ့ဆက်စပ်မှု (အောက်ခြေလူထုကို စည်းရုံးလုပ်ဆောင်မှု) မရှိသလောက် နည်းပါးလှခြင်း၊ ကိုယ်ကျိုးစွန့် အ နစ်နာခံ လုပ်ဆောင်မှုများ မတွေ့ရသလောက် နည်းပါးခြင်း၊

(၃) “တူရာကို တွဲလုပ်မည်၊ မတူရာကို ခွဲလုပ်မည်” ဆိုသည့်မူနှင့် ချီတက်နေကြသော်ငြား ‘၀ါးစေ ဝေစား’ သည့် အလုပ်များတွင်သာ တူညီနေကြပြီး စွန့်လွှတ်အနစ်နာခံ လုပ်ဆောင်ရမည့်အပိုင်းတွင် မတူညီသည်က များသည့်အတွက် တော်လှန်ရေးခရီး ထင်သလောက် မပေါက်ရောက်နိုင်ခြင်း၊

(၄) ကျယ်ပြန်သည့် စည်းရုံးရေးအမြင်ဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်းမရှိဘဲ မာဖီးယားဆန်ဆန် အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ ၍ ဝေစုခွဲသည့် ကန့်သတ်နိုင်ငံရေးမျိုး လုပ်ဆောင်နေကြခြင်း၊

(၅) ဦးဆောင်မှုကဏ္ဍကို ရယူထားကြသူများအနေနှင့် လူထုအင်အားကို အခိုင်အမာ တည်ဆောက်ရမည့်အ စား နိုင်ငံရပ်ခြားခရီးစဉ်များ အပြိုင်အဆိုင်ထွက်ပြီး လက်ဖြန့်အသနားခံခြင်း နည်းနာများလောက်သာ ဆောင် ရွက်ကာ အချိန်ဖြုန်းနေကြခြင်း (၀ါ) ရေပေါ်ဆီနိုင်ငံရေး လုပ်ဆောင်မှုလောက်တွင်သာ မွေ့လျော်နေကြခြင်း၊

(၆) နအဖစစ်အုပ်စုကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းတချို့၏ လိုအပ်ချက်များအပေါ် ၀ိုင်းဝန်းအထောက်အကူပြုမှု နည်းပါးလှခြင်း၊

(၇) ဒီမိုကရေစီရေးလုပ်ဆောင်နေသူများနှင့် လွတ်မြောက်နယ်မြေရှိ လူထုအကြား တသားတည်း ဆက်စပ်မှု မျိုး မတွေ့ရဘဲ “အဖွဲ့အစည်းလူတန်းစား” သဘောမျိုး သီးခြားဖြစ်တည်နေခြင်း၊

… စသည့် စသည့် အားနည်းချက်များကြောင့် ခေါင်းဆောင်မှုအပိုင်းကို လွတ်မြောက်နယ်မြေရှိ မြန်မာလူထုက အယုံအကြည် ကင်းမဲ့လာခြင်းသည် ညီညွတ်မှုကို မတည်ဆောက်နိုင်ခြင်း၏ အကြောင်းတချက် ဖြစ်လာတော့ သည်။

ဒုတိယအချက်အနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးကို ဆောင်ရွက်နေကြသော လူတကိုယ်ချင်းစီ၏ ဗြဟ္မစိုရ်တ ရား လက်ကိုင်ထားနိုင်မှု အနေအထားကို သုံးသပ်ကြည့်မိပေသည်။ မြန်မာလူမျိုးတို့သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားသည်ဟု ဆိုကြသော်လည်း ဗြဟ္မ စိုရ်တရား လေးပါးထဲမှ မုဒိတာတရား ပွားများနိုင်မှုအပိုင်းကိုမူ ခံယူကျင့်သုံးနိုင်သူ လွန်စွာနည်းပါးလှသည်ဟု ထင်မိပေသည်။ ဥပမာအားဖြင့် …

(၁) တော်လှန်ရေးနယ်ထဲသို့ အရင်ရောက်နှင့်သူများက ‘မောင်ဦး’ ဘွဲ့ခံယူကာ မိမိထက် အရည်အချင်းရှိသူ များကို နေရာပေးရန် ၀န်လေးတတ်ကြခြင်း၊ မိမိထက် လုပ်ကိုင်ဆောင်ရွက်နိုင်သူများ မိမိတို့စည်းဝိုင်းအတွင်း ၀င်ရောက်လာကြမည်ကို အကြီးအကျယ် စိုးရိမ်ကာ ကန့်သတ်ဖို့ ကြိုးစားကြခြင်း (အာဏာရှင်များကဲ့သို့ပင် ရ ထားသည့် ကုလားထိုင်နေရာများကို ရာသက်ပန် ရယူထားလိုကြခြင်း)။ ထို့ကြောင့်ပင် အမှန်တကယ် တိုက်ပွဲ ၀င်လိုစိတ်ရှိသူတချို့ စိတ်ဓာတ်ကျကာ တတိယနိုင်ငံသို့ ထွက်ခွာကုန်ကြခြင်း၊

(၂) မုဒိတာတရား ပွားများနိုင်မှု နည်းပါးခြင်းက တဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့အကြား အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှု ကင်းမဲ့ခြင်းဆီသို့လည်း ဦးတည်စေသဖြင့် ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွင် အားနည်းလာခြင်း၊

… စသည့် စသည့် အချက်များကြောင့် အနှစ် (၂၀) ကြာလာသည်နှင့်အမျှ ခေါင်းဆောင်မှုအပိုင်း၊ ပူးပေါင်း ဆောင်ရွက်မှုအပိုင်းတွင် ထက်မြက်သွက်လက်လာခြင်း မရှိတော့ဘဲ တနေ့တခြား ချုံးချုံးကျလာခြင်းသည် ညီ ညွတ်ရေး မတည်ဆောက်နိုင်ခြင်း (၀ါ) ညီညွတ်ရေးတည်ဆောက်ရန် ကြိုးပမ်းလိုစိတ်မရှိတော့ခြင်း၏ အ ကြောင်းတချက် ဖြစ်လာပေတော့သည်။

ထို့ပြင်တ၀ ညီညွတ်ရေး မတည်ဆောက်နိုင်ခြင်း၏ အခြားအကြောင်းတရားများလည်း များစွာ ရှိဦးမည်ဖြစ် သည့်အားလျော်စွာ ဆက်လက်တိုက်ပွဲဝင်ရဦးမည့် တော်လှန်ရေးခရီးကြမ်းအတွက် ညီညွတ်ရေးကို ကြိုးပမ်း လိုစိတ်ရှိသူများ တတ်အားသရွေ့ ရှာဖွေဆန်းစစ်ကြရမည်ဖြစ်ပေသည်။ ထိုထိုသော ညီညွတ်ရေး မတည် ဆောက်နိုင်ခြင်း၏ အကြောင်းတရားပေါင်းစုံကို ရှာဖွေသုံးသပ်ပြီးသကာလ အထက်တွင် ဆိုခဲ့သကဲ့သို့ ဦး ဆောင်မှုအပိုင်းကို အယုံအကြည်ကင်းမဲ့နေမှုအား ပြန်လည်တည့်မတ်နိုင်ကာ လူတကိုယ်ချင်းစီ၏ စိတ်ထား များကို ပြုပြင်ပြီး နိုင်ငံနှင့် ပြည်သူအပေါ် အမှန်တကယ် စိတ်စေတနာကောင်းထား ဆောင်ရွက်မည့်သူများ ဦး ဆောင်မှုအခန်းကဏ္ဍ၌ ပိုမိုပါဝင်လာနိုင်သည့် တနေ့တွင် ညီညွတ်ရေးတည်ဆောက်နိုင်ရန် ပိုမိုနီးစပ်လာမည် ဟု ယုံကြည်မိပါသည်။ ။

ဒေါက်တာလွဏ်းဆွေ

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၄-၁၀-၂၀၁၀)

- ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ဖို့ အတိုက်အခံအင်အားစု တောင်းဆို click
- ဒုတိယ ပင်လုံညီလာခံ ခေါ်ဖို့ NLD နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကြေညာ click
- ဒုတိယ ပင်လုံအတွက် ကလေးမြို့ ကြေညာစာတမ်း click
- ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း click
- ကလေးကြေညာချက် click

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း
- ဂီရိမုန်တိုင်းဘေး ကုလသမဂ္ဂ အစီရင်ခံစာ ထုတ်ပြန် click
- လာမည့် လပိုင်းမှာ မုန်တိုင်း ထပ်တိုက်နိုင်ဖွယ်ရှိ (ဒေါက်တာထွန်းလွင်) click
- ဂီရိ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေပျောက်စာရင်း တိုးလာ click
- မုန်တိုင်းသတင်းအမှန် မရမှုကြောင့် ကျောက်ဖြူဒေသခံတို့ ကြိုတင်ပြင်ဆင်မှု မလုပ်နိုင် click
- မုန်တိုင်း အပျက်အစီး click
- ဘယ်မလဲ ဗိုလ်ချုပ်ကြီးတို့ click
- ဂီရိဒဏ် ခံရသူတွေကို ဘယ်လိုကူညီမလဲ click
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သြစတြေးလျ လွှတ်တော်အမတ်တွေ ဆန္ဒပြ click
- ရှမ်းပြည်နယ်အတွင်း စစ်အစိုးရတပ်တွေ တိုးချထား click
- နေပြည်တော်နဲ့ မီး (ဓာတ်ပုံသတင်း) click
- အလံတော်သစ်ကို ကြိုက်သလား (ဆွေးနွေးဖလှယ်) click
- ရွေးကောက်ပွဲ ပညာပေးစာရွက် NLD ဖြန့်ဝေ click
- ရွေးကောက်ပွဲဟာ ‘က’ ကို ‘ယ’ ဖြစ်တဲ့အထိ မပြောင်းနိုင်ပေမယ့် ‘၀’ ကို ‘ဗ’ လောက်တော့ ပြောင်းနိုင်မယ်ဟု ဆို click
- ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- နှိုင်းသမျှ ရိုင်းလှချည့် (ဆောင်းပါး) click
- မီဝေါကီးက မြန်မာဝါကျွတ်ပွဲတော် (ဓာတ်ပုံသတင်း) click
- ဟေတီမြို့တော်မှာ ကာလ၀မ်းရောဂါ ဖြစ်ပွားမှုရှိ click
- ဟေတီ ၀မ်းရောဂါ လူ (၂၀၀) ကျော် သေဆုံး click
- အီရတ်လွှတ်တော် အမြန်ခေါ်ဖို့ တရားရုံးချုပ် အမိန့်ချ click
- ကျွန်းသာယာတွင် လူ (၃) ဦး သေဆုံး၊ အများအပြား ပျောက်ဆုံး၊ သောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ် click
- ရခိုင်ဒေသ မုန်တိုင်းကြောင့် ရွာတချို့ ပျောက်ဆုံး click
- မုန်တိုင်းဘေးသင့်ခဲ့သည့် ကျောက်ဖြူမြို့က နောက်ဆုံးအခြေအနေ click
- မင်းပြားမြို့နယ် အပျက်အစီး click
- ဂီရိမုန်တိုင်းဘေးသင့်သူများ အကူအညီများ လိုအပ်နေ click
- မုံးကိုးပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရ၊ မဲဆွယ်ဟောပြောပွဲ ပျက် click
- မြ၀တီ-ကော့ကရိတ် ကားလမ်းဘေး ဗုံး (၂) လုံး ဆက်တိုက်ပေါက်ကွဲ click
- မြန်မာစစ်အစိုးရကို စာနယ်ဇင်းသမားများ ကာကွယ်ရေးအဖွဲ့ ပြစ်တင်ရှုတ်ချ click
- (၂၂) နှစ်မြောက် ဇိုမီးအမျိုးသားကွန်ဂရက် click
- ဆင်ခြင်စဉ်းစား လှုပ်ရှားမှုများ (ဆောင်းပါး) click
- ကောက်ရိုးမီးမှသည် ဖွဲမီးဆီသို့ ... (ဆောင်းပါး) click
- ၀ါကျွတ်ပွဲ အဘိဓမ္မာအခါတော်နေ့ ပြည်တွင်းပြည်ပတွင် ဆင်နွှဲ click
- ထိုင်းမှာ ရေကြီးလို့ သေတာ (၂၅) ယောက်နဲ့ (၁.၂) သန်း ဒုက္ခရောက် click
- အာဖဂန် အနောက်မြောက်ပိုင်းရှိ ကုလသမဂ္ဂရုံးအား အသေခံ စစ်သွေးကြွတို့ ဝင်ရောက်တိုက်ခိုက် click

Saturday, October 23, 2010

၂၀၁၀-မေလမှ ၂၀၁၀-အောက်တိုဘာလအထိ အဖတ်အများဆုံး ပို့စ် (၁၀) ခု

၂၀၁၀-မေလမှ ၂၀၁၀-အောက်တိုဘာလအထိ အဖတ်အများဆုံး ပို့စ် (၁၀) ခု

(၁) နိုင်ငံရေး step တခု မြှင့်ကို မြှင့်မှဖြစ်မယ် (နှိုးဆော်ချက်) click
(၂) လူမိုက်သား ရမ်းကားနှင့် ကျွန်ုပ်တို့၏ ပြည်သူလူထု၏ … (ဆောင်းပါး) click
(၃) သမိုင်းမှာ ဘယ်လိုတန်ဖိုးတွေနဲ့ ကျန်ရစ်ကြမလဲ (ဆောင်းပါး) click
(၄) ဗြိတိန် လေဘာပါတီညီလာခံတွင် မဝေနှင်းပွင့်သုန် (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ သမီး) မြန်မာပြည်အကြောင်း ပြောကြားသည့် မိန့်ခွန်း (၂၇-၉-၂၀၁၀) (ရုပ်သံ) click
(၅) အားလုံး နောက်ဆုံးရွေးချယ်ရမယ့် လမ်းကို ရောက်နေပြီ (ဆောင်းပါး) click
(၆) အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအတွက် SAW အဖွဲ့မှ အကူအညီတောင်းခံခြင်း (နှိုးဆော်ချက်) click
(၇) လွဲတာတော့ တော်တော်လွဲနေပြီ၊ အမြန်ဆုံး ဘယ်လိုတည့်မတ်ကြမလဲ (ဆောင်းပါး) click
(၈) စိုးရိမ်ဖွယ်ရာ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး (အိတ်ဖွင့်ပေးစာ) click
(၉) မြန်မာ့ရေးရာ သတင်းပဒေသာ (၂၇-၈-၂၀၁၀) click
(၁၀) ဒင်းလိုလူစား သတိထားဟေ့ (ဆောင်းပါး) click

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၃-၁၀-၂၀၁၀)

- မုန်တိုင်း အဓိက တိုက်ခတ်ရာ ဒေသများတွင် ရေနှင့် အစားအစာများ အကြီးအကျယ် ပြတ်လပ်နေ click
- ဂီရိကြောင့် ကျောက်ဖြူတမြို့လုံးနီးပါး ပျက်စီး click
- ကျောက်ဖြူမြို့ထက်ဝက်ကျော် မုန်တိုင်းကြောင့် ပျက်စီး click
- မုန်တိုင်းပြီးစ ကျောက်ဖြူမြို့ အခြေအနေ click
- ဂီရိမုန်တိုင်းကြောင့် လူ (၅) ဦး သေဆုံးခဲ့ click
- ရခိုင်ပြည်နယ်က မုန်တိုင်းနောက်ဆက်တွဲ အခြေအနေ click
- မုန်တိုင်းနောက်ဆုံးအခြေအနေ (မြန်မာစံချိန် နံနက် ၁၁ နာရီမှ ၁၂ နာရီ) ဒေသခံများနှင့် မေးမြန်းချက် click
- ဂီရိ ထွက်ခွာ click
- ဂီရိမုန်တိုင်း အားပျော့ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ၀င်ရောက် click
- မန္တလေးတိုင်းအတွင်း မုန်တိုင်း မိုးသည်းထန် click
- တာဝန်မရှိပေမယ့် တာဝန်သိသူတယောက်အနေနဲ့ မိုးလေ၀သအလုပ် ဆက်လုပ်နေဦးမည်ဟု ပြော click
- အဖမ်းခံရသည့် KIO ဆက်ဆံရေးအရာရှိ ပြန်လည်လွတ်မြောက်လာ click
- KIO နှင့် စစ်အစိုးရ ပြန်လည်တိုက်ခိုက်ကြမည်ကို ဒေသခံလူထု စိုးရိမ် click
- NLD ဗဟိုအဖွဲ့ ကလေးမြို့မှာ တင်ပြဆွေးနွေးနေ click
- ဒေါ်အောင်ဆန်းစုကြည် တကယ်လွတ်မှာလား (ဆောင်းပါး) click
- တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ပေးဖို့ တောင်းဆို click
- ရွေးကောက်ပွဲအကြို အင်တာနက်နှေးခြင်း ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေ click
- ပအိုဝ်းပါတီက စတိတ်ရှိုးဖြင့် နယ်လှည့်ဖျော်ဖြေ၍ မဲဆွယ်စည်းရုံး click
- ကိုယ်စားလှယ်လောင်းတွေ ငွေပေး နှုတ်ထွက်ခိုင်း click
- ကြံ့ခိုင်ရေးပါတီက ကျောင်းသားတွေပါ မဲဆွယ်ခိုင်း click
- ရွေးကောက်ပွဲက ရမယ့် ရလဒ်များ click
- နိုင်ငံရေးအကျဉ်းသားများ မပါသည့် ရွေးကောက်ပွဲ (ရုပ်သံ) click
- တာချီလိတ်မြို့တွင် ရာဘ ခေါ် စိတ်ကြွဆေး ခုနှစ်သောင်းကျော် ဖမ်းဆီးရမိ click
- ဒုက္ခသည်တွေကို အဓမ္မ ပြန်ပို့မည်မဟုတ် click
- မြန်မာပြည်အရှေ့ဖျားက တိုင်းရင်းသူမိခင်နှင့်ကလေး ကျန်းမာရေးဆိုးဝါး click
- ဧရာဝတီသတင်းထောက်များ၏ ပေးပို့ချက်များ click
- ဆေးရုံဆောက်လုပ်ရေးကြောင့် လမ်းပျက် (ပေးစာ) click
- ဆွေသဟာနဲ့ ရေဆရာ ဆွေးနွေးခြင်း click
- မူစလင်တွေ တိုက်ပွဲဝင်ကြဖို့ အယ်လ်ခိုင်းဒါး ပြောခွင့်ရ နှိုးးဆော် click
- အီရတ်စစ်တွင်း ရက်စက်မှုများ Wikileaks ဖော်ထုတ် click
- လျှို့ဝှက်မှတ်တမ်းတွေအတွက် ၀ီကီလိခ်စ် ကာကွယ်ပြောကြား click
- ငွေတန်ဖိုး အပြိုင်မချဖို့ G-20 သဘောတူ click
- IMF ပြင်ဆင်ဖွဲ့စည်းရေး G-20 သဘောတူ click
- IMF မှာ ထွန်းသစ်စ နိုင်ငံများ လုပ်ပိုင်ခွင့် တိုးချဲ့ပေးမည် click
- ကျောက်ဖြူမြို့သို့ ဂီရိဆိုင်ကလုန်း ဝင်၊ အရေးပေါ်အကူအညီ လိုအပ် click
- ဂီရိ မန္တလေးတိုင်းကို ၀င်ပြီ click
- မုန်တိုင်းငယ် မန္တလေးတိုင်းပေါ် ရှိနေဆဲ click
- ပြင်းအားအဆင့် (၄) ဂီရိမုန်တိုင်းဟာ ကျောက်ဖြူမြို့အနီးက ကုန်းတွင်းပိုင်းကို ၀င်ရောက်ခဲ့ click
- ဂီရိမုန်တိုင်း ကုန်းတွင်းပိုင်း ၀င်ရောက် click
- ဂီရိ ဆိုက်ကလုန်းမုန်တိုင်း အားလျော့သွား click
- ရခိုင်ပြည်နယ်မှ မြို့နယ်များ အဆက်အသွယ် ပြတ်တောက် click
- ကျောက်ဖြူဒေသခံ ပြောဆိုချက် click
- ငပလီတွင် နိုင်ငံခြားသားများ သောင်တင် click
- DKBA နဲ့ KNU တို့ တွေ့ဆုံဆွေးနွေး click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များရဲ့ သံလျင်-ကျောက်တန်း ခရီးစဉ် (ဓာတ်ပုံသတင်း) click
- ဘာအရေးအကြီးဆုံးလဲ click
- ဗေဒင်ကိန်းခန်းအရ ယတြာချေပြီး အလံသစ်တင်ပွဲ ကျင်းပ click
- အလံပြောင်းလေတော့ (သရော်စာ) click
- စီဒီရွမ်တချပ်ထဲက ဖျားနေတဲ့ ကဗျာ click
- ရွေးကောက်ပွဲ ဆန္ဒပြရေး လူစုဝေး click
- မြန်မာ့ရွေးကောက်ပွဲ ဆန့်ကျင်မှု ဖိလစ်ပိုင်မှာ စတင် click
- နိုင်ငံရေးပါတီအားလုံးနဲ့ မိတ်ဆွေဖြစ်ဖို့ မျှော်လင့်တယ် (အင်တာဗျူး) click
- မြန်မာ့ရွေးကောက်ပွဲနဲ့ ထိုင်းမီဒီယာ click
- အတုလေးရယ်တဲ့ ယှဉ်ကာပြိုင် ယှဉ်ကာပြိုင် (ဆောင်းပါး) click
- ရှမ်းပြည်မြောက်ပိုင်းတွင် H1N1 ၀က်တုပ်ကွေး ဖြစ်ပွားဟုဆို click
- မိုးရွာသွန်းမှုများလာခြင်းကြောင့် ဖာပွန်ပြည်သူများ စပါးရိတ်ရန် အခက်ကြုံ click
- ရေလွှမ်းပျက်စီးခဲ့သော ကျွန်းချောင်းဈေး မပြင်ဆင်သေး click
- ဝါလကင်းလွတ် သီတင်းကျွတ်လျှင် ... (ဆောင်းပါး) click
- ဂီရိမုန်တိုင်းကြောင့် ဘင်္ဂလားဒေရှ့်တံငါသည် (၁၀၀) ကျော် ပျောက်ဆုံးနေ click
- အမေရိကန်ကျူးကျော်မှု အီရတ်အရပ်သား (၁) သိန်းကျော် သေဆုံးခဲ့ click
- အမေရိကန်စစ်တပ်ရဲ့ လျှို့ဝှက်မှတ်တမ်း ထပ်မံထွက်ရှိ click
- ပင်စင်ပြင်ဆင်ရေး ပြင်သစ်အထက်လွှတ်တော် အတည်ပြု click

ပျံသန်းနိုင်စွမ်းတောင်ပံများနှင့် နှင်းဖြူဇီးကွက်များ

ပျံသန်းနိုင်စွမ်းတောင်ပံများနှင့် နှင်းဖြူဇီးကွက်များ
မျိုးမြင့်ချို

မည်သူ ဖွင့်လိုက်သည်မသိ။ အခန်းထဲတွင် “လှောင်ချိုင့်ထဲက တေး” သီချင်းသံ လွင့်ထွက်လာ၏။ ကျနော့် စိတ်အလျဉ်က ရုတ်တရက် တုန့်ကနဲ ရပ်သွားသလိုလို။ ထို့နောက် သီချင်းသံကို ကြားတချက်မကြားတချက်။ ဖတ်လက်စ စာအုပ်နှင့် သီချင်းသံအကြား အတွေးများ စုန်ချီဆန်ချီ ကူးလျက်။ သည်အခြေအနေသည် တိုက် ဆိုင်မှုတရပ်သာဖြစ်သည်ဆိုလျှင်လည်း အတော်ထူးခြားသည့်တိုက်ဆိုင်မှုဟုသာ ပြောရမည်ဖြစ်သည်ထင်၏။

စာအုပ်က ၁၉၇၇ ခုနှစ်တွင် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံသံရုံး သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ဝေပြီး ဆရာလှသမိန် ပြန်ဆိုသည့် “ခေတ်သစ်ဂျာမန်လက်ရွေးစင်စာပေ” ဖြစ်သည်။ စာအုပ်ဘာသာပြန်သူ၏ အမှာ စကားတွင် စာအုပ်၏ မူလအမည်မှာ PEN ဖြစ်ကြောင်း၊ P မှာ Poem (ကဗျာ)၊ E မှာ Essay (အက်ဆေး) ဖြစ် ၍ N ကား Novel (ဝတ္ထု) ကို ဆိုလိုကြောင်း၊ အဆိုပါ စကား (၃) လုံး၏ အစအက္ခရာများအား ပေါင်းစပ်ဖန်တီး လိုက်သောအခါ “ကလောင်” ဟု အနက်အဓိပ္ပါယ်ရကြောင်း၊ မျက်မှောက်ခေတ် ဂျာမန်စာရေးဆရာများ၏ စာ ပေလက်ရာသစ်များကို ရွေးချယ်တင်ပြထားကြောင်း၊ မူရင်းစာရေးသူတို့၏ရေးဖွဲ့ပုံ၊ ယူဆပုံ၊ စိတ်ကူးပုံ၊ တင်စား ပုံ၊ စကားသုံးနှုန်းပုံ၊ တွေးခေါ်စဉ်းစားပုံ၊ တီထွင်ပုံနှင့် ရေးဖွဲ့ချက်အကြောင်းအရာများကို အရင်းအတိုင်းသုံးသပ် လေ့လာမိစေရန် တတ်နိုင်သမျှ အတိအကျ ပြန်ဆိုထားကြောင်းဆိုပါသည်။ စာအုပ်ကို ဖတ်ကြည့်လျှင် ဘာ သာပြန်ဆိုသူ၏ စေတနာနှင့် အားထုတ်မှုကို ထင်ထင်လင်းလင်း မြင်ရလိမ့်မည်။ ကျေးဇူးကြီးလှသည်ဟု အောက်မေ့၏။ စာအုပ်ကို ဝတ္ထုများ၊ ကဗျာများ၊ ဆောင်းပါများနှင့် ဆွေးနွေးချက်များ ဟူ၍ အခန်း (၄) ခန်းခွဲ စီစဉ်ထားပြီး နောက်ဆက်တွဲသဘော စာရေးသူတို့၏ ကိုယ်ရေးအကျဉ်းကို ဖော်ပြထားသည်မှာလည်း ထူးခြား ချက်လိုဖြစ်နေသည်။

လောလောလတ်လတ် ကျနော် ဖတ်နေသည်က ၁၉၇၂ နှစ်အတွက် စာပေနိုဘယ်လ်ဆုရှင် ဂျာမန်စာရေးဆ ရာ ဟိန်းနရစ်ဘိုးလ်၏ “သူတို့ပျံမပြေးကြပေ” ဆိုသည့် ဆွေးနွေးချက်များ အခန်းပါ စာတပုဒ်။ ဆွေးနွေးချက် များ ခေါင်းစဉ်အောက်တွင် ထည့်ထား၍သာ ဆွေးနွေးချက်ဖြစ်ရသည်ထင်၏။ တကယ်က ရသစာတမ်းလိုလို၊ ဘာလိုလို ကျနော်လည်း မခွဲခြားတတ်။ စာပေဝေဖန်သူတို့သာ လိမ္မာတတ်ပွန်ပေလိမ့်မည်ထင်သည်။

စာ စလျှင်စချင်း စာရေးသူက “ယခုနှစ်တွင် အရေးအပါဆုံးသော ယဉ်ကျေးမှုနှင့် လူမှုရေးပွဲလမ်းသဘင်ကိစ္စ ဆိုသည်မှာ အဘယ်နည်းဟု သင်သိလိုပေလိမ့်မည်” ဟုဆိုကာ “ဤပွဲလမ်းနှစ်ရပ်ကို အဘယ်ကြောင့် သီးခြား ခွဲသင့်ပါသနည်း” ဟု မေးလိုက်သည်။ “ယဉ်ကျေးမှုနှင့် လူမှုရေးသည် ခွဲခြား၍ ပိုင်းခြား၍မရနိုင်” ကြောင်း သူ့ အမြင်ကို တင်ပြလာသည်။ ထို့နောက် “အနုပညာနှင့် လူမှုအသိုက်အဝန်း (လူ့အဖွဲ့အစည်း) သည်သာ အစဉ် အမြဲပင် တသီးတခြားဖြစ်ပေသည်” ဟုဆို၍ သူ့အယူအဆကို ဝံ့ဝံ့စားစား ထုတ်ဖော်ချပြလိုက်သည်။ သဘော တူခြင်းမတူခြင်း လက်ခံခြင်း လက်မခံခြင်းတို့မှာ ဘက်သဘော ရပ်တည်ချက်ကိစ္စအဖြစ် နှလုံးပိုက်၍ စာကို ဆက်ဖတ်နေမိသည်။

သူ့အနေနှင့်ဆိုလျှင် “ဤနှစ်ခု၏ အရေးပါဆုံးသော ယဉ်ကျေးမှုဆိုင်ရာ ဆောင်ရွက်ချက်နှင့် အရေးပါဆုံးသော လူမှုရေးဆောင်ရွက်ချက်ဆိုသည်မှာ ဒေသတိရိစ္ဆာန်ရုံရှိ နှင်းဖြူဇီးကွက်မကြီးထံ နှစ်တပတ်လည် လည်ပတ် ခြင်းပင်ဖြစ်သည်” ဟု ဆိုလိုက်ရာ ကျနော့် စိတ်တွင် အံ့အားသင့်ခြင်းနှင့် နားမလည်နိုင်ခြင်းတို့ ဖြတ်ကနဲ လျှပ် ပြေးသွား၏။ ဘယ့်နှယ် ရှေ့မှာ တလျှောက်လုံး အရေးပါသည့် ယဉ်ကျေးမှုတို့၊ အရေးပါသည့် လူမှုရေးဆောင် ရွက်ချက်တို့ အနုပညာနှင့်လူ့အဖွဲ့အစည်းတို့ စသည့် ကြီးကျယ်ခမ်းနားလှသည့် စကားများပြောလာနေရင်းမှ သူ၏ အရေးပါသော ယဉ်ကျေးမှုနှင့် လူမှုရေးဆောင်ရွက်ချက်မှာကား နှစ်စဉ်သွားနေကြအတိုင်း တိရိစ္ဆာန်ရုံ က ငှက်တကောင်ကို သွားကြည့်တာ ဆိုပါကလား။ ဘယ်လိုပါလိမ့်ဟု သိချင်စိတ်က တဖွားဖွားပေါ်လာ၏။

ထို့နောက် ဆက်လက်၍ ထိုဇီးကွက်မကြီး အကြောင်းနှင့် ထိုဇီးကွက်မကြီးထံ သူအဘယ်ကြောင့် နှစ်စဉ်သွား ရောက်လည်ပတ်ရကြောင်းကို “အဘယ်အရာသည် ဇီးကွက်မကြီးထံ (ဝါ) သူ၏ ရှေ့မှောက်သို့ သွားရောက်ရ လေအောင် ဆွဲဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် သူသည် လက်ခံတွေ့ဆုံနိုင်သူမဟုတ်ပါ။ ထိုမှတပါး သူတွေ့ဆုံရသူအတွက် အလွန်စေ့စေ့စပ်စပ် ဆန်းစစ်တတ်သောကြောင့်ဖြစ်ပေသည်” “ကျွန်ုပ်အား ဆွဲဆောင် သောအရာမှာ သူသည် အလွန်လှပ၍ အလွန်စင်ကြယ်ပြီး၊ အလွန်လိမ္မာ၍ အလွန်ရိုင်းခြင်းပင်ဖြစ်ပေသည်။ ထို မှတပါး သူသည် အလွန်လည်း ရဲရင့်ပေသည်။ သို့ရာတွင် ယခုအချိန်တွင်ကား သူ၏ ရဲရင့်မှုကို များစွာအသုံးမ ချနိုင်သေးပေ။ သူ၏ ခံနိုင်ရည်ရှိသောအရာကို တွက်ဆရသလောက်မှာ သူ၏ လှောင်အိမ်သံတန်းများသာ ဖြစ်ပေသည်” ဟု ပြော၍ ထိုဇီးကွက်မကြီး၏ ပကတိ အခြေအနေနှင့် စရိုက်သဘာဝကို ဖော်ညွှန်းလိုက်သည်။

လှပခြင်းနှင့် စင်ကြယ်ခြင်းကို တွဲဖက်ပြ၍ ရဲရင့်ခြင်း၊ လိမ္မာခြင်းတို့ရှိသည်မှန်သော်လည်း ထိုအရည်အချင်းများ ကို သူ အသုံးမချနိုင်သေးကြောင်း၊ လောလောဆယ်တွင် သူ့ခံနိုင်ရည်ကို တိုင်းဆရန်မှာ လှောင်အိမ်နှင့် သံ တန်းများသာဖြစ်ကြောင်း လှပစွာ ရေးဖွဲ့ပြ၏။ ငှက်တကောင်အနေဖြင့် လူတယောက်လို ဧည့်ထောက်ခံခြင်းမ ပြုနိုင်မှန်း၊ ပြီးတော့ လာသမျှလူကို စေ့စေ့စပ်စပ် ဝေဖန်ဆန်းစစ်တတ်တတ်ကြောင်း ထိုအရာများက သွား လည်ချင်စရာမဟုတ်သော်လည်း သူ သွားလည်ချင်အောင် ဖမ်းစားနိုင်သည့် အကြောင်းများရှိနေလို့သာ သွား လည်ဖြစ်ကြောင်း ပြောထားသည်ဟု သိလာရ၏။ တိရိစ္ဆာန်ရုံတွင် မြင်ခဲ့ဖူးသည့် သံလှောင်အိမ်ကြီး များအ တွင်းမှ ငှက်ကြီးများကို ပြန်မြင်မိသည်။ ကျနော့် စိတ်အထင် သူပြောသည့် “ရိုင်းသည်” ဆိုသည်မှာလည်း အင်္ဂလိပ်လို Wild ကို ညွှန်းသည်ထင်၏။ ဤသို့ဆိုလျှင် သဘာဝအတိုင်းဖြစ်သော၊ အပြုအပြင်မရှိသော၊ ဟန် ဆောင်ဖုံးကွယ်မှုတို့ကင်းသော၊ ဧည့်ခန်းဆောင်မှလူယဉ် ကျေးမဟုတ်သော အရိုင်းဆန်ခြင်းသာဖြစ်ရမည်။ မ သွေးရသေးသည့် ကျောက်မျက်ကို အရိုင်းတုံးဟုခေါ်သည့်နှယ် ဖြစ်လေမည်လားဟု တွေးမိသည်။

စာရေးသူက သူနှင့် ထိုဇီးကွက်ကြီးတို့ မည်သည့်အကြောင်းအရာများ ဆွေးဆွေးနွေးကြသည်ကို စာဖတ်သူ၏ သိချင်စိတ်ကို အောက်ပါအတိုင်း နှိုးဆွပေးပြန်ပါသည်။ “စာရေးဆရာသည် နှင်းဖြူဇီးကွက်နှင့် အဘယ်အရာ ကို ဆွေးနွေးသနည်း” ဟု စကားခံပြီး သူနှင့် နှင်းဖြူဇီးကွက်တို့ ဆွေးနွေးချက်များကို တဆက်တည်း ပြောချ လိုက်၏။ “မကုန်ခန်းနိုင်သော အသွင်အပြင်နှင့် အနှစ်သာရအကြောင်းပင် ဖြစ်ပေသည်။ ယခုနှစ်တွင်ကား ကျွန်ုပ်တို့၏ ဆွေးနွေးချက်ခေါင်းစဉ်မှာ လွတ်လပ်ရေး၏ အသွင်အပြင်နှင့် အနှစ်သာရအကြောင်းပင် ဖြစ်ပေ သည်” ကျနော်တို့ ငြင်းလို့ခုန်လို့ကောင်းသည့် ခေါင်းစဉ်ပါလား။ မည်သည့်အခါမှ ရေးမကုန်ပြောမခမ်းသည့် အကြောင်းအရာဖြစ်နေပါရောလား။ “ပုံသဏ္ဍန်နှင့် အနှစ်သာရ” Form and Essence of freedom “လွတ် လပ်ခြင်း၏ ပုံသဏ္ဍန်နှင့် အနှစ်သာရ”

စာရေးသူက နှင်းဖြူဇီးကွက်မကြီးကို စဆွေးနွေးပုံကို အောက်ပါအတိုင်းဆိုသည်။ “အခြားရေခဲငှက်နှင့် လင်းတ ကြီးများကဲ့သို့ အမိုးမဲ့လေဟာပြင် ခြံဝင်းကာရံပေးထားပါသလား” ဟု မေးသည်။ ဇီးကွက်မကြီးက “ဟုတ်ကဲ့” ဟု ဖြေသည်။ “သို့ရာတွင် သူက ငြင်းပယ်ခဲ့သည်။ လှောင်အိမ်ကိုသာ ပို၍ သဘောကျသည်” ထိုအချီအချ စ ကားပြောခန်းကို ကျနော့် နားလည်ချက်မှာ အခြားသော ရေခဲငှက်နှင့် လင်းတကြီးများကို အမိုးမရှိသည့် ခြံကြီး များတွင် လှောင်ထားပြီး သူ့ကျမှ ဘာလို့ လှောင်အိမ်ထဲ ထည့်ထားရသနည်းဆိုသည်ကို စာရေးသူက သိလို၍ ဇီးကွက်မကြီးအား မေးမြန်းကြည့်လိုက်ခြင်းဖြစ်သည်။ သည်တွင် ဇီးကွက်မကြီးက သူ့အားလည်း ထိုသို့နေချင် ပါသလား မေးသည့်အခါ၊ သူက ထိုသို့မနေချင်ကြောင်း လှောင်အိမ်ကိုသာ ပို၍သဘောကျကြောင်းပြောပြီး၊ အမိုးမဲ့ ဝင်းခြံကို ငြင်းဆန်ခဲ့ကြောင်း ပြန်ပြောပြဟန်ဟု သဘောရသည်။

ထိုရောအခါ စာရေးသူက “ဖြစ်မှဖြစ်ရလေ” ဟု ညည်းတွားမိလိုက်သည်။ ဆက်ပြီး “ထို့ပြင်လည်း ဤစင်ကြယ် သော၊ လှပသော၊ လိမ္မာသော၊ ရိုးသော ဇီးကွက်မကြီးနှင့် စကားပြောမိသည့်အခါတိုင်းတွင် သူ့ကိုယ်သူ အလွန် မိုက်မဲလှသည်” ဟု ခံစားရမိကြောင်း ဆိုပါသည်။ တိရိစ္ဆာန်ရုံမှာ နေရသည့် ငှက်ချင်းအတူတူ ရေခဲငှက်နှင့် လင်းတကြီးများက ဇီးကွက်မကြီးထက်တော့ လွတ်လပ်သေး၏။ ထိုသို့ ပိုလွတ်လပ်မှန်းလည်းသိသိနဲ့ ဒီမလှုပ် သာမလွန့်သာ လှောင်အိမ်ကျဉ်းလေးကိုမှ ဘာကြောင့်ရွေးရလဲ။ တကယ်ဆို ခြံထဲနေမလား မေးရင် နေမယ် ပြောလိုက်ပြီးရောပေါ့။ မိုက်မဲလိုက်တဲ့ ဆုံးဖြတ်ချက်ပါလား။ ငါသာဆို လှောင်အိမ်ထက်စာရင် ခြံထဲပဲ သွားနေ တော့မှာပေါ့။ ဒီလောက်မိုက်မဲတဲ့ သူနဲ့ လာပြီး စကားပြောနေရလောက်အောင် ငါလည်း အတော်မိုက်မဲတဲ့ ကောင်ပါလားဆိုသည့်အတွေး ဝင်သွားလေဟန် ရေးဖွဲ့လိုက်သည်။ ထို့ကြောင့် ဘာမှဆက်မပြောတော့ဘဲ ရပ် လိုက်သည်။

သည်တော့မှ ဇီးကွက်မကြီးက “ရေခဲငှက်နဲ့ လင်းတတွေ ဘာလုပ်နေတယ်ဆိုတာ ရှင် သတိမထားမိဘူးလား” ဟု မေးသည်။ “ထားမိပါတယ်။ သူတို့ဟာ ကြီးမားတဲ့အတောင်ပံကြီးတွေကို ဖြန့်ရိုက်ခတ်ပြီး ခမ်းနားတဲ့ ဟိတ် ဟန်တွေကို ပြသနေကြတယ်လေ” ဟု သူဖြေလိုက်ကြောင်းပြောပြီး ဇီးကွက်မကြီး၏ အမေးကို ဆက်ရေးသွား ပြန်သည်။ “ရှင် သူတို့ အဝေးကို ပျံသွားတာကိုရော တွေ့ဘူးလား” “ဟင့်အင်း၊ ကျုပ် သူတို့ပျံပြေးတာ မမြင်ဖူး ဘူး” ဟု ပြန်ဖြေရင်း ဘာများ ဆက်ပြောမှာပါလိမ့် ဆိုသည့်အတွေးနှင့် ငြိမ်သက်နေဟန်ရှိ၏။

“ဒီလိုဆိုရင်လည်း ကျမရဲ့ မိတ်ဆွေမိုက်ကြီးရယ်၊ ဘာကြောင့်မမြင်ရတာလဲ။ သူတို့ အတောင်ပံကြီးတွေ ရိုက် ခတ်ပြီး တခမ်းတနား ဟိတ်ဟန်တွေ လှည့်ပြသားပဲ။ ဒါပေမယ့် သူတို့ပျံမပြေးနိုင်ကြဘူးရှင့်။ သူတို့အတောင်ပံ တွေကို ညှပ်ခံထားရတယ်။ ဒါကြောင့်လည်း ကျမ လှောင်အိမ်ထဲမှာ နေချင်တာပေါ့။ ဖွင့်လှစ်ထားတဲ့ လေဟာ ပြင်ဆိုတာ သံတိုင်သံတန်းတွေတော့ မရှိဘူးပေါ့။ ဒါပေမယ်လို့ အတောင်တွေ ညှပ်ခံထားရတယ်လေ။ လှောင် အိမ်ဆိုတာမျိုးက သံတိုင်သံတန်းတွေတော့ ရှိတာပေါ့။ ဒါပေမယ့် အတောင်ပံ အညှပ်မခံရဘူးမို့လား။”

“ကျမ ပျံနိုင်စွမ်းရှိသလောက် သူတို့ ပျံနိုင်စွမ်းမရှိတော့ပါဘူး”

စာရေးသူက ဤနေရာတွင် သူ့စာကို တိကနဲ ပိပိရိရိ ဖြတ်ချလိုက်သည်။ ကျနော့်ရင်ထဲ ဟာကနဲ။ သူပြောချင် သမျှကို အိပ်သွန်ဖာမှောက် ပြောချပြီးသွားပြီ။ ဘာမျှမကျန်တော့။ ကျနော့်မှာသာ အမိုးမဲ့ ခြံထဲမှ ရေခဲငှက်ကြီး များနှင့် လင်းတကြီးများအကြောင်းနှင့် ဘက်ပေါင်းစုံ သံတိုင်သံတန်းတို့ ကာရံခံနေရသည့် နှင်းဖြူဇီးကွက်မ ကြီးအကြောင်း တွေးမိနေသည်။ အခန်းထဲတွင်ကား “လှောင်ချိုင့်ထဲကတေး” သည် လွင့်နေဆဲ ...။

(အကျဉ်းထောင်တွင်း ရောက်နေကြရသည့် နိုင်ငံရေးအကျဉ်းသားများအား ဦးညွတ်လိုက်ပါသည်။)

မျိုးမြင့်ချို

အပြည့်အစုံသို့...

Friday, October 22, 2010

နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာ၏ ရွှေရ တုမွေးနေ့ (၂၇-၁-၂၀၁၁) အကြို ဂုဏ်ပြုတင်ဆက်မှု (၃)

(၃၉) နှစ်မြောက် တော်လှန်ရေးနေ့ ဇာဂနာအငြိမ့် (၁၉၈၄)
(USannAung's Channel မှ ရယူပါသည်)

ဇာဂနာအငြိမ့် (၁၉၈၄) - အပိုင်း (၂) ဇာဂနာအငြိမ့် (၁၉၈၄) - အပိုင်း (၃) ဇာဂနာအငြိမ့် (၁၉၈၄) - အပိုင်း (၄) ဇာဂနာအငြိမ့် (၁၉၈၄) - အပိုင်း (၅) ဇာဂနာအငြိမ့် (၁၉၈၄) - အပိုင်း (၆) ဇာဂနာအငြိမ့် (၁၉၈၄) - အပိုင်း (၇) ဇာဂနာအငြိမ့် (၁၉၈၄) - အပိုင်း (၈) ဇာဂနာအငြိမ့် (၁၉၈၄) - အပိုင်း (၉) ဇာဂနာအငြိမ့် (၁၉၈၄) - အပိုင်း (၁၀)

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၂-၁၀-၂၀၁၀)

- ဂီရိဆိုက်ကလုံး တနာရီလျှင် ပြင်းအား (၁၄၇) မိုင်နှုန်းဖြင့် တိုက်ခိုက်နေ click
- ဆိုင်ကလုန်းမုန်တိုင်း ဂီရိ မိုင် (၁၀၀) နှုန်းဖြင့် ကျောက်ဖြူကို ဝင်ရောက် click
- ဆိုင်ကလုန်းမုန်တိုင်း ဂီရိ နောက်ဆုံးသိရသမျှ အခြေအနေ click
- ဂီရိမုန်တိုင်း နောက်ဆုံးအခြေအနေ (ဦးထွန်းလွင်နှင့် အင်တာဗျူး) click
- မုန်တိုင်းကယ်ဆယ်ရေး စတင်ဆောင်ရွက် click
- အပူပိုင်း ဆိုင်ကလုံး ဂီရိ Giri ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ပြီ click
- ဂီရိမုန်တိုင်း ကျောက်ဖြူမှာ ပြင်းထန် click
- ရခိုင်ကမ်းရိုးတန်းကို အားအလွန်ပြင်း မုန်တိုင်းဝင်ရောက် click
- ဂီရီမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို ဝင် click
- ရခိုင်ပြည်နယ်တွင် မုန်တိုင်းတိုက်ခတ် ပြည်သူများစိုးရိမ်နေ click
- ရှမ်းပြည်မြောက်ပိုင်းမှာ စစ်တပ် တိုးချ click
- ကေအိုင်အိုနယ်ထဲသို့ ဆေးဝါးနှင့်ရိက္ခာ ပိတ်ပင်၊ ဒေသခံလူထု ဖျားနာသေဆုံးမှုများရှိ click
- မွန် (၆) ရွာ ဆန်ပြတ်လပ် click
- သံတောင်ကြီးမြို့ရှိ ပြည်သူ (၅၀) ဦးကို စစ်တပ်က ပြည်သူ့စစ်သင်တန်း တက်ခိုင်း click
- စုံစမ်းရေးကော်မရှင်ဖွဲ့ရန် နယ်သာလန်မှာ ဆန္ဒပြတောင်းဆို click
- မြန်မာအစိုးရကို ဖိအားပေးဖို့ ဖိလစ်ပိုင်အစိုးရကို တောင်းဆို click
- ရခိုင်ဆရာတော်သတင်း စုံစမ်းမရ၍ စိုးရိမ်နေ click
- ထိုင်းနိုင်ငံခြားရေးဝန်ကြီး မယ်လဒုက္ခသည်စခန်း လာရောက် click
- ဒုက္ခသည်များကို ပြန်မပို့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား click
- ရွေးကောက်ပွဲပြီးရင် ပြန်ရမယ်လို့ဆို click
- NLD အဖွဲ့ သန်လျင်ကို စည်းရုံးရေးဆင်း click
- အဖွဲ့ချုပ်အတွက် တကိုယ်တော် စည်းရုံးရေးဆင်း click
- ထောင်ပြန် (၂) ဦး ရွေးကောက်ပွဲ သပိတ်မှောက် click
- မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး တောင်းဆို click
- နိုင်ငံရေးအကျဉ်းသားများ အရင်လွှတ်မှ ရွေးကောက်ပွဲ မျှတမည် (ကင်တားနား) click
- ဆိုင်ကလုံးမုန်တိုင်း ဂီရိကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းမည်မဟုတ် click
- ရွေးကောက်ပွဲ ဆန့်ကျင်စာများ လိုက်ကပ်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့တွင် လုံခြုံရေး တင်းကျပ် click
- ရွေးကောက်ပွဲစည်းရုံးမှု နိုဝင်ဘာ (၆) ရက် နောက်ဆုံးသတ်မှတ် click
- ကြိုတင်မဲပေးသည့် ကျောင်းဆရာ/ဆရာမများ လွတ်လပ်စွာ မဲပေးခွင့်မရ click
- ကြံ့ခိုင်ရေးပါတီကို မဲပေးရန် သစ်တောနှင့်စည်ပင်ဝန်ကြီး စည်းရုံး click
- ဒီမိုကရေစီအတွက် ရွေးကောက်ပွဲက လမ်းစတခု click
- တိုင်းရင်းဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ click
- ရွေးကောက်ပွဲပြီးလျှင် ကမ္ဘာလှည့်ခရီးသည်များ တိုးလာရန် မျှော်လင့် click
- မန္တလေးရေကြီး လူထုသတင်းသမား ဖော်ထုတ် (ရုပ်သံ) click
- စာအုပ်စင် - အဘိဓာန် သန်းဝင်းလှိုင် (ရုပ်သံ) click
- G-20 ဆွေးနွေးပွဲတွေ ကိုရီးယားမှာ စတင် click
- ငွေကြေးတန်ဖိုး အငြင်းပွားမှု သဘောတူညီမှုရဖို့ G20 ခေါင်းဆောင်တွေ ကြိုးပမ်း click
- ဘုရင်စနစ်မရှိရင် အစစအရာရာ တူမှာမဟုတ်တော့ click
- မဟာမဲခေါင် စီးပွားရေးလမ်းကြောင်း click
- မန်ယူတွင် ဆွေးနွေးမှုများ ပြုလုပ်ပြီးသော်လည်း ရွန်နီ၏ အနာဂတ် ရှင်းရှင်းလင်းလင်း မသိရသေး click
- ရခိုင်ကမ်းရိုးတန်းကို ၀င်ရောက်တိုက်ခတ်နေသည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်ပြီး နိုင်ငံပိုင် ရုပ်မြင်သံ ကြားမှ အောက်တိုဘာ (၂၂) ရက်နေ့ ညနေပိုင်း သတိပေး ထုတ်လွှင့်ချက် click
- မုန်တိုင်းနောက်ဆုံးအခြေအနေ (မြန်မာစံတော်ချိန် မွန်းလွဲ ၄ နာရီ) click
- မုန်တိုင်းနောက်ဆုံးအခြေအနေ (မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ) click
- မုန်တိုင်းနောက်ဆုံးအခြေအနေ (မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ) click
- ဂီရိ ဆိုင်ကလုန်း လေပြင်းနှုန်း တိုးလာပြီ click
- ရခိုင်တွင် တိုက်ခတ်နေသည့် ဂီရိမုန်တိုင်း အင်အားပြင်းထန် click
- ရခိုင်ပြည်သို့ မုန်တိုင်းဝင်၊ နေ့ခင်းဘက်တွင် ပိုပြင်းထန်မည်ဟုဆို click
- ဂီရိ အရှိန်မြင့်နေ၊ မနက်ဖြန် ညနေအထိ ရှိနေမည် click
- မိုး/ဇလ၏ နံနက် (၉) နာရီခွဲ ကြေးနန်းသတင်း click
- ဂီရိမုန်တိုင်း မာန်အောင်နှင့် ကျောက်ဖြူမြို့များကို ဖြတ်သန်းတိုက်ခတ် click
- ဂီရိမုန်တိုင်း မာန်အောင်နဲ့ ကျောက်ဖြူကို ၀င်တိုက် click
- ဂီရိဆိုင်ကလုန်း ကျောက်ဖြူတွင် စတင်တိုက်ခတ် click
- ဂီရိမုန်တိုင်း တနာရီ မိုင် (၉၀) ခန့်နှင့် ရခိုင်ကမ်းခြေကို ဖြတ်သန်းနိုင် click
- မုန်တိုင်းနောက်ဆက်တွဲ click
- မုန်တိုင်းသင့် ပြည်သူကို ကူညီရန် အဲန်ဂျီအို ပြင်ဆင်နေပြီ click
- သတိ … ဒေါက်တာထွန်းလွင် ကွန်နက်ရှင်မကောင်းသေးပါ (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) click
- ရဲရွာ ရေစလွှတ်နေပြီ click
- အပစ်ရပ် SSA (တပ်မဟာ ၁) ဌာနချုပ်သို့ နအဖတပ်များ ချဉ်းကပ် click
- မူးယစ်ဆေး နှိမ်နင်းမှု နအဖ မလိုလား click
- နအဖစစ်တပ် တိုက်ပွဲအတုလုပ်ပြီး ကျေးလက်လူထုအား နှိပ်ကွပ် click
- ကရင်နီဒုက္ခသည်ဆေးခန်း၌ ကျောင်းသားလူနာ ပြည့်နက် click
- မြန်မာပြည် ငြိမ်းချမ်းမှ ဒုက္ခသည်များ ပြန်ပို့မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော click
- ဒုက္ခသည်များအား မြန်မာနိုင်ငံ ပြန်ပို့မည်မဟုတ် click
- ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်ကဆစ်ဖိရုန်း မယ်လဒုက္ခသည်စခန်းသို့ လာရောက်စဉ် (သတင်းဓာတ်ပုံ) click
- သာသနာရေးက သီရိလင်္ကာပြန် ကလေးများသတင်း အမှောင်ချ click
- စစ်ဗိုလ်စစ်သားအားလုံး ... သတိ click
- ထိပ်တိုက်တွေ့နေတဲ့ တွေးခေါ်မှုနှစ်ရပ် (ဆောင်းပါး) click
- အာဆီယံ မြန်မာစစ်အစိုးရနဲ့ လုံခြုံရေးပြဿနာ (ဆောင်းပါး) click
- စိန်နားကပ် ကဗျာနဲ့ အဆိုတော် မင်းအောင် (သို့မဟုတ်) တော်လှန်ရေးနဲ့ အနုပညာ ရောစပ်ထားတဲ့ ဗိုလ် တိုက်မောင်း (၁) (ဆောင်းပါး) click
- မွှေးသည့်ပန်းများမှ ကျောယားပြေ တိုက်ပွဲလေးတခုအကြောင်း (နိဂုံး) (ဆောင်းပါး) click
- မစ်ရှီဂန်မှ ပေးသောစာ (၃၂) (အသံလွှင့်ဆောင်းပါး) click
- “အပြုံးမပျက် ရင်ဆိုင်နိုင်ပါစေ” ဆိုသည့် မွေးနေ့အမှာစကား (အင်တာဗျူး) click
- သောကြာစကားဝိုင်း (အောက်တိုဘာ ၂၂၊ ၂၀၁၀) click

“လွတ်လပ်ရေးအလံ၊ မဆလအလံနဲ့ ယတြာအလံ” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- အလံသစ် ယတြာ ညွှန်ကြားချက် click
- အလံသစ်တင်ခြင်းကို နိုင်ငံရေးပါတီများ ဝေဖန် click
- ရွေးကောက်ပွဲကို မဲမပေးရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း click
- အပစ်ရပ် မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲကို လုံးဝလက်မခံဟု ကြေညာ click
- ကြံ့ဖွံ့အား မဲမပေးရန် လူထုကြား ကရင်နီတပ်မတော် နှိုးဆော် click
- ပြည်သူအများ ဘာမှမသိဘဲ မဲပေးကြရမည် click
- မဲပေးနိုင်ရန်အတွက် ယာယီမှတ်ပုံတင် ထုတ်ပေးလျက်ရှိ click
- မဲရုံ ဆောက်လုပ်ရန် ပိုက်ဆံ ကောက်ခံ click
- UDP ပါတီ ကြေညာချက်ထုတ် click
- ကြံ့ဖွံ့ကို မဲပေးခိုင်းသော်လည်း မပေးလိုကြ click
- ကယန်းကျေးရွာများတွင် ဘိလပ်မြေနှင့် သစ်များ ပေး၍ ကြံ့ဖွံ့ မဲဆွယ်စည်းရုံး click
- ရွေးကောက်ပွဲအတွက် ငွေကောက်၊ ကြံ့ဖွံ့ပါတီဝင်ကတ်များ ဝေ click
- ဒု-ဗိုလ်ချုပ်ကြီးဟောင်း အုန်းမြင့် ကချင်တွင် ကြံ့ဖွံ့အတွက် စည်းရုံး click
- ဆင်ကြယ်လေလား၊ ယတြာလေလား အောင်သိန်းလင်းရယ် click
- မြန်မာ့ရွေးကောက်ပွဲ - ပြည်သူဘာကြောင့်ပါသင့်သလဲ (ဆောင်းပါး) click
- စစ်အာဏာရှင် အသက်ဆက်မယ့် ရွေးကောက်ပွဲ (ဆောင်းပါး) click
- ထိုင်ဝန်ကြီးချုပ် ခရီးစဉ်နှင့် မြန်မာ့ရွေးကောက်ပွဲ (အယ်ဒီတာ့စကား-ရုပ်သံ) click
- ကြံ့ဖွံ့ပါတီရဲ့ မဲဆွယ်မှု (ရုပ်သံ) click
- တကိုယ်တော် လက်ကမ်းစာစောင်တွေ ဖြန့်ဝေ (ရုပ်သံ) click
- ယနေ့မြန်မာသို့ ပေးစာ click
- ယာဉ်ထိန်းရဲအရာရှိက လိုင်စင်မဲ့ကားပိုင်ရှင်ထံမှ ငွေတောင်း click
- ချင်းမိုင်တွင် ကျင်းပမည့် သီးညီနောင် အငြိမ့် click
- စင်္ကာပူနိုင်ငံ မြန်မာအသိုင်းအ၀ိုင်းရဲ့ တရားပွဲများနဲ့ ဘာသာရေးဆိုင်ရာ ပွဲများ click
- အမေရိကားနဲ့ နယ်သာလန်က မြန်မာအသိုင်းအ၀ိုင်းရဲ့ သတင်းများ click