နေမင်းထွန်းမှသတင်းဖြင့်ကျေးဇူးဆပ်ပါသည်

Wednesday, December 1, 2010

Wednesday, December 1, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁-၁၂-၂၀၁၀)

- အမျိုးသားရေးအောင်ပွဲ ပေါ်ထွန်းရန် ဒေါ်အောင်ဆန်းစုကြည် ပြော click
- အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများ နေရာအနှံ့ ကျင်းပ click
- အမျိုးသားအောင်ပွဲနေ့ အခမ်းအနား (ဓာတ်ပုံသတင်း) click
- အမျိုးသားအောင်ပွဲနေ့ အခမ်းအနား အဖွဲ့ချုပ်ရုံးတွင် ကျင်းပ (ဓာတ်ပုံများ) click
- နှစ် (၉၀) ပြည့် အမျိုးသားနေ့ (ဆောင်းပါး) click
- အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းရန် စစ်အစိုးရကို NLD တိုက်တွန်း click
- အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ပေးဖို့ NLD တောင်းဆို click
- မဒမ်တူးဆော့ပြတိုက်တွင် ထားမည့် ဒေါ်အောင်ဆန်းစုကြည် ရုပ်တု click
- ထိုင်းနိုင်ငံရောက် မြန်မာများအရေး ဒေါ်အောင်ဆန်းစုကြည် အားပေးပြောကြား click
- ခြိမ်းခြောက်တာလား click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယအကြိမ် တွေ့ဆုံမေးမြန်းခန်း click
- နအဖနှင့် ဒီကေဘီအေတိုက်ပွဲ ထိခိုက်သေဆုံးမှုများပြား click
- ဝေါ်လေ-ဖလူး-ဘုရားသုံးဆူတိုက်ပွဲတွေမှာ နအဖ ထခိုက်သေဆုံးမှုများ (နိုဝင်ဘာ ၂၆ မှ ၃၀ အထိ) click
- ကချင်ပြည်နယ်တွင် နအဖက လုံခြုံရေး တိုးမြှင့် click
- မင်းဆွေ (သို့မဟုတ်) ဖားတကောင်ရဲ့ သရုပ်မှန် (ပေးစာ) click
- ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့ နိုင်ငံတကာ ကျင်းပ click
- ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ လမ်းလျှောက်ချီတက်ပွဲ ပြုလုပ် click
- ကမ္ဘာ့ HIV/AIDS တိုက်ဖျက်ရေးနေ့ ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ကျင်းပ click
- မဲဆောက်မှ ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ (ဓာတ်ပုံသတင်း) click
- မြန်မာ HIV/AIDS ဝေဒနာရှင်တွေ လူ့အခွင့်အရေး ဆုံးရှုံး click
- ဂေဟာမှာပဲ နေချင်တယ် click
- ဝဋ်ကြွေးလို့ပဲ စဉ်းစားလိုက်ရတယ် click
- မျှော်လင့်ချက်နဲ့ လာခဲ့တဲ့ ခရီးကြမ်း (ဆောင်းပါး) click
- တကျော့ပြန် ဘ၀လမ်း (ရုပ်သံ) click
- ပျော်ရွှင်ခြင်းဂေဟာ click
- ကြံ့လွတ်အစိုးရ (ထွေရာလေးပါး) click
- ကျားဖြူပါတီနဲ့ ကြံ့ခိုင်ရေးပါတီတို့ တွေ့ဆုံဆွေးနွေး click
- ဂီရိမုန်တိုင်း ဒုက္ခသည်များကို ကနေဒါအစိုးရက ဒေါ်လာ (၅) သိန်းလှူမည် click
- နေပြည်တော်တွင် (၁၅) သိန်းတန် GSM ဖုန်းကို (၅) သိန်းဖြင့် ရောင်းမည် click
- ဟိုတယ်လုပ်ငန်းရှင်များ ကားတင်သွင်းမှုကြောင့် ကားဈေးကွက်ပျက် click
- မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ အနာဂတ်မျှော်လင့်ချက် click
- ပြည်မမှ တရုတ်များ ခိုးဝင်ပြီး ရွှေတူး (ပေးစာ) click
- မြောက်ကိုရီးယား ထပ်တိုက်မယ့် အလားအလာ တောင်ကိုရီးယား သတိပေး click
- ပါကစ္စတန် တည်ငြိမ်ရေး အမေရိကန် စိုးရိမ် click
- ပါကစ္စတန် နျူကလီးယားလုံခြုံရေး အမေရိကန် စိုးရိမ်မှု ၀ီကီလိခ် ဖော်ပြ click
- နှစ် (၉၀) ပြည့် အမျိုးသားအောင်ပွဲနေ့ (ရန်ကုန်) click
- အမျိုးသားနေ့ (ဆောင်းပါး) click
- ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို တောင်းဆို click
- ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကြောင့် ဘဏ်က ငွေမချေး click
- ဗိုလ်ထိန်မောင်ကို စစ်အစိုးရ စတိုက်ပြီ click
- နအဖနဲ့ ဒီကေဘီအေ တိုက်ပွဲဆက်လက်ဖြစ်ပွား၊ ဒုက္ခသည်များ ပြန်ပြေးလာ click
- ဗိုင်းရပ်စ်နှင့် အာဏာပိုင်ကို တပြိုင်တည်း ရင်ဆိုင်နေရသည့် HIV ဝေဒနာရှင်များ click
- အနုပညာရှင် တဒါဇင်ခန့်၏ ဖျော်ဖြေတင်ဆက်မှု ပြန်ကြားရေးဝန်ကြီးဌာန ပိတ်ပင် click
- ဝန်ကြီးဌာနများ ပေါင်းစည်း၍ အရေအတွက် လျှော့ချရန် ပြင်ဆင်နေ click
- ရေအားလျှပ်စစ်စီမံကိန်း (၂) ခု အေးရှားဝေါလ်နှင့် တရုတ်တို့ တွဲလုပ်မည် click
- မူဆလင်တဦး ကျပ် (၁၀) သိန်းဖြင့် စစ်တပ်မှ ရန်ကုန်သို့ ပို့ဆောင်ပေးနေ click
- ထိုင်းဘုရင်ကို ဂုဏ်ပြုတဲ့ ကချင်မနောပွဲ (ရုပ်သံ) click
- ဒီဇင်ဘာ (၁) ရက် နောက်ဆုံးရ သတင်းတိုများ click
- ကာလ၀ိပါက် နောက်ပိုးတက် (သရော်စာ) click
- အကြီးဆုံး စစ်ရေးလျှို့ဝှက်ချက်တွေ ဖွင့်ပြလိုက်တဲ့ ၀ီကီလိ (WikiLeaks) click

ကရင်ပြည်နယ်တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွား (ရုပ်သံ)

(ရုပ်သံ - ဧရာဝတီဝက်ဘ်ဆိုက်)

ကမ္ဘာ့အေအိုင်ဒီအက်(စ်) တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါး

အေအိုင်ဒီအက်စ်ရောဂါဖြစ်တာ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသလား
ဒေါက်တာလွဏ်းဆွေ

မြန်မာပြည်တွင်း၌ ရှိစဉ်က တလတွင် ကျနော် တာဝန်ခံအယ်ဒီတာအဖြစ် လုပ်ကိုင်နေသည့် မြားနတ်မောင် မင်္ဂလာမဂ္ဂဇင်း၌ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် ပတ်သက်သည့် အယ်ဒီတာ့အာဘော်တခု ရေးသားဖြစ်ခဲ့ သည်။ ‘အမြင်များ ပြောင်းလဲရေးနှင့် အေအိုင်ဒီအက်စ်ရောဂါ’ ဟူသည့် ခေါင်းစဉ်နှင့်ဖြစ်သည်။ စာပေစိစစ်ရေး မှ တာဝန်ရှိသူများက ကျနော်ရေးသည့် အယ်ဒီတာ့အာဘော်ကို တပုဒ်လုံး ခွင့်မပြုဘဲ အရေးကြီးသည့် စာပိုဒ် တပိုဒ်ကို ဆင်ဆာဖြတ်လိုက်သည့်အတွက် အာဘော်ပျောက်ပြီး ဘာဆိုလိုမှန်း မသိဖြစ်ခဲ့ရသည်။

ကျနော်ရေးခဲ့သည့် စာသားအတိုင်း အတိအကျကို မမှတ်မိတော့။ ကျနော်၏ အာဘော်မှာ အိပ်ခ်ျအိုင်ဗွီပိုး ကူး စက်မှု၊ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားမှုနှုန်းထားကို လျော့ကျအောင် ထိန်းချုပ်လိုလျှင် ရောဂါပိုး ကူးစက်နိုင် သည့် လမ်းကြောင်းများကို ဖြတ်တောက်ဖို့ ကြိုးစားရမည်။ အန္တရာယ် နည်းနိုင်သမျှ နည်းအောင် အကာအ ကွယ်ယူကြဖို့ ဆွေးနွေးပညာပေးရမည်။ ထိုအပြင် မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် လိင်ကိစ္စအပေါ်ရှုမြင်သည့် မြန်မာ့ လူ့အဖွဲ့အစည်း၏ အမြင်တချို့ကိုလည်း ပြောင်းလဲဖို့ လိုအပ်ကြောင်း ရေးသားခဲ့သည်။

ဥပမာအားဖြင့် မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းရာမှတဆင့် ကူးစက်သည့်နှုန်းကို လျော့ကျအောင် လုပ် ဆောင်မည်ဆိုလျှင် အာဏာပိုင်များအနေနှင့် ရောင်းဝယ်ဖောက်ကားသည့် လမ်းကြောင်းကို အရင်ဆုံး ဖြတ် တောက်ဖို့ ကြိုးစားရမည်။ ရောင်းသူရှိ၍ သုံးစွဲသူ ရှိနေခြင်းအပေါ် သုံးစွဲသူများကို ဖမ်းဆီးအရေးယူနေခြင်း သည် မှန်ကန်သည့် နည်းလမ်းဟုတ်မဟုတ် ပြန်လည်သုံးသပ်သင့်သည်။ အရေးယူမည့်အစား ဆွေးနွေးပညာ ပေးခြင်းဖြင့် သုံးစွဲမှုလျော့နည်းအောင် လုပ်ဆောင်ရမည်။ မသုံးစွဲရလျှင် မနေနိုင်၍ သုံးစွဲနေရသူများကိုလည်း ပုန်းလျှိုးကွယ်လျှိုး ဖြစ်သလို လုပ်နေကြမည့်အစား ရောဂါပိုးကူးစက်မှု လျော့နည်းအောင် တခါသုံး ဆေးထိုး အပ်တွေ သုံးစွဲဖို့ အကြံပြုရမည်။ မူးယစ်ဆေးဝါး ဖြတ်ပြီး လူကောင်းပကတိ ပြန်ဖြစ်လာသူများကိုလည်း ‘ဘိန်း စား၊ ဖိုးသမား’ ဟူသည့် ရှေးရိုးစွဲ အမြင်များနှင့် ၀ိုင်းပယ်မထားကြဘဲ လူ့အသိုင်းအ၀ိုင်းထဲ ပြန်လည်ဝင်ဆံ့လာ နိုင်အောင် လက်တွဲခေါ်ဆောင်ဖို့အတွက် လူတဦးချင်းစီ၏ အမြင်များ ပြောင်းလဲဖို့ လိုအပ်ကြောင်း ရေးသား ခဲ့သည်။

လိင်ကိစ္စနှင့် ပတ်သက်၍လည်း လူမှန်လျှင် ဇီဝကမ္မတောင်းဆိုမှု (Physiological Demand) ရှိကြောင်း၊ လူ တဦးနှင့်တဦး ဇီဝကမ္မတောင်းဆိုမှု မတူညီသည့်အလျောက် လိင်စိတ်နိုးကြားမှုလည်း မတူညီကြောင်း၊ ထို့အ တွက် လိင်ဆက်ဆံမှုအကြိမ်ရေ အနည်းအများသည် တဦးနှင့်တဦး မတူညီနိုင်သလို လိင်ဆက်ဆံခြင်းအပေါ် လည်း ရှက်စရာအမှုကိစ္စအဖြစ် မရှုမြင်ကြစေလိုကြောင်း၊ ပြည့်တန်ဆာလုပ်ငန်းများနှင့်ပတ်သက်၍လည်း လုံး ၀ပပျောက်အောင် မလုပ်နိုင်ဘဲ ပုန်းလျှိုးကွယ်လျှိုး ရှိနေမည့်အတူတူ ကျန်းမာရေးစစ်ဆေးပြီး စနစ်တကျ လုပ် ကိုင်စေခြင်းက ရောဂါကူးစက်မှုနှုန်းထားကို အကြီးအကျယ် ကျဆင်းစေနိုင်ကြောင်း အကြံပြုရေးသားခဲ့သည်။

အိပ်ခ်ျအိုင်ဗွီပိုး အဓိကကူးစက်ရာ လမ်းကြောင်းများသည် (၁) အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံခြင်း (၂) ပိုးသတ်သန့်စင်ထားခြင်း မရှိသည့် ဆေးထိုးအပ်၊ ဆေးထိုးပြွန်များကို အသုံးပြု၍ မူးယစ်ဆေးဝါးနှင့် အကြော ဆေးများကို တယောက်ပြီး တယောက် အကြောထဲထိုးသွင်းခြင်း (၃) သေချာစွာ စမ်းသပ်စစ်ဆေးထားခြင်း မရှိသည့် သွေး၊ သွေးရည်ကြည်နှင့် သွေးတွင် ပါရှိသော ဓာတ်ပစ္စည်းတမျိုးမျိုးကို သွေးကြောထဲသို့ ဆေးထိုး အပ်၊ ပိုက်များနှင့် ထိုးသွင်းခြင်း (၄) အိပ်ခ်ျအိုင်ဗွီပိုးရှိသည့် မိခင်မှတဆင့် ကလေးငယ်ဆီသို့ ကိုယ်ဝန်ဆောင် ချိန်၊ မီးဖွားချိန်နှင့် နို့တိုက်ချိန်များတွင် ကူးစက်ခြင်းတို့ဖြစ်သည်။

ထိုသို့ အဓိက ကူးစက်နိုင်သည့် နည်းလမ်း (၄) ခုအနက် လိင်ဆက်ဆံခြင်းကြောင့် ကူးစက်နိုင်မှုအန္တရာယ် (၀.၁-၁ %)၊ မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းခြင်းကြောင့် ကူးစက်နိုင်မှုအန္တရာယ် (၀.၅-၁ %)၊ မိခင်မှ ကလေးသို့ ကူးစက်နိုင်မှုအန္တရာယ် (၂၀-၄၀ %)၊ သွေး၊ သွေးရည်ကြည်နှင့် သွေးမှဓာတ်ပစ္စည်းတမျိုးမျိုး သွင်း ခြင်းဖြင့် ကူးစက်နိုင်မှုအန္တရာယ် (၉၀ %) ကျော်ရှိသော်လည်း တကမ္ဘာလုံးတွင် နည်းတနည်းချင်းအလိုက် ကူး စက်ထားသည့် အရေအတွက်တွင်မှု လိင်ဆက်ဆံခြင်းကြောင့် ကူးစက်မှု (၈၀) %၊ မူးယစ်ဆေးဝါးကို အကြော ထဲထိုးသွင်းခြင်းကြောင့် ကူးစက်မှု (၉) %၊ မိခင်မှ ကလေးသို့ ကူးစက်မှု (၈) %နှင့် သွေး၊ သွေးရည်ကြည်နှင့် သွေးမှ ဓာတ်ပစ္စည်းတမျိုးမျိုးကို သွင်းခြင်းကြောင့် ကူးစက်မှု (၃) % ရှိသည်ကို လေ့လာစစ်တမ်းကောက်ယူမှု များအရ သိရှိရပေသည်။

အထက်ပါ အညွှန်းကိန်းများကို သုံးသပ်ကြည့်လျှင် လိင်ဆက်ဆံခြင်းနှင့် မူးယစ်ဆေးဝါးကို အကြောထဲ ထိုး သွင်းခြင်းတို့သည် ကူးစက်နိုင်မှုအန္တရာယ် အနည်းဆုံး နည်းလမ်း (၂) သွယ် ဖြစ်ကြသော်လည်း ကူးစက်ထား သည့် အရေအတွက်တွင်မူ အများဆုံးဖြစ်နေသည်ကို တွေ့ရပေသည်။ ထို့ကြောင့်လည်း ကျနော်၏ အယ်ဒီ တာ့စကားတွင် အရေအတွက် အများဆုံး ကူးစက်မှုဖြစ်ပွားနေသည့် အထက်ပါ နည်းလမ်း (၂) သွယ်ကို အဓိ ကထား ဖြတ်တောက်ဖို့ အကြံပြုရေးသားခဲ့ခြင်းဖြစ်သည်။ စာပေစိစစ်ရေးက မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက် သည့် အကြံပြုတင်ပြမှုကို ခွင့်ပြုသော်လည်း လိင်ဆက်ဆံခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် တင်ပြ မှုများကိုမူ ခွင့်မပြုခဲ့ပေ။

မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ အာဏာပိုင်ပုဂ္ဂိုလ်များနှင့် ပြည်သူအများစုက မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လိင် ကိစ္စအပေါ် ပွင့်လင်းသည့် အမြင်သဘောထားများနှင့် လက်ခံရှုမြင်မှု မရှိကြသေးဘဲ မကောင်းမှု ဒုစရိုက်ကိစ္စ၊ ရှက်စရာ ရွံစရာ ကိစ္စရပ်များအဖြစ်သာ ရှုမြင်နေကြဆဲဖြစ်သည်ကို တွေ့ရပေသည်။ အေအိုင်ဒီအက်စ်ရောဂါနှင့် ပတ်သက်၍လည်း ‘ဘယ်သူမပြု မိမိမှု’ ဆိုသည့် ဆောင်ပုဒ်ဖြင့် ကူးစက်ခံစားရသူ ဝေဒနာသည်များအပေါ် အ ပြစ်ဖို့သည့်သဘော သတိပေးနှိုးဆော်သည်များကိုသာ တွေ့ရပေသည်။ ‘ဘယ်သူမပြု မိမိမှု’ ဟူသော ဆောင် ပုဒ်သည် မူးယစ်ဆေးဝါးကို အကြောထဲထိုးသွင်းမှုကြောင့်နှင့် လိင်အပျော်အပါးလိုက်စားမှုကြောင့် အေအိုင်ဒီ အက်စ်ရောဂါ ကူးစက်ခံစားရသူ ဝေဒနာသည်များအတွက် ဆီလျော်မှု ရှိကောင်းရှိမည်ဖြစ်သော်လည်း အခြား နည်းလမ်း (၂) ခုဖြင့် အပြစ်မဲ့စွာ ကူးစက်ခံစားရသူ ဝေဒနာသည်များအတွက်မူ ရက်စက်လွန်းရာကျသည့် ဆောင်ပုဒ်တခုဖြစ်နေသည်ကို တွေ့ရပေသည်။

ယနေ့အချိန်အခါတွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာသည်များအား လူအများစုက ၀ိုင်းပယ်ကြသည့် အဓိကအကြောင်းတရားသည် မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လိင်အပျော်အပါးလိုက်စားခြင်းတို့အပေါ် အပြစ်မြင် သည့် သဘောထားကြောင့်ဖြစ်သည်။ ထိုသို့ အပြစ်မြင်ပြီး ရှက်စရာ၊ ဂုဏ်သိက္ခာကျဆင်းစရာ ရောဂါတခုဖြစ် ပွားသည်ဟု သဘောထားနေကြခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ဝေဒနာသည် များနှင့် မပတ်သက်ချင်ကြခြင်း၊ ကိုယ့်ဆွေမျိုးသားချင်းပင်ဖြစ်လင့်ကစား ဝေးဝေးနေလိုကြခြင်းဖြစ်သည်။

ကမ္ဘာပေါ်ရှိ ဘာသာတရားနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်အမြင်အသီးသီးမှ ကြည့်လျှင်လည်း ထိုကိစ္စများအ ပေါ် အပြစ်မြင်သည့် သဘောထားများ ရှိကြမည်မှာအမှန်ပင်ဖြစ်သည်။ သို့သော် လူတဦးချင်းစီ၏ လူသားဆိုင် ရာ အခွင့်အရေးရှုထောင့်အရ ကြည့်လျှင်မူ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လိင်အပျော်အပါးလိုက်စားခြင်းတို့ကို ကိုယ်ကျင့်တရားပျက်ပြားသည့် ဂုဏ်သိက္ခ္ခာကျ၊ အရှက်ရစရာ ကိစ္စရပ်များအဖြစ် ရှုမြင်စရာအကြောင်းမရှိပေ။ ရောင်းသူ (စီးပွားရှာသူ) နှင့် ၀ယ်သူ (ဆန္ဒရှိသူ) နှစ်ဦးနှစ်ဖက် သဘောတူကြည်ဖြူ၍ လုပ်ကြသည့် ကိစ္စရပ် များအဖြစ် နားလည်ကြည့်မြင်ပေး၍ ရပေသည်။ သို့သော် ရောဂါကူးစက်ရန် အခွင့်အရေးများသည့် အုပ်စု (Risk Group) များဖြစ်၍ တတ်နိုင်ပါက ဖြတ်တောက်ဖို့၊ မဆင်ခြင်နိုင်၍ ပြုလုပ်ပါက အကာအကွယ်ယူကြဖို့ တိုက်တွန်းသတိပေးရပေမည်။

အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားနိုင်သည့် အပြုအမူပိုင်းဆိုင်ရာနှင့်ပတ်သက်၍ သုတေသနပြုလုပ်နေသူ ဒေါက် တာ ခင်မောင်လွင် (လမ်းမတော်) က “ပုထုဇဉ်တွေဟာ ကာမဘုံ လူသားတွေပါ။ ကာမဂုဏ်အာရုံတွေကို နှစ် နှစ်ခြိုက်ခြိုက် လိုက်စားသူတွေပါ။ … … … ခက်တာက တဏှာနဲ့ကိုယ်အချင်းချင်း သူက ပိုဆိုးတယ်လို့ လက် ညှိုးထိုး အပြစ်တင်တတ်တဲ့ လူ့သဘာဝပါပဲ။ ဒုက္ခရောက်သူကို အပြစ်ပုံချတာမျိုးတွေဟာ အေအိုင်ဒီအက်စ် ကိစ္စမှာ မူးယစ်ဆေးဝါးထက် ပိုပြီးသိသာထင်ရှားလာပါတယ်။ မကောင်းမှုပြုတဲ့သူတွေ ကိုယ်ဖြစ်ကိုယ်ခံ။ အေ အိုင်ဒီအက်စ် ဝေဒနာရှင်တွေကို လူ့အသိုက်အ၀န်းနဲ့ ဝေးရာ ပို့ထားရမယ်ဆိုတဲ့ စိတ်ကူးတွေ လွှမ်းမိုးခဲ့ဖူးပါ တယ်။ ဒါတွေဟာ အိပ်ခ်ျအိုင်ဗွီပြဿနာ ကြီးထွားစေတဲ့ အကြောင်းရင်းပါပဲ” ဟု လိင်ကိစ္စနှင့်ပတ်သက်၍ အ ပြစ်မြင်တတ်ကြပုံကို သူ၏ ဆောင်းပါးတွင် ထိုသို့ ထည့်သွင်းရေးသားခဲ့သည်။

အချုပ်အားဖြင့်ဆိုရလျှင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာသည်များကို လူ့အသိုင်းအ၀ိုင်းက ပစ်ပယ်ကြ ခြင်းသည် ဂုဏ်သိက္ခာကျ အရှက်ရစရာ ရောဂါဖြစ်နေသူများဟု ရှုမြင်မှုကြောင့် အဓိကဖြစ်သည်ကို တွေ့မြင် နိုင်ပေသည်။ ထိုသို့ ရှုမြင်ကြခြင်းသည် မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၊ လက်ခံရာ ကျင့်သုံးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၏ သြဇာလွှမ်းမိုးမှုများနှင့်လည်း များစွာသက်ဆိုင်နေသည်ကို တွေ့ရပေသည်။ ထို သို့မဟုတ်ဘဲ လူသားဆိုင်ရာ အခွင့်အရေးရှုထောင့်မှ ပြောင်းလဲကြည့်မြင်ပေးလျှင်မှု ထိုဝေဒနာသည်များကို အသက်အန္တရာယ်ရှိသည့် ကူးစက်ရောဂါ ခံစားရသူများအဖြစ်သာ ရိုးရိုးရှင်းရှင်း ရှုမြင်နိုင်မည်ဖြစ်ပေသည်။ ထို အခါ ဝေဒနာသည်များကို ၀ိုင်းပယ်ဖို့ မစဉ်းစားကြတော့ဘဲ ကူညီဖေးမချင်စိတ်များ ဖြစ်ပေါ်လာပေမည်။ ထိုသို့ အပြစ်မမြင် ချစ်ခင်ကြင်နာသည့် စိတ်ဓာတ်များဖြင့်သာ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ပြန့်ပွား မှုနှုန်းထားကို ကျဆင်းအောင် လုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် “အေအိုင်ဒီအက်စ် ကြုံတွေ့သူ၊ စာနာ ကြည်ဖြူ လက်တွဲကူ” ဟူသော ဆောင်ပုဒ်အတိုင်း ကျင့်ကြံနိုင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

ဒေါက်တာလွဏ်းဆွေ
(ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်)

အပြည့်အစုံသို့...

ကမ္ဘာ့အေအိုင်ဒီအက်(စ်) တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါး

၂၀၀၆ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာတွင် ကျင်းပခဲ့သည့် ပြည်ပရောက် မြန်မာမီဒီယာသမားများ၏ ညီလာခံသို့ သတင်းစာဆရာ စာရေးဆရာမကြီး လူထုဒေါ်အမာက အသံဖြင့် ပြော ကြားကာ အမှာစကား ပေးပို့ခဲ့သည်။ ထိုအမှာစကားထဲတွင် ဆရာမကြီးက “တို့နိုင်ငံမှာ ကနေ့ ဘာတွေဖြစ်နေ တုန်း၊ လူတွေအများစုကို ကိုယ်စားပြုမယ်ဆိုရင် အကုန်လုံးက ဆင်းရဲနေတာ။ အမေ့ တသက်လေ၊ အမေ အ သက်ကိုးဆယ် ကျော်ပြီနော်။ အမေ့တသက် ဒီခေတ်လောက် ဆင်းရဲတာ၊ လူတွေ ဒုက္ခဖြစ်တာ မကြုံဖူးဘူး” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ဆရာမကြီး လူထုဒေါ်အမာသည် နိုဝင်ဘာလ (၂၉) ရက်နေ့က အသက် (၉၁) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဗြိတိသျှအစိုးရ အုပ်ချုပ်သည့် နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုခေတ်ကာလ၊ ဖက်ဆစ်ဂျပန် ခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ မဆလခေတ်၊ န၀တ/ နအဖခေတ် … စသည့် သမိုင်းခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့သော အမေလူထုဒေါ်အမာ၏ အထက်ပါမှတ်ချက်ကို သုံးသပ်ကြည့်လျှင် ယနေ့ နအဖစစ်အုပ် စု အုပ်ချုပ်နေသည့် မြန်မာနိုင်ငံ၏ ဆိုးရွားနိမ့်ကျမှုအတိုင်းအတာကို ထင်ထင်လင်းလင်း သိမြင်နိုင်ပေသည်။ မြန်မာပြည်သူလူထုအပေါ် စေတနာ၊ သြဇာကြီးမားလှသည့် အမေလူထုဒေါ်အမာက ရှည်လျားထွေပြားသည့် သူမ၏ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံများနှင့် ယှဉ်ထိုးသုံးသပ်ပြီး ထိုသို့ သတိပေးပြောကြားခဲ့သော်လည်း မြန် မာနိုင်ငံကို အုပ်ချုပ်နေသည့် နအဖစစ်ဗိုလ်ချုပ်များကမူ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်သစ်ဆီသို့ ဦးတည်ရှေးရှုနေပါပြီဟု လိမ်ညာဝါဒဖြန့်၍ ကောင်းနေဆဲပင်။

မြန်မာနိုင်ငံအတွင်း နအဖစစ်အုပ်စု၏ မှားယွင်းသည့် စီမံခန့်ခွဲမှုများ၊ သတင်းအမှောင်ချမှုများ၊ လူအခွင့်အရေး ချိုးဖောက်မှုများ၊ ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်မှုများ အောက်တွင် ပြည်သူလူထုသည် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး … စသည်ဖြင့် ဘက်ပေါင်းစုံ၌ အခက်အခဲ အကျပ်အတည်း မျိုးစုံနှင့် တွေ့ကြုံရင်ဆိုင် နေရပေသည်။ ထို့အပြင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ကဲ့သို့သော ရောဂါကပ်ဆိုးကြီးကလည်း ဒုက္ခမျိုးစုံကြုံ တွေ့နေရသည့် မြန်မာပြည်သူလူထုအတွက် မြွေပူရာ ကင်းမှောင့် ဆိုသကဲ့သို့ ဖိစီးနှိပ်စက်လာသည်ကို ထိတ် လန့်တုန်လှုပ်ဖွယ် တွေ့မြင်နေရပေသည်။

မြစ်ကြီးနားမြို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဆရာဝန်မိတ်ဆွေတဦးက “အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် များ ဖြစ်နေမလားဆိုပြီး သံသယရှိတဲ့သူ (၁၀) ဦးကို သွေးဖောက်စစ်ကြည့်ရင် (၁၀) ဦးစလုံးနီးပါးဟာ အိပ်ခ်ျ အိုင်ဗွီပိုး ရှိနေတာတွေ့ရတယ်။ များသောအားဖြင့်ကတော့ မူးယစ်ဆေးအကြောထဲထိုးသွင်းတာရယ်၊ အကာ အကွယ်မယူဘဲ လိင်ဆက်ဆံကြတာရယ်က ကူးစက်တာများတယ်။ ဖားကန့်ဘက်မှာက နယ်ပေါင်းစုံကလာ တဲ့ ပြည့်တန်ဆာတွေရော၊ မူးယစ်ဆေးဝါးမျိုးစုံကိုရော သုံးစွဲချင်ရင် အလွယ်တကူ သုံးစွဲနိုင်တဲ့ အခွင့်အရေးရှိ တယ်” ဟု သူ၏ အတွေ့အကြုံကို ပြောပြသည်။

အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဖြစ်ပွားမှုနှုန်းထားနှင့် ပတ်သက်ပြီး စစ်အုပ်စု မျက်ကွယ်နေရာဒေသတချို့တွင် တိတ်တဆိတ် စစ်တမ်းကောက်ယူနေသည့် အန်ဂျီအိုအဖွဲ့အစည်းတခုမှ မိတ်ဆွေတဦးကလည်း “တချို့နေရာ တွေမှာဆို အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ဖြစ်ပြီး အရွယ်ကောင်း အမျိုးသမီးအမျိုးသားတွေ သေဆုံးကုန်ကြလို့ မိဘမဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပဲ အများစု ကျန်နေတာကို တွေ့ရတယ်” ဟု သူ၏ စစ်တမ်း ကောက်ယူမှု အတွေ့အကြုံကို ပြောပြသည်။

နအဖစစ်အုပ်စု၏ အုပ်ချုပ်မှုအောက်တွင် ကျန်းမာရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ကိန်း ဂဏန်းများ လိမ်ညာဖုံးကွယ် အမှောင်ချထားမှုကြောင့် မြန်မာပြည်တွင်း၌ ဖြစ်ပွားနေသည့် အိပ်ခ်ျအိုင်ဗွီ/ အေ အိုင်ဒီအက်စ် ရောဂါသည်အရေအတွက်ကို မှန်မှန်ကန်ကန် သိရှိနိုင်ရန် ခက်ခဲသော်လည်း ကျန်းမာရေးလော ကတွင် ထဲထဲဝင်ဝင် ပတ်သက်နေသည့် ပုဂ္ဂိုလ်များ၏ အထက်ပါ ပြောပြချက်များကို ထောက်ရှု၍ အိပ်ခ်ျအိုင် ဗွီ/အေအိုင်ဒီအက်စ်ရောဂါသည် မြန်မာပြည်သူလူထုကြားတွင် ကြောက်မက်ဖွယ် ရောဂါကပ်ဆိုးကြီးအလား ကူးစက်ပျံ့နှံ့နေသည်ကို သိရှိနိုင်ပေသည်။

နအဖစစ်အုပ်စုသည် စစ်စရိတ်ကိုသာ တိုးမြှင့်သုံးစွဲပြီး ကျန်းမာရေး၊ ပညာရေးကဏ္ဍများအတွက် အသုံးစရိတ် ကို ရာခိုင်နှုန်း အနည်းငယ်သာ ခွင့်ပြုသည့်အတွက် ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်း တနေ့တခြား ဆိုးရွားလာသကဲ့သို့ ကျန်းမာရေးဆိုင်ရာ အသိအမြင် ဗဟုသုတများလည်း ပိုမိုနိမ့်ကျလာသည်ကို တွေ့ရပေ သည်။ သို့ရာတွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဖြစ်ပွားနေမှုသည် မျက်ကွယ်ပြု၍ မရသည့် ထိပ်တန်းပြဿ နာတရပ် ဖြစ်လာသည့်အတွက် မြန်မာပြည်၏ အနာဂတ်အရေးကို စိတ်ဝင်စားသူအားလုံးက ၀ိုင်းဝန်းဖြေရှင်းဖို့ ကြိုးစားကြရပေမည်။

ထိုသို့ ကြိုးစားလုပ်ဆောင်ကြရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ လက်တွေ့လုပ်ဆောင်မှုများက အရေးပါသ ကဲ့သို့ မီဒီယာများ၏ သတင်းအချက်အလက် မှန်မှန်ကန်ကန် ထုတ်ပြန်ပေးနိုင်မှု၊ ကျန်းမာရေးဗဟုသုတဆိုင် ရာ ပညာပေးအစီအစဉ်များ တင်ဆက်မှုကလည်း များစွာအထောက်အကူ ဖြစ်စေပါသည်။ ပြည်တွင်းမီဒီယာ လောက၌ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါဆိုင်ရာ စာအုပ်စာတမ်းများ၊ ဂျာနယ် မဂ္ဂဇင်းများ ထွက်ရှိနေ သော်လည်း ပျံ့နှံ့မှုနည်းပါးခြင်း၊ စားဝတ်နေရေးသံသရာတွင် လုံးချာလည်လိုက်နေကြခြင်းတို့ကြောင့် ပြည်သူ လူထုအများစု ဖတ်ရှုလေ့လာနိုင်ခွင့် ရဖို့အတွက် အလှမ်းဝေးနေဆဲပင်။ ထို့အပြင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီ အက်စ်ရောဂါနှင့် ပတ်သက်ပြီး ပညာပေးအစီအစဉ်များ လုပ်ဆောင်မှုရှိသော်လည်း နအဖစစ်အုပ်စု၏ ၀ါဒဖြန့် ချိမှုနှင့် ကိန်းဂဏန်းထုတ်ပြန်မှုများကို အယုံအကြည် ကင်းမဲ့နေကြသည့်အတွက် စိတ်ဝင်စားမှုနည်းပါးပြီး ထိ ရောက်သင့်သလောက် မထိရောက်ပေ။

ယခုအခါ ပြည်သူလူထုသည် သတင်းအချက်အလက် မှန်မှန်ကန်ကန် သိရှိရေးအတွက် ပြည်ပအသံလွှင့်ဌာန များမှ ထုတ်လွှင့်သည့် ရေဒီယိုအသံလွှင့်အစီအစဉ်များကိုသာ ဂရုတစိုက်နားဆင်နေကြသည်ကို တွေ့ရသည်။ နအဖစစ်အုပ်စု၏ လိမ်ညာဖုံးကွယ် ထားမှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို နိုင်ငံတကာက သိရှိစေရန် အသံလွှင့် ဌာနများမှတဆင့် အားကိုးတကြီး ရင်ဖွင့်ပြောဆိုလာကြသည်။ ထိုသို့ ပြည်ပအသံလွှင့်ဌာနများက ထုတ်လွှင့် သည့် အစီအစဉ်များအပေါ် ပြည်သူလူထုက ယုံကြည်ကိုးစားမှု မြင့်မားနေချိန်တွင် ပြည်သူလူထုအတွက် ထိပ် တန်း ပြဿနာတရပ်အဖြစ် ရောက်ရှိလာသည့် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် ပတ်သက်၍ သတင်းထုတ် လွှင့်မှုများ၊ ကုသမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ပညာပေးအစီအစဉ်များကို တတ်ကျွမ်းသည့် ပညာရှင် များနှင့် တိုင်ပင်ကာ တိုးမြှင့်တင်ဆက်နိုင်ပါက ရောဂါကူးစက်ပျံ့နှံ့မှု၊ ဖြစ်ပွားမှုတို့ကို ထိန်းချုပ်ရေးအတွက် များ စွာအထောက်အကူပြုမည်ဟု ယုံကြည်မိပါသည်။

ယခင်ကာလများက အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါနှင ပတ်သက်ပြီး ‘ကုရာနတ္ထိ ဆေးမရှိ’ ‘ရောဂါဖြစ် လျှင် မုချသေမည်’ ဟူသည့် ခြောက်လှန့်ဆောင်ပုဒ်များ၊ ‘ဘယ်သူမပြု မိမိမှု’ ဟူသည့် အပြစ်ဖို့ ဆောင်ပုဒ်များ နှင့် သတိပေးလှုံ့ဆော်မှုများ ရှိခဲ့သည်။ သို့သော် ခြောက်လှန့်အပြစ်ဖို့သည့် ဆောင်ပုဒ်များသည် ဝေဒနာခံစား ရသူများအတွက် မျှော်လင့်ချက်မဲ့စေသည်။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း၏ စွန့်ပယ်မှုကို ပို၍ ခံရစေသည်။ ထို သို့ ဖြစ်မှာကို တွေးကြောက်သည့်အတွက် သံသယရှိသူများအနေနှင့် ဆေးစစ်မခံရဲကြတော့ခြင်းသည် ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ခက်ခဲသည့် အကြောင်းအချက်တခုဖြစ်သည်ဟု ပညာရှင်များက ပြန်လည်သုံး သပ်လာကြသည်။

ယခုအခါ အိပ်ခ်ျအိုင်ဗွီပိုး ပွားများမှုကို ထိရောက်စွာ တားဆီးနိုင်သည့် အေအာရ်ဗွီဆေးဝါးများ ပေါ်ပေါက်လာ ခြင်းသည် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသူများအတွက် များစွာအားတက်မှုဖြစ်စေပါသည်။ ထိုအေအာရ်ဗွီကု ထုံးနှင့် ပတ်သက်၍ ရန်ကုန်မြို့ ဝေဘာဂီ ကူးစက်ရောဂါကု ဆေးရုံးကြီးမှ အထူးကုဆရာဝန်ကြီး ဒေါက်တာ အောင်စန်းက “ထိုကုထုံး၏ အာနိသင်ကြောင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသော လူပေါင်းများစွာသည် အ ချိန်မတန်ခင် စောစီးစွာ သေဆုံးခြင်းမရှိကြတော့ဘဲ လူ့သက်တမ်းကို နှစ်ပေါင်းများစွာ ဆွဲဆန့်လာနိုင်ခဲ့ကြပါ သည်။ လူမှုဘ၀ပတ်ဝန်းကျင်တွင်လည်း သာမန်လူတယောက်နီးပါး သွားလာလှုပ်ရှားနိုင်ပြီး မိမိ၏ အသက် မွေးဝမ်းကျောင်းအလုပ်ကို ပြန်လည်လုပ်ကိုင်နိုင်သူများလည်း များစွာရှိရုံမက မိမိဝါသနာပါရာ အားကစားများ ကိုပင် ပြန်လည်ကစားနိုင်သူများ ရှိလာခဲ့ကြသည်။ ထို့ကြောင့် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါသည် ‘ကု ရာနတ္ထိ ဆေးမရှိ’ မဟုတ်တော့ဘဲ စနစ်တကျ ဆေးဝါးကုသမှုကို ခံယူပါက သက်တမ်းစေ့ အသက်ရှည်စေနိုင် သော ဆီးချို၊ သွေးတိုးရောဂါများကဲ့သို့ နာတာရှည်ရောဂါအဖြစ် ပြောင်းလဲရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်” ဟု သူ၏ ‘ခုခံအားကျဆင်းမှု ရောဂါကို ကုသခြင်း’ ဆောင်းပါးတွင် ထည့်သွင်းရေးသားခဲ့ပါသည်။ ထိုသို့ မျှော်လင့် ချက်ရောင်ခြည်သမ်းသည့် တိုးတက်မှုများ ရှိလာသည်ကို ပြည်သူလူထု သိရှိအောင် လှုံဆော်အသိပေးဖို့ လိုပါ သည်။ သို့မှသာ မိမိတွင် အိပ်ခ်ျအိုင်ဗွီပိုး ရှိမည်လားဟု သံသယရှိနေသူများက စနစ်တကျ ဆေးစစ်၊ ဆေးကု သမှု ခံယူလာကြပြီး သူတပါးကို ထပ်မံကူးစက်စေခြင်း မရှိအောင်လည်း နှစ်သိမ့်ဆွေးနွေးပညာပေးနိုင်မည်ဖြစ် ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် ယခုအခါ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ပြည်သူလူထုကို (၁၈) နှစ် ကျော်ကြာ ဖိနှိပ်အုပ်ချုပ်နေသော နအဖစစ်အုပ်စုကို ဖယ်ရှားပြီး ဒီမိုကရေစီစနစ် ထွန်ကားလာစေရန် အလျင် အမြန် လုပ်ဆောင်ဖို့လိုအပ်သကဲ့သို့ နအဖနှင့်အပြိုင် ဖိစီးနှိပ်စက်နေသော အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရော ဂါဆိုးကြီးကိုလည်း အမျိုးသားရေးအသိရှိရှိဖြင့် ၀ိုင်းဝန်းကာကွယ် ထိန်းချုပ်ရန် အရေးတကြီး လိုအပ်နေပေ သည်။ ထိုသို့လုပ်ဆောင်ရာတွင် မီဒီယာများ၏ အခန်းကဏ္ဍသည် များစွာအရေးပါပါသည်။ ထို့အတွက် “ကျ နော်တို့လည်း တာဝန်ရှိပါသည် ၀ိုင်းဝန်းကာ ကူညီ၊ ကျမတို့လည်း တာဝန်ရှိပါသည် ၀ိုင်းဝန်းကာ ကူညီ” ဟူ သော သီချင်းစာသားလေးနှင့် မြန်မာပြည်အနာဂတ်အကျိုး မျှော်ကိုးပြီး မီဒီယာအပေါင်းအား တိုက်တွန်းနှိုး ဆော်လိုက်ရပါသည်။

ဒေါက်တာလွဏ်းဆွေ
(ကမ္ဘာ့အေအိုင်ဒီအက်(စ်) တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်)

အပြည့်အစုံသို့...

ကမ္ဘာ့အေအိုင်ဒီအက်(စ်) တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ရေးဖြစ်ခဲ့သော မြား နတ်မောင် တာဝန်ခံအယ်ဒီတာစကား

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၃)
အမြင်များပြောင်းလဲရေးနှင့် အိဒ်စ်ရောဂါပြဿနာ
ဒေါက်တာလွဏ်းဆွေ

ယခုအခါ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (Acquired Immune Deficiency Syndrome) ဖြစ်ပွားမှုပြဿ နာသည် တကမ္ဘာလုံး ရင်ဆိုင်ဖြေရှင်းရမည့် ထိပ်တန်းပြဿနာတရပ်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။

၂၀၀၁ ခုနှစ် ဇွန်လ (၂၅) ရက်နေ့က ကျင်းပခဲ့သော အိဒ်စ်ရောဂါဆိုင်ရာ ကုလသမဂ္ဂ အထူးညီလာခံ ဖွင့်လှစ်ပွဲ အခမ်းအနား၌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအနန်က အိဒ်စ်ရောဂါကြောင့် ယခုအချိန်အထိ ကမ္ဘာတ၀ှမ်းလုံးတွင် လူပေါင်း (၂၂) သန်းအထိ အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း၊ အိဒ်စ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ အောင်မြင်မှုရရှိစေရေးအတွက် ယင်းရောဂါနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေး ကြရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း ပြောကြားသွားပါသည်။

အိဒ်စ်ရောဂါ ဖြစ်ပွားမှုပြဿနာကို မိမိတို့အနေဖြင့် ကိုယ်ကျင့်တရား ထိန်းသိမ်းခြင်းဖြင့်လည်းကောင်း၊ အိဒ်စ် ရောဂါ ကူးစက်စေသည့် ဘေးအန္တရာယ်၏ ပကတိတည်ရှိနေမှုများကို အသိအမှတ်ပြု ရင်ဆိုင်ဖြေရှင်းရန် ငြင်း ဆန်ခြင်းဖြင့်လည်းကောင်း ယင်းပြဿနာကို မဖြေရှင်းနိုင်ကြောင်း၊ အိဒ်စ်ရောဂါဝေဒနာ ခံစားနေရသူများအား ချိုးနှိမ်ဆက်ဆံခြင်း၊ အရှက်တကွဲ အကျိုးနည်းအောင် ပြုလုပ်ခြင်း၊ အမှားဖြစ်ကြောင်းကို ဖော်ထုတ်ပြသခြင်း ဖြင့်လည်း ယင်းပြဿနာမှာ ပြီးပြတ်မသွားနိုင်ကြောင်း … စသည်ဖြင့် စဉ်းစားဖွယ်ရာ အချက်အလက်များကို ထည့်သွင်းပြောကြားသွားပါသည်။
*****
အိဒ်စ်ရောဂါ ဖြစ်ပွားမှုတွင် အထူးသဖြင့် အိဒ်စ်ရောဂါကူးစက်စေသည့် ဘေးအန္တရာယ်၏ ပကတိ တည်ရှိနေမှု များကို အသိအမှတ်ပြု ရင်ဆိုင်ဖြေရှင်းရန် ငြင်းဆန်ခြင်းသည် ရောဂါဖြစ်ပွားမှုနှုန်းကို ပိုမိုမြင့်မားစေသည့် အဓိ ကအချက်ဟု ထင်မြင်မိပါသည်။ အဆိုပါ ရင်ဆိုင်ဖြေရှင်းရမည့် ပကတိ တည်ရှိမှုများထဲတွင် ရောဂါကူးစက်မှု နှုန်းထား အများဆုံးဖြစ်သည့် မူးယစ်ဆေးဝါးသုံးစွဲမှုပြဿနာနှင့် လိင်အပျော်အပါး လိုက်စားခြင်းပြဿနာတို့ ကို ကိုင်တွယ်ဖြေရှင်းရေးသည် အထူးအရေးကြီးလှသည်ဟု ထင်မိပါသည်။

မူးယစ်ဆေးဝါးသုံးစွဲမှုပြဿနာကို ဖြေရှင်းရာတွင် ရောင်းသူရှိ၍ ၀ယ်ယူသုံးစွဲမှုရှိနေခြင်းအပေါ် မူးယစ်ဆေးဝါး သုံးစွဲနေသူများကို ဖမ်းဆီးအရေးယူကာ အပြစ်ပေးခြင်းထက် စည်းရုံးသိမ်းသွင်းဖော်ထုတ်ပြီး စနစ်တကျ ဆေး ၀ါးကုသပေးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခဲ့သူများကို မနှစ်မြို့ဖွယ်ရာ လူများအဖြစ် မရှုမြင်စေရန် လူ့အဖွဲ့အစည်း သို့ ပညာပေးခြင်း၊ ဆေးကုသမှုခံယူပြီးသူများ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပါဝင်လှုပ်ရှားလာစေရေးအ တွက် စနစ်တကျ ပြန်လည်ထူထောင်ပေးခြင်းတို့ကို ပြုလုပ်ပေးရမည်ဖြစ်ပါသည် (သို့မဟုတ်ဘဲ ချိုးနှိမ်ပစ်ပယ် ထားပါက အမှားသံသရာထဲသို့ တကျော့ပြန် ရောက်ရှိသွားစေနိုင်ပါသည်)။ ဤသို့ မူးယစ်ဆေးဝါးသုံးစွဲသူဦးရေ ကို စနစ်တကျ ထိန်းချုပ်လျော့ပါးစေခြင်းဖြင့် အိဒ်စ်ရောဂါကူးစက်မှုနှုန်းထားကို သိသိသာသာ ကျဆင်းစေမည် ဖြစ်ပါသည်။

တဖန် လိင်အပျော်အပါးလိုက်စားသည့် ပြဿနာနှင့်ပတ်သက်၍လည်း ပွင့်ပွင့်လင်းလင်း တင်ပြချင်ပါသည်။ ခန္ဓာကိုယ် ဓာတ်သဘာဝဖွဲ့စည်းမှုသည် လူတဦးနှင့်တဦး မတူညီကြသည့်အလျောက် ဇီဝကမ္မတောင်းဆိုမှု (Physiological Demand) ဖြစ်သည့် လိင်စိတ်ဖြစ်ပေါ်မှု ပမာဏသည်လည်း လူတဦးနှင့်တဦး မတူညီဘဲ အ နည်းအများ ကွာခြားကြသည်သာဖြစ်သည်။ လိင်စိတ်ဖြစ်ပေါ်မှု နည်းပါးသူက လိင်အပျော်အပါးလိုက်စားမှု နည်းပါးမည်ဖြစ်ပြီး လိင်စိတ်ဖြစ်ပေါ်မှု များပြားသူက လိင်အပျော်အပါးလိုက်စားမှု ရှိနေမည်မှာ လျစ်လျူရှု၍မရ သော ပကတိ တည်ရှိနေမှုများသာ ဖြစ်ပါသည်။

ထို့ကြောင့် လိင်ဆန္ဒကြီးမားသူများ လိင်အပျော်အပါးလိုက်စားရာတွင် ကျန်းမာရေးအသိရှိအောင် ပညာပေးဖို့ သာ လိုပေသည်။ ထို့အပြင် လိင်ဆန္ဒကြီးမားသူများအနေဖြင့် မိမိဝါသနာပါရာ အလုပ်တခုခုတွင် အာရုံစူးစိုက် လုပ်ဆောင်နေခြင်းဖြင့်လည်း လိင်ဆန္ဒကို လျော့ပါးစေကာ ရောဂါကူးစက်ဖို့ အခွင့်အရေး နည်းပါးလာမည်ဟု ထင်ပါသည်။

တဖန် ပြည့်တန်ဆာလုပ်ငန်း တည်ရှိနေမှုပြဿနာသည် မည်သည့်ခေတ် မည်သည့်အခါတွင်မှ ဖမ်းဆီးအရေး ယူခြင်းနည်းလမ်းဖြင့် အမြစ်ပြတ် တိုက်ဖျက်နိုင်ခဲ့သည်မဟုတ်။ အဆိုပါ ပြဿနာသည် ဖုံးဖိဖြေရှင်း၍မရနိုင်ဘဲ စနစ်တကျ ကိုင်တွယ်ဖြေရှင်းမှ ရမည်ဖြစ်သည့်အလျောက် ကျန်းမာရေးအသိတရား ကင်းမဲ့စွာ ပုန်းလျှိုးကွယ် လျှိုး လုပ်ကိုင်နေကြခြင်းဖြင့် ရောဂါကူးစက်မှုနှုန်းထား အလွန်အမင်း မြင့်မားနေစေမည့်အစား ဘ၀ပေးအခြေ အနေအရ ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း မပြုမဖြစ်ပြုနေရသည့် အမျိုးသမီးများကို ကျန်း မာရေးစစ်ဆေးကာ စနစ်တကျ ခွင့်ပြုလုပ်ကိုင်စေခြင်းက ရောဂါကူးစက်မှုနှုန်းထားကို သိသိသာသာ ကျဆင်း စေမည်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် အိဒ်စ်ရောဂါတိုက်ဖျက်ရေးတွင် ငြင်းဆန်မရသော ပကတိ တည်ရှိနေမှုများဖြစ်သည့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လိင်အပျော်အပါးလိုက်စားခြင်း ပြဿနာများကို အမြင်ကျယ်စွာဖြင့် စနစ်တကျ ကိုင် တွယ်ဖြေရှင်းမှ ရောဂါကူးစက်မှုနှုန်ထား ကျဆင်းမည်ဖြစ်ရာ ယင်းပြဿနာများကို ရင်ဆိုင်ဖြေရှင်းရာတွင် လူ့ အဖွဲ့အစည်းအတွင်း မှီတင်းနေထိုင်သည့် လူအများစုကလည်း အမြင်များပြောင်းလဲရှုမြင်ကြဖို့ လိုအပ်ကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြလိုက်ရပါသည်။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၀၁ ခုနှစ်)

မှတ်ချက် ။ ။ အနီရောင်ဖြင့် ပြထားသည့် စာပိုဒ်မှာ ထိုစဉ်က စာပေစိစစ်ရေးမှ ဆင်ဆာဖြတ်ခဲ့ သည်ကို အနီးစပ်ဆုံး ပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်။

အပြည့်အစုံသို့...

Tuesday, November 30, 2010

မြန်မာ့ရေးရာ သတင်းများ (၃၀-၁၁-၂၀၁၀)

- ၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီများကို ဖျက်ပါက မြန်မာတပြည်လုံး တိုက်ပွဲဝင်မည် click
- မြန်မာ့အရေး ကူညီဖို့ ဂျပန်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- ကမ္ဘာ့ထိပ်တန်း တွေးခေါ်ရှင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု click
- ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ဈေးမှာ လူထုက ကြိုဆိုနှုတ်ဆက် click
- ဒေါ်အောင်ဆန်းစုကြည်ကို ဈေးသူဈေးသားများ သောင်းသောင်းဖြဖြ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည်တို့ သားအမိ ဗိုလ်ချုပ်ဈေးလာ (ရုပ်သံ) click
- နှစ် (၉၀) အမျိုးသားအောင်ပွဲနေ့ အခမ်းအနား NLD ဌာနချုပ်မှာ ကျင်းပမည် click
- နှစ် (၉၀) ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများ ကျင်းပမည် click
- ထိုင်း-မြန်မာနယ်စပ်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲ click
- နယ်စပ်တိုက်ပွဲ ငြိမ်းချမ်းရေးအဖွဲ့ ပါလာ click
- DKBA နဲ့ မြန်မာစစ်တပ်ကြား တင်းမာမှု တိုး click
- ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် လမ်းအချို့ ပိတ်သဖြင့် ဒေသခံနှင့် နှစ်ဘက်တပ်များ ထိခိုက် click
- စစ်မက်ဖြစ်မည့်အရေး ကချင်ပြည်သူများ စိုးရိမ်နေ click
- ချက် လွှတ်တော် နိုင်ငံခြားရေးကော်မတီ မြန်မာရွေးကောက်ပွဲ ရှုတ်ချ click
- နိုင်ငံရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ခွင့်ပေးရန် ချက်သမ္မတနိုင်ငံ မြန်မာစစ်အစိုးရကို တိုက်တွန်း click
- ၂၀၁၀ ရွေးကောက်ပွဲ စစ်တမ်းကောက်ခံချက် SNLD မကြာမီ ထုတ်ပြန်မည် click
- မဲမသမာမှုများကို စိန်ခေါ်ခြင်း (ဆောင်းပါး) click
- ရွေးကောက်ပွဲမသမာမှုများ ကုလကိုယ်စားလှယ်ကို ပါတီများ တင်ပြ click
- အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်ဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း click
- စာပေစိစစ်ရေး ပြန်လည်တင်းကျပ် click
- ဗိုလ်ချုပ်ခင်ညွန့် တကျော့ပြန်လာဦးမလား (စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ မေးမြန်းချက်များ) click
- ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ click
- အေ့စ်လူနာများအတွက် နွေးထွေးမှု လိုအပ် click
- လူထုဦးလှနဲ့ လူထုဒေါ်အမာတို့၏ ကျန်ရစ်သူမိသားစုအလှူ ကျင်းပ click
- ကုလားတန်စီမံကိန်းတွင် ပါဝင်သည့် စစ်တွေဆိပ်ကမ်း စတင်တည်ဆောက် click
- ဂီရိရံပုံငွေအတွက် “ရှင်သန်နိုးထ အာရက္ခ“ စင်တင်တေးဂီတ စတိတ်ရှိုး ရန်ကုန်တွင် ကျင်းပမည် click
- မြန်မာပြည်မှ ထွက်သော သစ် ဟုတ်မဟုတ် ထိုင်း စစ်ဆေးမည် click
- မြို့လုံး ပတ်လည်လှည့်ပါလို့ တန်းစီတိုးစား ဓာတ်ဆီရောင်းကြစို့ (သတင်းဆောင်းပါး) click
- မြန်မာနိုင်ငံနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး click
- ပန်းချီဆရာကြီး ဦးခင်မောင်ရင် (၇၂) နှစ်ပြည့် ပန်းချီပြပွဲ ကျင်းပ click
- ၀ီကီလိခ် ထုတ်ဖော်မှုကြောင့် အမေရိကန် အထိမနာ click
- နျူကလီးယားအစီအစဉ် အောင်မြင်မှု မြောက်ကိုရီးယား ကြေညာ click
- မိန်းမလျာလို့ ကြေညာတဲ့သူကို အမေရိကန်မှာ စစ်မှုထမ်းခွင့် ပေးပြီ click
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် click
- အန်အယ်လ်ဒီ ဖျက်လျှင် လူထုလှုပ်ရှားမှုဖြင့် တု့ံ့ပြန်မည်ဟု ဗဒတ ဆို click
- အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရည်ရွယ်ပြီး သွေးလှူပွဲနှင့် ဆွမ်းကပ်လှူဒါန်းပွဲ အဖွဲ့ချုပ်ဝင်များ ပြု လုပ် click
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များနှင့် တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မိသားစုများနဲ့ တွေ့ဆုံ click
- မဲမသမာမှု မူကြမ်း အန်အယ်လ်ဒီ ရေးဆွဲပြီးပြီ click
- ရွေးကောက်ပွဲ မသမာမှု အစီရင်ခံစာ NLD မူကြမ်းပြုစု click
- နှစ် (၉၀) အမျိုးသားအောင်ပွဲနေ့ အခမ်းအနား NLD ဌာနချုပ်မှာ ကျင်းပမည် click
- ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံရန် UDP ဥက္ကဋ္ဌဟောင်း ပြော click
- တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး ငြိမ်းချမ်းရေးကောင်စီဝင်များ ဖမ်းဆီးခံရ click
- ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင် (၆) ဦး နအဖ ဖမ်းမိ၊ တဦး ပစ်သတ်ခံရ click
- မြဝတီနှင့် ကော့ကရိတ်တွင် တိုက်ပွဲများ ဆက်ဖြစ် click
- ဝေါ်လေဒေသတိုက်ပွဲ ဆက်လက်ဖြစ်ပွား click
- ဗိုလ်မှူးကြီး စောကျော်သက် ဦးဆောင် ဒီကေဘီအေအဖွဲ့နှင့် နအဖတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွား click
- တိုက်ပွဲများ ဆက်ဖြစ်၊ ဒုက္ခသည် ထပ်မံထွက်ပြေးလာ click
- လဂျားယန် မြန်မာစစ်တပ်ဂိတ်မှ မြစ်ကြီးနားသို့ ကုန်ဝင်ထွက်ခွင့် ပိတ်ထားဆဲ click
- ကုလကိုယ်စားလှယ်၏ မြန်မာပြည်ခရီးစဉ် အောင်မြင်မှုမရှိဟု နိုင်ငံရေးပါတီများ ပြော click
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံရေးတွက်ဆမှု မှားစေရန် တမင်ဖြန့် click
- ကိုရီးယားကျွန်းဆွယ် စစ်ရေးတင်းမာမှု မြန်မာစစ်ဗိုလ်ချုပ်ကြီးများ စိတ်ဝင်စား click
- နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှ ကြံ့ဖြူ (၂) ကောင် လွတ်နေ click
- ကျပ်တသောင်းတန်သတင်း နေပြည်တော်တွင် ပျံ့နှံ့ click
- နိုင်ငံတော်အလံသစ်၏ ဖွင့်ဆိုချက်ကို ကျောင်းဆရာ/မများ မဖြေကြားနိုင် click
- စစ်အာဏာရှင်လှည့်ကွက်ထဲ ၀ဲဂယက်ချာလည်လည် မဖြစ်စေလိုပါ (ဆောင်းပါး) click
- စစ်အစိုးရသာ ဒဏ်ခတ်အရေးယူမှု၏ တရားခံ (အယ်ဒီတာ့အာဘော်) click
- ပန်ဝါတွင် HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့ ကျင်းပ click
- စာပေ၊ ဂီတအနုပညာရှင်များက အိပ်ခ်ျအိုင်ဗီဝေဒနာရှင်များအား တွေ့ဆုံအားပေး (ဓာတ်ပုံ) click
- နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးနေ့ (၁၆) ရက်တာ လှုပ်ရှားမှု (အိန္ဒိယ) (ဓာတ်ပုံ) click
- တိုကျိုက မြန်မာနိုင်ငံ အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ) click
- မြန်မာ့ရေးရာသတင်းများ click
- နိုဝင်ဘာ (၃၀) ရက် နောက်ဆုံးရ သတင်းတိုများ click
- လွှတ်တော်သစ်အတွင်း ဝေဖန်ပြောဆိုခွင့် ကန့်သတ်မှု ပါတီများ မသိရှိ click
- နိုင်ငံရေးမှာ ပါတီမူဝါဒအတိုင်း ဆက်လက်လုပ်သွားမည်ဟု ဒီမိုကရေစီပါတီသစ် ဥက္ကဌ ပြော click
- ရွေးကောက်ပွဲလွန် သျှမ်းနှစ်သစ်ကူး အရင်နှစ်များနှင့် မခြားနား click
- မြ၀တီ-မဲဆောက်တံတား ပိတ်ထားခြင်းကြောင့် ကုန်သွယ်မှုပမာဏ (၁၀) ရာခိုင်နှုန်းသာ လျော့ကျ click
- မြောက်ဦး ရထားလမ်း လမ်းကြောင်းသစ် ဖောက်မည် click
- ရန်ကုန်ဆီဆိုင်အချို့တွင် ဆီဆိုင်ဝန်ထမ်း မသမာမှုများ ရှိနေ click
- လွိုင်ကော် တန်ဆောင်တိုင်ပွဲတွင် လေးကောင်ဂျင်များအား ပိုမိုစိတ်ဝင်စား click
- ပြည်ပပို့ကုန်လုပ်ငန်းများ ကျဆင်း click
- ကိုရီးယားပဋိပက္ခ သံတမန်ရေး အဖြေရှာဖို့ နိုင်ငံကြီးတွေ ကြိုးပမ်း click
- ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေး Seoul ဦးဆောင်မှု တရုတ် ထောက်ခံ၊ WikiLeaks ဖော်ပြ click

ဒေါက်တာစင်သီယာမောင်၏ (၅၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် စာပေအနုပ ညာနှင့် စကားရည်လုပြိုင်ပွဲ၊ မူကြိုကလေးများ ကဗျာရွတ်ပြိုင်ပွဲ ဖိတ်ကြားလွှာ

Dr Cynthia's 51st Birthday (6!12!2010)

Monday, November 29, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၉-၁၁-၂၀၁၀)

- လူထုဒေါ်အမာရဲ့ (၉၅) နှစ်ပြည့်မွေးနေ့ စစ်ကိုင်း မြစကြာကျောင်းတွင် ကျင်းပ click
- မျိုးချစ်စာဆို လူထုဒေါ်အမာ (ဆောင်းပါး) click
- ဘုရားသုံးဆူနယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ် click
- ဒီကေဘီအေနှင့် စစ်အစိုးရတပ်များ တိုက်ပွဲဆက်လက်ဖြစ်ပွား click
- တိုက်ပွဲကြောင့် ကရင်ဒုက္ခသည်များ ထွက်ပြေး click
- ဖလူးမှာ အိမ်ပြန်လာတဲ့ ရွာသားတွေကို နအဖစစ်သားတွေက ပစ်ခတ်တိုက်ခိုက် click
- ကရင်နီပြည်ရှိ စေတီဘုရားအား DKBA မှလာရောက်ပြုပြင် click
- ချက်ပါလီမန် မြန်မာ့အရေး ဆုံးဖြတ်ချက်ချ click
- ကချင်ပြည်နယ်မှာ စစ်အစိုးရရော KIO ပါ လုံခြုံရေးတိုးမြှင့် click
- ရွေးကောက်ပွဲ မသမာမှု NLD အစီရင်ခံစာ မူကြမ်း click
- နိုင်ငံရေးအကျဉ်းသား မိသားစုနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ click
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များနှင့် တွေ့ဆုံ click
- နိုင်ငံရေးအကျဉ်းသား မိသားစုများကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ကတိပြု click
- နိုင်ငံရေးအကျဉ်းသား မိသားစုဝင် (၇၀) ကျော်ကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအားပေး click
- ကိုဌေးကြွယ်မိခင် ဆွမ်းကျွေးပွဲတွင် နိုင်ငံရေးအကျဉ်းသားမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ click
- နိုင်ငံရေးအကျဉ်းသားလွှတ်ရေး လူ့အခွင့်ရေးအထူးကိုယ်စားလှယ် ထပ်ဆင့်ထောက်ခံ click
- မစ္စတာ ဗီဂျေနမ်ဘီးယား သတင်းစာရှင်းလင်းပွဲ ပြည်တွင်းသတင်းထောက်များ သတင်းယူခွင့်မရ click
- သတင်းစာရှင်းလင်းပွဲ စာပေစိစစ်ရေးကြောင့် ပြည်တွင်းသတင်းသမားတွေ တက်ရောက်ခွင့်မရ click
- ကုလအထူးကိုယ်စားလှယ် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ click
- ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ဗွီဒီယို ဘာကြောင့်ဖြန့်တာလဲ (ဆွေးနွေးဖလှယ်) click
- မြောက်ဦး ရှေးဟောင်းသမိုင်းဝင်နေရာ ဖြတ်မယ့် ရထားလမ်းကြောင်း ပြောင်း click
- စစ်တွေ-အမ်း ရထားလမ်း ရှေးဟောင်းအမွေအနှစ်ဒေသကို ရှောင်ကွင်း click
- ဂီရိကြောင့် ပြိုကျသွာခဲ့သော ကျောက်ဖြူမြို့ဆိုင်းဘုတ် ပြန်မထောင်သေး click
- မယ်ဟောင်ဆောင် ကုန်သည်ကြီးများအသင်း ဥက္ကဌ မြန်မာနိုင်ငံ သွားရောက်၊ ကုန်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်း ထွန်းကားလာနိုင်ဟု ပြော click
- HIV-AIDS ဝေဒနာသည်များအတွက် မြန်မာ-အမေရိကန် လူငယ်များ ရန်ပုံငွေရှာဖွေ click
- မြန်မာပြည်က ဝေဒနာရှင်တွေအတွက် ဝါရှင်တန်ဒီစီ မြန်မာလူငယ်ကလေးများရဲ့ Red Ribbon လှုပ်ရှားလှုံ့ ဆော်မှု click
- ပိုက်ကျော်ခြင်းကြောင့် မြန်မာတို့ လက်မထောင်နိုင်ခဲ့ click
- မီဝေါကီးမြို့ ၊ ပညာရာမကျောင်းတိုက် ဘုံကထိန်ပွဲတော် ကျင်းပ click
- တဦးချင်း၊ တရပ်ကွက်၊ တမြို့နယ်မှသည် တနိုင်ငံ (ဆောင်းပါး) click
- မေတ္တာတရား ရှာပုံတော် (၀တ္ထုတို) click
- မစ်ရှီဂန်မှပေးသောစာ အမှတ် (၃၇) (အသံလွှင့်ဆောင်းပါး) click
- ဓနုဖြူစိုးသိန်း ၀န်းကျင် (အသံလွှင့်ဆောင်းပါး) click
- နိုဝင်ဘာ (၃၀)၊ ၂၀၁၀ - ပြည်တွင်းဂျာနယ်ဒိုင်ဂျက် click
- အမေရိကန် လျှို့ဝှက်သတင်းတွေ ၀ီကီလိခ် ထုတ်ပြန် click
- လျှို့ဝှက်အထောက်အထား ၀ီကီလိခ် ဖော်ထုတ်ချက် ၀န်ကြီးကလင်တန် ရှုတ်ချ click
- သတင်းပေါက်ကြားမှုတွေကို အရေးယူမယ်လို့ အမေရိကန် ပြောကြား click
- ဒုံးကျည်အစစ် ပစ်ခတ်လေ့ကျင့်မှု တောင်ကိုရီးယား ရွှေ့ဆိုင်း click
- စစ်ရေးလေ့ကျင့်မှုအသစ် တောင်ကိုရီးယား ဖျက်သိမ်း click
- တရားရုံး ဆုံးဖြတ်ချက်ကြောင့် ထိုင်းအစိုးရ ဆက်တည်မြclick
- လူထုဒေါ်အမာ (၉၅) နှစ်ပြည့် ဆွမ်းကျွေး click
- ကိုဌေးကြွယ်အမေ နှစ်လည်ဆွမ်းကပ် ဒေါ်အောင်ဆန်းစုကြည် တက် click
- ကိုဌေးကြွယ် မိခင်ကွယ်လွန်ခြင်း (၃) နှစ်ပြည့် အခမ်းအနား click
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများကို အားပေး click
- NLD ကို နေပြည်တော် သတင်းစာတွေ ဘန်း click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို အုန်းပြန့်စခန်းမှ ဝမ်းမြောက်စွာကြိုဆို (ရုပ်သံ) click

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ကွယ်လွန်ခြင်း
(၃) နှစ်ပြည့် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် (ရုပ်သံ)

Align Center
- သျှမ်းပြည်တလွှား နအဖစစ်အရာရှိကြီးများ စစ်ရဟတ်ယဉ်ဖြင့် လှည့်ပတ် click
- ဝန်ကြီးချုပ် ရောက်နေခိုက် ကျောက်ဖြူတွင် ဆန္ဒပြသူ ပြန်လွတ် click
- တွံတေးအဖွဲ့ချုပ်ဝင် မစန္ဒာ ပူတာအိုထောင် ရောက် click
- ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် တိုက်ပွဲဖြစ် click
- ဘုရားသုံးဆူဒေသတွင် တိုက်ပွဲထပ်မံဖြစ်ပွားပြန်ပြီ click
- ကရင်တပ်ဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် နအဖ (၃၀) ဦး ကျဆုံး click
- စစ်ပွဲကြောင့် မြ၀တီမြို့ခံများ ထွက်ပြေးပြန် click
- ဒုက္ခသည် (၁,၀၀၀) ခန့် ထိုင်းဘက် ထပ်မံရောက်ရှိ click
- နအဖနှင့် ဒီကေဘီအေ တိုက်ပွဲကြောင့် ထိုင်းဘက် ထွက်ပြေးလာသည့် ဒုက္ခသည်အများစု နေရပ်ပြန် click
- ဒီကေဘီအေနှင့် နအဖ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ) click
- မိုင်းနောင်ဒေသခံအား ပစ်သတ်သည့်ကိစ္စ အမှုမဖွင့်ရန် စကခမှူး တားမြစ်ခြိမ်းခြောက် click
- သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပခွင့် မကျသေး click
- မကြာသေးမီက ရခိုင်ပြည်နယ် ဂီရိဒုက္ခသင့်ဒေသများသို့ ကိုယ်တိုင်သွားရောက်ပြီး အကူညီပေးခဲ့သူ ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်နှင့် မေးမြန်းချက် click
- HIV/AIDS ဝေဒနာရှင်များကို စာပေအနုပညာရှင်များ တွေ့ဆုံလှူဒါန်း click
- ကုလကိုယ်စားလှယ်၏ သတင်းစာရှင်းလင်းပွဲ ပြည်တွင်းမီဒီယာများ တက်ခွင့်မရ click
- ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် အန်ဒီအက်ဖ်ခေါင်းဆောင် တွေ့ဆုံမှုအခြေအနေ (မေးမြန်းခန်း) click
- လွှတ်တော်ထဲတွင် လွတ်လပ်စွာ ပြောဆိုခွင့် ဗိုလ်ချုပ်မှူးကြီး ပိတ်ပင် click
- တတိယမြောက် UDP ဥက္ကဋ္ဌ ပေါ်ထွက်လာ click
- စစ်အရေခွံ အခွာခံရလို့ ထွန့်ထွန့်လူးတဲ့ ဗိုလ်ချုပ်ကြီး click
- နိုဝင်ဘာ (၂၉) ရက် နောက်ဆုံးရ သတင်းတိုများ click
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ လုပ်ချင်သလား (ဆောင်းပါး) click
- သံဝေဂရစရာ လူဆိုး (ပေးစာ) click
- ဟာသတွေ အရမ်းပြောတဲ့ ဒေါက်တာဝင်းနိုင် (ဂျပန်ပျံ) (ပေးစာ) click
“ခေတ်သစ် မြန်မာ့လွှတ်တော်” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- ငြိမ်းအဖွဲ့များ ဖရိုဖရဲဖြစ်ပြီး မှောင်ခိုသမားများ၊ နိုင်ငံရေးသမားများ ဖြစ်လာသောကြောင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ သို့ သစ်မှောင်ခိုတင်ပို့မှု ကျဆင်း click
- မြန်မာနိုင်ငံသား (၃) ဦး ယာဘဆေးပြားများနှင့် ဘင်္ဂလာတွင် ဖမ်းဆီးခံရ click
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေး ရောင်းခွင့်ပြု click
- မန္တလေးတွင် ကားများ ညအိပ်တန်စီပြီး ဓာတ်ဆီထည့်နေရ click
- ကလေးမြို့ ကျောင်းဆောင် မီးလောင် စာမေးပွဲရက်ရွှေ့ click
- ဓာတ်ပုံကောင်းကောင်း click
- ဖုဖ္ဖရမြို့မှ မြန်မာစတိတ်ရှိုး click
- ပျို့ကျေးရွာ (ဆောင်းပါး) click

အမျိုးသားအောင်ပွဲနေ့ အခမ်းအနား

ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်မှာရှိတဲ့ NLD ရုံးချုပ်မှာ ဒီကနေ့ အနှစ် ၉၀ မြောက် “အမျိုးသားအောင်ပွဲနေ့” ကို ကျင်းပကြပါတယ်။ (ဓာတ်ပုံ - ဧရာဝတီ)






ဗိုလ်ထိန်မောင်တို့ကို စစ်အစိုးရ စတိုက်


နအဖ စစ်အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်သော ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KNU/KNLA တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။

အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်များကို ၃ နှစ်တာကာလ အတွင်း စစ်အစိုးရက ပထမဆုံး အကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲသည် မြ၀တီမြို့နယ် ဖလူးကျေးရွာ အနီးတ၀ိုက်တွင် ကော့ကရိတ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၃၀ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည်ဟု ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေး ဆိုခွင့်ရှိသူ စောတီမိုသီ (Saw Timothy) က ဧရာဝတီသို့ ပြောသည်။

“တပ်ရင်း ၂၃၀ ကနေပြီးတော့ ၀င်ပြီးတော့ တိုက်တယ်၊ ကျနော်တို့ စစ်သားတွေလည်း အေးအေး ဆေးဆေး ထိုင်နေတဲ့ အချိန်မှာ ပစ်တော့ စောတင်အောင်ဆိုတဲ့လူကို ထိသွားတယ်၊ အဲဒီမှာ ထိုင်နေတဲ့ ငြိမ်းချမ်းရေး ကောင်စီက တပ်ဖွဲ့ဝင် တွေကို သူတို့က ဖမ်းသွားတယ်”ဟု ၎င်းက ဆိုသည်။

(သတင်း အပြည့်အစုံ ဖတ်ရန်)