Monday, November 15, 2010
ဒေါ်အောင်ဆန်းစုကြည် လိုက်ပို့တဲ့ ဦးလွင်၏ ဇနီး နာရေး မြင်ကွင်းဓာတ်ပုံ





၁၂.၁၁.၂၀၁၀ (သောကြာ) နေ့ ည (၉း၀၀) နာရီအချိန်၌ ဘဘဦးလွင်၏ ဇနီးဒေါ်တင်တင်မလေးအသက် (၈၈) နှစ်သည် ဘ၀တပါးသို့ ပြောင်းလဲသွားသည်။
သရုပ်ဆောင် ဦးကျော်သူ ဦးစီးသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၁၄. ၁၁. ၂၀၁၀ (တနင်္ဂနွေ) နေ့ ညနေ (၃း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ အမှတ် ၁၅၊ ကမ္ဘောဇရိပ်သာ၊ ဗဟန်းမြို့နယ် နေအိမ်မှာ ရေဝေးသုဿန်သို့ သယ်ဆောင်သွားခဲ့သည်။
ယင်းဈာပနအခမ်းအနားတွင် ဒေါ်အောင် ဆန်းစုကြည်နှင့် ဘဘဦးတင်ဦးတို့သည်လည်းဘဘဦးလွင်အား လာရောက်ဂါရ၀ပြု အားပေးစကားပြောကြားကာ ရေဝေးသုဿန်အထိ လိုက်ပါပို့ဆောင် ပေးခဲ့ပါသည်။
ပြောစရာတွေတော့ ဖြစ်ကုန်ပြီ
ဒီနေ့လေ အန်အယ်ဒီရုံးက လူငယ်တွေက သတင်းထောက်တွေကို ဆဲတယ် သိလား။ ရုံးခန်းထဲကို လုံးဝပေးမ၀င်ဘူး။ အဲဒါ သတင်းထောက်တွေ ပွစိပွစိ ဖြစ်ကုန်ရော။ သူတို့ လက်ထဲတောင် အာဏာ မရောက်သေးဘူး ဒီလို ဖြစ်ကုန်ပြီ ဆိုပြီးတော့။ ကျနော်လည်း တော်တော် ဒေါပွသွားတယ်။
သတင်းထောက်ကို ပါးစပ်နဲ့ ကောင်းကောင်းပြောလို့ ရပါတယ်။ ဆဲစရာ မလိုဘူး။ ပြီးတော့ မောင်းထုတ်တာ တော်တော် ကြမ်းတယ်။ အေပီတို့၊ အေအက်ဖ်ပီတို့ကလည်း တော်တော် မကျေမနပ် ဖြစ်သွားကြတယ်။ အားလုံးက စိတ်ပျက်သွားကြတယ်။ ဘီဘီစီနဲ့ အယ်လဂျာဇီးယားလည်း ပါတယ်။ ပြည်တွင်း သတင်းထောက် တယောက်က ဆိုရင် ကျနော်တို့က အန်တီ့ဆီကို လာပြီး သတင်းယူတာ စာပေစိစစ်ရေးက မလွတ်ဘူးဆိုတာ သိတယ်၊ ဒါပေမယ့် သတင်းသမားတာဝန် ကျေချင်တဲ့အတွက် လာယူတယ်လို့ ပြောတယ်။ ဒါကို မရိုက်ရဘူး ဆိုတော့ ပြည်တွင်း သတင်းထောက်တချို့ စိတ်တိုပြီး ပြန်ကုန်ကြတယ်။
သတင်းထောက်ဆိုတာ အန်တီ့ကို တွေ့ရင် ဓာတ်ပုံရိုက်မှာပဲလို့ပြောတော့ ခင်ဗျားတို့က လွန်လွန်းတယ်။ အန်တီ့ လုံခြုံရေးကို ကျနော်တို့က တာဝန် ယူထားရတာ ခင်ဗျားတို့ သတင်းထောက်တွေက သတင်းရဖို့ပဲ သိတယ်။ အဲဒီလိုတွေ ပြောတယ်။
အန်အယ်လ်ဒီ ရုံးမှာ သတင်းထောက်တွေ သတင်းဓာတ်ပုံတွေ ရိုက်ကြ သတင်းတွေရေးကြလို့ပဲ အားလုံးမြင်ကြရတာ။ မီဒီယာက လူပေါင်း သန်း ၆၀ ကျော် အတွက် ဆိုတာကို နားမလည်ဘူး။ အန်တီ့နားမှာ နေရတယ်ဆိုပြီး မာန်တွေတက်ကုန်တာ။ အံ့သြစရာပဲ။
ကျနော်တော့ ဒီနေ့ တရား တော်တော်ရသွားတယ်။ လုံခြုံရေးသဘောကို ကျနော်တို့ သိပါတယ်။ ဒါပေမယ့် သတင်းထောက်တွေက သူတို့နဲ့ မျက်နှာ ကျက်မိနေတဲ့ သူတွေပါပဲ။ အဲဒါကို ခွေးမောင်းသလို မောင်းထုတ်တာတော့ ကျနော်တို့လည်း မခံနိုင်ဘူး။ ကျနော်တို့ ဆိုတာ သူတို့က သတင်းပြောချင်လို့ပါ ဆိုရင် အချိန်မရွေး၊ နေရာမရွေး ထလုပ်ပေးခဲ့တဲ့ အမာခံလူတွေပါ။ အဲလို သတင်းသမားတွေပါ။
ဒါကို ဇွတ်ပြော၊ ဇွတ်ဟောက်လုပ်တာ။ သတင်းသမားတွေရဲ့ မျက်နှာတွေကို သူတို့ အားလုံးကျက်မိတယ်။ ထောက်လှမ်းရေးတွေရဲ့ မျက်နှာတွေကိုလည်း သူတို့ ကျက်မိတာပဲ။ ကျနော်က မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ အဲဒီရုံးမှာရှိပြီး အားလုံးကို အစအဆုံး မြင်တွေ့ခဲ့ရတဲ့ သူပါ။ ဒီနေ့ ရုံးကိုလာတာ မီဒီယာသမားတွေချည်း ပါပဲ။
အန်တီ့လူတွေ လုပ်ပုံနဲ့ အန်တီ့ကိုတော့ ထိခိုက်တော့မှာပဲ။
အန်တီ့ လုံခြုံရေးကို သူတို့ စိုးရိမ်သလို ကျနော် တို့လည်း စိုးရိမ်ကြတာပဲ။ သူတို့ ချစ်ခင်သလို ကျနော်တို့လည်း ချစ်ခင်ကြတာပါပဲ။ ဒီမိုကရေစီလို့ ပြောနေတဲ့ နိုင်ငံရေးသမားတွေ ပါးစပ်က တကယ့် ဒီမိုကရေစီကို မတွေ့ရသလိုပဲ ခံစားလိုက်ရတယ်။ သူတို့ တကယ်ကော ဒီမိုကရေစီကို နားလည်ရဲ့လားလို့လည်း သံသယ၀င်မိပါတယ်။
ဒီစာတွေကိုတော့ အန်တီဖတ်မိ စေချင်ပါသေးတယ်။ ကျနော်လည်း စိတ်ထဲရှိတာတွေ အကုန်ပြောလိုက်ရလို့လား မသိဘူး နည်းနည်းတော့ ပေါ့သွားတယ်။
လာဦးမှာလား ၆ ကြိမ်မြောက် မုန်တိုင်း
ပုံကို ကလစ်နှိပ်၍ ဒေါက်တာထွန်းလွင် ခန့်မှန်းချက်ကို ဖတ်ရှုနိုင်ပါတယ်။


-
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း
The SPDC - Than Shwe (Burmese political song)
ယူကျုမှာ ရှိ။
ဘယ်သူ ဖန်တီးမှန်း မသိ။
စာသားတွေကတော့ အရမ်း၊ အရမ်း လန်းတယ်။
ပြုံးချင်၊ ရယ်ချင်သူတွေကို ဒီသီချင်း ပေးနားထောင်သင့်တယ်။
ကာယကံရှင် ပေါတာကြီးတောင် တဟားဟား တဟီးဟီး ဖြစ်သွားနိုင်တယ်။
ပရင့်အောက်ပြီး ကပ်ထားဖို့  Mr. Creator ဆီက လာတဲ့ ပုံ

email နဲ့  ဖြန့် နေကြတဲ့ Mr. Creator ရဲ့ လက်သံပြောင်ချက်။
သူက ပေါတာကြီးကို ဓာတ်ကျနေတာ ကြာပြီ။
မကြာခဏ အစွမ်းပြ ဖန်တီးလေ့ ရှိတယ်။
ဒီရဲ့ နောက်ဆုံးပေါ် ဖန်တီးမှုက ရွေးကောက်ပွဲအပြီး ဂုဏ်ပြု ဖြန့်ဝေတာ ဖြစ်မယ်လို့ ယူဆရတယ်။
ရွေးကောက်ပွဲ အခြေအနေကိုလည်း ကွက်တိ ထင်ဟပ်နေတယ်။
ပုံကို နောက်တခါ ထပ်အကြည့်မှာ မထင်မရှား ရေးထားတဲ့ဟာ တွေ့ရတယ်။ အဲဒါက သိပ်မသင့်တော်လို့  ထင်ပါရဲ့  ဖန်တီးသူက ကိုယ်တိုင် ဆင်ဆာ ဖြတ်ထားတယ် အနည်းငယ်။
ဒီပုံကို ပုံကြီး ချဲ့ပြီး မြန်မာပြည်က ရုံးတိုင်းမှာ ကပ်ထားရင် နိုင်ငံ့ဝန်ထမ်းတွေ အသက်ရှည်မယ်။
ရယ်သောသူ အသက်ရှည်၏လို့ ဆိုစကား ရှိတယ် မဟုတ်လား။
အမှန်တကယ် ရယ်ရတဲ့ ပုံတွေ Mr. Creator ဖန်တီးနိုင်ပါစေ။
:D
Sunday, November 14, 2010
အသုဘပို့သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်
အဲဒီကိုရောက်လာကြတယ်။
ဦးလွင်မိန်းမရဲ့အလောင်းကားကို ကျော်သူမောင်းလာတယ်၊ အလောင်းကားဝင်လာပီး ခဏကြာတော့
ဒေါ်စုကားဝင်လာတယ်၊ လူတွေ က၀ုန်းဆိုအုံခဲသွားတယ်၊ ဒေါ်စု ကားထဲကတော်တော်နဲ့ထွက်မရဘူး
ကာပေးထားတဲ့ အန်အယ်ဒီတွေလဲ မနိုင်မနင်းဖြစ်သွားတယ်။
ကားထဲကထွက်လာတော့ လူတွေဝိုင်းအော်ကြ လက်ခုပ်တီးကြလုပ်တယ်၊ ဒါ နာရေးဖြစ်လို့ အဲလိုတွေမလုပ်ဖို့ စဉ်းကမ်းရှိကြဖို့ ပြောပေမဲ့ မရဘူး။
ဒေါ်စုက အခေါင်းနဲ့ အတူလိုက်သွားပီး မီးစက်ထဲအထိလိုက်ဝင်သွားတယ် တံခါးကိုပိတ်လိုက်တယ်၊ တစ်ချို့လူတွေက အဲဒါဘာလုပ်တာလဲကွ တို့ဘာတို့ အော်ကြတယ်။ တံခါးပိတ်လိုက်တာကိုး အပြင်သံစကာတံခါးပါပိတ်လိုက်တာ မစိုးရိမ်ကြပါနဲ့ ခဏနေပြန်ထွက်လာမှာပါလို့ပြန်အော်ကြတယ်
လူစုက သံတံခါးနားမှာ ကြိတ်ကြိတ်တိုးသွားတယ်၊
ပြန်ထွက်လာတော့ ခုဏကထက်ပိုပီး တိုးခွေ့ကြတယ်၊ ဒေါ်စုကို မနဲ ကာပေးထားကြရတယ်၊ ပီးတော့ကားထဲကိုတစ်ခါထဲပြန်ဝင်သွားတယ်၊ ကားကထွက်သွားပီး လမ်းပေါ်ရောက်ရောက်ချင်း ကိုက်ငါးဆယ်လောက်ဘဲမောင်းရသေးတယ်၊ လမ်းပြန်ပိတ်သွားတယ်၊ ဒေါ်စုကားက ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေတယ်၊ ဆယ်မိနစ်လောက်အဲနားမှာ ဒီတိုင်းဖြစ်နေတယ်၊ လူတွေက ကားနားကို ပြန်အုံလာကြပြန်တယ်၊ ဒေါ်စုက ကားထဲကနေလူတွေထဲကို လက်ပြန်ပြတယ်။
လူတွေကလက်ခုပ်တွေ ၀ိုင်းတီးကြပြန်တယ်၊ ကားကိုဝိုင်းကာထားတဲ့ အန်အယ်ဒီ ၀ိုင်းသားတွေကတော့ လမ်းဖယ်ပေးကြပါ၊ နောက်တော့ အိမ်မှာလာကြည့်လဲရပါတယ်လို့ ပြန်အော်ပြောနေရတယ်။
နောက်တော့မှလမ်းနဲနဲရှင်းလို့ရသွားပီး ကားကဖြည်းဖြည်းချင်းပြန်ထွက်သွားရတယ်၊ ပြန်အထွက် လမ်းတစ်လျှောက်လုံးမှာလဲ လူတွေဘယ်က ဘယ်လိုသတင်းရသွားလဲမသိ၊ လမ်းဘေး တစ်ဘက်တစ်ချက်မှာရပ်ပီး လက်ပြနှုတ်ဆက်နေတဲ့လူအုပ်တွေရှိနေပြန်တယ်
တစ်ချို့သုံးသပ်ကြတယ်၊ ရေဝေးကအခြေအနေမျိုးက ဒေါ်စုအတွက်အန်ဒရာယ်ရှိတယ်လို့
ဘယ်သူဘယ်ဝါမှန်း မသိရတဲ့လူမျိုးလဲ အနားအထိကပ်သွားလို့ရတဲ့ အခြေအနေမျိုးရှိနေတာကိုး။
ဒီလိုနေရာမျိုးကို မလာသင့်ဘူးလို့ တစ်ချို့သုံးသပ်ကြတယ်၊ လူတွေကို လုံးဝထိမ်းလို့မရတဲ့ အခြေအနေမျိုး
ဖြစ်လာနိုင်တယ်လေ၊ အသုဘပို့ရောက်လာတဲ့ အခြားကားတွေ လမ်းပိတ်သွားတာတွေ့တယ်၊
ကျေနပ်ဖို့ကောင်းပေမယ့် စိုးရိမ်ရတယ်လို့ သုံးသပ်တဲ့လူလဲရှိတယ်။
တောင်ကြီး တန်ဆောင်တိုင်
အခု ဒီနေ့မှာ ဖွင့်လှစ်တဲ့ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ အထင်ကရ ရိုးရာပွဲတော်တခု ဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲအကြောင်း တင်ဆက်နေတဲ့ အင်တာနက် စာမျက်နှာလေး တခုကို မိတ်ဆက်ပေးချင်ပါတယ်။
တောင်ကြီးမြို့က ၀ါသနာရှင် လူငယ်လေးတွေ စုပေါင်းပြီး ပြည်တွင်းပြည်ပက တောင်ကြီးသူ၊ တောင်ကြီးသားတွေ၊ မီးပုံပျံ စိတ်ဝင်စားသူတွေ၊ ပွဲခင်းထဲကို မလာရောက်နိုင်တဲ့သူတွေ ကြည့်နိုင်အောင် လုပ်ထားတဲ့ Website လေး တခုပါ။
ဒီနေရာလေးမှာ တောင်ကြီးမြို့ရဲ့ မီးပုံးပျံတွေအကြောင်း လက်လှမ်းမီသလောက် စုစည်းထားတာတွေ့ရပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၄ နာရီမှာ စတဲ့ မီးပုံပျံပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနဲ့ ညစဉ် ၈ နာရီကနေ ပြိုင်ပွဲ ပြီးချိန်အထိ တိုက်ရိုက် လွှင့်ထုတ်နေတာကိုတော့ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။
မီးပုံးပျံပြိုင်ပွဲက နိုဝင်ဘာ ၂၁ရက်၊ တန်ဆောင်မုန်း လပြည့်နေ့အထိ လုပ်မှာပါ။ ပြိုင်ပွဲမှာ နေ့လွှတ်နဲ့ ညလွှတ်ဆိုပြီး ခွဲထားတာမှာ နေ့ပိုင်းမှာတော့ တိရိစ္ဆာန်လေးတွေရဲ့ ရုပ်ပုံတွေနဲ့ မီးပုံးပျံတွေ လွှတ်တင် ယှဉ်ပြိုင်ကြမှာပါ။ ညလွှတ်မှာတော့ စိန်နားပန် ၃၅ လုံးနဲ့ ညမီးကြီး ၉၀ ကျော် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပန်းချီကားလက်ဆောင်ပေး
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း
Daw Aung San Suu Kyi Speechs at HQ of NLD by thargyi74
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းဟောပြောပွဲ ရုပ်သံသတင်း

ဒီနေ့မှာ NLD ရုံးချုပ်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပရိသတ်မြင်ကွင်း။ BBC က တင်ထားတာပါ။ ဒီလင့်ခ်မှာ ကြည့်ပါ။
