ဖုဖ္ဖရမြို့မှ မြန်မာစတိတ်ရှိုး
photo;Irrawaddy
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ ဖုဖ္ဖရမြို့တွင် နာမည်ရမြန်မာအဆိုတော်များ၏ တေးဂီတ ဖျော်ဖြေပွဲကို စနေနေ့ ညကပြုလုပ်ရာ မြန်မာအ လုပ်သမား (၁၅၀၀) ခန့် သွားရောက်အားပေးခဲ့ကြသည်။
အဆိုပါတေးဂီတပွဲကို ဖုဖ္ဖရမြို့နယ်အခြေစိုက် U Fm 95 MHz အသံလွှင့်ရုံတည်ထောင်ခြင်း (၁) နှစ်ပြည့် အထိမ်းအမှတ်ပွဲအဖြစ် ကျင်းပခြင်းဖြစ်ပြီး ချစ်သုဝေ၊ ဂျင်းနီနှင့် နောနော်တို့ လာရောက်သီဆိုခဲ့ကြသည်။
စိုက်ပျိုးရေးလုပ်ငန်းများ အဓိကလုပ်ကိုင်သည့် ဖုဖ္ဖရမြို့နယ်တွင် မြန်မာအလုပ်သမား (၆) သောင်းခန့်ရှိသော်လည်း တေးဂီတပွဲ၏ လက်မှတ်တစောင်ကို ထိုင်းဘတ်ငွေ (၃၀၀) ဖြင့် ရောင်းချသောကြောင့် အလုပ်သမားအများစုမှာ ကြည့်ရှုနိုင်သည့် အနေအထားမရှိဟု နှင်းဆီခြံလုပ်သား ကိုထွန်းကပြောသည်။
၎င်းက "ဒီနယ်မှာက စိုက်ပျိုးရေးအလုပ်သမားတွေရဲ့ တနေ့လုပ်အားခက ဘတ် (၈၀-၉၀) အများဆုံးဘဲ အလုပ်ကလည်းနေ့တိုင်းရှိတာမဟုတ်ဘူး ဒီပွဲကြည့်ဖို့ အတွက်အလုပ် (၃)ရက်လောက်လုပ်ရမယ့် သဘောရှိတယ်"ဟုပြောသည်။
ခရမ်းချဉ်သီးခြံမှ မနွယ်နွယ်က"ဂျင်းနီကိုကြိုက်လို့ သွားအားပေးချင်ပေမယ့် ပိုက်ဆံမရှိလို့ရုံထဲ ၀င်မကြည့်နိုင်ဘူး၊ ရုံအပြင်ကနေပဲ လှမ်းကြည့်ရတယ်၊ ကျမတို့ကခရမ်းချဉ်သီးခြံမှာတနေ့ ဘတ် (၅၀) ပဲရတယ်" ဟု ပြောသည်။
မြန်မာအလုပ်သမားများ အများစုရှိသည့်အတွက် မြန်မာတေးဂီတပွဲကို စီစဉ်ခြင်းဖြစ်သော်လည်း မှန်းထားသကဲ့သို့ ဖြစ်မလာသောကြောင့် ယခုပွဲတွင်စီးပွားရေးအရ ရှုံးသည်ဟု ပွဲစီစဉ်သည့် အဆိုပါအသံလွှင့်ရုံ၏ ထိုင်းဒီဂျေတဦးက ပြောသည်။
၎င်းအသံလွှင့်ရုံသည် ဒေသတွင်း သတင်းများနှင့် ဖျော်ဖြေရေးကဏ္ဍများကို ထိုင်း ၊ မြန်မာ ၊ ကရင် ၊ မုံး စသည့် ဘာသာများဖြင့် နေ့စဉ် အသံလွှင့်ပေးနေသည့်အတွက် မြန်မာအလုပ်သမား များနားထောင်ကြသည့် လေလှိုင်းဖြစ်သည်ဟု ဖုဖ္ဖရမြို့မှ မြန်မာပြည်သားတဦးကပြောသည်။
သရုပ်ဆောင်နှင့် အဆိုတော်ဖြစ်သည့် ချစ်သုဝေ က "အခုလိုချွေးနဲစာတွေနဲ့ လာအားပေးကြတဲ့ မြန်မာတွေကို ကျေးဇူးတင်ပါတယ်၊ လိုရာဆန္ဒတွေပြည့်ဝကြပါစေ" ဟု မြန်မာပရိသတ်များကို စင်မြင့်ပေါ်မှ ပြောကြားခဲ့သည်။
အဆိုပါအဆိုတော်များသည် ယမန်နေ့ညကလည်း မဲဆောက်အခြေစိုက် BLUE Fm 98.75 MHz အသံလွှင့်ရုံ (၇) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် မဲဆောက်မြို့ပိုင်ရုံးဝင်း အတွင်းရှိစင်မြင့်တွင် သီဆိုဖျော်ဖြေခဲ့ကြသည်။
စစ်အရေခွံ အခွာခံရလို့ ထွန့်ထွန့်လူးတဲ့ ဗိုလ်ချုပ်ကြီး
ဦးအလံမလှဲဗိုလ်သိန်းစိန်တယောက် အကြောင်းမညီညွတ်လို့ ဘောင်းဘီချွတ်ခဲ့ရစဉ်က မည်သို့မည်ပုံဖြစ်ခဲ့သည်ကို တလောကလေးက တင်ပြခဲ့သည်။ ထိုစဉ်က စစ်အရေခွံအခွာခံရလို့ ထွန့်..ထွန့်.. လူးသွားသော ဗိုလ်ချုပ်ကြီးတယောက်၏ အကြောင်းကို မကြာမီတင်ဆက်ပါမည်ဟု မိတ်ဆက်သဘော အစပျိုးထားခဲ့သည်။ ဟော.. ယခု.. ပျိုးထားခဲ့သောအစကို ဆွဲထုတ်ပါမည်။
“ကိုတူမောင်.. တလောတုန်းက ပြောခဲ့တယ်နော်။ စစ်အရေခွံအခွာခံရလို့ ဆားအတို့ခံရတဲ့ တီကောင်လို ထွန့်..ထွန့်.. လူးသွားတဲ့ ဗိုလ်ချုပ်ကြီးအကြောင်း”
“ဟုတ်ပါတယ်.. ဦးလေးကြီး။ ဘယ်ပုံဘယ်နည်း..ထွန့်..ထွန့်.. လူးသွားတယ်ဆိုတာကို နားထောင်ချင်လွန်းလို့ နားစွင့်နေတာက နေ့တိုင်းပါခင်ဗျာ”
နားထောင်ချင်လွန်းသည့် ကိုတူမောင်က ဇယက်တောင်ပံကျိုး၊ ပြောပြချင်လွန်းသည့် ဦးလေးကြီးက ကြောင်ခံတွင်းပျက်။ ဇယက်တောင်ပံကျိုးနှင့် ကြောင်ခံတွင်းပျက်တို့ တွေ့ကြပြီ။
“ကိုတူမောင်..ရေ။ အဖြစ်ကတော့ မနှစ်ကနဲ့မတူပါ ဆိုတဲ့စကားတခွန်း ရှိတယ်မဟုတ်လား။ အင်း.. သည်စကားအတိုင်း ဖြစ်တာပါပဲ..အံ့..ရော၊ အံ့..ရော။”
ဦးလေးကြီးက.. အံ့..ရော၊ အံ့..ရောဟု ပြောလိုက်သည်နှင့် ကိုတူမောင့်ပါးစပ်ကြီးက ..တအံ့..တသြ.. အော်တိုမက်တစ် “ဟ” သွားလေသည်။
“ကဲ..ကဲ..ကိုတူမောင်။ ပါးစပ်ကြီး “ဟ” ထားလို့ ဘာကိုမျှကြားရမှာမဟုတ်ဘူး။ ကိုင်း.. နားကိုသာစွင့်။ ထွန့်..ထွန့်..လူးတဲ့ ဗိုလ်ချုပ်ကြီးရဲ့ အဖြစ်ကဒီလို။ သူကဗိုလ်ချုပ်မှူးကြီးတို့၊ မယ်မယ်ကြီး..ဟဲ..ဟဲ.. မွှေးထုံသင်းကြိုင်တို့ရဲ့ မွေးစားသားတော်၊အချစ်တော်၊ လူယုံတော်၊ ညာလက်ရုံးတော်။ သူ့ဇနီးက.. ဗိုလ်ချုပ်မှုးကြီးတို့၊ မယ်မယ်ကြီးတို့ မိသားစုရဲ့ စားတော်ကဲ။”
ဤသို့ပြောနေစဉ် ကဗျာမစပ်တတ်သော ဦးလေးကြီးခေါင်းထဲ ဘယ်ကဘယ်ပုံ ရောက်လာမှန်းမသိသော ကဗျာဥာဏ်က တမုဟုတ်ချင်း ကွန့်မြူးလာသည်။
“ခဲဘွယ်ဘောဇဉ်၊ စုံအလင်ကို၊ နေ့စဉ်ရက်ဆက်၊ မပြတ်ချက်ပြုတ်၊ ထူးအလုပ်ကို၊ တကုတ်ကုတ်နှင့်၊ လုပ်ပေးခွင့်ရ.. ဟဲ..ဟဲ.. ကိုတူမောင်ရေ.. ရှေ့ကို မဆက်တတ်တော့ဘူး ..ဟဲ..ဟဲ..။”
ဟုတ်ပါသည်။ ဦးလေးကြီးက ကဗျာဥာဏ်မရှိလို့ ကဗျာမစပ်တတ်ပါ။ ထို့ကြောင့် ပြောချင်တာကို ပြောရိုးပြောစဉ် စကားပြေဖြင့်ပင် ဆက်၍ ပြောရပါတော့သည်။
“စားတော်ကဲရာထူး ရဖို့ဆိုတာ မလွယ်ဘူး။ ရန်သူက စားစရာ သောက်စရာတွေထဲ အဆိပ်ခတ်ပြီး အိမ်တော်မိသားတစုလုံးကို သတ်နိုင်တယ်။ သည်အခြေအနေမျိုးမှာ ထွန့်..ထွန့်..လူး.. ဗိုလ်ချုပ်ကြီးရဲ့ ကတော်ကို စားတော်ကဲရာထူး ပေးသနားချီးမြှင့်တော်မူတာ ။ဒါကိုကြည့်ရင် ထွန့်..ထွန့်..လူး..တို့ မောင်နှံစုံတွဲဟာ မှူးကြီးတို့မိသားစုရဲ့ အယုံကြည်ဆုံး၊အရင်းဆုံး၊ အားအထားဆုံးဆိုတာ ပေါ်လွင်နေတာပဲ”
ကိုတူမောင်က ဦးလေးကြီး၏ ကြောင်းကျိုးဆီလျော်သော ရှင်းချက်ကို သဘောပေါက်သည်။
“ကဲ..ကိုတူမောင်။ ခုဟာကအယုံကြည်ဆုံး၊ အရင်းဆုံး၊ အားအထားဆုံး မွေးစားသား ဗိုလ်ချုပ်ကြီးကိုပါ၊ ချွင်းချက်မထားဘဲ စစ်အရေခွံခွာပစ်တာ။ ဒီတော့ မွေးစားသား ဗိုလ်ချုပ်ကြီးနဲ့ သူ့ဇနီးလူယုံတော် စားတော်ကဲမမကြီးတို့အဖို့ မျှော်မှန်းမထားတဲ့ မိုးကောင်းကင်ကြီး ပြိုကျတော့တာပဲ။ ဒီအဖြစ်ဆိုးကို သိလျှင်သိချင်း မယုံနိုင်လောက်အောင် မှုံမှိုင်းဝေ၀ါးသွားတယ်။မွှန်ထွန်သွားတယ်။ ဆားအတို့ခံရတဲ့ တီကောင်လို ထွန့်..ထွန့်.. လူးသွားတယ်။ စိတ်အားငယ်သွားတယ်”
ဦးလေးကြီးက ကွက်ကွက်ကွင်းကွင်း၊ ရှင်းရှင်းလင်းရန်၊ အတင်းဝက်အူ၊ ရစ်ရစ်ယူသွား၊ သူ့စကားက၊
တအား ပြတ်သားလှပေသည်။
“အင်း.. ကိုတူမောင်ရေ။ မွေးစားသား ဗိုလ်ချုပ်ကြီးဟာ စိတ်ဆောက်တည်ရာမရ ဖြစ်ပြီး သူကိုးကွယ်တဲ့ ဆရာတော်ဆီ သုတ်ခြေတင်တော့တယ်။ ဆရာတော်က သေးသေးကွေးကွေး နှယ်နှယ်ရရမဟုတ်။ သူ့ပရိသတ်နဲ့သူ၊ တင့်တင့်တယ်တယ်ကြီးပါပဲ”
နားစိုက်ထောင်နေသော ကိုတူမောင်တယောက် ဘယ်ဆရာတော်ပါလိမ့်ဟု သိလိုဇောကြွကာ မရိုးမရွဖြစ်လာသည်။
“ဘယ်ဆရာတော်လဲ.. ဦးလေးကြီး..ရဲ့”
ဤတွင် ဦးလေးကြီးက တခန်းရပ်ဇာတ်လမ်းတခုကို ပြန်လှန်ရလေတော့သည်။
ဦးလေးကြီး၏ အဆိုအရ ထွန့်..ထွန့်..လူး.. ဗိုလ်ချုပ်ကြီး ကိုးကွယ်သော ဆရာတော်ကြီးက ယခုတောင်ဒဂုံမှာ.. ကျောင်းထိုင်ဆရာတော်။ ယခင်တုန်းကတော့ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှာ တိုက်အုပ်ဆရာတော်။ဘွဲ့အမည်နာမက.. ဦးဝိနယ။ ဆရာတော်ဦးဝိနယသည် စာသင်သားများအား ညဘက် ကျောင်းပြင်မထွက်ရ စည်းကမ်းအမိန့်ကို ဖတ်ပြပြီးလိုက်နာစေ၏။ ထိုစည်းကမ်းအမိန့်မှာ ဗဟိုသံဃမဟာနာယက အဖွဲ့က စစ်အစိုးရအလိုကျ ထုတ်ပြန်သော စည်းကမ်းအမိန့်ဖြစ်သည်။
ထို့ကြောင့် စာသင်သားများက မကျေနပ်ကြ။ ယင်းမကျေနပ်မှုက အရှိန်တက်ပြီး အိပ်ယာဝင်ချိန်အရောက်မှာ ဆရာတော်ဦးဝိနယ သီတင်းသုံးသည့်ကျောင်းပေါ်ကို ခဲမိုးရွာချကြသည်။ကျောင်းတိုက်၏ အကြီးအကဲဆရာတော် ဦးတိလောကဘိဝံသ လာရောက်ဖြန်ဖြေမှ စာသင်သားများက ကိုယ့်နေရာသို့ ကိုယ်ပြန်ကြသည်။စိတ်မချမ်းမြေ့ဘွယ်ရာတွေ ဖြစ်ကုန်ပြီ။ နံနက်မိုးသောက်တော့ ဆရာတော်ဦးဝိနယသည် မိမိလက်ဝယ်ရှိ သော့တံအားလုံးကို အကြီးအကဲ ဆရာတော်ကြီးထံ အပ်နှံပြီး ကိုယ်ပိုင်ကားကိုစီး၍ စာသင်တိုက်မှ ထွက်ခွာသွားတော့သည်။ဆရာတော်ဦးဝိနယ ဘယ်ဝယ်ဘယ်ဆီ ရောက်နေသည်ကို သတင်းစကားမကြားရတော့။
ဟော.. အတော်ကြီးကြာတော့ ကောင်းသတင်းက လွင့်ပျံလာသည်။ တောင်ဒဂုံတွင် စစ်အစိုးရက ဆောက်လုပ် လှူဒါန်းတော်မူသော ဧရာမကျောင်းအသစ် ကျပ်ချွတ်ကြီးတွင် ဆရာတော်ဦးဝိနယ သီတင်းသုံးတော်မူနေသည်.. တဲ့။ ငါးဆူတောင်တွင်လည်း ဆရာတော်ဦးဝိနယအား စစ်အစိုးရက လှူဒါန်းထားသော မြေကွက်ကျယ်ကြီးနှင့် တင့်တင့်တယ်တယ် ကျောင်းကြီးလည်းရှိသေးသည်.. တဲ့။
“အဲသည်ဟာက.. ကိုတူမောင်..ရေ၊ ဆရာတော်ရဲ့ဘဝတကွေ့ ကြုံတွေ့ခဲ့ရတဲ့ နောက်ခံဇာတ်ကြောင်း။ ဇာတ်ကြောင်းကို ထဲထဲဝင်ဝင် ကြည့်လိုက်ရင် ဘယ်သူတရားခံလဲ။ ခဲပေါက်တဲ့ စာသင်သားတွေလား။ စည်းကမ်းအမိန့်စာကို တိုက်အုပ်တာဝန်အရဖတ်ပြတဲ့ ဆရာတော်ဦးဝိနယလား။ စည်းကမ်အမိန့်စာကို ထုတ်ပြန်တဲ့ ဗဟိုသံဃမဟာနာယက အဖွဲ့က ဆရာတော်ကြီးများလား။ ဆရာတော်ကြီးများနဲ့ စစ်အစိုးရကြားမှာ ခလောက်ဆံနေတဲ့၊ ဘုန်းကြီးလူထွက်၊ ဘုန်းကြီးစာတတ်၊ ဘုန်းကြီးများထံမှ လာဘ်စားလွန်းသည်ဟု နံမည်ဆိုးနဲ့ကျော်ကြားတဲ့ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအံ့မောင်လား။ အာဏာပိုင် စစ်အစိုးရလား။ အင်း..စိတ်ဝင်စားဘွယ်ရာ 'လား' တွေကဖြင့် အတိပြည့်နှက်လို့”
“ပြောမှတော့.. ဦးလေးကြီးရယ်.. မထူးတော့ပါဘူး။ စိတ်ဝင်စားဘွယ်ရာ ဆိုတာတွေကိုပါ တဆက်တည်း ထည့်ပြောပါတော့။”
ရေငတ်တုန်း ရေထဲပြုတ်ကျ..ဆိုလား။ ထိုဆိုရိုးစကားအတိုင်း ဖိုးပြောချင်ဦးလေးကြီးက ဆက်၍ပြောလေသည်။
“ဗိုလ်ကျန်စစ်သား လက်ထက်တုန်းက မန္တလေးကနေ.. ရန်ကုန်ကို ကူးစက်လာတဲ့ သံဃာ့သပိတ်ဖြစ်ခဲ့ဖူးတယ်။သည်သပိတ်က ဗိုလ်ချုပ်တွေကို ကောင်းကောင်းကြီး သင်္ခန်းစာပေးခဲ့တာ။ သံဃာတွေ သပိတ်မှောက်ထားတုန်း ဗိုလ်ချုပ်တွေပဲဖြစ်ဖြစ် သူတို့မိသားစုတွေထဲက တယောက်ယောက်ပဲဖြစ်ဖြစ် တကယ်လို့သေသွားခဲ့သော် ဘယ်ဘုန်းကြီးကိုပင့်မလဲ။ ပင့်စရာဘုန်းကြီးမရှိရင် ခွေသေဝက်သေမြှုပ် သလိုမြှုပ်ရတော့မယ်။ နောက်ပြီး ထုံးတမ်းစဉ်လာအရ ဘယ်လိုသပိတ်သွပ်မလဲ။”
ဟုတ်ပေသည်။ ထို့ကြောင့် စစ်ဗိုလ်ချုပ်အဝန်းအဝိုင်းတွင် ကိုယ်ပိုင်ဘုန်းကြီးလိုလာပြီ။ ကိုယ်ပိုင် ဘုန်းကြီးရအောင် ဘယ်သို့လုပ်မည်နည်း။
၈၈-နောက်ပိုင်းမှာ စစ်တပ်အတွက် အမှုထမ်းမယ့် ဆရာဝန်နှင့်အင်ဂျင်နီယာ ရှားခဲ့သည်။ စစ်ဆေးတက္ကသိုလ်၊စစ်နည်းပညာတက္ကသိုလ်တွေဖွင့်ပြီး ကိုယ်ပိုင်ခြံပေါက် စစ်ဆရာဝန်တွေ စစ်အင်ဂျင်နီယာတွေကို မွေးထုတ်ခဲ့သည်။
“အဲဒါနမူနာပဲ..ကိုတူမောင်။ တည့်တည့်ဘွင်းဘွင်း ပြောပြဖို့ လျော်ကန်တဲ့ဝေါဟာရကို အရှာရခက်တယ်ဗျာ။ကိုတူမောင့်ဘာသာ စဉ်းစားသာကြည့်ပါတော့”
ဦးလေးကြီးက အတုံးလိုက်အတစ်လိုက် ထုတ်ပြရခက်၍ အရိပ်မျှကိုသာ ထုတ်ပြနိုင်သည်။ ကိစ္စမရှိ။ ကိုတူမောင်က အရိပ်ပြ အကောင်ထင်ပါသည်။
“ကိုတူမောင် ..ထွန့်..ထွန့်..လူး.. ဗိုလ်ချုပ်ကြီးအကြောင်းကနေ ဆရာတော်ဦးဝိနယအကြောင်း ချော်တောငေါ့သွားလိုက်တာ ..ဟဲ..ဟဲ။ ဖိုးသူတော် မျက်စေ့လည်တော့ ဆွမ်းဆန်များများရလို့ ဆိုသကိုး..ဟဲ..ဟဲ။ ကဲ..ကိုတူမောင်၊ထွန့်..ထွန့်..လူး.. ဗိုလ်ချုပ်ကြီးအကြောင်းကို ပြန်ကောက်ကြစို့ရဲ့”
ထွန့်..ထွန့်..လူး.. ဗိုလ်ချုပ်ကြီးသည် စိတ်၏ သက်သာရာသက်သာကြောင်း ချမ်းမြေ့ရာချမ်းမြေ့ကြောင်း မိမိကိုးကွယ်အားထားရာ ဆရာတော်ဦးဝိနယထံ ကားစကြာယာဉ်ဖြင့် ကြွချီတော်မူပြီး ဖြစ်ကြောင်းရယ်ကုန်စင်ကို ခြေတော်ဦးခိုက် လျှောက်ထား ရင်ဖွင့်တော်မူသည်။
“ကိုတူမောင်..ရေ့။ အဲဒီလို ..ရင်ဖွင့်တုန်းက ရင်ထဲမှာ..ဖိုလှိုက်.. ဖိုလှိုက်ဖြစ်လာသတဲ့။ ဖိုလှိုက်..ဖိုလှိုက်က တလိပ်လိပ်တက်လာ။ ရင်ထဲမှာဆို့။ စိတ်ကိုထိန်းမရ။ နောက်ဆုံးတော့.. ဖြေမဆည်နိုင်ဘဲ ရှိုက်ကြီးတငင်.. မျက်ရည်ယိုရွဲလို့ ချုံးပွဲချငိုခဲ့ရဆိုပဲ”
“ဟာ..ဦးလေးကြီး..ရာ။ ဗိုလ်ချုပ်ကြီးတယောက်လုံး လုပ်နေပြီး အသည်းက ငယ်လှချည့်လား။ ဘယ်ဗိုလ်ချုပ်ကြီးလဲ။”
“အင်း..မေးတော့လည်း ပြောရတော့မှာပေါ့။ စစ်လောကမှာက တပွင့် ဒုဗိုလ်ကို ဗိုလ်ကြီးလို့ ခေါ်မှ။ နှစ်ပွင့်..ဗိုလ်ကိုလည်း ဗိုလ်ကြီးလို့ခေါ်မှ။ ဖြစ်ပုံက..ဖြစ်ပုံက။ မှန်ကန်တိကျမှ စစ်တပ်က ကြိုက်တာလို့ အထင်ကြီးပြီး တဘား နှစ်ပွင့် ဒုဗိုလ်မှူးကြီးကို ဒုဗိုလ်မှူးကြီးလို့ အမှန်အကန် အတိအကျခေါ်ရင် ပါးရိုက်ခံရမယ်။ ဗိုလ်မှူးကြီးလို့ခေါ်မှ ရှေ့ဆက်စကားပြောလို့
ရတာ..ဟဲ..ဟဲ..။ အခု..ဦးလေးကြီးပြောနေတဲ့ ဗိုလ်ချုပ်ကြီးက အမှန်ဆို ဒုဗိုလ်ချုပ်ကြီး”
“အောင်မယ်လေး..။ ဦးလေးကြီ..ရာ။ တသက်လုံး စစ်အုပ်ချုပ်ရေးအောက်မှာပဲ လူလုပ်ခဲ့ရတာ။ ဒါလေးများ..ဟဲ..ဟဲ..။ဘယ်သူဆိုတာ စိတ်ဝင်စားလွန်းလို့ သူ့နာမည်ကိုသာ ပြောစမ်းပါ”
ဦးလေးကြီးက နာမည်ထုတ်ပြောရမှာ အားနာနေသည်။ မပြောဘဲနေလျှင် လံကြုတ်ဟု ထင်မည်။
ထို့ကြောင့် ဖွင့်ပြောရပါတော့မည်။ ပြောပြီ။
“ဒု ဗိုလ်ချုပ်ကြီးမြင့်ဆွေ”
NLD ကို နေပြည်တော်သတင်းစာတွေ ဘန်း
UN သံတမန် မစ္စတာ ဂန်ဘာရီ နေရာမှာ အစားဝင်တဲ့ မစ္စတာ Vijay Nambiar မြန်မာပြည် ခရီးစဉ်အကြောင်းက သတင်းဌာနတွေ မရေးမဖြစ် ရေးရတဲ့ သတင်းပါပဲ။နိုင်ငံတကာ သတင်းဌာနတွေကတော့ ဒီလူကြီးက ဒီမိုကရေစီခေါင်းဆောင်၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ် ဘာတွေ ဆွေးနွေးတယ် ဆိုတာကို ဦးစားပေး ရေးသား၊ ဓာတ်ပုံ ရိုက်ကြတယ်။ အပေါ်မှာ မြင်ရတဲ့ အတိုင်းပါပဲ။ သတင်းဓာတ်ပုံတွေ ရှိတဲ့ အင်တာနက်စာမျက်နှာတွေကို သွားလိုက်ရင် ကုလ သံတမန်ကြီး နဲ့ မြန်မာပြည်က အရေးအပါဆုံး နိုင်ငံရေးသမား တို့ပုံတွေကိုပဲ တွေ့ရပါတယ်။
နေပြည်တော်က မလိမ် မညာ လူမသတ်တဲ့ သတင်းစာတွေကတော့ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။
ကုလ အရာရှိကြီး မြန်မာပြည်လာတယ်၊ တစည ကြံ့ခိုင်ရေး စသဖြင့် ပါတီတွေနဲ့ တွေ့တယ် လို့ ပဲ ဖော်ပြပါတယ်။ သတင်းထဲမှာ NLD လည်း မပါ၊ ဒေါ်အောင်ဆန်းစုကြည်လည်း မပါပါဘူး။မသိလို့ ထည့်မရေးတာလည်း ဖြစ်နိုင်တာပေါ့လို့ ပြောရင်တော့ အကောင်းမြင်ရာ ရောက်မယ် ထင်ပါတယ်း)
ဓာတ်ပုံ ကောင်းကောင်း
ရန်ကုန်မြို့က မဖြူဖြူသင်းတို့ စောင့်ရှောက် ထားတဲ့ ဂေဟာမှာ မကြာသေးခင်က ရိုက်ထားတဲ့ပုံ။ HIV ကြောင့် အခက်အခဲ တွေ့တဲ့သူတွေကို ထားတဲ့ ဂေဟာ ဖြစ်ပါတယ်။ဓာတ်ပုံက မျက်နှာကို အလေးပေးပြီး ရိုက်ထားတယ်။ လက်ချောင်းတွေက သူ့မျက်နှာကို ဘောင်ခတ်ပေးထားသလို ဖြစ်နေတာကတော့ ဒီဓာတ်ပုံကို အားကောင်းစေတဲ့ အချက်ပါပဲ။
လူနာတွေရဲ့ မျက်နှာ မထင်မရှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ရိုက်ထားတယ်လို့  ယူဆရတယ်။
ဒီလအတွင်း ထင်ရှားသူ အများအပြား ဒီဂေဟာမှာ ခိုလှုံနေသူတွေကို သွားရောက် အားပေးတဲ့အတွက် ဒီဂေဟာအကြောင်း သတင်းတွေ အဆက်မပြတ် ဖတ်နေရပါတယ်။ ဒီပုံက ဒီလိုသတင်းတွေနဲ့ တွဲပြီး တင်သင့်ပါတယ်။ ဘလော့တွေမှာ ဖြစ်ဖြစ်၊ သတင်းဌာနတွေရဲ့ အင်တာနက် စာမျက်နှာမှာပဲ ဖြစ်ဖြစ်။
စစ်ပွဲကြောင့် မြ၀တီမြို့ ခံများ ထွက်ပြေးပြန်
ထွက်ပြေးတိမ်းရှောင်လာသူများသည် မြ၀တီမြို့နယ် ရှိ ဖလူးကျေးရွာ ဒေသခံများဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၇ ရက်က ဖြစ်ပွားခဲ့သော DKBA နှင့် နအဖစစ်တပ်တို့၏ စစ်ပွဲကြောင့် မြ၀တီမြို့ခံ ၂ သောင်းကျော် ထိုင်းဘက်သို့ ထွက်ပြေးခဲ့သေးသည်။
မြ၀တီမြို့ဘက်မှ စစ်ပြေးဒုက္ခသည်များ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာစဉ်
ထိုင်းဘုန်းကြီးကျောင်းတိုက်တခုသို့ စစ်ပြေးဒုက္ခသည်များ ခိုလှုံ
စစ်ပြေးဒုက္ခသည်များကို ထိုင်းအာဏာပိုင်များ စာရင်းကောက်ယူနေစဉ်
လုံခြုံရေးယူထားသည့် ထိုင်းစစ်တပ်
ဟာသတွေ အရမ်းပြောတဲ့ ဒေါက်တာဝင်းနိုင် (ဂျပန်ပျံ)

(ဧရာဝတီမေးလ်ကို ရောက်ရှိလာတဲ့ ပေးစာပါ။ စစ်အစိုးရ သတင်းစာပါ ဆောင်းပါးတပုဒ်ကို ပြန်လည် ချေပ ရေးသားထားတာပါ။)
ယနေ့ထုတ်ဝေလျက်ရှိသော ဟာသစာစောင်များတွင် နံပါတ် (၁) နေရာကို ပြိုင်ဘက်မရှိ ရရှိထားတဲ့ မြန်မာ့အလင်း သတင်းစာ (၂၅.၁၁.၂၀၁၀) မှာ ဒေါက်တာဝင်းနိုင်က “ပီတိကိုမျှဝေပါတယ်” ဆိုသော ဟာသဆောင်းပါးတပုဒ်ကို ရေးသားထားပါတယ်။
အဲဒီထဲက တချို့ ကို ဖော်ပြဝေဖန်လိုက်ပါတယ်။
၁။ “သူတို့ရတဲ့ မဲတွေဟာ မိုးပေါ်ကကျလာတဲ့ မဲတွေမဟုတ်ပါဘူး။ မဲရုံတွေမှာ ပေးတဲ့မဲတွေနဲ့ ကြိုတင်မဲပေးထားတဲ့ မဲတွေကို တချိန်တည်းမှာပဲ ရေတွက်တယ်ဆိုတာ တရားမျှတသောလုပ်ရပ်ဖြစ်ပါတယ်။ ကြိုတင်မဲတပြားရဲ့ တန်ဖိုးနဲ့ မဲရုံကမဲတပြားရဲ့  တန်ဖိုးဟာ တူညီပါတယ်။ မဲဆန္ဒ ရှင်တွေရဲ့ အသည်းကြားကလာတဲ့ မဲပြားလေးတွေပါ”
၂၀၁၀ ရွေးကောက်ပွဲမှာ ပြိုင်ဖက်တွေကို ကြံ့ဖွံ့က အလဲထိုးအနိုင်ယူခဲ့တာ ကြိုတင်မဲ (တနည်း ခိုးမဲ) တွေနဲ့ပါ။ ခိုးမဲတွေဟာ မိုးပေါ်ကကျလာတာတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် ဘယ်ကလာတယ်၊ ဘယ်ကိုသွားတယ်၊ တရားမျှတသလား ဆိုတာကတော့ ဆိုတာကတော့ ...
“အောက်တိုဘာ ၂၀ ရက်နေ့မှာ တပ်ရင်းမှူးက မိန့်ခွန်းပြောမယ်ဆိုပြီး တပ်ရင်းကလူတွေကို အကုန်စုခိုင်းတယ်။ ပြီးတော့ ဒီနေ့ကြိုတင်မဲပေးရမယ်လို့ ပြောတယ်။ အဓိကကတော့ ခြင်္သေ့ဘေးမှာ အမှန်ခြစ်ဖို့ပဲ။ တပ်ရင်းမှာ သူကအကြီးဆုံးဆိုတော့ နားလည်တယ်မလား၊ ဘာညာနဲ့ ဟိန်းလားဟောက်လားပေါ့။ နောက်ဆုံး သူဘာပြောလဲ ဆိုတော့ 'မင်းတို့ငါပြောတာ နားလည်ပုံလည်း မပေါက်ဘူး၊ ကြာပါတယ်ကွာ၊ မင်းတို့ခြစ်နေရင် မခြစ်တတ် ခြစ်တတ်နဲ့ ပယ်မဲတွေဖြစ်နေဦးမယ်၊ငါပဲအကုန်ခြစ်လိုက်တော့မယ်' ဆိုလို့ ကျနော်တို့မှာ မဲစာရွက်တောင်မမြင် လိုက်ရဘူးဗျာတဲ့ဗျား”
ရင်ဖွင့်သွားသူကတော့ မှော်ဘီမြို့ ရဲတပ်ရင်း အမှတ်-၅ မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီးပါ။ (မှတ်ချက် - ဘိုးသု (ဦးသုဝေ) နိုင်နေတုန်း ဦးအောင်ကြည်ဆီကို အထုပ်လိုက် ရောက်လာတာ ဒီလိုမဲတွေဖြစ်ပါလိမ့်မယ်။)
၂။ “မြန်မာသည် မြန်မာဖြစ်သည်။ မြန်မာနိုင်ငံသည် မြန်မာနိုင်ငံသားမျာ၏ တိုင်းပြည်ဖြစ်သည်”
ဟုတ်တယ်ဟ။ ခင်ဗျားရေးတာကိုဖတ်ပြီးမှ အော်ဒါကို ငါတို့ပိုင်တာပါလားလို့သိတာ။ ဒါပေမယ့် ကိုယ့်ပြည်ဖြစ်ပြီး ကိုယ့်ပြည်က ထွက်တာ ကိုယ်မစားရ၊ ကိုယ်မ၀တ်ရ၊ ကိုယ်မသုံးရ မှတ်ပုံတင်မရှိရင် ဘယ်မှသွားလာလို့မရ၊ တပတ်တခါ ဧည့်စာရင်းတိုင်ရ၊ခွေးတွေ ကြောင်တွေကြောက်ရတာတွေကတော့ ထူးဆန်းမနေဘူးလား။ ပိုထူးဆန်းတာကတော့ ရန်ကုန်မြို့လယ်မှာ ဆောက်ထားတဲ့ Trader Hotel ကို အနည်းငယ်သော နွားတစုကလွဲပြီး မြန်မာပြည်သူအားလုံးနီးပါး မတက်ဖူးသေးတာပါပဲ။
၃။ “ free and fair election ဖြစ်ခဲ့တဲ့ နိုဝင်ဘာရရက်နေ့မှာ အများနည်းတူ မဲပေးနိုင်ခဲ့တဲ့အတွက် ကျနော်ပီတိ ဖြစ်မိပါတယ်”
ငပေါ၊ ဘယ်လိုဒေါက်တာဘွဲ့ရလာခဲ့တာလဲ။ free and fair ဖြစ်မဖြစ် ကွန့်ကွက်တာတွေရှိ မရှိ သိချင်ရင် ငွေဆယ်သိန်းနဲ့ ထောင်ဒဏ်မရှိဘဲ လွတ်လပ်စွာ ကန့်ကွက်နိုင်ပါသည်လို့ တရားဝင် ကြေညာကြည့်ပါလား။ သိန်းစိုးတောင် စိတ်ပျက်သွားမယ်။
ဒါကြောင့် နောက်တခါရေးရင် စဉ်းစားပြီးမှ ရေးပေါ့ကွာ။ ငါ့စကားနွားရတွေ လျှောက်မရေးနဲ့။ နွားသိက္ခာကျတယ်ဗျား။
ညမင်းသား
Sunday, November 28, 2010
နေသာ လေလာတဲ့နေ့ 
အရိုးရဲ့ လူလည် အာရှသား စီးရီးထဲက နေသာ လေလာတဲ့နေ့ သီချင်း။
အဲဒီ စီးရီးထဲက တခြား သီချင်းတွေလိုပဲ အရမ်း ကောင်းတယ်။
ကိုလူထွေး ဆိုတဲ့ ဘလော်ဂါက အဲဒီသီချင်းကို ရုပ်မြင်သံကြား သရုပ်ဖော်ထားတာ ကြည့်ပြီးသွားကြပြီလား။
http://koluuhtwe.blogspot.com/2010/02/blog-post_14.html မှာ တွေ့တာနဲ့ ကော်ပီ ကူးလိုက်တယ်။
သီချင်းစာသားတွေရောပေါ့။
သူ့ရဲ့ ယူကျုမှာတော့ http://www.youtube.com/user/Koluuhtwe
တခြား သီချင်းတွေပါ သရုပ်ဖော်ထားတာ တွေ့ရမယ်။
လောလောဆယ် ဒီသီချင်းကို ခံစားကြည့်ပါအုံး။
တရုတ်မလေးကို ကြိုက်တဲ့ အကြောင်း ရေးထားတာမို့ စာသားတွေမှာ တရုတ်ရနံ့တွေ အပြည့် ထည့်ထားတယ်၊ နောက်ခံတီးလုံးမှာတောင် တရုတ်ဂီတသံ ပါလိုက်သေး။
One.. two.. three.. ကိုယ်ချစ်သွားပြီ
ရေလည်အောင်ကိုယ် ရှင်းရှင်းပြောမည်
ဝေါ့်..အိုင်း..နီ
One.. two.. three.. ရည်ရွယ်လိုက်သည်
အိုအောင်မင်းအောင် ပေါင်းသင်းပါ့မယ်
ရှေ့ရှောက်ခရီး…
… … …
ဟိုတုန်းကမေးတဲ့ လမ်းဘေးလက္ခဏာ အဟောထဲမှာ
ပြည်ကြီးကရည်းစား အကျိုးပေးကောင်းမယ် ပြောခဲ့တာ
စိတ်ကူးနဲ့ မြူးခဲ့ ရူးခဲ့ရတဲ့ နှစ်လကြာ
သူလေးနဲ့ကျမှ တည့်တည့်ကြီးကို တိုးခဲ့တာ…
ငါချိုင်းနိစ် xx အလိုက်သိတဲ့ ကိုယ့် အသည်းလေးဟာ
နှာခေါင်းရင်းလေးတော့ နည်းနည်းပြားမယ်.. ခွင့်လွှတ်ပါ
သူ့ ပါးမို့မို့ ထက် သွေးကြောလေးတွေ စိမ်းလဲ့ဖြာ
အသားလေးကတော့ ဖွေးဖွေးဥကာ နုနုရွ
One.. two.. three.. ကိုယ်ချစ်သွားပြီ
ရေလည်အောင်ကိုယ် ရှင်းရှင်းပြောမည်
ဝေါ့်..အိုင်း..နီ
One.. two.. three.. ရည်ရွယ်လိုက်သည်
ကွမ်ရင်မယ်တော်ကြီးမပါ
ရှေ့လျှောက်ခရီး
… … …
သူလေးကခိုင်းသမျှ လိုက်လုပ်ရတဲ့ နွားနှစ်ပါ
သူလေးကြောင့် ရိုက်ကြ ကိုက်ကြရတာ ခွေးနှစ်မှာ
ဆိတ်နှစ် မြင်းနှစ် မျောက်နှစ်ပေါင်းစုံ ကူးတိုင်းမှာ
မိုးနတ်မင်းကြီး အမြဲတမ်းမအောင် ဆုတောင်းတာ
စွန်ဆူးကျမ်းထဲက သိမ်းပိုက်နည်းတွေ ကြိုးစားရှာ
ကွန်ဖြူးရှပ် ကြီးရဲ့ စကားလုံးနဲ့ ကိုယ့် ရည်းစားစာ
ဘုံကျောင်းကြီးထဲလည်း ပြေးပြေးပြီး စာ ချကြည့်ရ
ရေနွေးကျမ်းလေးတခွက် ကောင်းကောင်းတိုက်ရင် မမောဘူးဗျ
One.. two.. three ကိုယ်ချစ်သွားပြီ
ရေလည်အောင် ကိုယ် ရှင်းရှင်းပြောမည်
ဝေါ့်..အိုင်း..နီ
One.. two.. three ရည်ရွယ်လိုက်သည်
ကွမ်ရင်မယ်တော်ကြီးမပါ ရှေ့လျှောက်ခရီး
… … …
ရွှေယောက်ဖနှစ်ယောက်က အတွင်းအားသုံးကာ ဓားစွမ်းပြ
everybody လက်ခုတ်တီးပါ ကျနော့ဘက်က
သူ အန်းကုန်းကြီးက ပြုံးစိစိနဲ့ ခေါင်းညိမ့်ပြ
ကျနော်မျိုးကြီးကတော့ ငြိမ်းချမ်းရေးကို ရှေးရှုတာ…
အားလုံး အားလုံး ချိုင်းနားတောင်းကို လိုက်ခဲ့ပါ
အားရပါးရ သောက်ကြစမ်းပါ ပြီးတော့မှ…
အမ်ပေါင်းအိတ်လေးနဲ့ ငြိမ်းချမ်းရေး ထည့် ပေးတဲ့အခါ
မစ်ချိုင်းနီးစ်လေးရဲ့ အိမ်မက်ထဲကို ဟီးရိုးဗျ
One.. two.. three.. အဆင်ပြေသွားပြီ
နေသာ လေလာတဲ့ တနေ့မှာ လက်ထပ်မည်
One.. two.. three ရည်ရွယ်လိုက်သည်
အိုအောင်မင်းအောင် ပေါင်းသင်းပါ့မည် ရှေ့လျှောက်ခရီး…
One.. two.. three ကိုယ်ချစ်သွားပြီ
ရေလည်အောင် ကိုယ် ရှင်းရှင်းပြောမည်
ဝေါ့်..အိုင်း..နီ…
One.. two.. three ရည်ရွယ်လိုက်သည်
ကွမ်ရင်မယ်တော်ကြီးမပါ ရှေ့လျှောက်ခရီး
One.. two.. three ကိုယ်ချစ်သွားပြီ
ရေလည်အောင် ကိုယ် ရှင်းရှင်းပြောမည်
ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
တာမွေမြို့နယ် တာမွေကလေးရပ်ကွက် လေးထောင့်ကန်လမ်းပေါ်ရှိ Happy Now အင်တာနက်ဆိုင်တွင် နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီခန့်တွင် ဗုံးတွေ့သည်ဆိုကာ စစ်ကား ၂စီးနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ လာရောက်ခဲ့ပြီးနောက် သံဃာတော်ကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း တာမွေရဲစခန်းနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
“ဧရာဝတီတိုင်းဘက်က ဦးက္ကုန္ဒောဘာသဆိုတဲ့ သံဃာတော်တပါးပဲ။ သူက အဲဒီအင်တာနက်ဆိုင်မှာ ၀င်သုံးခဲ့ပြီး အိတ်ကလည်း မေ့ကျန်ခဲ့တော့ အဲဒီအိတ်ကနေတဆင့်လိုက်တာ။ အိတ်ထဲမှာတော့ လက်နှိပ်ဓါတ်မီး ၊ သင်္ကန်း နဲ့ တခြားအသုံးအဆောင်ပစ္စည်းတချို့ရယ်ပဲပါတယ်လို့ သိရပါတယ်”ဟု ၄င်းက ပြောသည်။
နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းကလည်း ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ City Star ဟိုတယ် အောက်ထပ်ရှိ Star Net အင်တာနက် ဆိုင်၌ ချိန်ကိုက်မိုင်း ၄ လုံး တွေ့ရှိခဲ့သည်။
ယခုကဲ့သို့ အင်တာနက်ဆိုင်များတွင် ဗုံးတွေ့ရှိနေမှုနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ခံတဦးက “ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကတည်းက ပြည်ပက တိုက်ခိုက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်တာနက်ကော်နက်ရှင်တွေကျတယ်။ စီးပွားရေးလုပ်ငန်းတွေ က ထိခိုက်လို့ အော်လာတော့ နည်းနည်း ပြန်ကောင်းလာတယ်။ အခု အင်တာနက်ဆိုင်တွေမှာ ဗုံးတွေ့တယ်ဆိုတဲ့ အသံတွေ ထွက်လာတယ်ဆိုတော့ အစိုးရက အင်တာနက်သုံးစွဲပြီး ပြည်ပကို သတင်းပေါက်ကြားမှုတွေကို ထိန်းချုပ်နိုင်ဖို့ တဘက်လှည့်နဲ့ လုပ်နေတယ်ထင်ပါတယ်”ဟု သုံးသပ်ပြောဆိုသည်။
ယခုဗုံးတွေ့ရှိမှုနှင့်စပ်လျဉ်း၍လည်း နအဖ မီဒီယာများက ဖော်ပြခြင်းမရှိသေးပေ။
ရှင်သန်နိုးထ အာရက္ခ

ရခိုင်ပြည်နယ် ဂီရီဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဒေသများ ပြန်လည်တည်ဆောက်ရေးအတွက် “ရှင်သန်နိုးထ အာရက္ခ” အမည်ဖြင့် စင်တင်တေးဂီတဖျော်ဖြေပွဲတရပ်ကို သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ဒီဇင်ဘာ (၃၀) ရက် ညနေ ၅ နာရီမှ ၉ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစင်တင်တေးဂီတပွဲတွင် ဥက္ကာဦးသာ ဦးဆောင်သော PLUS+3 တီးဝိုင်းနှင့် လေးဝတီ ရခိုင်ယဉ်ကျေးမှုတေးဂီတအဖွဲ့တို့က တီးခတ်ပေးမည်ဖြစ်ကာ ဦးအောင်လွင် ၊ ခန့်စည်သူ ၊ ဘုန်းလျှံ ၊ ရတနာမိုင် ၊ ကုသိုလ် ၊ အရိုင်း ၊ ညောင်ညောင်စသည့် ရုပ်ရှင်သရုပ်ဆောင်များအပြင် ကိုသန်းမောင် ၊ ခိုင်မြတ်မင်း ၊ စောနှင်းနွယ် ၊ ဒိုအ်ရီ ၊ Lကိုလင်း စသည့် ရခိုင်အဆိုတော်များက သီဆို ဖျော်ဖြေကြမည်ဖြစ်သည်။
“တခြားနာမည်ကြီး အဆိုတော်တွေ ၊ သရုပ်ဆောင်တွေလည်း ပါဝင်ကူညီသီဆိုပေးကြဖို့ ရှိပါတယ်။ သူတို့ အားလပ်ရက်ဖြစ်ဖို့ ညှိနှိုင်းနေကြပါတယ်။ ထပ်တိုးလာမယ့် သီဆိုသူတွေကို ထပ်ပြီး ထုတ်ပြန်ပေးပါ့မယ်။ ရခိုင် ရိုးရာအကတွေနဲ့လည်း ဖျော်ဖြေသွားမှာပါ”ဟု လေးဝတီတေးဂီတအဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
“ရှင်သန်နိုးထ အာရက္ခ” ဂီတဖျော်ဖြေပွဲမှ ရရှိသည့် အလှူငွေများကို အလိုတော်ပြည့်ဆရာတော်ကြီးမှ တဆင့် လေဘေးသင့်ဒေသများသို့ ပြန်လည်လှူဒါန်းသွားမည်ဟုလည်း လေးဝတီအဖွဲ့ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
ဂီရိမုန်တိုင်း ၀င်ရောက်ခဲ့ပြီးချိန်မှစ၍ အလိုတော်ပြည့်ဆရာတော်ကြီးသည် တပည့် ဒကာ ၊ ဒကာမများနှင့်အတူ လေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းနေသည်မှာ ငွေကျပ်သိန်းထောင်ချီနေပြီဖြစ်ကြောင်း သိရသည်။
လှူဒါန်းမှုပုံရိပ်များကို http://alodawpyei.org/alo/ တွင် ကြည့်ရှုနိုင်ပါသည်။
လက်မှတ်တန်ဖိုး။ ။ ကျပ် ၃၀၀၀ ၊ ၅၀၀၀ ၊ ၁၀၀၀၀
လက်မှတ်များကို
ရာမောင်သားထမင်းဆိုင် ကျောက်မြောင်း
မင်းလမ်းထမင်းဆိုင် ကိုထွန်းကျော် တာမွေအ၀ိုင်းထိပ် တိတ်ခွေအေ၇ာင်းဆိုင်
လိုင်သာယာ ရွေမောင်
ကိုသံဒိုင်း ကာဝပ်ရော့
ရွေရခိုင် ထမင်းဆိုင် ကျောက်မြောင်း
ရမ္မာဝတီ ထမင်းဆိုင် ရုပ်ရှင်ရုံအနီး
Airmandalay ရုံး
စပါယ်မြိုင် ထမင်းဆိုင် လှည်းတန်း
ပျို့လက်ရာ ထမင်းဆိုင် ၂၉လမ်း နှင့် ရွေဘုံသာလမ်းထိပ်
ရိုးရာထမင်းဆိုင် သတိပဋ္ဌာန်လမ်း ကျောက်မြောင်း
အလိုတော်ပြည့်ကျောင်းတိုက် ဂေါပကအဖွဲ့ (တာမွေလေး)
ရခိုင်ဓမ္မာရုံ တို့တွင် ၀ယ်ယူရရှိနိုင်ကြောင်း သိရသည်။
Saturday, November 27, 2010
အီး ၂ အီး
နောက် “E” တခုကတော့ Egress ပါတဲ့။
ရရှိတဲ့ သတင်းတွေအရ ရန်ကုန်မှာရှိတဲ့ ဥရောပသံရုံးတရုံးက အမျိုးသမီး ဝန်ထမ်းတဦးက ဒေါ်အောင်ဆန်းစုကြည်နဲ့ Egress တို့ တွေ့ဆုံဖို့ အစီအစဉ်ကို ကြားဝင် ပွဲစားလုပ်ပေးပေမယ့် မအောင်မြင်ဘူးလို့ သိရပါတယ်။
Egress က ကြံ့ဖွံ့လူငယ်တွေကို သင်တန်းပေးဖို့ ရှိတယ်လို့လည်း ကြားရပါတယ်။
ဦးခင်ညွှန့်နဲ့ ရဲချုပ်ခင်ရီတွေ့ဆုံသည့် ဗီဒီယိုခွေ အင်တာနက်မှာ ပြန့်
ရဲချုပ်ခင်ရီကတော့ အရှိန်အဝါကို လန့်နေတုန်းထင်ပါတယ်။ ကြည့်ရတာ တခုခုကို လာရောက်ညှိနှိုင်းတယ်လို့ ထင်မိပါတယ်။
အာဏာရှင်ကြီး ဦးနေဝင်းလည်း သံသရာတပတ်လည်သလို၊ ဦးခင်ညွန့်လည်း ဝဋ်ပြန်လည်တာကို တွေ့ရပါလိမ့်မယ်။ လက်ရှိအာဏာရှင်ကြီးအလှည့်ကလည်း ရောက်ခါနီးပြီလို့ ထင်ရပါတယ်။
Friday, November 26, 2010
ငါးမင်းဆွေနောက်မှာ ဘယ်သူတွေလဲ

(25)ရက်နေ့ မနက်တွင် ရွှေဂုံတိုင်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ နအဖ၏ အာဘော်များကို အထူးရေးသားပေးနေသော (ငါးမင်းဆွေ) ဆိုသူ ရောက်ရှိလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှုးဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်း အော်ဟစ်ဆန္ဒပြခဲ့သည်။ ၄င်း (ငါးမင်းဆွေ) ရေးသားခဲ့သော မော်နီတာ ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့် အနောက်နိုင်ငံများမှ စီးပွါးရေးပိတ်ဆို့ထားမှုအား ဖယ်ရှားပေးစေလိုကြောင်း အော်ဟစ်တောင်းဆိုခဲ့ပါသည်။
ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီရုံးရှေ့သို့ လာရောက်ရန်အတွက် ဖုန်းဆက်ခေါ်ဆိုခဲ့သူမှာ လျှပ်တပြက်ဂျာနယ်မှ နအဖဖော်လံဖား မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင် ဖြစ်ပါသည်။ ငါးမင်းဆွေသည် အဖွဲ့ချုပ်ရုံးရှေ့ ထောက်လှမ်းရေးများထိုင်သော လက်ဖက်ရည်ဆိုင်တွင် ကြိုတင်ရောက်ရှိနေပြီး မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်မှ ဖုန်းဖြင့် (အကိုလာလို့ရပြီ၊ အဆင်သင့်ဖြစ်ပြီ) ဟု ပြော၍ လှမ်းခေါ်လိုက်ရာ ငါးမင်းဆွေရောက်လာပြီး ၄င်း၏ ဆောင်းပါးမိတ္တူများ တပွေ့တပိုက်နှင့် စတင်အော်ဟစ်ဆန္ဒပြပါတော့သည်။
ငါးမင်းဆွေမှ ၄င်းရေးသားခဲ့သော ဆောင်းပါးမိတ္တူများကို ပြည်တွင်းဂျာနယ်မှ ဂျာနယ်လစ်များနှင့် လူအချို့အား လိုက်လံဝေငှခဲ့ပြီး နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်တစ်ဦးမှ ထိုမိတ္တူဆောင်းပါးကို တောင်းရာ ပြည်ပနိုင်ငံခြားသတင်းဌာနမှဆိုရင် မပေးနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။ အကြောင်းစုံအား ဆက်လက်စုံစမ်းရာ ငါးမင်းဆွေ ရေးသားသော ဆောင်းပါးခေါင်းစဉ်တွင် ဒေါ်စုကြည်ဟု သုံးနှုံးထားသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက မကျေနပ်ကြကြောင်း၊ ပြည်သူများမှလည်း မကျေနပ်ကြကြောင်း သိရပါသည်။အဲ့ဒီနောက် ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ရုံးအဖွဲ့မှုး ဦးဝင်းထိန်မှ တွေ့ဆုံရှင်းလင်းခဲ့ပါသည်။ ဦးဝင်းထိန်မှ ဒေါ်စုကြည်ဆိုသည့် အသုံးအနှုံးအား ပြောင်းလဲရေးသားရန်၊ ၄င်းတို့ အဖွဲ့ချုပ်ခေါင်းဆောင်အား ယင်းကဲ့သို့ ခေါ်ဆိုခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း၊ နအဖစစ်အစိုးရအကြိုက်ရေးသားနေသောသူနှင့် ၄င်းတို့၏ ခေါင်းဆောင်အား ပေးမတွေ့နိုင်ကြောင်း၊ ဦးဝင်းထိန်မှ ၄င်းထောင်ကျနေစဉ်အတွင်း ငါးမင်းဆွေ ရေးသားသော ဆောင်းပါးများတွင် နအဖကောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကောင်းကြောင်းများ လုပ်ကြံရေးသားထားသည်ကို ဖတ်ရကြောင်း ပြောဆိုခဲ့ပါသည်။
ထိုသို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းထိန်နှင့် ငါးမင်းဆွေတို့ တွေ့ဆုံရှင်းလင်းနေကြသည်ကို မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင်နှင့် လျှပ်တပြက်အဖွဲ့သားများမှ ဗီဒီယိုနှင့်ဓါတ်ပုံမှတ်တမ်းများ ရိုက်ယူနေသည်ကို တွေ့ခဲ့ရပါသည်။
ပြီးခဲ့သည့် တစ်ပတ်မှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံနှင့် သတင်းများကို ထည့်သွင်းရေးသားဖော်ပြခဲ့သည့်ဂျာနယ်များ အပိတ်ခံရအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို လာရောက်မှတ်တမ်းယူသော ပြည်တွင်းဂျာနယ်လစ်များ မတွေ့ရတော့ပေ။ သို့သော် လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်နှင့် ၄င်း၏အဖွဲ့သားများကတော့ ဆက်လက်လာရောက် သတင်းယူနေသည်ကို တွေ့ရပါသည်။
အကြောင်းအရင်းကို စုံစမ်းကြည့်ရာ သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း) မှ ထောက်လှမ်းရေးနှင့် သတင်းတပ်ဖွဲ့မှ ရဲထောက်လှမ်းရေးများအား ဒေါ်အောင်ဆန်းစုကြည် သတင်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်း လုပ်ရမည် သို့ သော် အနှောင့်အယှက်မပေးရဟု ညွှန်ကြားပြောဆိုထားသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအတွင်းသို့ ၀င်ရောက်သတင်းယူ၍ မရသောကြောင့် မြတ်ခိုင်နှင့် သူ့သား ဇေယျာမြတ်ခိုင်တို့အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ ငွေကြေးနှင့် အခွင့်အရေးများပေး၍ ဓါတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းသတင်းများ ယူခိုင်းထားကြောင်းသိရပါသည်။
မြတ်ခိုင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထုတ်ဝေနေသော မော်နီတာဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံကို ကြီးမားစွာ မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့သော်လည်း ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသော ဂျာနယ် ၉ စောင်တွင် မပါဝင်ခဲ့ပေ။ သို့သော် လူအများပြောဆိုစရာဖြစ်မည်ဆိုသဖြင့် ၄င်း၏ ဂျာနယ်တစ်စောင်ဖြစ်သော လျှပ်တပြက်ဂျာနယ်ကို ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသည်ဟု သတင်းလွှင့်ခဲ့ပါသည်။
ဟံသာဝတီ ဦးဝင်းတင် ရေးသားသော (ဘာလဲဟဲ့ လူ့ငရဲ) စာအုပ်ပါ ထောင်တွင်းအကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများအကြောင်း ရေးသားထားသည်ကို တန်ပြန်သောအားဖြင့် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ မြတ်ခိုင်အား ၄င်း၏ဂျာနယ်တွင် မြန်မာပြည်မှ ထောင်များမှာ လွန်စွာကောင်းကြောင်း၊ နိုင်ငံတော်အစိုးရ၏ စေတနာရှိမှုကြောင့် ထောင်ကျအကျဉ်းသားများမှာ ကောင်းမွန်စွာနေရကြောင်း ရေးသားခိုင်းမှုကို အလွန်အကျွံ ကူညီရေးသားပေးခဲ့သော ဂျာနယ်လစ်ဆိုးတစ်ယောက် ဖြစ်ပါသောကြောင့် မြတ်ခိုင်နှင့် သူ၏အဖွဲ့သားများ၊ ငါးမင်းဆွေတို့ကဲ့သို့သောသူများအား သတိကြီးမားစွာနှင့် ရှောင်ရှားကြပါလို့ အသိ ပေးတင်ပြလိုက်ပါတယ်။
(မြန်မာပြည်သားတစ်ဦး)။
သာကေတ မီးလောင်
Thursday, November 25, 2010
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားများ ကျင်းပ

နယူးဒေလီ၊ ဗီဂက်စ်ပူရီရပ်ကွက် မြန်မာ့ရိပ်သာခန်းမမှာ ကျင်းပတဲ့ “နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား” ဓာတ်ပုံတွေပါ။
HREIB အဖွဲ့နဲ့ WLB တို့ ပူးပေါင်းလုပ်တာပါ။
ခန်းမ အ၀င်မှာ ၀ါသနာရှင်တွေ ရေးဆွဲပေးပို့တဲ့ ကဗျာ၊ ကာတွန်းတွေ ရှိပြီး အမှတ်တရ လက်မှတ်ရေးထိုးဖို့ ပိတ်ကားတခုလည်း လုပ်ထားပါတယ်။
အခမ်းအနား အစီစဉ်တွေကတော့ စတိတ်မန့်ဖတ်တာ၊ အဖွဲ့စည်းတွေက ခေါင်းဆောင်တွေ မိန့်ခွန်းပြောတာနဲ့ အမျိုးသမီးအဖွဲ့ရဲ့ အထိမ်းအမှတ် ပြဇာတ်တိုတခု ကပြဖျော်ဖြေတာပါပဲ။
စတိတ်မန့်မှာ ပါတာကတော့ မြန်မာအမျိုးသမီးတွေဟာ အကြမ်းဖက်ခံရမှု သံသရာထဲမှာပဲ ဆက်ပြီး ကျရောက်နေအုံးမှာမို့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာက ကန့်ကွက်ကြဖို့တိုက်တွန်းတာနဲ့ ကုလသမဂ္ဂက ကန့်ကွက်ထားတာကိုလည်း ကြိုဆိုတယ်ဆိုတဲ့ အကြောင်းတွေပါ။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာလည်း အလားတူ အခမ်းအနားကို ဒီနေ့ညနေမှာ ကျင်းပခဲ့ပါတယ်။
ဖားမင်းဆွေ၏ အံ့မခန်း ရိုက်ပေါက်များ



- စစ်အစိုးရ အကြိုက် ဆောင်းပါးတွေ ရေးလေ့ရှိတဲ့ ငါးမင်းဆွေ (ဖားမင်းဆွေလို့လည်း နောက်ပြောင်ခေါ်ကြတယ်။ ဖားလွန်းလို့တဲ့) ဟာ ဒီနေ့ ၁၁ နာရီက NLD ရုံး ရှေ့မှာ “ ဒေါ်အောင်ဆန်းစုကြည်ကို နားမျက်စိ မပိတ်ပါနဲ့” ဆိုတဲ့ စာတန်းပါ တီရှပ်အဖြူရောင် ၀တ်ဆင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ အကြောင်းကတော့ သူရေးတဲ့ ဆောင်းပါးကို ဒေါ်အောင်ဆန်းစုကြည်နားက လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို မပြလို့ လို့ ဆိုပါတယ်။
ငါးမင်းဆွေဟာ မနေ့က “ ငါးမင်းဆွေမှ ဒေါ်စုကြည်သို့ (၂)” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခနဲ့ထားတဲ့ ဆောင်းပါးတပုဒ်ကို NLD ရုံးကို ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆောင်းပါး ပေးမဖတ်နိုင်ဘူး ဆိုတဲ့အကြောင်း NLD ရုံးချုပ်က ဦးဝင်းထိန်က ငါးမင်းဆွေဆီ ဖုန်းဆက် ပြောတယ်လို့ သိရပါတယ်။ ဒါကြောင့် ငါးမင်းဆွေက ရုံးရှေ့မှာ ဆန္ဒလာရောက် ထုတ်ဖော်ရတာပါတဲ့။
“သူ့ဆောင်းပါးတွေက ကျနော်တို့ ထောင်ထဲမှာ ဖတ်ဖူးတယ်။ ဒီမိုကရေစီအတွက် လုပ်နေတဲ့ လူတွေကို အရမ်းစော်ကားထားတဲ့ စာတွေချည်းပဲ။ ဒေါ်အောင်ဆန်းစုကြည်က ငါးမင်းဆွေကို မသိဘူး။ မနေ့က စာမှာလည်း စော်ကား ထားတာတွေပါလို့ လက်မခံတာ” လို့
ဦးဝင်းထိန်က ပြောပါတယ်။
ဆန္ဒထုတ်ဖော်နေသော ငါးမင်းဆွေကို ၁၂နာရီဝန်းကျင်လောက်မှာတော့ NLD ရုံးချုပ်ထဲကို ခေါ်ယူပြီး ဦးဝင်းထိန်က ညှိတဲ့အခါမှာ တော်တော်လေး အချေတင် စကားများပြောခဲ့ကြရပါတယ်။
“ငါးမင်းဆွေမှ ဒေါ်စုကြည်သို့(၂)” ဆောင်းပါးမှာ ဒေါ်စုကြည်ဆိုတဲ့ အရေးအသားကို ပြင်ပေးဖို့ ညှိနှိုင်းတဲ့အခါမှာ ငါးမင်းဆွေက
ပြန်ပြင်ဆင်ရေးသားပေးမယ် ဒါပေမယ့် သူ့ဆောင်းပါးကို ဒေါ်အောင်ဆန်းစုကြည် လက်ထဲ ထည့်ပေးရမယ်လို့ ပြန်ပြောပါတယ်။
အဲဒါနဲ့ “ဒေါ်စုဆီ ပို့ထားတဲ့ စာတွေကတပုံကြီး သူဖတ်တာ မဖတ်တာက ကျနော်မသိဘူး” လို့ ပြောပြီး ဦးဝင်းထိန်က စကား ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။
သူရေးထားတဲ့ ဆောင်းပါးကိုငါးမင်းဆွေက NLD ရုံးချုပ်ရှေ့မှာ ရှိနေတဲ့ ပြည်တွင်း သတင်းထောက်တွေကိုသာ ဝေငှပါတယ်။
အဲဒီ ဆောင်းပါးစာရွက် အောက်မှာတော့ “ပြည်တွင်း သတင်းဂျာနယ်များ သို့ ထည့်သွင်းဖော်ပြနိုင်ရန်” လို့ ရေးပြီး လက်မှတ်ထိုးထားတဲ့ စာရွက်တွေလည်း ပါပါတယ်။ ဒါ့အပြင် မော်နီတာ ဂျာနယ်မှာ ပါဝင်ပြီးသား သူ့ဆောင်းပါးတွေကိုလည်း ရုံးချုပ် ပတ်ဝန်းကျင်မှာ ဝေပါသေးတယ် (တော်တော်လေး မြို့မေတ္တာ ခံယူချင်ပုံပဲ)
“ကျနော်က အစိုးရကို ဘက်လိုက်ပြီး ရေးတာမဟုတ်ပါဘူး။ ကျနော် ရေးသမျှစာတွေက ကိုယ့်အမြင်နဲ့ ကိုယ်ရေးတာကပါ။ တချို့
ဆောင်းပါးတွေဆို မျက်ရည်ကျပြီး ရေးခဲ့တာ” လို့ ငါးမင်းဆွေက ရုံးချုပ်ရှေ့က သတင်းထောက်တယောက်ကို ပြောပါတယ် (ကြည့်ရတာ ရေးရင်း မျက်စိထဲ ပိုးကောင်တွေဘာတွေ ဝင်သွားလားမသိဘူး)
အဲဒီ ငါးမင်းဆွေဟာ ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေမှာလည်း ၂၀၀၆ ခုနှစ် နိုဝင်ဘာလက “၇၅ မင်းဆွေမှ ၈၈ မင်းကိုနိုင်သို့”
ဆိုတဲ့ ဆောင်းပါးကို စရေးခဲ့ပြီး “ငရဲမင်းနှင့် ငမင်းဆွေ”၊ “ငါးမင်းဆွေမှ စုကြည်သို့”၊ “စာရေးဆရာသည် လူမုန်းခံရ အသတ်ခံရ၏”၊ “ကုန်ဈေးနှုန်း ကျချင်သလား မီးမှန်ချင်သလား”၊ ”ရာဇ၀င်လူဆိုး”၊ “ဖားမင်းဆွေ စက်ဘီးစီးနေသည် လမ်းဘေးဖုန်းသုံးနေသည်”၊ ” ဘယ်သွားနေလဲ မင်းကိုနိုင်”၊ ”တော်ကြပါတော့ဗျာ သွားကြပါတော့ဗျာ”၊ “အမြန်ဆုံးရုန်းထွက်ချင်ပါသလား” ဆိုတဲ့ ဆောင်းပါးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို စော်ကားထားပါတယ် (ဆောင်းပါး ခေါင်းစဉ်တွေကိုက ရိုက်ချင်စရာ လေးတွေပဲနော်)
နောက်ထပ် ရိုက်ပေါက် ဆောင်းပါးတွေလည်း ဆက်ရေးနေသေးတယ်လို့ သိရပါတယ်။
NLD ရုံးရှေ့မှာသူ့ကို ဝိုင်းကြည့်နေတဲ့ သူတွေထဲက သူ့အကြောင်း မသိသေးတဲ့ သူတွေက သူဝေတဲ့ ဆောင်းပါးတွေကို ဖတ်ကြည့်ပြီး “အရူး” လို့ ပြောကြသတဲ့။ ငါးမင်းဆွေရဲ့ အံ့မခန်း အောင်မြင်မှုပေါ့။ သူ့အကြောင်း သိတဲ့သူတွေကတော့ ထိုင်ဆဲနေကြပါတယ်တဲ့။
ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းထောက်ပေးပို့သည်
တရားမျှတမှု မရှိတဲ့ ပြယုဂ်တွေအတွက် လူထုနဲ့အတူ တိုက်ပွဲဝင်မယ်
ချင်းမိုင် ရုက္ခစိုးနှင့် လူထု စစ်ဆင်ရေးပုံစံသစ်

ရန်ကုန်သားတာတေ
“ထိန်း … ထိန်း … ဒိုင်း ... ဒိုင်း … ဝုန်း … ဗြုန်း”
ယမ်းညှော်နံ့များ လွှမ်းနေသော်လည်း … စစ်ဖြစ်နေခြင်း မဟုတ်ပါ။ ချင်းမိုင်မြို့က နာမည်ကျော် လွိုင်ကထုံပွဲ အတွင်း ဦးရုက္ခစိုး၊ ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။ မီးရှူးမီးပန်းများ၊ ဗြောက်အိုးများ ပစ်ဖောက်နေသော ကြောင့်လည်း တထိန်းထိန်းနှင့် ဆူညံနေသည်။
လမ်းလျှောက်ရလွန်း၍ ညောင်းလာသောကြောင့် မြစ်ကမ်းဘေး လူရှင်းသည့် နေရာတွင် သူတို့သုံးဦး ခေတ္တ အပန်းဖြေသည့် အနေဖြင့် ထိုင်လိုက်ကြသည်။
ဖိုးရှုပ်။ ။ ဗြောက်ဖောက်သံတွေက ဆူညံ၊ ယမ်းနံ့တွေက လှိုင်လို့၊ အင်း … တို့ မြန်မာပြည်က တန်ဆောင်တိုင်ကော ဘယ်လိုများ နေလဲ မသိဘူးနော်။
ကြွက်စုတ်။ ။ မြန်မာပြည်မှာတော့ ဗြောက်အိုးဖောက် ထောင်သုံးနှစ်၊ မီးရှုးမီးပန်း မရောင်းရ၊ ဖယောင်းတိုင်ဈေးကြီး၊ လျှပ်စစ်မီး မလာဆိုတော့ … တန်ဆောင်မုန်းလပြည့် လရောင်လေးနဲ့ အော်ရီဂျင်နယ် တန်ဆောင်တိုင် စစ်စစ်ကို ကျင်းပ နေကြမှာပေါ့ကွာ။
“ရှူး …. ဒိုင်း” ဆိုသော မြည်သံနှင့်အတူ ဖြာထွက်သွားသော မီးရှူး မီးပန်းကိုကြည့်ရင်း ဖိုးရှုပ်က “နိဗ္ဗာန်ဈေးတွေလည်း မစည်တော့ဘူးလို့ ကြားတယ်” ဟု ပြောလိုက်သည်။
ရုက္ခစိုး။ ။ မင်းတို့ကလည်း … အကောင်းဘက်က တွေးစမ်းပါကွာ။ နိဗ္ဗာန်ဈေး မစည်တာ လူတွေ ခြွေတာကြလို့ နေမှာပေါ့၊ မီးရှူး မီးပန်းမလွှတ်ရ တော့ကော ဘာဖြစ်လဲ … ပိုက်ဆံကုန် သက်သာတာပေါ့၊ ဗြောက်မဖောက်တော့ နားမညည်းဘူးပေါ့။ မီးမလာတော့ မီတာခ မကုန်တော့ဘူးပေါ့။
ဖိုးရှုပ်။ ။ လုပ်ပြီ … ဦးရုက္ခစိုးကြီးကတော့။ မတွေ့တာကြာလို့ စကားအကောင်း ပြောမလား မှတ်တယ်၊ ကလန့်က တိုက်ပြီ။
ဖိုးရှုပ်စကား အဆုံးသတ်ခါစတွင် သူတို့ နှာခေါင်းက အလွန်ဆိုးရွားလှစွာသော အနံ့ကြီးတခုကို ရလိုက်သည်။ ထိုအနံ့က မည်မျှ ဆိုးရွားသည်မှာ ဆိုဖွယ်မရှိပေ ...။ ချင်းမိုင် ပင်း မြစ်ကမ်းတလျှောက် ထွက်ပေါ်နေသော ယမ်းနံ့ကိုပင် ကျော်လွန်၍ ထွက်လာသည့် အနံ့ဖြစ်သည်။
ကြွက်စုတ်။ ။ ဖိုးရှုပ် … မင်းကတော့ လုပ်ပြီ။ လူထူထူဆို လေလည်ချင်တဲ့ အကျင့်က အခုထိ မဖျောက်သေးဘူးလား။ အောင်မလေး နံလိုက်တာ။ အသက်ရှူတောင် အောင့်ထားရတယ်။
ဖိုးရှုပ်။ ။ မင်းသာ မနက်က ပဲဟင်းတွေ ပိုတယ်ဆိုပြီး စွတ်သောက်ထားလို့ လေလည်တာ ဖြစ်မှာ။ မင်းဟာလေ ကိုယ့်အပြစ်ကို သူများအပြစ်ဖြစ်အောင် တော်တော်လုပ်တယ်။ နအဖ ကျနေတာပဲ။
ရုက္ခစိုး။ ။ တော်ကြစမ်းပါကွာ။ ဒီအနံ့ကို ခွဲခြမ်းစိတ်ဖြာကြည့်ရရင် … ဒါ … လတ်လတ်ဆတ်ဆတ် ပေါက်လိုက်တဲ့ အီးနံ့ မဟုတ်ဘူးကွ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးက အီးကျမ်း တယ်ကျေပါလား။
ရုက္ခစိုး။ ။ ကျေဆို အရည်ကြိုသောက် … အာ … ယောင်ကုန်ပြီ။ ငါက အတွေ့အကြုံအရ ပြောတာပါကွ။
သူတို့စကားပြောနေစဉ် ဆိုးရွားလှသည့် အနံ့ကြီးက ပိုနံလာသည်။ ထိုသို့သော အနံ့ဆိုးကြီးနှင့်အတူ သူတို့ နားသို့ လူနှစ်ဦး မျက်နှာပုပ်သိုးသိုးဖြင့် ရောက်လာသည်ကို တွေ့လိုက်ရသည်။
ကြွက်စုတ်။ ။ ဟင် … ပြန်ကြားရေး ဝန်ကြီးဆော်ကြမ်းနဲ့ ဝန်ကြီးချုပ် ဦးသိန်းဂိန် ...။ လွိုင်ကထုံကို လာလည်ကြတာလား။
ဆော်ကြမ်း။ ။ လာလည်တာမဟုတ်ဘူး ...။ စတေး လာရှောင်တာ။
ဖိုးရှုပ်။ ။ ဒါ … ဒါနဲ့ … ဒီ အနံ့ဆိုးကြီးက ဦးသိန်းဂိန်တို့ ဆီက ထွက်နေတာပေါ့ ဟုတ်လား။ အောင်မလေး နံလိုက်တာဗျာ။
သိန်းဂိန်။ ။ ပြော … မပြောချင်ပါဘူးဗျာ။ ကျုပ်တို့ကို ချီးထုပ်တွေနဲ့ ဝိုင်းပေါက်လို့ ဒီဘက်ကို စတေးရှောင်ဖို့ ထွက်လာရတာ။
ဆော်ကြမ်း။ ။ ရေတော့ ချိုးလာပါတယ်။ ဒါပေမယ့် ဘယ်လို ချိုးချိုး အနံ့ မပျောက်တာက ဆိုးတယ်။ အဲဒါ ဒင်းကြောင့်။
ရုက္ခစိုး။ ။ ဘယ် ဒင်းကြောင့်လဲ ဦးဆော်ကြမ်းရဲ့။
ဆော်ကြမ်း။ ။ ချိုကုပ်ဒူးကြီး လွှတ်ပေးလိုက်တဲ့ ဒင်းကြောင့်ပေါ့။ သူ လုပ်တာနဲ့ အကုန် ရှုပ်ကုန်တာ။
ဖိုးရှုပ်။ ။ မဆိုင်ပါဘူး ဦးဆော်ကြမ်းရဲ့။ သူက သူ့ဘာသာ သားအငယ် ရောက်လာလို့ ဘုရားသွား ကျောင်းတက် လုပ်နေတာပဲဟာ။
ဆော်ကြမ်း။ ။ ဘာလို့ မဆိုင်ရမှာလဲ … ဆိုင်တယ်။ သူ့ကြောင့် အခုဆို ဂျာနယ် ၉ စောင်လည်း အပိတ်ခံရတယ်။
ကြွက်စုတ်။ ။ အာ အဲဒါက ဝန်ကြီးပဲ ပိတ်လိုက်တာ မဟုတ်ဘူးလား။
ဆော်ကြမ်း။ ။ ဟုတ်တော့ ဟုတ်တယ်လေ။ ဒါပေမယ့် သူက စတဲ့ ဇာတ်လမ်းပဲ။ သူ့ဓာတ်ပုံကို ဂျာနယ်တွေက ပျော်ရွှင်ပြီး ထည့်ကြတော့ ပိတ်ရတာပေါ့။ ဆိုင်ဆိုင် မဆိုင်ဆိုင် သူ့ကြောင့်ပဲဗျာ။ အဲဒီ ၉ စောင်ကို ပိတ်လို့ ဆိုပြီး လူတွေက ကျုပ်ကို ချီးထုပ်နဲ့ ပေါက်တာလည်း ခံရတယ်။
ရုက္ခစိုး။ ။ ဒါဆို ဝန်ကြီးချုပ်ကကော ဘယ်လိုဖြစ်ပြီး ခုလို ….။
သိန်းဂိန်။ ။ ကျုပ်ကတော့ တမျိုးဗျ။ ဂီရိ ဒုက္ခသည်တွေက ပေါက်လွှတ်လိုက်တာ။
ဖိုးရှုပ်။ ။ ဝန်ကြီးချုပ်က ဒုက္ခသည်တွေကို ဘာသွားပြောလဲမှ မသိဘဲ။
သိန်းဂိန်။ ။ တခုလေးပဲ ပြောမိတာပါဗျာ။ ကူညီကယ်ဆယ်ရေးထက် အရေးကြီးတာတွေ ရှိတယ်၊ ခင်ဗျားတို့ ဒုက္ခသည်တွေ ဆီက အလှူခံပါတယ်လို့ ပြောမိတာ။ ရစရာမရှိအောင် ပေါက်လွှတ်တယ်ဗျာ။
ကြွက်စုတ်။ ။ ကူညီ ကယ်ဆယ်ရေးထက် အရေးကြီးတယ်ဆိုတာ ဘာများလဲ ဦးသိန်းဂိန်ရဲ့။
ဖိုးရှုပ်။ ။ အင်းလေ … ဒုက္ခသည်တွေ ဆီကတောင် ပြန်အလှူခံတယ်ဆိုတော့ ဘာပါလိမ့်။
သိန်းဂိန်။ ။ စွမ်းအားရှင်တွေကို တိုက်ဖို့ အရက်ဖိုးလေးပါဗျာ။ ဒေါ်အောင်ဆန်းစုကြည် နောက်ကနေ လိုက်ကြည့်ခိုင်းမယ့် စွမ်းအားရှင်က နည်းနည်း များတယ်လေ။ အရက်ချည်းပဲ တနေ့ကို ရာဝင်အိုးနဲ့ ၁၀ အိုးလောက် လိုတယ်။
ရုက္ခစိုး။ ။ ဂီရိ ဒုက္ခသည်တွေက သောက်သုံးရေ အခက်အခဲဖြစ်နေတာဆို။
သိန်းဂိန်။ ။ သူတို့ ရေငတ်တာ ဘာအရေးလဲ။ စွမ်းအားရှင်တွေ အရက်ငတ်ရင် ကျုပ်တို့အားလုံး ထိခိုက်သွားနိုင်တယ်လေ။ အဲဒါ ဒင်းကြောင့်ပေါ့။ ဒင်း လွတ်လာလို့ အရက်ဖိုးက လိုလာတာ။
ဖိုးရှုပ်။ ။ အင်း … ကျနော့် အတွေ့အကြုံအရ ပြောရရင်တော့ အတင်းကို ဆွဲစေ့နေသလိုပဲနော်။ ညောင်ဦး ကမ်းပါပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမ ပေါင်ကျိုးရသလိုတော့ ဖြစ်နေပြီ။
ဆော်ကြမ်း။ ။ ဆွဲစေ့သင့်ရင်လည်း စေ့ရမှာပဲလေ။ မြို့တော်ဝန် အောင်သိန်းပျင်းလည်း တလောက ချီးထုပ်နဲ့ အပေါက်ခံ ရသေးတယ်။ အဲဒါလည်း ဒင်းကြောင့်ပဲ မဟုတ်ဘူးလား။
ကြွက်စုတ်။ ။ ကျနော်သိသလောက်တော့ အဲဒီတုန်းက သူက ပြန်တောင် မလွတ်သေးဘူးနော်။ ဘယ်လိုလုပ် သူ့ကြောင့် ဖြစ်မှာလဲ။
ဆော်ကြမ်း။ ။ ခက်ပါလား။ ဘာမှ မသိရင် ဝင်မပြောနဲ့။ သူ မလွတ်သေးလို့ အပေါက်ခံရတာပေါ့။ အဲဒီအချိန်က သူသာ လွတ်နေရင် လူတွေက အောင်သိန်းပျင်းကို ဘယ်လိုလုပ် စိတ်ဝင်စားပါ့မလဲ။
ရုက္ခစိုး။ ။ သူ ပြောတော့လည်း ဟုတ်တုတ်တုတ်ပါလား။
သိန်းဂိန်။ ။ ကျုပ်တို့ ချိုကုပ်ဒူးကြီးက ဘယ်လို အကြံနဲ့ ဒင်းကို လွှတ်ပေးထားလဲ မသိဘူးဗျာ။ လောလောဆယ်တော့ လူတွေက ကျုပ်တို့ကို တွေ့တာနဲ့ ချီးထုပ်နဲ့ ပေါက်မယ် ဆိုတာချည်းပဲ ဖြစ်နေပြီ။
ဖိုးရှုပ်။ ။ အဲဒါကော ဘာဆိုင်လို့လဲ။ သူ့ဘာသာ လွတ်လွတ်လပ်လပ် သွားလာနေတာနဲ့ ဝန်ကြီးချုပ်တို့ကို လူတွေက ချီးထုပ်နဲ့ ပေါက်ကရောလား။
သိန်းဂိန်။ ။ ဆိုင်ပြီလားဗျာ။ သူ့ကို လူတွေက ချစ်လေ၊ ကျုပ်တို့ကို သောက်ညင်ကပ်လေ ဖြစ်ပြီး ပေါက်ကြတာလေ။
ကြွက်စုတ်။ ။ ဒါကတော့ ဖြစ်နိုင်ပါတယ်။
ဆော်ကြမ်း။ ။ ကျန်သေးတယ်လေ ဝန်ကြီးချုပ်၊ ဒင်းကြောင့် HIV ဝေဒနာ သည်တွေလည်း ဒုက္ခရောက်ရတယ်။
ဖိုးရှုပ်။ ။ ဒါတော့ လွန်ပြီ ထင်တယ်ဗျာ။ HIV ဝေဒနာသည်တွေကို ရွှေ့ပြောင်းခိုင်းတာက ခင်ဗျားတို့ ချိုကုပ်ဒူးကြီး မဟုတ်ဘူးလား။
သိန်းဂိန်။ ။ ဟုတ်တယ်လေ။ သူ အဲဒီကို သွားလို့ ဖြစ်ရတာပေါ့။ မသွားရင် ဒီလို ကိစ္စတွေ ဘယ်ဖြစ်ပါ့မလဲ။
ဆော်ကြမ်း။ ။ နောက်တော့ … သူ့ကြောင့် သတင်းစာ လွတ်လပ်ခွင့်လည်း မရတော့ဘူး။
ရုက္ခစိုး။ ။ ရှင်းစမ်းပါဦးဗျာ။
ဆော်ကြမ်း။ ။ သတင်းစာ လွတ်လပ်ခွင့် ပေးလိုက်ရင် သူ့သတင်းတွေချည်းပဲ ရေးကြတော့မှာလေ။ အဲဒီအခါကျတော့ သတင်းက ဘက်ညီမှာ မဟုတ်တော့ဘူး။ သူ့အကြောင်း အကောင်းတွေရေး၊ ကျုပ်တို့အကြောင်း မကောင်းတွေရေး လုပ်ကြတော့မှာ။
ဖိုးရှုပ်။ ။ ဝန်ကြီးတို့အကြောင်းက အကောင်းရေးချင်လို့ ရှာတာတောင် ရေးစရာက ရှိမှ မရှိဘဲဗျ။
ဆော်ကြမ်း။ ။ အဲဒါကြောင့် ပြောတာလေ။ ကျုပ်တို့ အကြောင်း အကောင်း ရေးစရာ မရှိမယ့်အတူတူ အားလုံး ပိတ်ထားလိုက်တော့ အေးရော မဟုတ်လား။
ကြွက်စုတ်။ ။ အဲဒီတော့ ချီးထုပ်နဲ့ အပေါက်ခံရရော မဟုတ်လား။ ထွီ … နံလိုက်တာဗျာ။
သိန်းဂိန်။ ။ ကြင်နာကြပါဗျာ။ မြန်မာပြည်လည်း မပြန်ရဲသေးဘူး။ လူတွေ ချီးထုပ်စစ်ဆင်ရေး လုပ်မယ်လို့ ပြောနေကြတယ်။
ဆော်ကြမ်း။ ။ ဟုတ်တယ်ဗျ ...။ ချီးထုပ်ကို ဈေးကောင်းပေး ဝယ်နေကြတယ်လို့ ကြားတယ်။ ကြံ့ဖွံ့တွေ့ရင် ပေါက်ဖို့တဲ့။
သိန်းဂိန်။ ။ အဲဒါကြောင့် လောလောဆယ်။ ကျုပ်တို့ ၂ ယောက်ကို တင်ကျွေးထားဖို့ တောင်းပန်ပါတယ်ဗျာ။
ဖိုးရှုပ်။ ။ တင်ကျွေးထားတာက ရတယ်။ ဒီ အနံ့ကြီးတွေ မခံနိုင်တာက ဆိုးတယ်ဗျ။ ကြွက်စုတ် … မင်း ခေါ်ထားလိုက်။
ကြွက်စုတ်။ ။ အာ … ဒီလောက်နံတဲ့ ချီးထုပ်ကြီးတွေကို ငါလည်း လက်မခံနိုင်ဘူး။ မင်းပဲ ခေါ်ထားလိုက်။
ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ သူခေါ်ထား၊ ငါခေါ်ထားနှင့် အငြင်းပွားနေကြစဉ် ဦးရုက္ခစိုးက နတ်တို့တန်ခိုးဖြင့် ကိုယ်ယောင်ဖျောက် ရှောင်ထွက်သွားပြီ ဖြစ်သည်။ ထိုစဉ် သူတို့နံဘေးမှ “ဝုန်း” ခနဲ ပေါက်ကွဲသံကြီးနှင့်အတူ မီးရှူး မီးပန်းကြီးတခု လွှတ်တင် လိုက်သည်ကို အခွင့်ကောင်းယူ၍ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ လွိုင်ကထုံ လူအုပ်ကြီးကြားထဲ အတင်း တိုးဝင် ပြေးပုန်းကြ သောကြောင့် ချီးထုပ် ၂ ယောက်သာ ငေါင်စင်းစင်းနှင့် ကျန်ရစ်ခဲ့ကြလေတော့၏။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
Wednesday, November 24, 2010
What Now and What Next?

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ချုလာလောင်ကွန်း တက္ကသိုလ်ရှိ လုံခြုံရေးနှင့် နိုင်ငံတကာ လေ့လာရေး ဌာန (ISIS) မှာ ယမန်နေ့က မြန်မာ့အရေး ဆွေးနွေးပွဲတခု လုပ်သွားပါတယ်။ Post-Election Burma/Myanmar: What Now and What Next? ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။
ဧရာဝတီက အယ်ဒီတာ ကိုအောင်ဇော်၊ ဗဟု ဖွံ့ဖြိုးရေး အင်စတီကျုက ကိုအောင်နိုင်ဦး၊ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးခွန်ဆိုင်းနဲ့ ISIS က ဒါရိုက်တာ ဒေါက်တာ သီတီနန် တို့က ဦးဆောင် ဆွေးနွေးကြပါတယ်။
ကိုအောင်ဇော်က မကြာသေးမီက ပြီးစီးသွားတဲ့ ရွေးကောက်ပွဲ၊ နယ်စပ်တိုက်ပွဲများနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှု ကိစ္စများကို ဆွေးနွေးခဲ့ပါတယ်လို့ ပြောပါတယ်။
သီတင်းပတ် ၁ ခု၊ ၂ ခုအတွင်းမှာ ဆက်တိုက်ဖြစ်ခဲ့တဲ့ အဲဒီအဖြစ်အပျက်များဟာ နိုင်ငံတကာကို သင်ခန်းစာတွေ ပေးခဲ့တယ်လို့ ကိုအောင်ဇော်က ပြောပါတယ်။
ရွေးကောက်ပွဲဟာ “နေ့ခင်းကြောင်တောင် ဓားပြတိုက်မှု” တခုသာ ဖြစ်ကြောင်း၊ နယ်စပ်တိုက်ပွဲ အစဟာလည်း အဝေမတည့်တာထက် ရွေးကောက်ပွဲကြောင့် ဖြစ်ရတာ ဖြစ်ကြောင်း ပြောသွားပါတယ်။
ရွေးကောက်ပွဲကို အကောင်းမြင် မျှော်လင့်ထားသူတွေဟာ ရွေးကောက်ပွဲ အပြီးမှာ အရှက်ကွဲ၊ မျက်နှာမလှ ဖြစ်ကြရကြောင်း၊ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင် လုပ်ဖို့ လိုကြောင်းလည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ခေါင်းဆောင်အနေနဲ့ ပေါ်လာပြီး လူငယ်နဲ့ တိုင်းရင်းသားများရဲ့ ထောက်ခံမှုကို တခဲနက်ရရှိနေကြောင်း၊ သို့သော်လည်း အချိန်မရွေး ပြန်အဖမ်းခံရနိုင်ကြောင်းလည်း ပြောဆိုသွားပါတယ်။
တောင်ဒဂုံမှာ HIV/AIDS ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်နေတဲ့ NLD လူမှုအထောက်ပြုအဖွဲ့ရဲ့ ဂေဟာကို ပြောင်းရွှေ့ဖို့ ဖိအားပေးတာ၊ ပြည်တွင်းဂျာနယ်တွေကို ဒေါ်အောင်ဆန်းစုကြည် သတင်းဖော်ပြတာနဲ့ ပတ်သက်ပြီး ဖိအားပေးတာတွေကိုကြည့်ရင် စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်မရှိတာ ထင်ရှားကြောင်း ကိုအောင်ဇော်က ပြောသွားပါတယ်။
နိုင်ငံတကာအနေနဲ့လည်း မြန်မာ့အရေးကိစ္စမှာ အဖြူအမည်း အပေါ်ယံ ကြည့်ဖို့ လွယ်ကူပေမယ့် နက်နက်နဲနဲ ကြည့်ရင် ရှုပ်ထွေးနေကြောင်း၊ ထိုနက်နဲ ရှုပ်ထွေးမှုအပေါ် အခွင့်ကောင်းယူပြီး ဒီမိုကရေစီ အင်အားစုများအပေါ် အထဲနှင့် အပြင် သွေးခွဲခြင်းမျိုး ရှောင်ကျဉ်သင့်ကြောင်း ထောက်ပြပြောဆိုသွားပါတယ်။ ဥပမာ Funding ကိစ္စတွေကြောင့် အထဲနဲ့ အပြင် ကွဲကြတဲ့ အဖြစ်မျိုးပါ။
ြုမန်မာပြည်ကိုကြည့်ရင် Need တွေကိုချည်း မကြည့်စေလိုကြောင်း၊ Strength ကိုလည်း ကြည့်စေချင်ကြောင်း၊ Need များက ပြောမဆုံးနိုင်အောင် ရှိနေတာကြောင့် လူထုနဲ့ လှုပ်ရှားမှုရဲ့ Strength ကို ကြည့်လျှင် အဖြေရှာဖို့ ပိုမိုလွယ်ကူနိုင်ကြောင်း ပြောသွားပါတယ်။


အထူးဒေသ ၄ အ၀င်ဂိတ် ပိတ်ထားရန် တြိဂံတိုင်းမှူးညွှန်ကြား
“မနေ့ မနက်ကစပြီး တာ့ပင်းတံတားဂိတ်ကို နအဖဘက်ကပိတ်လိုက်ပြီ။ ကုန်ရောင်းကုန်ဝယ်ပစ္စည်းတင်ကားအားလုံး သွားလာခွင့်ပိတ်ထားတယ်။ ဂိတ်မှာ ကား ၁၀ စီးလောက်တန်းစီနေတာ ကျော်လို့မရတော့ လှည့်ပြန်လာခဲ့ရတယ်” ဟု ကျိုင်းတုံကားသမားတစ်ဦးက ပြောပါသည်။
ကျိုင်းတုံ-မိုင်းလားကားလမ်းပေါ်ရှိ မိုင်းလားနယ်ဝင် တာ့ပင်းဂိတ်၌ ကုန်တင်ကားသွားလာမှုပိတ်ရန် တြိဂံတိုင်းစစ်ဌါန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးက ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောဆိုကြောင်း ၎င်းက ဆက်လက်ပြောပါသည်။
“တာချီလိတ်ကနေ မိုင်းလားကိုသွားမဲ့ ကုန်တင်ကားတွေလဲ ပိတ်ထားတယ်လို့ကြားတော့ လှည့်ပြန်လာကြတယ်” ဟု တာချီလိတ်ကားသမားတစ်ဦးကလည်း ပြောပါသည်။
တဖက်၌လည်း ၀ နယ်နှင့် မိုင်းလားနယ်အကြား နအဖထိန်းချုပ်နယ်မြေဖြစ်သော မိုင်းယန်းမြို့တွင်းနယ်မြေ (မြို့ပြင် မြောက်ဘက်ခြမ်း ၀ နယ်၊ တောင်ဘက်ခြမ်း မိုင်းလားနယ်မြေ)အား ည ၇ နာရီ မှမနက် ၆ နာရီ နေ၀င်မီးငြိမ်းအမိန့် ယနေ့တိုင်ထုတ်ပြန်ထားသည်ဟုဆို၏။
“ညမထွက်ရအမိန့်တော့ ပြီးခဲ့တဲ့ ဧပြီလကတည်းကစခဲ့တာ။ အခုထက်ထိဘဲ။ ဒီအမိန့် ကာလရှည်ကြာထုတ်ပြန်ထား တော့ ပြည်သူတွေလဲစိတ်ညစ်တာပေါ့။ ကြောက်တဲ့သူကကြောက်။ တချို့လဲ စစ်ဖြစ်လာနိုင်တယ်လို့ထင်ပြီး တခြား ဒေသ ပြောင်းရွှေ့ဖို့စီစဉ်နေကြတာလဲရှိတယ်” ဟု တာချီလိတ်ရောက် မိုင်းယန်းဒေသခံတစ်ဦးက ပြောပါသည်။
၂၀၁၀ စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်ပြောင်းလဲမဖွဲ့လျှင် မတရားအသင်းဖြစ်သွား မည်ဟု နအဖကခြိမ်းခြောက်ထားသော်လည်း ၀နှင့်မိုင်းလားတပ်ဖွဲ့ကလက်မခံသဖြင့် ယနေ့တိုင် နှစ်ဖက်အခြေအနေတင်းမာနေဆဲဖြစ်သည်။
source:သျှမ်းသံတော်ဆင့်
စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ စစ်ယူနီဖောင်း

ဦးအလံမလှဲ
တလောက စစ်ဗိုလ်ချုပ်တွေ တထောကြီး အရပ်ဝတ်လဲလိုက်ရသည်။ ဤကိစ္စနှင့် ဆက်စပ်သည့်
အကြောင်းအရာတခုကို ဦးလေးကြီးက စကားပြောလို၏။
“စစ်ဗိုလ်ချုပ်တွေ စစ်ယူနီဖေါင်း အချွတ်ခံရတော့ သူတို့စိတ်တွေ ဘယ်လောက်ထိ ဗျောင်းဆန်ကုန်တယ်ဆိုတာ ပြောပြချင်တယ်”
ကိုတူမောင်၏ မှေးနေသောမျက်လုံးများက ပြူးသွားသည်။ စေ့ထားသောနှုတ်က ပွင့်သွားသည်။
“ဟာ..စိတ်ဝင်စားစရာကြီးပါလား”
“ဟုတ်တယ်..ကိုတူမောင်။ ဘယ်ဗိုလ်ချုပ်.. ဘယ်လိုဂျွမ်းပစ်သွားတယ်ဆိုတာကို ကြားရရင် ပိုပြီးတော့
စိတ်ဝင်စားရဦးမယ်။”
ဦးလေးကြီးက “ချောပါတယ်ဆိုကာမှ ရေမချိုးရသေးဘူး” လုပ်နေသည်။
“ကိုတူမောင်.. ရေ။ ဗိုလ်သိန်းစိန်က ဒီပွဲမှာဈေးဦးပေါက် အချွတ်ခံရတာ။ ဒါကြောင့်.. ဗိုလ်သိန်းစိန်အကြောင်းက စမယ်”
“နေပါဦး..ဦးလေးကြီး..ရဲ့။ ဗိုလ်သိန်းစိန်က ဗိုလ်သန်းရွှေမိသားစုရဲ့ လူယုံတော်မဟုတ်လား။ သားရေးသမီးရေးဆိုတဲ့ တကယ့်အတွင်းရေးကိုတောင် အတွင်းလူအဖြစ်နဲ့ ရှင်းပေးနေရတာ။”
“ဟုတ်တော့ဟုတ်တယ်..ကိုတူမောင်။ ဒါပေမယ့် ခုခေတ်စစ်တပ်ထဲမှာက ရဲဘော်ရဲဘက်ဆိုတာ မရှိတော့ဘူး။ ကိုယ်ကျိုးစီးပွါးသက်သက်ကိုပဲ ကြည့်ကြတော့တာ။ ဒီကနေ့အနီးဆုံးလူ ဖြစ်ပေမယ့် မနက်ဖြန် အဝေးဆုံးလူ ဖြစ်ချင်ဖြစ်သွားရော။ ဒီကနေ့အဝေးဆုံးလူက တော်ကြာ အနီးဆုံးလူဖြစ်ချင် ဖြစ်လာတာ။ ရှေးစကားရှိတယ်လေ၊မင်းခယောကျာ်း ကမ်းနားသစ်ပင် တဲ့။”
ဦးလေးကြီးက တရားသဘောကိုနှော၍ပြောပြီး စကားကိုဆက်သည်။
“ဗိုလ်သိန်းစိန်ရဲ့အဖြစ်က..ဒီလို။ ရွေးကောက်ပွဲ လုပ်မယ်သာဆိုတယ်၊ ဘယ်စစ်ဗိုလ်ချုပ်ကမှ အစိုးရအဖွဲ့ထဲက မထွက်ဘူး။ဒီတော့ ဝေဖန်ပြစ်တင်သံတွေက ဝုန်းဝုန်းဒိုင်းဒိုင်း ထွက်လာပါလေရော။ ကံကြမ္မာကဖန်လာတော့ ဗိုလ်သန်းရွှေက.. ဗိုလ်သိန်းစိန်ကို ချကျွေးလိုက်ရတယ်။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဝန်ကြီးချုပ်ဦးသိန်းစိန်ဖြစ်သွားပါလေရော။ဒီပွဲမှာ.. ဗိုလ်သိန်းစိန်က ပထမဦးဆုံး ဓါးစာခံအဖြစ်ခံသွားရတာ။ တကယ်တော့ ဗိုလ်သန်းရွှေက မိုးကြိုးပစ်တာကို ထန်းဖလက်နဲ့ ကာတာပါ။ အဲဒီတုန်းက ဗိုလ်သိန်းစိန် ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ ကိုတူမောင် တွေးကြည့်စမ်းပါ။”
ဦးလေးကြီးက ကိုတူမောင်၏ နှလုံးသားကို တို့ပေးလိုက်သည်။ ကိုတူမောင်က ငေး၍သာနေသည်၊ ဘာမျှမတုန့်ပြန်။သည်တော့.. ဦးလေးကြီးကပင် ရှေ့ဆက်လေသည်။
“ကိုတူမောင်..ရေ။ တရားအင်မတန်ကျဖို့ ကောင်းလိုက်တာ။ ဗိုလ်သိန်းစိန်ဟာ.. နောက်နေ့ဆို အရပ်သားဝတ်စုံကို ပြောင်းပြီးဝတ်ရတော့မယ်။ ဒါကြောင့် နောက်နေ့မရောက်သေးမီ ကာလအတွင်းမှာ စစ်ဝတ်စုံကြီးကို မချွတ်တော့ဘူး။တညလုံး စစ်ဝတ်စုံကြီးနဲ့ပဲ အိပ်တော့တယ်။”
“ဟာ..တကယ်ပဲလား.. ဦးလေးကြီး..ရဲ့။”
“ကိုတူမောင်က.. အရပ်သားကိုး။ ဗိုလ်သိန်းစိန်ရဲ့အဖြစ်ကို အရပ်သားတွေက ဘယ်လိုလုပ်ပြီးခံစား နားလည်နိုင်မှာလဲ။ဒီတော့.. သို့လော..သို့လော.. ဖြစ်ပြီပေါ့။ စစ်ဗိုလ်အချင်းချင်းကမှ ဘဝတူချင်းမို့ ခံစားနာလည်နိုင်တာ။”
ဦးလေးကြီးပြောတာ ဟုတ်သလိုလိုပါလားဟု ကိုတူမောင်က ဆင်ခြင်သမှုပြုမိ၏။ ဦးလေးကြီးကတော့ ပုံပေါ်အောင် ဆက်၍ဖေါ်လေသည်။
“စစ်ဗိုလ်လူတန်းစားဟာ စစ်ယူနီဖေါင်းကို အရင်းပြုပြီး သူဌေးသမီးကိုလည်း ယူနိုင်တယ်။ တက္ကသိုလ်ကဆရာမ၊ရုံးကြီးတွေက အရာရှိမတွေကိုလည်း ယူနိုင်တယ်။ ဆရာဝန်ချင်း အတူတူမို့.. ဟဲ..ဟဲ.. ယောကျာ်းဆရာဝန်ကို လင်မတော်ချင်တဲ့ ဆရာဝန်မတွေကိုလည်း ယူနိုင်တယ်..ဟဲ..ဟဲ..။ မင်္ဂလာဆောင်စရိတ်ကို ကိုယ်ကမထုတ်ရဘူး။ယောက်ခမလောင်းက ထုတ်ပေးတယ်..ဟဲ..ဟဲ..။ ဒါတွေက စစ်ဗိုလ်ဖြစ်စ.. အကင်းကလေးဘဝမှာ ရခဲ့တဲ့အခွင့်ထူး။ အဲ.. အကင်းကလေးဘဝက
အရင့်ကြီးဘဝရောက်ပြီး ဗိုလ်ချုပ်ဖြစ်လာတော့…..”
ဦးလေးကြီးက စကားကို တန်းလန်းလုပ်ပြီး အမောဖြေသည်။ ကိုတူမောင်ခမျာ.. မစပ်တငံ့.. စပ်တငံ့။ အမောကလေးပြေတော့ ဦးလေးကြီးက စကားစကို ဆက်သည်။
“အင်း.. ဗိုလ်ချုပ်ဖြစ်လာတော့ တချက်လွှတ်အာဏာ ရလာတယ်။ အဲဒီတချက်လွှတ် အာဏာကိုသုံးပြီး နံပါတ် (၁) လူတကာကို ဂတုံးပေါ် ထိပ်ကွက်၊ ဗိုလ်ကျစိုးမိုး လူပါးဝလို့ရလာတယ်။ နံပါတ် (၂) မမြင်ဘူး၊မကိုင်ဘူးတဲ့ဥစ္စာတွေ မတော်မတရား အလျှံပယ်ယူလို့ ရလာတယ်။ ဥစ္စာဆိုရာမှာ ရွှေ့ပြောင်းလို့မရတဲ့ဥစ္စာ၊ရွှေ့ပြောင်းလို့ရတဲ့ဥစ္စာ.. ဧရာမပိုင်ဆိုင်မှုကြီး။ အချုပ်စကားဆိုရရင် လက်ညှိုးညွှန်ရာ ရေဖြစ်တယ်..ဟဲ..ဟဲ..။ နတ်ဘုရားပေးတဲ့ အာဏာကို ပြဒါးရှင်လုံးလိုငုံပြီး ကောင်းကင်ဘုံက ဒိုက်ထိုးဆင်းလာတဲ့ မိုးကျရွှေကိုယ်လိုလို.. ဘာလိုလို..ဟဲ..ဟဲ..။”
ဦးလေးကြီးကဖေါ်တော့ အကြေင်းရင်းက.. အရှင်းသား အထင်းသားပေါ်လာလေပြီ။
“ကဲ..ကိုတူမောင်၊ ဒါကိုကြည့်ရင် စစ်ဗိုလ်လူတန်းစားဟာ ဇနီးမယားကို မက်မပြေသလိုပဲ၊စစ်ဗိုလ်ဘဝ တလျှောက် ဂုဏ်ယူဝင့်ကြွားပြီး ဝတ်လာခဲ့တဲ့ စစ်ယူနီဖေါင်းကို မက်မပြေအောင် မက်တော့တာပေါ့။”
“အင်း..ဦးလေးကြီးရေ၊ တကယ်တော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတာ ဒါပဲကိုး”
“ကိုင်း..ကိုင်း..ကိုတူမောင်၊ စကားဝိုင်းကိုရပ်ကြစို့။ နောက်စကားဝိုင်းကျရင် စစ်အရေခွံ အချွတ်ခံရလို့ ဆားအတို့ခံရတဲ့တီကောင်လို ထွန့်..ထွန့်.. လူးသွားတယ်ဆိုတာ ဗိုလ်ချုပ်ကြီးတယောက်က သက်သေခံပါလိမ့်မယ်။”
ကိုတူမောင်က မနေနိုင်မထိုင်နိုင် နှုတ်ဆော့လိုက်မိသည်။
“ဘယ်ဗိုလ်ချုပ်ကြီးပါလိမ့်”
“ဟင်း.. ကိုတူမောင်က စကားအနှိုက်ကောင်းသကိုး။ ကဲ..ကဲ.. နောက်စကားဝိုင်းမှာ သက်သေခံမယ့် ဗိုလ်ချုပ်ကြီး ဘယ်သူဆိုတာ အမြည်းကလေးသဘော ပြောပါ့မယ်။ နိုင်ငံတော်အကြီးအကဲကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့တကွ မယ်မယ်ကြီးမွှေးထုံသင်းကြိုင်တို့၏ မွေးစားသားဖြစ်တော်မူထသော ဗိုလ်ချုပ်ကြီးတဦးပါခင်ဗျား.. ဟား..ဟား..”
စစ်အစိုးရကို သရော်ထားတဲ့ ထာဝရနှင်းဆီ အငြိမ့်
ငါတို့နဲ့အတူ ဦးချကွာ


မင်း ... ထောင်ထဲမှာ ရှိမနေဘူးဆိုရင်
ဒီ ကြော်ငြာကိုဖတ်ပြီး “တို့တတွေ ၀ိုင်းကြစို့ကွာ” လို့။
သူငယ်ချင်း ရောင်းရင်းတွေကိစ္စ မှန်သမျှ ကိုယ်အား ဉာဏ်အားနဲ့ 
မင်း ပုံအောတတ်တာ ငါတို့ ယုံတယ်။
တို့အရင်၊ တို့နောက် အတန်းတွေ
ခဏခဏကန်တော့ခဲ့ကြပေမယ့်
တို့အတွက် ပထမဆုံးမို့ မင်းကို မျှော်မိရဲ့။
ဌေးကြွယ်...
အရိပ်ဖြစ်ဖြစ်၊ စိတ်ဖြစ်ဖြစ် ပို့သလို့
ငါတို့နဲ့အတူ ဦးချကွာ။
အောင်မျိုးထွန်း
၂၃- ၁၁- ၂၀၁၀
ပြည်သူတွေဟာ ကိုယ်နဲ့ တန်တဲ့ အစိုးရ ရအောင်လုပ်ရမယ်
နောင်ပေါ်ပေါက်လာမယ့် လွှတ်တော်အတွင်း အခင်းအကျင်းမှာ အုပ်ချုပ်ရေးအာဏာ (အစိုးရ)နဲ့ ဥပဒေပြု အာဏာ (လွှတ်တော်) တို့ဟာ အပြန်အလှန် ထိမ်းကျောင်းရေးဆိုတဲ့ (Check and Balance) ကျင့်စဉ် ရှိပါတယ်။ ဒီကျင့်စဉ်ကို ပီပြင်စွာ ကျင့်သုံးနိုင်မှုမှာ အားနည်းနေမယ်လို့ ယူဆကြတယ်။ အကြောင်းက လွှတ်တော်ထဲမှာ တစ်ပါတီတည်း ကြီးစိုးနေရာယူထားပြီး အစိုးရအဖွဲ့ကိုလည်း ဒီအနိုင်ရ ပါတီကြီးကပဲ ဖွဲ့စည်းမှာဖြစ်လို့ အပြန်အလှန် ထိမ်းကျောင်းမယ့်အစား “ပုလင်းတူဗူးဆို့” ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အာဏာကျင့်သုံးမှုတွေပဲ ဖြစ်နေမယ်လို့ ပြောနေကြပါတယ်။
အဲ့ဒီတော့ ဒီမိုကရေစီခေတ်ကို သွားတဲ့နေရာမှာ လူထုဟာ အရေးပါတဲ့နေရာမှာ ရှိပါတယ်။ လွှတ်တော်ထဲမှာ လူနည်းစုဖြစ်လို့ ဥပဒေကြမ်းအတည်ဖြစ်ရေး အဓိကနေရာမှာ မရှိပေမယ့် ပြည်သူအကျိုး အတွက် မှန်ရာကန်ရာကို အဲဒီလူနည်းစုကပဲ အဆိုပြုခွင့် ကန့်ကွက်ခွင့်တော့ ရှိနေပါတယ်။ လွှတ်တော် ထဲမှာ လူထုဘက်သား ကိုယ်စားလှယ်များက ကျယ်ကျယ်လောင်လောင် ရပ်ခံတင်ပြမှုကို သတင်းမီဒီယာ တွေနဲ့ လူထုအဖွဲ့အစည်းတွေက ဒီအဆိုတွေကို ထပ်ဆင့်ထောက်ခံမှုတွေ နိုင်ငံအနှံပြုလုပ်ကြမယ်ဆိုရင် လွှတ်တော်အတွင်းမှာ လူများစုနဲ့ အနိုင်ကျင့် ဥပဒေပြုမှုတွေကို လူထုနည်းနဲ့ ဟန့်တားရာ ရောက်မှာ ဖြစ်ပါတယ်။
လွှတ်တော်ထဲမှာ ဆုံးဖြတ်ပိုင်ခွင့် မရှိပေမယ့် ဒီလူထုအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာ အခန်းကဏ္ဍဟာ လွှတ်တော်ပြင်ပကနေ (Check and Balance) လုပ်ငန်းမျိုးကို ဆောင်ရွက်နိုင်မယ့် အနေအထားမှာ ရှိနေပါသေးတယ်။ ဒါကြောင့် လွှတ်တော်လုပ်ငန်းတွေကို (တကယ်စောင့်ကြည့်ဝေဖန်ရင်) အရေးပါမှာ ဖြစ်ပါတယ်။
ထူးခြားတာက ဒီလူထုအဖွဲ့အစည်းတွေရဲ့ ဝေဖန်ချက်တွေနဲ့ သတင်းမီဒီယာတွေရဲ့ မှန်ကန် တည်ကြည်စွာ ထောက်ပြရေးသား နိုင်မှုတွေဟာ အစိုးရအဖွဲ့ကိုသာမက လွှတ်တော်ကိုပါ စောင့်ကြည့် ဝေဖန်နိုင်ခွင့် ရနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်တွင်းရော၊ လွှတ်တော်ပြင်ပမှာပါ ဒီ (Check and Balance) အပြန်အလှန် ထိမ်းကျောင်းရေး ကျင့်စဉ်ကို ဖော်ဆောင်သွားရေးဟာ အရေးကြီးပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ နားမျက်စိသဖွယ် ပွင့်လင်းမြင်သာမှု ရှိစေပြီး အစိုးရကောင်း အုပ်ချုပ်ရေးနဲ့ မှန်ကန်တဲ့ ဥပဒေပြုရေးတွေကို ပြည်သူတွေရရှိစေဖို့ လမ်းကြောင်းအမှန် ရှိနေတယ်လို့ ပြောချင်ပါတယ်။ ပြည်သူတွေဟာ သူတို့နဲ့တန်တဲ့ အစိုးရကိုပဲ ရကြစမြဲပါ။ ရွေးကောက်ပွဲပြီးပြီ ဒါငါတို့နဲ့ မဆိုင်တော့ဘူး ဆိုတဲ့ သဘောမျိုး ထားရှိရင် ပြည်သူပိုင်တဲ့ အချုပ်အခြာ အာဏာကို အထိမ်းအကွပ်မရှိ အုပ်ချုပ်သူလက်ထဲ ၀ကွက်အပ်တာမျိုး ဖြစ်နေမှာပဲ။ ဒါဆိုရင် ဒီလိုလုပ်ရပ်နဲ့ တန်တဲ့ အစိုးရမျိုးပဲ ပြည်သူတွေရမှာ ဖြစ်ပါတယ်။
ရွှေခမောက် စာစောင် ,Vol:1- No:5 November 22, 2010
ပေးစာ - အငတ်မင်းများ ကြီးစိုးတော့မယ့် တိုင်းပြည်
မြန်မာပြည် အခြေအနေကတော့ အရင်လိုပါပဲ။ ကျောင်းဆက်မတက်နိုင်တဲ့ ကလေးတွေ များလာတာရယ်၊ အနှိပ်ခန်းနဲ့ နိုက်ကလပ်တွေမှာ ဆယ့်လေး ငါး ခြောက်နှစ်အရွယ် မိန်းကလေးတွေ ပိုများလာတာရယ် ကလွဲလို့ သိပ်ပြီးတော့ ထူးထူးခြားခြား မရှိလှဘူးလို့ ထင်ပါတယ်။ နောက်ပိုင်းကျရင်တော့ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံ ဖြစ်သွားမှာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်
ဒေါ်စုအတွက် အချိန် သိပ်မရှိတော့ဘူး။ အထဲကို ပြန်မရောက်အောင် နေရတော့မယ်။ သူ အထဲကို ပြန်ရောက်သွားရင် သူ့လို လူထုအင်အားကို အပြည့်အ၀ရတဲ့ နောက်တယောက် ထပ်ထွက်လာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်တစ်နေ့ ရွှေဂုံတိုင်ဌာနချုပ်မှာ လုပ်တဲ့ ဟောပြောပွဲကို ရောက်သွားသေးတယ်။ သူဟာ အရင်လိုပဲ လူထုရဲ့ ထောက်ခံမှုကို ရနေဆဲပါပဲ။ လူထုရဲ့ ဗိုလ်ချုပ်ကြီးတွေအပေါ် မကျေနပ်မှုတွေဟာ သူ့အတွက် အင်အားအဖြစ် ပြောင်းလဲသွားတယ် ဆိုသလိုမျိုးပါပဲ။ ခက်တာက သိတဲ့အတိုင်းပဲ၊ မြန်မာတွေရဲ့ ဒေါသဆိုတာက မိုးဦးကျမှာ ထွက်လာတဲ့ ဖားခုံညင်းကြီးလိုပဲ။ ဖိလိုက်မှ ဖောင်းတက်လာတာလေ။ သူ့အတိုင်းဆိုရင် သိပ်မသိသာလှဘူး။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း အရင်ကလောက် အင်အား မကောင်းတော့ဘူး။ ထောင်ထဲ ရောက်တဲ့သူတွေလည်း ပြန်မထွက်ရသေးဘူး။ သီးခြား ပါတီထောင်တဲ့သူကလည်း ထောင်ကြဆိုတော့ NLD မှာ ဖရိုဖရဲ ဖြစ်နေတယ်။
ဒေါ်စုအနေနဲ့ ဒါကို အရင်ဆုံး ပြန်ကိုင်တွယ်လိမ့်လို့ ထင်တယ်။ ပါတီဝင်အင်အား ပြည်လည်စုစည်းခြင်းလို့ ဆိုရမလားပဲ။ တရားတယ် မတရားဘူးဆိုတာ အသာထား။ NLD က တရားဝင် မဟုတ်တော့ဘူး။ လူပြန်စုရင် ပြဿနာတက်ဦးမှာပဲ။ မြေအောက်ဥပေပုဒ်မနဲ့ ငြိနိုင်တယ်။ ဒါကြောင့် ဒေါ်စုဟာ လူမှုဖွံ့ဖြိုးရေးနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဘက်ကို လှည့်ပြီး အားပြန်ယူနေတယ်လို့ ယူဆတယ်။
သူ လွတ်လာပြီး သိပ်မကြာဘူး။ HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ထားတဲ့နေရာကို သွားတယ်။ နောက်တရက် နှစ်ရက်ကြာတော့ ရပ်ကွက်ရုံးက ဂေဟာက ပုဂ္ဂိုလ်တွေကို ဧည့်သည် တရားမ၀င် လက်ခံထားတယ်ဆိုပြီး ဆင့်ထားတယ်။ သိပ်တော့ အကြီးအကျယ် မဖြစ်လောက်ဘူး၊ အာဏာစက် နည်းနည်းပါးပါး ပြယုံလောက်ပါပဲလို့ ထင်တယ်။ ဒါ အာဏာပိုင်တွေဘက်က ပထမဆုံး စပြီး လုပ်တဲ့ စွက်ဖက်မှုပါပဲ။
ဒေါ်စု အနေနဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ နားလည်မှု ရယူပြီး အင်အား တောင့်တင်းအောင် ဖြည့်ပြီးမှ ဆက်လုပ်မယ်လို့ ထင်ပါတယ်။ တလနှစ်လနဲ့တော့ ဖြစ်မှ မဟုတ်လောက်ပါဘူး။
ရွေးကောက်ပွဲအပြီးမြန်မာပြည်
နောက်ပြီးတော့ ရွေးကောက်ပွဲလုပ်ပြီးတဲ့နောက်မှာ မြန်မာပြည်နိုင်ငံရေး အင်အားစုတွေ ကွဲပြားသွားတယ်လို့ မြင်တယ်။
ပါတီတွေကလည်း အခုမှ ကယောင်ကတမ်းနဲ့ မတရားဘူးလေး ဘာလေး ပြောနေကြတယ်။ ပြောတယ်ဆိုပေမယ့် အော်ကြီးဟစ်ကျယ် လုပ်ရဲတာတော့ မဟုတ်ပါဘူး။ သူတို့ ထပ်တိုင်ရင် ငွေဆယ်သိန်း ထပ်ကုန်တာပဲ အဖတ်တင်မယ် ဆိုတာကို သဘောပေါက်သွားကြပြီ ထင်ပါတယ်။ ဆယ်သိန်းအကုန်ခံပြီး တိုင်ရင်လည်း ရှုံးဦးမှာပဲ။ နောက်ထပ် ဒဏ်ငွေ သုံးသိန်း အတပ်ခံရဦးမယ်။ အဲဒါကြောင့်မို့ ပိုက်ဆံမကုန်တဲ့ ရေဒီယိုတွေကနေပဲ အော်နေတယ်။
ကြုံရတဲ့ ရွေးကောက်ပွဲ အကြောင်း
စနည်းနာကြည့်တယ်။ ကျွန်တော်တို့ မြန်မာတွေမှာ “လုပ်လည်း ခံရမှာပေါ့” ဆိုပြီး အငုံ့စိတ်၊ ကြောက်စိတ် ၀င်သွားတာကို တွေ့တယ်။ ပြီးတော့ ကြံ့ဖွံ့က တောဘက်တွေမှာ မှတ်ပုံတင်လုပ်ပေးလို့ ခြင်္သေ့ကို မဲထည့်ခဲ့တယ်ဆိုတဲ့သူနဲ့ တွေ့ခဲ့သေးတယ်။ သူတို့ကတော့ အဲဒီမှတ်ပုံတင် ရတာနဲ့တင် ကျေနပ်နေကြပါပြီ။ ခါတိုင်းလို ခရီးသွားထောက်ခံစာ ယူဖို့ မလိုတော့ဘူးလို့လည်း ပြောကြတယ်။
ငိုအားထက် ရယ်အားသန်ဆိုသလိုပါပဲ။ ရွာတရွာမှာကျတော့ ကျေးရွာမဲကော်မရှင်က ရွာသားတွေကို မင်းတို့ ဒီ ခြင်္သေ့ဘေးမှာ အမှန်ခြစ်ရမယ်။ အမှန်ခြစ်ကလေး လေးခု ခြစ်ရမယ်လို့ ပြောတာကို ရွာသားတွေက သဘောမပေါက်ဘဲ မဲရုံထဲမှာ ဘောလ်ပင် မှင်စမ်းဖို့ ချထားပေးတဲ့ ဗလာစာရွက်ပေါ်မှာ အမှန်ခြစ်တဲ့သူက ခြစ်၊ တချို့က ခြင်္သေ့ဘေးက လေးထောင့်အကွက်ထဲမှာ အမှန်ခြစ် လေးခု တစ်ခါတည်း ခြစ်ပစ်ခဲ့တဲ့သူက ခြစ်နဲ့ အတော်ကလေးကို ကိုးယိုးကားယား ဖြစ်သွားတယ် ဆိုပဲ။ အဲဒါနဲ့ တရွာလုံးက ထည့်လိုက်ကြတဲ့ မဲတွေ အကုန်လုံးလိုလို ပယ်မဲ ဖြစ်သွားတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ အဲဒီရွာမှာ ကြံ့ဖွံ့က တစညကို နိုင်သွားတယ် ဆိုသတတ်။
ကြံ့ဖွံ့မောင်တွေကလည်း အခု အမတ်လုပ်ဖို့ တိုက်ပုံ ချုပ်နေကြပြီ။ မောင့်ကျက်သရေ ခေါင်းပေါင်းကြီးတွေ တကားကားနဲ့ အမတ်မင်းကြီးတွေပေါ့လေ။ လွှတ်တက်ပြီး ထင်ရာမြင်ရာ ပြောကြဖို့ ပြင်နေကြပြီ။ အဖေပြန်ပြောလို့ ကြားဖူးတာပဲ ရှိတယ်။ ကေဒါတွေ မဆလက ပေးတဲ နိုင်ငံရေး၊ စီမံခန့်ခွဲရေး သင်တန်း တက်ရသလို ကြံ့ဖွံ့တွေလည်း လက်ပူတိုက် သင်တန်းတွေ တက်ရတယ်ဆိုပဲ။
နိုင်ငံရေးအကျဉ်းသား
နိုင်ငံရေး အကျဉ်းသားဆိုပေမယ့် အာဏာပိုင်တွေဘက်က စွဲချက်တင်ထားတဲ့ ပုဒ်မတွေက နိုင်ငံရေးပြစ်မှု တခုမှ မပါဘူး။ ပြီးတော့ မြန်မာဥပဒေဆိုတာ သိတဲ့အတိုင်းပဲ။ CD ကိုင်ရင်လည်း အဖမ်းခံရတာပဲ။ အင်တာနက် သုံးရင်လည်း အဖမ်းခံရတာပဲလေ။ လမ်းလျှောက်ရင်းလည်း အဖမ်းခံရနိုင်တာပဲ။ အသက်ရှုတာတောင် အပြစ်လွတ်ရဲ့လား မသိပါဘူး။ အခုလည်း နိုင်ငံတကာကရော ပြည်တွင်းပြည်ပ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူတွေက ၀ိုင်းပြောနေကြတာပဲလေ။ သိပ်တော့ ထူးလာမှာ မဟုတ်လောက်ဘူး။
တတိယအင်အားစု
တတိယ အင်အားစုဆိုတဲ့ သူတွေလည်း အခုတော့ ဂျိုးပြော မိုးပြော လုပ်နေကြပါပြီ။ သူတို့ တပည့်တပန်းတွေကတော့ ပြောတုန်းဆိုတုန်းပဲ။ အခုလည်း နိုင်ငံရေးကို လွတ်လွတ်လပ်လပ် ပြောခွင့်ရပြီလို့ ဆိုတဲ့သူက ဆိုတုန်းပဲ။ နောက် ငါးနှစ်အကြာမှာ ဖြစ်ပေါ်လာမယ့် အခြေအနေတွေအတွက် စိတ်ရှည်သည်းခံရမယ်ဆိုတဲ့ ဦးခန္တီ တချို့လည်း ကျန်သေးတာပေါ့လေ။ အခြေအနေကတော့ ဘာမှ ထူးမလာဘူးဆိုတာကို လူတိုင်း သိကြတာပဲလေ။ ပညာရှင်တွေ ပညာရှိတွေပဲ မသိကြတာပါ။
တိုင်းရင်းသားအရေး
မြန်မာတွေ ခမောက်လုလိုက်၊ ဒေါင်းဖမ်းလိုက်၊ ခြင်္သေ့ကို ဆဲလိုက် လုပ်နေတဲ့ အချိန်မှာ တိုင်းရင်းသားပါတီတွေက အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံပြီး အင်အားပြလိုက်ပြီ။ အခုလည်း ဒေါ်စုကို ဒုတိယပင်လုံညီလာခံမှာ ခေါင်းဆောင်အဖြစ် ရွေးလိုက်တယ် ကြားတယ်။ သူတို့ကို အခုအချိန်ထိ မဖမ်းသေးဘူး။ လွှတ်ပေးထားတုန်းပဲ။
ထွေရာလေးပါး
မြန်မာပြည် စီးပွားရေးတော့ မသိဘူး။ နောက်နှစ်မှာ စပါးဈေး၊ ဆားဈေးတက်ဖို့ အကြောင်းရှိတယ်။ မုတ်သုန်မုန်တိုင်းတွေ နှိပ်စက်တာကြောင့်ပါ။ အခုတောင် ဧရာဝတီတိုင်းက နေရာတချို့မှာ ဆန်ကွဲ ကျိုသောက်နေရတဲ့သူတွေ ရှိတယ်။ တနေ့က နယ်မှာတွေ့ခဲ့တယ်။ ကလေးတယောက်၊ သူ့အိမ်က မနက်စာထမင်းကို ကျောင်းမတက်ခင် ချက်ဖို့ အဆင်မပြေဘူး။ မိဘတွေက လက်လုပ်လက်စားတွေကိုး။ ကလေးက တနေ့လုံး ဗိုက်ဟောင်းလောင်းနဲ့ ကျောင်းတက်။ ညနေ ကျောင်းဆင်းတော့မှ ထမင်းစားရရှာတယ်။ အတန်းဖော်တွေက ထမင်းလေး ဘာလေး မျှတကျွေးရင်တော့ တလုပ်တဆုပ် စားရတာပေါ့။ နောက်ဆုံးတော့ အခု အတန်းတင် စာမေးပွဲ ဖြေဖို့ သုံး လေးလ လိုတော့မှ ကျောင်းထွက်သွားရတယ်။
ဒီ အငတ်မင်း ဆိုတဲ့ ကဗျာ ဖတ်လို့ ကောင်းတယ်။ နွယ်စိုးဆိုတဲ့ နာမည်နဲ့ ၉၁ ဌာန အုပ်ချုပ်ရေး ခေတ်တုန်းက မြန်မာ့အလင်း နှစ်သစ်မင်္ဂလာ သတင်းစာမှာ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခ ဦးမျိုးမင်းက ရေးခဲ့တာ ဆိုပဲ။ အခုလည်း ၂၁ ရာစု မြန်မာ့အမတ်တွေ ဒီလိုပဲ လုပ်ကြဦးမှာပါပဲလေ။
အငတ်မင်း
အငတ်သင်းပါဘိ၊
အမတ်မင်း ကိုယ်စားလှယ်တို့၊
အချိုဆွယ် လိုဘွယ်စကားတွေနှင့်၊
စားကြပေါ့ တိုင်းပြည်ငွေ၊
ဇွတ်မရှက်နိုင်ဘု၊
လွှတ်တက်ကာ စားမာန်ဖီကြ၊
ဟန်ကပြီ လစာကြေးရယ်လို့၊
ကြည်အေးစွာ အသာယူပေါ့၊
ချုပြာဖြူ ကျုပ်တို့မွဲပေမဲ့၊
ဆင်းရဲသူ ပဒေသာက၊
ချွေတာကာ သူတို့စားမယ်တဲ့၊
အားရပါပေ၊
မတ်မဟုတ်ရင်က၊
ဗျတ်စုတ်မှာ ထမင်းရေနှင့်၊
အာသာပြေ လွေးမဲ့မျိုးတွေက၊
ဂုဏ်ဖြိုးကာ ကိုယ်စားလှယ်မို့၊
ဟော်တယ်မှာ ပျော်ပျော်မြူနိုင်ဘို့၊
စိတ်ကူးဖြင့် ယဉ်ရှာလေ၊
တို့ငွေကွဲ့ မတ်မင်း။ ။
တားမရပြီဘု၊
စားဝလျှင် မြိတ်အီလို့၊
ဇိမ်အဆီယစ်ကာ အိပ်ပါလိမ့်၊
မွတ်သိပ်သူ ပြည်မှာ ဆူတော့၊
ကုလားဖြူမင်းထံ ကြို့နိုင်ဘို့၊
ဆို့ ဟဲ့ အပင်း။ ။
နွယ်စိုး
ဦးတင်ထွဋ် မိသားစု နေပြည်တော်မှ အပြန် ယာဉ်တိမ်းမှောက် သေဆုံး
နေပြည်တော်မှ ရန်ကုန်အပြန် ပဲခူးမြို့အနီး မိုင်တိုင်အမှတ် ၆၁ အနီးတွင် ကားဘီးပေါက်ရာမှ အရှိန်လွန်ကာ ကားတိမ်းမှောက်ခဲ့ပြီး ဦးတင်ထွဋ် ၊ ဇနီး ၊ သားနှင့်သမီး မိသားစု လေးဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက"သူက စင်ကာပူက ကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး ဆက်သွယ်ရေးတာဝါတိုင်တွေ ထောင်ပေးတဲ့လုပ်ငန်း လုပ်နေသူပါ။ သူ့သားကလည်း စင်ကာပူကနေ ပြန်လာတာ မကြာသေးဘူး။ မိသားစုလေးဦးစလုံး နေပြည်တော်က အပြန်မှာ ကားမှောက်သေဆုံးခဲ့ကြရတာ"ဟု ဆိုသည်။
ယခုနှစ်ဆန်းပိုင်းက ရန်ကုန်-နေပြည်တော်ကားလမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ မြေးတဦး သေဆုံးခဲ့ရသည်။
နေပြည်တော်ကားလမ်းသည် ယာဉ်မတော်တဆမှု အဖြစ်များကြောင်း သွားလာနေသူများက ပြောဆိုကြသည်။
ရွှေတိဂုံဘုရား သွားဖူးတဲ့ သားအမိ




ဒီနေ့မနက် ၇ နာ၇ီ ၁၀ မိနစ်လောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ် အဲရစ္စတို့ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ကနေ စေတီတော်ရင်ပြင်ဆီ NLD လူငယ်များနဲ့အတူ တက်ရောက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုထိန်လင်းတို့ရဲ့ သက်ဆိုင်ရာ မွေးနေ့ထောင့်များမှာ ရေသပ္ပယ်ခြင်း၊ ပန်းဆီမီး လှူဒါန်းခြင်းများ ပြုလုပ်ပြီး ဘုရားပေါ်ရှိ ဘုရားလာရောက်ဖူးမြော်သူများကို နှုတ်ဆက်ပါတယ်။ ၈ နာရီလောက်မှာ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ကနေပဲ နေအိမ်ကို ပြန်သွားပါတယ်။















