Saturday, October 16, 2010
ဒေါ်အောင်ဆန်းစုကြည် မဲထည့်ရန် ငြင်းဆိုသည့် သတင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာ အများအပြားက ဖေါ်ပြ
ဒေါ်အောင်ဆန်းဟုကြည် မဲထည့်ရန် ငြင်းဆိုခဲ့သည့် သတင်းကို အင်္ဂလိပ်လို ရေးသား ထုတ်ဝေသော The Independent, The New Age, Thefinancialexpress တို့တွင် ဖေါ်ပြခဲ့သည် သာမက တခြား ဘင်္ဂလီ သတင်းစာကြီးများ ဖြစ်ကြသော Prothom-alo, Amardesh, Samakal, Janakantha, Kalerkantho, Jaijaidin, Dainikdestiny သတင်းစာများ အပါအ၀င် ဒေသထုတ် ဘင်္ဂလီ သတင်းစာ တစ်ရာ နီးပါးတွင် ဖေါ်ပြခဲ့ကြောင်း သိရသည်။
ဒက္ကားမြို့ Press Club မှ တာဝန်ရှိသူ တစ်ဦးကို သတင်းစာ အများအပြားက ဒေါ်စု မဲထည့်ရန် ငြင်းဆိုသည့် သတင်းကို မည်သည့်အတွက်ကြောင့် ဘင်္ဂလာဒေခ်ျ့ သတင်းစာ အများအပြားက ဖေါ်ပြရာပါသလဲဟု မေးကြည့်ရာ သူက “ ဘင်္ဂလာဒေခ်ျ့နိုင်ငံ ပြည်သူတွေက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရတော့မယ်။ ရွေးကောက်ပွဲ ဖြစ်တော့ မယ်ဆိုပီး ဒီလိုဘဲ ယေဘူယျ သိနေကြပါတယ်။ ရွေးကောက်ပွဲ ဖြစ်ရင် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ခွင့်ရမယ်။ သူတို့ဘဲ အနိုင်ရမယ် ဆိုပီး သိနေကြပါတယ်။ ခုတော့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ခွင့်မရတဲ့ အပြင် ဆက်ဖမ်းဆီးထားတယ်။ မဲထည့်မှာကိုလည်း ဒေါ်အောင်ဆန်းဟုကြည်က ငြင်းပယ်တယ်ဆိုတော့ အခုလာမယ့် ရွေးကောက် ပွဲဟာ ရွေးကောက်ပွဲ အစစ်မဟုတ်ဘူး။ အတုအယောင် ဖြစ်တယ်ဆိုတာကို ဘင်္ဂလာပြည်သူတွေကို အသိပေးလိုတဲ့ အတွက် ခုလို ဒေါ်အောင်ဆန်းစုကြည် မဲထည်ဖို့ ငြင်းဆိုတဲ့ သတင်းကို သတင်းစာ အားလုံးက တညီတညွှတ်တည်း ဖေါ်ပြကြတာ ဖြစ်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
မီပူရ် ၁၀ နံပတ် မြို့နယ် ဖုံးဆိုင် တခုမှ ဘင်္ဂလီ ပညာတတ် လူငယ် တစ်ဦး ဖြစ်သူ မိုနီးကလည်း “ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ နိုင်ငံမှာ လူတိုင်းက သိပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ လုပ်မှာ ကိုတော့ လူအနည်းငယ်ကဘဲ သိပါတယ်။ ခုလို သတင်းစာတွေ အများအပြားမှာ ဖေါ်ပြကြတော့ မြန်မာနိုင်ငံက နောက်ဆုံး အခြေအနေကို သိရတဲ့ အတွက် ကောင်းတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
အဆိုပါ သတင်းကို AFP နှင့် AP သတင်းများကို ကိုးကားပြီး ဘင်္ဂလာ သတင်းစာများက ပုံနှိပ် ဖေါ်ပြခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ သတင်းစားများက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲထည့်ခွင့်ပြုကြောင်း သက်ဆိုင်ရာမှ များမကြာမှီက လာရောက် အကြောင်းကြားခဲ့ကြောင်း ဖေါ်ပြသည်။
၎င်းပြင် ဒေါ်အောင်ဆန်းစုကြည်မှ သူမကို မဲပေးခွင့်ပြုခြင်းမှာ စစ်အစိုးရက ထုတ်ပြန် ထားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် လွဲချော်မူ ရှိနေသဖြင့် သူမ အနေဖြင့် မဲပေးမှာ မဟုတ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်ဟု သတင်းစာများက ရေးသားသည်။
မြန်မာနိုင်ငံတွင် နအဖ စစ်အစိုးရ၏ လက်ရှိ ရွေးကောက်ပွဲ ဥပဒေတွင် လက်ရှိ ထောင်ဒဏ် ကျခံနေရသူများနှင့် ပြစ်ဒဏ် စီရင်ခံရသူများ အနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မရှိကြောင်း ဖေါ်ပြထားသဖြင့် ထောင်ဒဏ်ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်ရန် အခွင့်အရေး ပေးခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်မှာ ထောင်ကျနေခြင်း မဟုတ်ကြောင်း ကမ္ဘာသို့ လိမ်လည် လှည့်ဖျား လို၍ ဖြစ်ကြောင်း သတင်းစာများက ရေးသား ဖေါ်ပြကြသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
ဝေဖန်သူ တပ်သားကို တပ်ရင်းမှူးက အသေပစ်သတ်ပြီး ကိုယ်ဝန်ဖြင့် ကျန်ခဲ့သူ ဇနီးကို တပ်ရင်းမှ နှင်ထုတ်
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပစ်သတ်ခံရသူ တပ်သား၏ ဆွေမျိုး တစ်ဦးက ယခုကဲ့သို့ ပြောသည်။
“ ဖြစ်တာက ပုဏ္ဍားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အေးနိုင်နဲ့ တပ်စု တစ်စု အိန္ဒိယ နယ်စပ် ရှေတန်းကို သြဂတ်စ်လ အတွင်းက သွားရောက်တဲ့ အခါ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲသလို ရှေ့တန်းကို သွားတဲ့ အခါ တပ်ရင်းမှူးက ကျေးရွာသားတွေကို အထမ်းသမား ပေါ်တာ ဆွဲသလို တချို့ကျေးရွာတွေက သမီးပျိုတွေဟာ တပ်ရင်းမှူးကို ပျိုတော် ဆက်ခဲ့ရတယ်လို့ သိရပါတယ်။ အဲသလို လုပ်တဲ့ အပေါ် တပ်သား ဦးရွှေသိန်းက တပ်ရင်းမှူးကို ဝေဖန်တဲ့ အတွက် တပ်ရင်းမှူးက မကျေနပ်တာကြောင့် သူနဲ့ အတူ ရှိနေတဲ့ တပ်သား ၁၀ ဦးကို မသေမချင်း ရိုက်သတ်ခိုင်းခဲ့တယ်။ တပ်သားတွေ ရိုက်သတ်တဲ့ အတွက် သေလု မျောပါး ဖြစ်နေတဲ့ အခါ တပ်ရင်းမှူးက သူ့ကို သေနတ်နဲ့ အသေပစ် သတ်ခဲ့ပါတယ်။”
ဦးရွှေသိန်းကို သတ်ပြီးနောက် အလောင်းကို ဖျောက်ဖျက်ပစ်ကာ ဦးရွှေသိန်းမှာ လက်နက်ဖြင့် ထွက်ပြေးသွားကြောင်း အထက်သို့ အစီရင်ခံထားသည်ဟု သိရသည်။ ၎င်းပြင် ဦးရွှေသိန်းအား သတ်ရာတွင် ပါဝင်ခဲ့သူ ရဲဘော် ၁၀ ဦးကိုလည်း အဆိုပါ သတင်း လုံးဝ မပေါက်ကြားရန် တပ်ရင်းမှူး အေးနိုင်က သစ္စာရည် တိုက်ထားသည်ဟု သူက ပြောသည်။
“ အဲသလို သတ်ပစ်ခဲ့တာကို မကျေနပ်တဲ့ စစ်သားတွေက သူတို့ရဲ့ ဇနီးမယားတွေကို ပြောရာကနေ ဒီသတင်း ထွက်လာတာ ဖြစ်ပါတယ်။ အခုက ဒီသတင်းက တအားကို ပျံ့နေပါပြီ။ လူတိုင်းလိုလို သိနေကြတော့ စိတ်မကောင်း ဖြစ်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။
ဦးရွှေသိန်းမှာ ပုဏ္ဍားကျွန်းမြို့နယ် ယိုးတရုတ် ကျေးရွာ ဇာတိ ဖြစ်ပြီး သူ့တွင် ၂ နှစ်အရွယ် သမီး တစ်ဦးနှင့် ဇနီး မဌေးဌေးဝင်း ကျန်ရစ်ခဲ့ပြီး မဌေးဌေးဝင်းမှာလည်း ကိုယ်ဝန် လွယ်ထားရသည်ဟု သိရသည်။
များမကြာမှီက အဆိုပါ တပ်ရင်းမှူး ဦးဆောင်သည့် တပ်စု ပုဏ္ဍားကျွန်း တပ်ရင်းသို့ ပြန်ရောက်လာပြီးနောက် တပ်ရင်းတွင် ကျန်နေခဲ့သူ ဦးရွှေသိန်း၏ ဇနီး မဌေးဌေးဝင်းကို စခန်းမှ နှင်ထုတ်လိုက်သည်ဟု သူက ဆက်ပြောသည်။
“ နှင်ယောင်္ကျားက သေနတ်ယူပြီး ထွက်ပြေးသွားတဲ့ အတွက် နှင်ကိုလည်း စခန်းထဲမှာ မထား နိုင်တော့ဘူး ဆိုပြီး နှင်ထုတ်လိုက်ပါတယ်။ အခု မဌေးဌေးဝင်းက ယိုးတရုတ် ကျေးရွာကို ပြန်ရောက်ရှိနေပါတယ်။”
ဦးရွှေသိန်း သတ်ဖြတ်ခံရသော သတင်းမှာ ယိုးတရုတ်၊ ပုဏ္ဍားကျွန်းနှင့် အဆိုပါ ဒေသအတွင်း ပျံ့နှံ့နေပြီး ဦးရွှေသိန်း၏ ဆွေမျိုးများကလည်း အဆိုပါ ဖြစ်ရပ်ကို တတ်သိ နားလည်သူများနှင့် တိုင်ပင်ပြီး နေပြည်တော်အထိ တိုင်းတန်းရန် စီစဉ်နေကြောင်း စုံစမ်း သိရှိရသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
သမီးအား မုဒိမ်းပြုကျင့်သော တပ်ကြပ်ကြီးကို ဖခင်ဖြစ်သူက ခုတ်သတ်၍ ပွဲချင်းပြီး သေဆုံး
နိရဉ္စရာမှ အဆိုပါ သတင်းအား လက်ခံရရှိပြီးနောက် ဆက်လက် စုံစမ်း မေးမြန်းရာ ကံစောက် ကျေးရွာသား တစ်ဦးက ယခုကဲ့သို့ ပြောကြားသည်။
“ ဖြစ်တာက ကျွန်တော်တို့ ကံစောက် ကျေးရွာနဲ့ တဖက်ကမ်း ခမီး အမျိုးသားတွေ နေထိုင်တဲ့ တောင်မင်း ကျေးရွာမှာ အောက်တိုဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကျေးရွာ ရယက အတွင်းရေးမှူး ဦးအောင်သာဖြူ သမီးကို ညဥ့်အိပ်နေစဉ် တပ်ကြပ်ကြီး တဦးက မုဒိမ်းပြုကျင့်ရာကနေ ဦးအောင်သာဖြူမှ ဓါးဆွဲပြီး ခုတ်တဲ့ အတွက် တပ်ကြပ်ကြီးက အဲဒီ အိမ်ပေါ်မှာဘဲ ပွဲချင်း သေဆုံး သွားခဲ့ပါတယ်” ဟု ပြောသည်။
သေဆုံးသွားသူမှာ တပ်ကြပ်ကြီး လင်းဇော်ဌေး ဖြစ်ပြီး ကံစောက် အခြေစိုက် ခလရ ၅၃၉ တပ်ရင်းမှ ဖြစ်သည်။
ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေကို သူက ယခုကဲ့သို့ ပြောသည်။
“ တပ်ကြပ်ကြီး လင်းဇော်ဌေးက ရယက အတွင်းရေးမှူး အိမ်မှာ တာဝန် အရ ခေတ္တ လာရောက် တည်းခို နေစဉ် ဖြစ်ပွားတာပါ။ အဲဒီ ၃ ရက်နေ့ ညဥ့် ၂ နာရီ လောက်မှာ အတွင်းရေးမှူး သမီး အိပ်နေတဲ့ ခြင်ထောင် ထဲကိုဝင် ပြီး အတင်းပြုကျင့်ပါတယ်။ သမီးအော်သံကို ကြားတော့ အဖေ အမေနဲ့ တခြား အိမ်နီး နားချင်းတွေ လာကြတယ်။ မုဒိမ်းကျင့်တာကို သိတော့ ဦးအောင်သာဖြူက ဓါးကိုယူပြီး ဦးခေါင်းကို ခုတ်တယ်။ ရွာသားတွေက ၀ိုင်းပီး ဓါးနဲ့ ထိုးပါတယ်။ ဒဏ်ရာ အကြီးအကျယ်ရ သွားပြီးတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်” ဟု သူက ပြောသည်။
မုဒိမ်းကျင့်ခံလိုက်ရသူ ရယက အတွင်းရေးမှူး သမီးမှာ အသက် ၂၄ နှစ် ရှိကြောင်းနှင့် သူမ အမည်မှာ မခိန်ရွှေ ဖြစ်ကြောင်း သူက ပြောသည်။
ရယက အတွင်းရေးမှူး ဦးအောင်သာဖြူမှာ အမှုခင်းဖြစ်ပွားခဲ့ သည့်နေ့ ကစပြီး ထွက်ပြေး ပုန်းရှောင် နေကြောင်း သိရသည်။
သေဆုံးသွားသူတပ်ကြပ်ကြီး လင်းဇော်ဌေး၏ အလောင်းကို နောက်တစ်နေ့တွင် ၎င်း၏ တပ်ရင်းတွင်ပင် မြုပ်နှံလိုက်ကြောင်း အဆိုပါ ကျေးရွာသားက ပြောကြားသည်။
အဆိုပါ ဖြစ်ပွားမူနှင့် ပတ်သက်ပြီး ကံစောက်ကျေးရွာက အမျိုးသမီး တစ်ဦးအား ဖုံးမှ တဆင့် ဆက်သွယ် မေးကြည့်ရာ သူမက “ ကျွန်မတို့ ကံစောက်ရွာမှာ ဖြစ်တယ်ဆိုပီး လူတွေက ခဏခဏ မေးနေကြပါတယ်။ ကျွန်မတို့ ကံစောက်မှာ ဖြစ်တာ မဟုတ်ဘူးရှင့်။ ခမီးတွေနေတဲ့ တောင်မင်းရွာမှာ ဖြစ်တာပါ။ ဖြစ်တာကိုတော့ ပြောနိုင်ပါတယ်။ ဘယ်လို ဖြစ်တယ်ဆိုတာ ကျွန်မတို့လည်း အတိအကျ မသိပါဘူး” ဟု ပြောသည်။
ကျောက်တော်မြို့နယ် ကံစောက်အနီး တွင် တောင်မင်းကျေးရွာ၊ ကြိမ်ချောင်းရွာ၊ ရွှေပန်းခိုင်ရွာ၊ ငှက်ယောင်ချောင်းရွာ၊ ဖက်ဝမ်းချောင်းရွာ၊ သိန်းချောင်းရွာ၊ ကင်ပိရွာ၊ ခမောင်းရွာ၊ သဲဝရွာ၊ ကျွမ်းသာယာရွာ၊ လီဂွေရွာတို့ တည်ရှိပြီး အဆိုပါရွာများတွင် ယခုကဲ့သို့ နအဖ စစ်သားများ၏ မတော်မတရား ပြုကျင့်ခြင်းကို အမျိုးသမီးများ အနေဖြင့် မကြာခဏ ခံနေကြရပြီး ယခု စစ်သား သေဆုံးမူမှာ ပထမဆုံး ဖြစ်သည်ဟု သိရသည်။
အလားတူ လွန်ခဲ့သည့် ဧပြီလ ၈ ရက်နေ့ကလည်း ပလက်ဝမြို့နယ်မှရခိုင်အမျိုးသမီးတဦးအား စစ်တွေအခြေ စိုက်ခလရ ၂၃၂ တပ်ရင်းမှ စစ်ဗိုလ်တဦးမှ အတင်း အဓမ္မပြုကျင့်မှုကို ခံခဲ့ရသော်လည်း အထက် အာဏာပိုင်များက တစုံတရာ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
ကြံ့ခိုင် ဖွံ့ဖြိုးရေး အမတ်လောင်းများကို မိုးကြိုးပစ်၍ လူထုများ ၀မ်းမြောက
-------------
ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အမတ်လောင်းများ စည်ရုံးရေး ဆင်းစဉ် အောက်တိုလာလ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မိုးကြိုး ပစ်ခံရခြင်း ဖြစ်သည်ဟု သိရသည်။
ကျောက်ဖြူ ဒေသခံအမျိုးသားတဦးက “ အာဏာကို မတရားယူမယ့် အကောင်တွေ မိုးကြိုးပစ်လို့ မသေတာ ကံကောင်းတယ်။ ဒီက ဒေသခံတွေက သူတို့ကို နတ်သတ်တာ ဖြစ်တယ်လို့ ပြောနေကြ တယ်။ သေအောင် သတ်ပစ်ရင် ပိုကောင်းမယ်ဆိုပြီး လူတွေက ၀မ်းသားအားရ ပြောနေကြပါတယ်။” ဟုပြောသည်။
ယခုမိုးကြိုးပစ်ခံရသူများမှာ ကျောက်ဖြူမြို့နယ် ကြံ့ဖွတ်ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွတ်တော် ကိုယ်စားလှယ်လောင်း ဦးဝေခိုင်နှင့် စည်းရုံးရေးမှူးများ ဖြစ်ကြသည့် ဦးထွန်းသွေးနှင့် ဦးကျော်ဆွေလွှင် တို့ဖြစ်သည်။
သူတို့မှာ ကျောက်ဖြူမြို့နယ် လှံပျောက်ရွာ၊ ပုဇိန်းပျောက်ရွာ၊ ရွာသစ်ကေ၊ ပွီးဖျားကျေးရွာနှင့် ကွမ်း ချောင်းဖျားရွာများတွင် စည်းရုံးရေးခရီး အပြီ်း မင်းဂံချောင်း ဆိပ်ကမ်းမှ အထွက်တွင် ယခုကဲ့သို့မိုးကြိုး ပစ်ခံရခြင်း ဖြစ်သည်။
မိုးကြိုးပစ်ခံရပြီးနောက် သူတို့သုံးဦးကို စက်လှေနှင့် ယူဆောင်ကာ ကျောက်ဖြူ ဆေးရုံသို့ ပို့ ဆောင်ခဲ့ရသည်ဟု သိရသည်။ ဦးကျော်ဆွေလွှင်မှာ ဦးခေါင်းတွင် ဒဏ်ရာရရှိသည့် အတွက် ၈ ချက်ချုပ်ရကြောင်းနှင့် တခြားနှစ်ဦးမှာ သတိမေ့ပြီး မိန့်မျောသွားခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။
မိုးကြိုးပစ်ခံရသည့် စက်လှေတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ခေါင်းဆောင် ၃ ဦး၊ စက်လှေမောင်းသား ၂ ဦး အပါအ၀င် စုစုပေါင်း လူ ၉ ဦး စီးနင်း လိုက်ပါပြီး အသေအပျောက် မရှိဟု သိရသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
တပ်ရင်းမှုးက တပ်သား ကို သေနတ် နှင့် ပစ်သတ်သည့် သတင်း စစ်တပ်ထဲတွင် တုန်လှုပ်ချောက်ခြား
ပြည်နယ် ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ မှ တပ်ရင်းမှုး က တပ်သား ဦးရွှေသိန်း ကို သေနတ်
နှင့် ပစ်သတ် သည် ဆိုသည့် သတင်းကြောင့် မြန်မာ စစ်တပ် ထဲရှိ အရာရှိငယ် ၊အရာခံ နှင့် အကြပ်
တပ်သားများ ကြားတွင် တုန်လှုပ် ချောက်ခြား လျှက် ရှိသည် ဟု Freedom News Group မှ
သိရှိရသည်။
ရန်ကုန် မြို့ သံလျှက်စွန်း ရေတပ် မှ တပ်သား တစ်ဦးက “ဟာ..ဒီလို ကိစ္စ က မဖြစ်သင့်ဘူး ချက်ခြင်း
အရေးယူ သင့်တယ်။ ကျွန်တော် တို့ လည်း ဒီကိစ္စ ကို အရေးယူဖို့ ဒါဘာ မှ တင်မယ် မရရင် ကာကွယ်
ရေး ဦးစီးချုပ် အထိ တင်မယ် ..စားစရာ မရှိ လို့ တပ်ထဲ ၀င်လာကြသူတွေ ကို ဒါမျိုး မလုပ် သင့်ဘူး
ဟု ပြောသည်။
တပ်သားဦးရွှေသိန်းမှာ တပ်ရင်းမှုး၏ ပေါ်တာဆွဲမှု ၊အမျိုးသမီးများ ကို ကိုယ်ထိလက်ရောက် စော်
ကားမှု များ ကို တပ်သား ဦးရွှေသိန်းမှ ဝေဖန် ရာ မှ ကျန်တပ်သား များ ကို ၀ိုင်းရိုက်ခိုင်းပြီး သူကိုယ်
တိုင် သေနတ် နှင့် ပစ်သတ် လိုက်ခြင်းဖြစ်သည် ဟု BBC သတင်း ဌာနတွင် ဖော်ပြထားသည်။
ယခင်တစ်ပတ် ကလည်း တနင်္သာရီတိုင်း နှင့် မွန်ပြည်နယ် နယ်စပ် ရေး မြို့ တောင်ဘက် ရွာတစ်
ရွာတွင် စစ်တပ်က အဘွားအို တစ်ဦးအား သေနတ် နှင့် ပစ်သတ်ပြီးနောက် ကျန်ရှိသည့် မိသား
စုဝင်များ ပင် ဆက်လက်နှောင့် ယှက်သည် ဟု ခောတ်ပြိုင်ဂျာနယ်တွင် ဖော်ပြထားသည်။
မြန်မာ စစ်တပ်မှ အရာရှိ တစ်ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလက ပဲခူး မြို့ မှ အပစ်မဲ့ လူငယ်
နှစ်ဦး ကို ပစ်သတ်ရန် အမိန့် ပေးခဲ့သည်။ထိုကဲ့သို့  အရပ်သား အား ပစ်သတ် မိန့် ပေး ခဲ့သည့် ဗိုလ်ကြီး
သိဒ္ဓိစိုး ကို အရေး ယူ ခြင်း မရှိပဲ နေပြည်တော်တွင် ပြောင်းရွှေ့ တာဝန်ချထားသည် ဟု သိရသည်။
မဲပေးပါ Quantcast မိခင် ဖြစ်သူ ကိုယ်တိုင် သမီးဖြစ်သူ နန်းဆုရတီစိုး ပျောက်ဆုံး နေသည် ဆို၍ အမှုဖွင့် တိုင်ကြားထားသည့် နန်းဆုရတီစိုး အား မြန်မာ နိုင်ရဲတ
(၁)
လူတွေရဲ့ နှလုံးသားမှာ
ထင်ရှားခဲ့တဲ့ လက်ရေးအတ္ထုပ္ပတ္တိတစ်ခုဟာ
သုညလေးတစ်လုံးကိုဆုပ်ကိုင်လို့
နိဂုံးချုပ်ခဲ့ပါပြီ။
အဲဒီအတ္ထုပ္ပတ္တိကို
ပုံနှိပ်ထုတ်ဝေဖို့ဖြစ်လာတဲ့အခါ
ဘယ်လိုနာမည်ပေးရမလဲ။
ခင်ဗျားက
အောင်မြေနင်းနိုင်ခဲ့သော အနုပညာရှင်၊
လူငယ်တွေရဲ့ အမှတ်တံဆိပ်၊
လူကြီးတစ်ချို့ ရဲ့ မျှော်လင့်ချက်၊
ဒီတိုင်းပြည်အတွက်လည်း
အရေးကြီးတဲ့ လူတစ်ယောက်ပါ။
ဒီလိုနဲ့ …
ဝဋ်ကြွေးရှိခဲ့တဲ့အတိုင်း
ခေတ်ကာလကို ဖျော်ဖြေခဲ့တယ်။
သေသူတွေရဲ့ အရိုးကိုကြည့်ဖို့
ရှင်သူတွေကို ခင်ဗျားတပ်လှန့်ခဲ့တယ်။
၁၃ နံပါတ်တွေအကြောင်းပြောပြီး
ကျွန်တော်တို့ ရယ်သွမ်းခဲ့ကြတယ်။
မဂ္ဂဇင်းတစ်စောင်က
“ယုံကြည်ချက်နဲ့ ဆက်တဲ့ မျိုးဆက်” ဆိုတော့
ခင်ဗျားပြုံးလိုက်တာကို
ကျွန်တော်မှတ်မိနေရဲ့ ။
(၂)
ကိုယ့်ကိုထိပါးစော်ကားလာရင်
ဘယ်ပညာရှိကြီးပဲဖြစ်ဖြစ် …
ဘယ်လောက်အင်အားများများ …
ဆတ်ဆတ်ထိမခံ တုံ့ပြန်တတ်တဲ့အကျင့်က
ခင်ဗျားရဲ့ မူပိုင်ပဲ။
ချွန်မြိနေတဲ့စဉ်းစားမှုတွေနဲ့
ခေါင်းမာခဲ့တာတွေလည်းရှိမယ်။
သိမ်မွေ့ နက်ရှိုင်းတဲ့နှလုံးသားနဲ့
ဝမ်းနည်းနာကျင်စရာတွေလည်းရှိမယ်။
ပုထုဇဉ်ပီပီ
သာမန်လူတစ်ယောက်လို
အရက်သောက်တယ်
အိမ်ထောင်ရေးမအောင်မြင်ဘူး။
အဲဒီလှပတဲ့ ရှုံးနိမ့်မှုမှာတော့
ခင်ဗျားက ကဗျာမဆန်ဘဲ
လူသားဆန်ခဲ့ပြန်တယ်။
(၃)
ဒဏ်ရာတွေကြားထဲကနေ
အနုပညာမှော်အတတ်နဲ့
ခင်ဗျားမျှော်မှန်းထားတဲ့လူ့ ဘောင်ကို
သဲလွန်စပေးခဲ့ပြီးပြီ။
ရဲရင့်သူတို့ဝိညာဉ်မှာ
ခင်ဗျားနာမည်က “ဟိန်း” နေပါလိမ့်မယ်။
အခုလို ..
သမိုင်းဝင်တန်ဖိုးတစ်ခု ကျကွဲသွားတာ
ကံ့ကော်မြေရဲ့ ၀မ်းနည်းမှတ်တမ်းပဲ
ကျွန်တော်တို့ရဲ့ လွမ်းသူ့ ပန်းခွေပဲ။
ခင်ဗျားမရှိတော့မှ
အမှတ်တရများစွာကို
အနက်အဓိပ္ပါယ်ဖော်ကြည့်မိပေါ့။
ရန်သူကတောင်
အသိအမှတ်ပြုရတဲ့အထိ
စွမ်းဆောင်နိုင်ခဲ့သူ၊
ဘယ်အရာမှာမဆို
အရှင်သခင်စိတ်နဲ့ နေထိုင်သူ၊
လုပ်ချင်တာကိုသာ လုပ်ခဲ့သူ၊
မလုပ်ချင်တာကို မလုပ်ဘဲနေရဲသူ …
အစွန်းအထင်းများခဲ့တဲ့
ကိုယ်ရေးရာဇ၀င်တစ်ခုဟာ
သေမင်းနဲ့ စစ်တုရင်ကစားရန်
ကိုယ်ပိုင်အလံလွှင့်ထူလို့
ထွက်ခွာသွားခဲ့ပြီ။ ။
မဲပေးပါ Quantcast မိခင် ဖြစ်သူ ကိုယ်တိုင် သမီးဖြစ်သူ နန်းဆုရတီစိုး ပျောက်ဆုံး နေသည် ဆို၍ အမှုဖွင့် တိုင်ကြားထားသည့် နန်းဆုရတီစိုး အား မြန်မာ နိုင်ရဲတ
(၁)
လူတွေရဲ့ နှလုံးသားမှာ
ထင်ရှားခဲ့တဲ့ လက်ရေးအတ္ထုပ္ပတ္တိတစ်ခုဟာ
သုညလေးတစ်လုံးကိုဆုပ်ကိုင်လို့
နိဂုံးချုပ်ခဲ့ပါပြီ။
အဲဒီအတ္ထုပ္ပတ္တိကို
ပုံနှိပ်ထုတ်ဝေဖို့ဖြစ်လာတဲ့အခါ
ဘယ်လိုနာမည်ပေးရမလဲ။
ခင်ဗျားက
အောင်မြေနင်းနိုင်ခဲ့သော အနုပညာရှင်၊
လူငယ်တွေရဲ့ အမှတ်တံဆိပ်၊
လူကြီးတစ်ချို့ ရဲ့ မျှော်လင့်ချက်၊
ဒီတိုင်းပြည်အတွက်လည်း
အရေးကြီးတဲ့ လူတစ်ယောက်ပါ။
ဒီလိုနဲ့ …
ဝဋ်ကြွေးရှိခဲ့တဲ့အတိုင်း
ခေတ်ကာလကို ဖျော်ဖြေခဲ့တယ်။
သေသူတွေရဲ့ အရိုးကိုကြည့်ဖို့
ရှင်သူတွေကို ခင်ဗျားတပ်လှန့်ခဲ့တယ်။
၁၃ နံပါတ်တွေအကြောင်းပြောပြီး
ကျွန်တော်တို့ ရယ်သွမ်းခဲ့ကြတယ်။
မဂ္ဂဇင်းတစ်စောင်က
“ယုံကြည်ချက်နဲ့ ဆက်တဲ့ မျိုးဆက်” ဆိုတော့
ခင်ဗျားပြုံးလိုက်တာကို
ကျွန်တော်မှတ်မိနေရဲ့ ။
(၂)
ကိုယ့်ကိုထိပါးစော်ကားလာရင်
ဘယ်ပညာရှိကြီးပဲဖြစ်ဖြစ် …
ဘယ်လောက်အင်အားများများ …
ဆတ်ဆတ်ထိမခံ တုံ့ပြန်တတ်တဲ့အကျင့်က
ခင်ဗျားရဲ့ မူပိုင်ပဲ။
ချွန်မြိနေတဲ့စဉ်းစားမှုတွေနဲ့
ခေါင်းမာခဲ့တာတွေလည်းရှိမယ်။
သိမ်မွေ့ နက်ရှိုင်းတဲ့နှလုံးသားနဲ့
ဝမ်းနည်းနာကျင်စရာတွေလည်းရှိမယ်။
ပုထုဇဉ်ပီပီ
သာမန်လူတစ်ယောက်လို
အရက်သောက်တယ်
အိမ်ထောင်ရေးမအောင်မြင်ဘူး။
အဲဒီလှပတဲ့ ရှုံးနိမ့်မှုမှာတော့
ခင်ဗျားက ကဗျာမဆန်ဘဲ
လူသားဆန်ခဲ့ပြန်တယ်။
(၃)
ဒဏ်ရာတွေကြားထဲကနေ
အနုပညာမှော်အတတ်နဲ့
ခင်ဗျားမျှော်မှန်းထားတဲ့လူ့ ဘောင်ကို
သဲလွန်စပေးခဲ့ပြီးပြီ။
ရဲရင့်သူတို့ဝိညာဉ်မှာ
ခင်ဗျားနာမည်က “ဟိန်း” နေပါလိမ့်မယ်။
အခုလို ..
သမိုင်းဝင်တန်ဖိုးတစ်ခု ကျကွဲသွားတာ
ကံ့ကော်မြေရဲ့ ၀မ်းနည်းမှတ်တမ်းပဲ
ကျွန်တော်တို့ရဲ့ လွမ်းသူ့ ပန်းခွေပဲ။
ခင်ဗျားမရှိတော့မှ
အမှတ်တရများစွာကို
အနက်အဓိပ္ပါယ်ဖော်ကြည့်မိပေါ့။
ရန်သူကတောင်
အသိအမှတ်ပြုရတဲ့အထိ
စွမ်းဆောင်နိုင်ခဲ့သူ၊
ဘယ်အရာမှာမဆို
အရှင်သခင်စိတ်နဲ့ နေထိုင်သူ၊
လုပ်ချင်တာကိုသာ လုပ်ခဲ့သူ၊
မလုပ်ချင်တာကို မလုပ်ဘဲနေရဲသူ …
အစွန်းအထင်းများခဲ့တဲ့
ကိုယ်ရေးရာဇ၀င်တစ်ခုဟာ
သေမင်းနဲ့ စစ်တုရင်ကစားရန်
ကိုယ်ပိုင်အလံလွှင့်ထူလို့
ထွက်ခွာသွားခဲ့ပြီ။ ။
မိခင် ဖြစ်သူ ကိုယ်တိုင် သမီးဖြစ်သူ နန်းဆုရတီစိုး ပျောက်ဆုံး
နေသည် ဆို၍ အမှုဖွင့် တိုင်ကြားထားသည့် နန်းဆုရတီစိုး
အား မြန်မာ နိုင်ရဲတပ်ဖွဲ့ မှ ခေါ် ဒဂုံ မြို့ နယ် ရဲစခန်း တွင်
ခေါ်ယူစစ်ဆေးမေးမြန်းနေသည် ဟု သတင်းရရှိသည်။
ထိုသို့ ခေါ်ယူ စစ်ဆေးမေးမြန်း ခြင်းမှာ အမှုဖွင့်တိုင်ကြား
ထားခြင်း အတွက် လုပ်ထုံးလုပ်နည်း အရလုပ်ခြင်းဖြစ်သည် ဟု
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှ တာဝန်ရှိ သူ တစ်ဦး ကပြောသည်။
“သူ့ ကို ပျောက်လို့ တိုင်ထားတယ် နောက် ပြန်ရောက်လာတယ်။
ဒီမှာ ကျွန်တော်တို့ အနေနဲ့ တာဝန်ရှိတာက ဥပမာ-ပြစ်မှု မြောက်တဲ့
ကျုးလွန်မှု တစ်ခု သူ ကို ကျုးလွန် ခဲ့တာ ရှိလားတို့  ဒါမှ မဟုတ် ခြိမ်း
ခြောက် ပြီး အဖြစ်မှန် ကို မပြောရဲအောင် ခြောက်လှန့် ထား
တာတွေ ရှိလား တို့ ကို ကျွန်တော်တို့ မေးရတာပါ။ ဘာဖြစ်လို့ လဲ
အခု လိုမျိုးမိန်းကလေး တွေ ပျောက်သွား တယ်နောက်
အိမ်ပြန်ရောက် လာတယ် တို့ ဆိုတဲ့ အမှု တွေ ဒီလ ပိုင်း
လောက်မှာကို ရန်ကုန်တိုင်း အတွင်းမှာ ၁၂ မှု လောက်ရှိနေတယ်။
ဒါကြောင့် ကျွန်တော်တို့ က လိုအပ်တဲ့ အရေးယူမှု
တွေ ဆက်လုပ်ရ အောင် စီစဉ် ရတာ ပါ ဟု အဆိုပါ အရာရှိ က Freedom News Group သို့ ပြောသည်။
နန်းဆုရတီစိုးက မူ သူမ ၏ မိခင် နှင့်စိတ်ဆိုး ပြီး အိမ်ပေါ်မှ ဆင်းခြင်းဖြစ်သည် ဟု ဆိုသော်လည်း ချစ်သူ နှင့်
လက်ထပ်ပြီး ခိုးပြေးသည့် သဘောဆောင် သည် လား သို့ မဟုတ် ထို့ ထက်ပို သည်လား ဆိုသည် ကို
ပြည်တွင်း သတင်းထောက် များက ဂျာနယ်များ တွင် ရေးခွင့် မရသော်လည်း စုံစမ်းဆဲ ဖြစ်သည် ဟု သိရသည်။
မြန်မာ နိုင်ငံတွင်းရှိ တက်သစ်စ နာမည် ကျော်ကြားမှု မရှိသေးသော (သို့ မဟုတ်) အနုပညာအရ မအောင်မြင်
သည့် နာမည် မကြီး တကြီး သရုပ်ဆောင်များ မှာ တစ်ဦး လျှင် အကြွေး သိန်းတစ်ထောင် ခန့် အနည်းဆုံးရှိ
သည် ဟု သိရသည်။
အပစ်အခတ် ရပ်စဲထားသော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကို ၁၆ နှစ်တာကာလ အတွင်း မြန်မာ စစ်အစိုးရက သောင်းကျန်းသူများဟု ပထမဆုံး အကြိမ် ခေါ်ဝေါ် သုံးနှုန်းလိုက
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့အခြေစိုက် ဗျူဟာမှူးက လယ်ယာခြံခင်းသို့သွားအိပ်စောင့်သော ရွာသားများအားတွေ့ ရှိပါက လျော်ကြေးမရှိ ပစ်သတ်မည်ဖြစ်ကြောင်း ကျေးရွာ အုပ်စုဥက္ကဌများအား ခေါ်ယူအမိန့်ချသည်ဟု သျှမ်းပြည် အလယ် ပိုင်း သတင်းရပ်ကွက်က ကြားသိရသည်။
“ဒီချိန်က စပါးမှည့်ချိန်ဆိုတော့ သွားမအိပ်စောင့်ရင် ကျွဲနွားတွေ ၀င်ဖျက်လို့ ရွာသားတွေ ငတ်ကုန်မှာပေါ့။ သွားအိပ်စောင့် ပြန်ရင်လဲ စစ်ကြောင်းလှည့်ရင်းတွေ့မိလို့ပစ်သတ်ရင် အလကား သေမယ်တဲ့။ ကျနော်တို့ရွာသားတွေအတွက် တော်တော် ဒုက္ခဖြစ်ရတယ်” - ၀မ့်ပုံအုပ်စုမှ ဒေသခံရွာသားတဦးကပြောသည်။
အပစ်ရပ် သျှမ်းပြည်တပ်မတော်မှ စစ်ရေးပြတပ်သားများ
မိုင်းရယ်မြို့ အရှေ့တောင်ဘက် ရပ်ကွက် ၃ နှင့်ကပ်ရက် အခြေစိုက်သည့် ခမရ ၃၂၅ တပ်ရင်းအတွင်းရှိ ဗျူဟာရုံးမှ ဗျူဟာ မှူး ကြည်မြင့်က ၀မ့်ပုံအုပ်စုဥက္ကဌအား ယခုလ ၁၂ ရက်က ခေါ်ယူ ပြောကြားခြင်းဖြစ်၏။
“၀မ့်ပုံအုပ်စုဝင် ၀မ့်ကတ်၊ ၀မ့်ကောင်း၊ ၀မ့်နားလီ၊ ၀မ့်မတ်မုန့်လိန်နဲ့ဟိုနမ့် ၅ ရွာမှာ ခမရ ၃၂၅ နဲ့ ခလရ ၆၇ က စစ်ကြောင်း လှည့်မွှေနှောက်မယ်တဲ့။ ၀မ့်ပုံအုပ်စုရဲ့ တောင်ဘက်ခြမ်း SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေရဲ့နယ်ခြား ခိုလောင်းအုပ်စု နားက ၀မ့်ဖြတ် ရွာမှာလဲ ခလရ ၂၂ ကျောက်မဲက တပ်စခန်းအသစ် ထပ်ချထားတယ်” ဟု မိုင်းရယ်မြို့မှ လူငယ်တဦးက ပြောသည်။
ဝမ့်ပုံအုပ်စုအတွင်း၌ စစ်ကြောင်းလှည့် SSA တပ်မဟာ ၁ အခြေချလှုပ်ရှားသည့် ခိုဆိုင်းကျေးရွာအုပ်စုကိုပါ အချိန်ပြည့် စောင့်ကြည့်နိုင်သောကြောင့် ဖြစ်သည်ဟု အဆိုပါလူငယ်က ဆက်ပြောပြ၏။
ခိုဆိုင်းကျေးရွာအုပ်စုတွင် ၀မ့်တာ့ပေါက်၊ ၀မ့်ခိုဆိုင်း၊ ၀မ့်ပန်ဟိုက်၊ ၀မ့်တာလန်၊ ၀မ့်တာ့ ဟတ်၊ ၀မ့်နမ့်အွန်၊ ၀မ့်ဆဲန်တော် ဟူ၍ ၈ ရွာရှိသည်။
nwes
ဇာဂနာ ဆေးကုသခွင့်ရ
အပစ်အခတ် ရပ်စဲထားသော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကို ၁၆ နှစ်တာကာလ အတွင်း မြန်မာ စစ်အစိုးရက သောင်းကျန်းသူများဟု ပထမဆုံး အကြိမ် ခေါ်ဝေါ် သုံးနှုန်းလိုက်သည်။
ယနေ့ထုတ် စစ်အစိုးရ သတင်းစာ၌ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အတွင်း မိုင်းနင်းမိသောကြောင့် အပြစ်မဲ့ ပြည်သူ နှစ်ဦး သေဆုံးပြီး တဦး ဒဏ်ရာရ ရှိခဲ့ကြောင်း ဖော်ပြသည့် သတင်းတွင် KIA ကို သောင်းကျန်းသူအဖြစ် သုံးနှုန်းထား ခြင်းဖြစ်သည်။ KIA သည် ၁၉၉၄ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။
KIA တပ်ဖွဲ့ဝင် အသစ်များ စစ်ရေး လေ့ကျင့်နေစဉ် (ဓာတ်ပုံ - AP)
ယခုကဲ့သို့ ပြောကြားလိုက်ခြင်းသည် မြန်မာစစ် အစိုးရနှင့် KIA တပ်များကြား နယ်ခြားစောင့်တပ် အသွင်းပြောင်းရန် အတွက် ဖိအားပေးချိန်လည်း ဖြစ်နေသည်။
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော ကချင် ပြည်နယ် တိုးတက်ရေး ပါတီ(KSPP)ကိုလည်း KIA တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည်ဟု ဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုခဲ့ပေ။
KSPP ကို ၂၀၀၉ ခုနှစ် မတ်လတွင် KIO ဒု ဥက္ကဋ္ဌဟောင်း ဒေါက်တာ မနန်တူးဂျာက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဇူလိုင်လတွင် နိုင်ငံ ရေးပါတီအဖြစ် တရားဝင် ဖွဲ့စည်းခဲ့သည်။
တချို့သော နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက ဒေါက်တာ မနန်တူးဂျာသည် KIO အဖွဲ့မှ နုတ်ထွက်ခဲ့ပြီး နိုင်ငံရေး ပါတီ ဖွဲ့စည်းခဲ့သောကြောင့် မှတ်ပုံတင်ခွင့် ချမပေးခြင်း ဖြစ်ကြောင်း သုံးသပ်ကြသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၃)၊ အပိုဒ် ၁၂(က)၊ အပိုဒ်ခွဲ(၃)၌ နိုင်ငံရေးပါတီ တရပ်အနေဖြင့် နိုင်ငံတော် အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် ပတ်သက်မှုရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဟု ဆိုထားသည်။
စက်တင်ဘာလ ၂၃ ရက်နေ့က ၎င်းတို့ ထိန်းချုပ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာဌာနချုပ် နယ်မြေအတွင်းသို့ ပျံသန်း ၀င်ရောက်လာသော နအဖ အစိုးရ၏ ရဟတ်ယာဉ် တစင်းကို KIA တပ်ဖွဲ့ဝင်များက သတိပေး ပစ်ခတ်ခဲ့ပြီးနောက် စစ် ရေးအရ နှစ်ဘက် တင်းမာခဲ့သည်။
KIAသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံကြောင်း စက်တင်ဘာလ ၁ ရက်နေ့က ငြင်းဆိုခဲ့ကြောင်း၊ ထိုသို့ ငြင်းဆိုပြီးနောက် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း နအဖတပ်များ မကျူးကျော်ရန် သတိပေးထားကြောင်း သိရသည်။
မြန်မာ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တချို့ကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ KIA အပါအ၀င် ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း)နှင့် ဝ ပြည် သွေးစည်း ညီ ညွတ်ရေး တပ်မတော်(UWSA) အဖွဲ့များက လက်မခံသဖြင့် စစ်ရေးအရ တင်းမာနေကြောင်းလည်း သိရှိရသည်။






စိုးရ က ထွင်လိုက်တဲ့ မြန်မာ နိုင်ငံ အလံသစ်