နေမင်းထွန်းမှသတင်းဖြင့်ကျေးဇူးဆပ်ပါသည်

Saturday, October 16, 2010

nwes

ကြံ့ဖွံ့ဆန့်ကျင်ရေး သဘောင်္ဆေးဖြင့်ရေး
ဇာဂနာ ဆေးကုသခွင့်ရ
အပစ်အခတ် ရပ်စဲထားသော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကို ၁၆ နှစ်တာကာလ အတွင်း မြန်မာ စစ်အစိုးရက သောင်းကျန်းသူများဟု ပထမဆုံး အကြိမ် ခေါ်ဝေါ် သုံးနှုန်းလိုက်သည်။

ယနေ့ထုတ် စစ်အစိုးရ သတင်းစာ၌ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အတွင်း မိုင်းနင်းမိသောကြောင့် အပြစ်မဲ့ ပြည်သူ နှစ်ဦး သေဆုံးပြီး တဦး ဒဏ်ရာရ ရှိခဲ့ကြောင်း ဖော်ပြသည့် သတင်းတွင် KIA ကို သောင်းကျန်းသူအဖြစ် သုံးနှုန်းထား ခြင်းဖြစ်သည်။ KIA သည် ၁၉၉၄ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

KIA-Soldier

KIA တပ်ဖွဲ့ဝင် အသစ်များ စစ်ရေး လေ့ကျင့်နေစဉ် (ဓာတ်ပုံ - AP)

စစ်အစိုးရက ကချင်လွတ်လပ်ရေး တပ်မတော်ကို သောင်းကျန်းသူအဖြစ် ပြောဆိုခြင်းနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲထား သော သဘောတူညီချက်အရ မကိုက်ညီကြောင်း ကချင် လွတ်မြောက်ရေးအဖွဲ့(KIO) လက်ထောက် အထွေထွေ အတွင်းရေး မှူး ဗိုလ်မှူးကြီး ဆင်ဝါက ဧရာဝတီသို့ ပြောသည်။

ယခုကဲ့သို့ ပြောကြားလိုက်ခြင်းသည် မြန်မာစစ် အစိုးရနှင့် KIA တပ်များကြား နယ်ခြားစောင့်တပ် အသွင်းပြောင်းရန် အတွက် ဖိအားပေးချိန်လည်း ဖြစ်နေသည်။

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော ကချင် ပြည်နယ် တိုးတက်ရေး ပါတီ(KSPP)ကိုလည်း KIA တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည်ဟု ဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုခဲ့ပေ။

KSPP ကို ၂၀၀၉ ခုနှစ် မတ်လတွင် KIO ဒု ဥက္ကဋ္ဌဟောင်း ဒေါက်တာ မနန်တူးဂျာက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဇူလိုင်လတွင် နိုင်ငံ ရေးပါတီအဖြစ် တရားဝင် ဖွဲ့စည်းခဲ့သည်။

တချို့သော နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက ဒေါက်တာ မနန်တူးဂျာသည် KIO အဖွဲ့မှ နုတ်ထွက်ခဲ့ပြီး နိုင်ငံရေး ပါတီ ဖွဲ့စည်းခဲ့သောကြောင့် မှတ်ပုံတင်ခွင့် ချမပေးခြင်း ဖြစ်ကြောင်း သုံးသပ်ကြသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၃)၊ အပိုဒ် ၁၂(က)၊ အပိုဒ်ခွဲ(၃)၌ နိုင်ငံရေးပါတီ တရပ်အနေဖြင့် နိုင်ငံတော် အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် ပတ်သက်မှုရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဟု ဆိုထားသည်။

စက်တင်ဘာလ ၂၃ ရက်နေ့က ၎င်းတို့ ထိန်းချုပ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာဌာနချုပ် နယ်မြေအတွင်းသို့ ပျံသန်း ၀င်ရောက်လာသော နအဖ အစိုးရ၏ ရဟတ်ယာဉ် တစင်းကို KIA တပ်ဖွဲ့ဝင်များက သတိပေး ပစ်ခတ်ခဲ့ပြီးနောက် စစ် ရေးအရ နှစ်ဘက် တင်းမာခဲ့သည်။

KIAသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံကြောင်း စက်တင်ဘာလ ၁ ရက်နေ့က ငြင်းဆိုခဲ့ကြောင်း၊ ထိုသို့ ငြင်းဆိုပြီးနောက် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း နအဖတပ်များ မကျူးကျော်ရန် သတိပေးထားကြောင်း သိရသည်။

မြန်မာ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တချို့ကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ KIA အပါအ၀င် ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း)နှင့် ဝ ပြည် သွေးစည်း ညီ ညွတ်ရေး တပ်မတော်(UWSA) အဖွဲ့များက လက်မခံသဖြင့် စစ်ရေးအရ တင်းမာနေကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment