နေမင်းထွန်းမှသတင်းဖြင့်ကျေးဇူးဆပ်ပါသည်

Monday, October 18, 2010

Gmail Calendar Documents Web Reader more ▼ Photos Sites Groups YouTube Images Videos Maps News Shopping Books Translate Scholar Finance Blogs Updates

သွားလေရာ ကိုယ်နှင့်မကွာ ဆောင်ထားနိုင်သည့် လက်ကိုင် ဖုန်းများက ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမားများကို ကောင်းစွာ အကျိုးပြုနေသည်။ ထိုတယ်လီဖုန်းများက မြန်မာပြည်သားတို့ ချစ်သူရည်းစား ရှာဖွေရာတွင် အလွန် အသုံးတည့်နေကြောင်း တွေ့ရသည်။

အလုပ် နားချိန်တွင် တယ်လီဖုန်း ဆက်နေကြသော ထိုင်း နိုင်ငံရောက် မြန်မာ ပြည်သား အလုပ်သမား တချို့ (ဓာတ်ပုံ - ဇာနည်ဝင်း)

ဘန်ကောက် မြို့အနီး မြန်မာ ပြည်သား များစွာ ရောက်ရှိ နေသည့် မဟာချိုင် ဒေသတွင် တယ်လီဖုန်း အားကိုးဖြင့် ကြင်ဖော် ရသွားသူ အများအပြား ရှိရာ ထိုအထဲတွင် ကျော်စိုးဟု သူ့ကိုယ်သူ မိတ်ဆက်သော မော်လမြိုင် ဇာတိ အသက် ၂၅ နှစ် အရွယ် စက်ရုံ အလုပ်သမား တဦးလည်း ပါဝင်သည်။

“တယ်လီဖုန်းနဲ့ ဆိုတော့ ပိုပြီး ပြောရဲကြတယ်၊ သက်သောင့် သက်သာ ဖြစ်တယ်၊ အပြင်မှာ လူကိုယ်တိုင် ချိန်းတွေ့ပြီး စကား ပြောကြဖို့ ဆိုတာ မလွယ်ဘူးလေ” ဟု ကိုကျော်စိုးက ပြောပြသည်။

ကိုကျော်စိုးသည် လွန်ခဲ့သည့် နှစ်ဆန်းပိုင်း အထိ ပင်လယ် ကမ်းခြေ ပတ္တရားမြို့ရှိ တည်းခိုခန်း တခုတွင် အလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ သူငယ်ချင်းများ၏ ကောင်းမှုဖြင့် မဟာချိုင်ရှိ မြန်မာအမျိုးသမီး တဦးနှင့် တယ်လီဖုန်း အဆက်အသွယ် ရသွားသည်။

“ပထမဆုံးတော့ သူငယ်ချင်းတွေ အကြောင်း ပြောတယ်၊ နောက်တော့ သူ့ အကြောင်း၊ ကိုယ့် အကြောင်း၊ လုပ်ငန်းခွင် အကြောင်း ပြောတယ်။ တပတ်လောက် ပြောပြီးတော့ ဖုန်းထဲမှာပဲ ရည်းစား ဖြစ်သွားကြတယ်” ဟု ကိုကျော်စိုးက ရှင်းပြသည်။

တယ်လီဖုန်းလိုင်းမှတဆင့် ၅ လခန့် ချစ်ကြိုးသွယ်ပြီးနောက် ကျော်စိုးက မဟာချိုင်ဒေသသို့ ပြောင်းရွှေ့လိုက်သည်။ ဆံထုံးနောက် ယောင်ပါပြီး တအိုးတအိမ် ထူထောင်ခြင်း ဖြစ်လေသည်။ လက်ကိုင်ဖုန်း အသုံးပြုရေးမှာ မြန်မာပြည်ကဲ့သို့ ခက်ခဲမည် ဆိုပါက ချစ်သူ ရရေးသည်လည်း ခက်ခဲနေဦးမည်ဟု ကိုကျော်စိုးက ဆိုသည်။

ထိုင်းနိုင်ငံတွင် ဖုန်းနံပါတ်အတွက် Sim Card တခု ၀ယ်ယူရန် လျှောက်လွှာ အဆင့်ဆင့်တင်ပြီး စောင့်ဆိုင်းရန် မလိုအပ်ခြင်းမှာ ၎င်းတို့၏ အချစ်ရေးအတွက် အားသာချက်တခု ဖြစ်နေသည်။ တယ်လီဖုန်းအတွင်း ထည့်ရမည့် Sim Card ကို မြန်မာပြည် ကွမ်းယာဆိုင်များကဲ့သို့ နေရာတကာတွင် တွေ့ရသော တယ်လီဖုန်းဆိုင်လေးများသို့ သွားရောက်ပြီး အလွယ်တကူ ၀ယ်ယူနိုင်သည်။ တန်ဖိုးမှာလည်း တနေ့တာ လုပ်အားခထက် နည်းပါးသည်။

ဈေးသက်သာသည့် တယ်လီဖုန်းတလုံး၏ တန်ဖိုးမှာ ဘန်ကောက်ရောက် မြန်မာအလုပ်သမား တဦး၏ ငါးရက် လုပ်အားခထက် မပိုပေ။ ကိုယ်တိုင် ဓာတ်ပုံရိုက်ပြီး ချစ်သူထံ ပို့လိုသူများက ကင်မရာပါသည့် ဖုန်းကို ရှာဖွေ ၀ယ်ယူကြလေသည်။ ကင်မရာပါသည့် ဖုန်းအတွက် ကုန်ကျငွေက အလုပ်သမားတယောက်၏ တလ၀င်ငွေလည်း ဖြစ်နိုင်သည်။ သို့သော်လည်း နှလုံးသားရေးအတွက် ထိုသို့ ကုန်ကျရခြင်းကို ၀န်လေးကြပုံမရပါ။

ထိုင်းသည် ဖုန်းကုမ္ပဏီကြီးများ အပြိုင်အဆိုင် ဈေးကွက်ရှာသည့် နိုင်ငံ ဖြစ်သောကြောင့် နေရာအနှံ့အပြား တယ်လီဖုန်းလိုင်း အသံကြည်လင် ပြတ်သားမှု ရှိနေသဖြင့် တယ်လီဖုန်းချစ်သူများ အဆင်ပြေစွာ တီတီတာတာ ပြောဆိုနိုင်ကြလေသည်။ ကွန်ပျူတာ အင်တာနက်နှင့် အလှမ်းဝေးသော်လည်း တယ်လီဖုန်းအားကိုးဖြင့် ချစ်သူရည်းစား ရှာဖွေနိုင်သည်။


တယ်လီဖုန်းအားကိုးဖြင့် ရလာသော ချစ်သူကို အလေးအနက်ထားသူ ရှိသကဲ့သို့ အပျော်သဘောဖြင့် ရည်းစားထားသူများလည်း ရှိသည်ဟု အလုပ်သမားများက ပြောပြကြသည်။ ရည်းစား သုံးလေးယောက် တပြိုင်နက်ထားသူလည်း ရှိသည်ဟု ဆိုသည်။

တယ်လီဖုန်းချစ်သူ နှစ်ဦးသည် ဒေသတခုအတွင်း နေထိုင်ပါက ၎င်းတို့၏ အချစ်ရေးမှာ တမျိုးတဖုံ ပြောင်းလဲသွားနိုင်သည်ဟု ငါးဖမ်းလုပ်ငန်းဖြင့် စည်ကားနေသော မဟာချိုင်ဒေသမှ အလုပ်သမားအရေး လုပ်ကိုင်သူတဦးက ဆိုသည်။

“တယောက်နဲ့တယောက် မဆုံဖြစ်သေးဘူး၊ ဖုန်းထဲမှာတော့ ကြိုက်နေပြီ။ အပြင်မှာ ချိန်းတွေ့ကြတယ်၊ မတွေ့ခင် တနေရာရာကနေ ခိုးကြည့်တယ်။ မချောဘူး ဆိုရင် သွားမတွေ့တော့ဘူး၊ ဖုန်းဆက်လာရင်လည်း မကိုင်တော့ဘူး။ ဒါမျိုးတွေလည်း ရှိတယ်” ဟု ပင်လယ်ပျော်များသမဂ္ဂ မှ ကိုတင်ကိုက ပြောပြသည်။

အလုပ်နားချိန်တွင် ဖုန်းဖြင့် အလုပ်များနေကြသူများကို အမြောက်အမြား တွေ့ရမည်ဟု သူက ရှင်းပြသည်။

မြန်မာပြည်သား အလုပ်သမားများသည် လုပ်ငန်းခွင် ပြင်ပတွင် ကြင်ဖက်ရှာဖွေရန် ခက်ခဲသည်ဟု ဘန်ကောက်မြို့ ဆူကွန်ဗစ်လမ်းတွင် နေထိုင်သည့် ကိုရန်ကုန် ဆိုသူ လူငယ်တဦးက ပြောသည်။

“ထိုင်းတွေနဲ့ တွဲဖို့က ဘာသာ စကား အခက်အခဲ ရှိတယ်။ တချို့ဆိုရင် အလုပ်နဲ့အိမ်နဲ့ပဲ အချိန်ကုန်တယ်။ အိမ်ဖော် လုပ်တဲ့သူလည်း အိမ်ထဲမှာပဲ အချိန်ကုန်တယ်။ ရည်းစားထားဖို့ဆိုရင် တခြား ရွေးစရာ မရှိဘူး၊ ဖုန်းနဲ့ပဲ ထားကြတယ်” ဟု ကိုရန်ကုန်က ရှင်းပြသည်။

တချို့သော အလုပ်သမားတို့က လုပ်ငန်းခွင်နှင့် အိမ်တွင် အထီးကျန်နေတတ်ပြီး မိတ်ဆွေများနှင့် အဆက်အသွယ် လုပ်ရန် တယ်လီဖုန်းကို အားကိုးရသည်။ မိတ်ဆွေများက တယ်လီဖုန်းဖြင့် အောင်သွယ်ပေးတတ်သည်ဟု ဆိုသည်။

“အလုပ်ထဲမှာ ငါတို့ရွာက သူငယ်ချင်းတယောက် ရှိတယ်၊ သိပ်မိုက်တယ်၊ ပြောမလား၊ ငါ မိတ်ဆက်ပေးမယ်ဆိုပြီး ပြောပေးရာကနေ အဆင်ပြေသွားတာ များတာပဲ” ဟု ကိုရန်ကုန်က ပြောသည်။

ကိုရန်ကုန် ဆိုသည်မှာ သူ၏ အမည်ရင်း မဟုတ်ပေ၊ ရန်ကုန်သားဖြစ်သော သူ့ကို နယ်အသီးသီးမှရောက်လာသည့် မိတ်ဆွေများက ပေးထားသော အမည် ဖြစ်သည်။ ယခု သူ၏ ရည်းစားမှာလည်း မိတ်ဆွေများက မိတ်ဆက် ပေးထားခြင်းဖြစ်သည်ဟု ကိုရန်ကုန်က ရယ်ရယ်မောမော ပြောပြသည်။

ဤသို့ဖြင့် လက်ကိုင်ဖုန်း ပေါများသော ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား လူငယ် အများအပြားတွင် တယ်လီဖုန်းရည်းစား ကိုယ်စီ ရှိနေကြသည်။ တလလျှင် ဘတ် ၂၀၀ (၆ဒေါ်လာခန့်) အကုန်အကျခံရုံဖြင့် အချိန်ပြည့် ဖုန်းပြောဆိုနိုင်သည့် နည်းလမ်းကိုလည်း သူတို့ သိထားကြသည်။ ဖုန်းကုမ္ပဏီများ၏ ပြိုင်ဆိုင်မှုက ချစ်သူများ တယ်လီဖုန်းဖိုး ကုန်ကျစရိတ်ကို အဆင်ပြေစေသည်။ တချို့က ဘတ် ၂၀ ဖြင့် တနေကုန် ဖုန်းပြောနိုင်သည့် နည်းလမ်းကိုပင် သိထားကြသည်။

ကလေးတွဲလောင်းနှင့် အိမ်ထောင်ရှင်တချို့ကလည်း လူလွတ် ဟန်ဆောင်ပြီး ဖုန်းဖြင့် ရည်းစားရှာကြသည်ဟု ဆိုသည်။

အလုပ်နားချိန် မတူညီခြင်း၊ နေထိုင်သည့် ရပ်ကွက် မတူခြင်း တို့ကြောင့် ထိုင်းရောက် မြန်မာပြည်သားတို့မှ တယောက်နှင့်တယောက် ဆုံတွေ့ကြရန် ခက်ခဲနေသည်။ အများအပြားမှာ အလုပ်သမား လက်မှတ် မရှိသဖြင့် လုံခြုံရေး အခက်အခဲ ရှိသည်၊ တနေရာမှ တနေရာသို့ သွားလာရန် စွန့်စားရသောကြောင့် အချင်းချင်း ဆုံတွေ့ကြရန် ခက်ခဲသည်။ ဤအခြေအနေများကြောင့် ချစ်သူရည်းစား ရရှိရန်မှာ ပို၍ ခက်ခဲလာသည်။ သို့သော်လည်း တယ်လီဖုန်းက သူတို့၏ နှလုံးသားရေးရာ အခက်အခဲကို ဖြေရှင်းပေးလျက်ရှိသည်။

မြန်မာပြည်သား ၂ သန်းမှ ၄ သန်းအထိ ထိုင်းတွင် ရောက်ရှိနေသည်ဟု အလုပ်သမားအရေး လုပ်ကိုင်နေသူများက ခန့်မှန်းထားကြသည်။ အများအပြားက လက်ကိုင်ဖုန်းကိုယ်စီနှင့် ဖြစ်နေသည်။

ဘန်ကောက်ရောက်နေသူနှင့် ဖူးကက်မြို့ ရောက်နေသူ၊ ချင်းမိုင် (ဇင်းမယ်) ရောက်နေသူနှင့် နယ်စပ်မြို့ မယ်ဆိုင်တွင် ရောက်နေသူတို့ တယ်လီဖုန်းဖြင့် ချစ်ကြိုက်သွားကြသည့် ဖြစ်ရပ်များမှာ နေ့စဉ် ဖြစ်ပေါ်လျက် ရှိသည်။ မဟာချိုင်တွင် အခြေချနေသူ ကိုကျော်စိုးကဲ့သို့ ချစ်သူရှိရာ ဒေသသို့ ပြောင်းရွှေ့နေထိုင်ပြီး တွေ့ကြ ဆုံကြသည်။ ဒေသ တူသူများက အလုပ်နားချိန်တွင် လူငယ်ဘာဝ ချိန်းကြ တွေ့ကြသည်။

စိတ်သဘောထားခြင်း မတိုက်ဆိုင်၍ ကွဲကွာသွားကြသူများ ရှိသကဲ့သို့ ချစ်သူရည်းစားဘ၀မှ အိမ်ထောင်သည်ဘ၀သို့ ပြောင်းလဲသွားကြသူများလည်း ရှိသည်။ သို့ဆိုလျှင် တယ်လီဖုန်းဖြင့် ချစ်ကြိုက်ပြီး သမီးရည်းစားဘ၀မှ အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်သွားသူ မည်မျှ ရှိမည်နည်း။ ဤမေးခွန်းကို မဟာချိုင်ရောက် ကိုကျော်စိုးက ခေတ္တ စဉ်းစားပြီး ဖြေပါသည်။

ကိုကျော်စိုးက သူ၏ အတွေ့အကြုံ၊ သူ၏ ပတ်ဝန်းကျင်မှ အဖြစ်အပျက်များအပေါ် အခြေခံပြီး “ဆယ်ယောက်မှာ နှစ်ယောက် သုံးယောက်လောက်ကပဲ တကယ် ယူကြတာပါ” ဟု ပြောလိုက်လေသည်။ ။

တချို့တော်တော်ပြောတယ် လွယ်တယ် အမေးနွားကျောင်းသား။ ပြန်ကြည့်လိုက်တော့… အလျှော့ပေါ့ဆုံးစဉ်းစားရင်တောင် အိမ်ခေါင်မိုးကိုလက်ညှိုးထိုးဖို့မဆိုထားနဲ့ တံစက်ြ

img

တခါတခါနားမလည်နိုင်ဖြစ်ရတယ်

ကမ္ဘာကြီးရဲ့ဘယ်နေရာမှာငြိမ်သက်ခြင်းတွေ့ရမလဲ

ဗုံးခွဲ ပစ်ခတ် စီးနင်း သတ်ဖြတ်

ကန့်ကွက် ဆန္ဒပြ တားဆီး ပိတ်ပင် ဖမ်းဆီး

လောဘ ဒေါသ မောဟ မာန်မာနမီး

အလျှံညီးညီးလောင်တောက်

အသူတရာ ချောက်ကမ်းပါးစပ်မှာ

“သတ္တ၀ါတခု ကံတခု” က

ဆေးချက်တခု ဖြစ်ခဲ့မှတော့

ပေယျာလကန် အပြုခံရရှာသူများ

တင်တဲ့ငါး ကြောင်စား ပေပ။

“စိတ်မကောင်းဖြစ်ရပါသည်”ဆိုတဲ့စာကြောင်း

အရောင်းသွက် ၁၀ ဖြစ်မြဲ

သဲထဲရေသွန်မိန့်ခွန်းများ

လက်ခုပ်သြဘာသံများ

မကြားချင်အဆုံး

အားလုံးပြုံးတတ် ခေါင်းငြိမ့်တတ်နေခဲ့ကြပေါ့။

လျှော့ရင်းပြတ်ကြဖို့ပြင်ဆင်နေဆဲ လေတံခွန်တို့

ဇာတ်ပို့ဆုပဲဖြစ်ဖြစ်

အနှစ်မရှိတဲ့တောမှာ ပဲ့ပြားတပင်လောက်

ကောက်သင်းကောက် ကောင်းခဲ့ရင်။

ဆိုပြီး…

နီးရာဓားအောက်ကိုငုံ့လျှိုး

(ဆီပူအိုးထဲက)

မီးပုံထဲကိုခုန်ချနေကြပြန်ရဲ့…။ ။

“မပစ်ချင်တဲ့မြား”

တချို့တော်တော်ပြောတယ်
လွယ်တယ် အမေးနွားကျောင်းသား။
ပြန်ကြည့်လိုက်တော့…
အလျှော့ပေါ့ဆုံးစဉ်းစားရင်တောင်
အိမ်ခေါင်မိုးကိုလက်ညှိုးထိုးဖို့မဆိုထားနဲ့
တံစက်မြတ်ရဲ့အနားသတ်မှာရပ်
ရင်တလှပ်လှပ် ဖြစ်ခဲ့ပုံ။

ခက်ပုံများ
သားရဲမဲ့သောတောလည်ထွက်
မြင်းဇက်ကိုလျှော့ အသော့နှင်သူနှင်
ဒုန်းစိုင်းသူစိုင်း…
ဆိုင်းနောက်ထတို့ ဖောင်းပွနေကြပုံ။

အမြင့်ဆုံးသစ်ပင်ကို လက်ညှိုးငေါက်ငေါက်ထိုး
အခေါက်ပိုးစား ရွက်ရှင်ဖားဖားမရှိ
ပင်စည် ချိနဲ့အကိုင်းရွဲ့သတဲ့…
အရိပ်ရဲ့အ၀န်းအ၀ိုင်းအောက်မှာပင်
မမြင်နိုင်သောမြစ်ပြင်၏ အနက်အရှိုင်း
အကောက်အကွေ့တိုက်စားခြင်း ပို့ချခြင်း
လုံးတွင်းသား မသိ
သူတော်ချင်း သတင်းလွေ့လွေ့ရှိနေကြသောအခိုက်။ ။

ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီလူငယ်များနေ့ အခမ်းအနားကျင်းပ

သတ္တမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီလူငယ်များနေ့ အထိမ်းအမှတ်ပွဲကို ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီလူငယ်များနေ့ အခမ်းအနား ပြုလုပ်နေစဉ် (ဓါတ်ပုံ- ရိုးမ ၃)

ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီလူငယ်များနေ့ အခမ်းအနား ပြုလုပ်နေစဉ် (ဓါတ်ပုံ- ရိုးမ ၃)

အဆိုပါအခမ်းအနားကို တိုင်းရင်းသားလူငယ်များအင်အားစု (NY-Forum)၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ကရက် (SYCB)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) (ABFSU-FAC)၊ မျိုးဆက်သစ်လူငယ်များအစည်းရုံး (GW) တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ “တကမ္ဘာလုံးမှာရှိတဲ့လူငယ်တွေက ဒီမိုကရေစီရေးအတွက် ရင်းနှီးပွင့်လင်းပြီး လွတ်လပ်တဲ့အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံက လူငယ်တွေက အကျဉ်းထောင်တွေမှာ ရောက်နေတယ်၊ အဲဒီလူငယ်တွေ လွတ်မြောက်ရေးအတွက် အဓိကထား လုပ်တာပါ” ဟု အခမ်းအနားဖြစ်မြောက်ရေးဆောင်ရွက်ပေးသူ ကိုပြည့်စုံဝင်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လူငယ်ကျောင်းသားများသည် စစ်အာဏာရှင်တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရမှုနှင့်ပတ်သက်၍ လူငယ်ကျောင်းသားတပ်ပေါင်းစု လေးခုက အချက်(၄)ချက်ပါဝင်သည့် ကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် (၁) နိုင်ငံရေးအကျဉ်းသားများနှင့်အတူ လူငယ်ကျောင်းသား နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်ပေးရန်၊ (၂) ဒီမိုကရေစီလူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည့် လူငယ်များအပေါ်ဖိနှိပ် ရက်စက်မှုများ ချက်ချင်းရပ်တန့်ပေးရန်၊ (၃) တိုင်းရင်းသား ဒေသများမှ လူငယ်ကျောင်းသားများ၏ အခြေအနေဆိုးများ ကယ်တင်နိုင်ရန် နအဖထိုးစစ်များ ချက်ချင်းရပ်တန့်ပေးရန်၊ (၄) လူငယ်ကျောင်းသားများ၏ဘဝကို ခက်ခဲကြမ်းတမ်းစေသော အရင်းခံ ဖြစ်သည့် နိုင်ငံရေး ပြဿနာများကို ပြေလည်ဖြေရှင်းနိုင်ရန် ဒီမိုကရက်တစ်အတိုက်အခံများ၊ တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးမှု ချက်ချင်းပြုလုပ်ရန်တို့ကို တောင်းဆိုထားသည်။

လာမည့် နိုဝင်္ဘာ (၇) ရက်နေ့တွင် စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လူငယ်ကျောင်းသားများအနေဖြင့် ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ကိုပြည့်စုံဝင်းက ဆက်ပြောသည်။

“ကျနော်တို့သိတာက ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ အဖြေမဟုတ်ဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံထားတဲ့ အာဏာရှင်ရွေးကောက်ပွဲကို လက်မခံဘူး၊ ကျနော်တို့ ကျောင်းသားတွေလူငယ်တွေက မဟုတ်ဘူးဆိုတာကို မဟုတ်ဘူးဆိုတဲ့အတိုင်း မဟုတ်မခံ စိတ်ရှိတယ်၊ ရွေးကောက်ပွဲကို ကန့်ကွက်ဖို့ အကြောင်းကိုလည်း ပြည်သူတွေသိအောင် လုပ်ဆောင်တာတွေလည်း ရှိပါတယ်” ဟု ပြောသည်။

ထို့အပြင် ယနေ့ကျရောက်သည် ဒီမိုကရေစီလူငယ်များနေ့အထိမ်းအမှတ် မြန်မာပြည်တွင်းမှ အကျဉ်းကျ နိုင်ငံရေးလှုပ်ရှားသူ ကျောင်းသားလူငယ်များလွတ်မြောက်ရေးအတွက် ဆုတောင်းပွဲများကိုလဲ ရန်ကုန်တိုင်းအတွင်း မြို့နယ်များနှင့် ပြည်မြို့တို့တွင် လူငယ်များက စုပေါင်းပြုလုပ်ကြသည်။

တိုက်ပွဲ ဖြစ်ပွား၍ စစ်အစိုးရတပ်မှ ၂ ဦး ကျဆုံး၊ ၃ ဦး ဒဏ်ရာ

ကရင်နီပြည် ရှားတောမြို့နယ်တွင် မြန်မာစစ်အစိုးရတပ်နှင့် ကရင်နီတပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့၍ စစ်အစိုးရတပ်ဘက်မှ ၂ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယခုလ ၁ ရက်နေ့တွင် ရှားတောမြို့နယ် ဒေါမူးမာကျေးရွာ အနီး၌ စစ်အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၅၁၇ စစ်ကြောင်းနှင့် ကရင်နီတပ်မတော်တို့ တိုက်ခိုက်ခြင်းကြောင့် စစ်အစိုးရတပ်ဘက်မှ ကျဆုံးမှုများ ရှိခဲ့ရခြင်း ဖြစ်သည်ဟု ကရင်နီတပ်မတော်ဘက်က ဆိုသည်။

ကရင်နီတပ်မတော်များ (ဓါတ်ပုံ-ကေတီ)
ကရင်နီတပ်မတော်များ (ဓါတ်ပုံ-ကေတီ)

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကရင်နီတပ်မတော်နှင့် စစ်အစိုးရတပ်တို့အကြား တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့က မော်ချီးဒေသတွင် ကရင်နီတပ်မတော်နှင့် စစ်အစိုးရတပ်တို့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်ဘက်မှ သေဆုံးမှု ရှိခဲ့သည်ဟု ကိုင်တိုင်ပါဝင်တိုက်ခိုက်ခဲ့သော ကရင်နီတပ်မတော် တဦးက ပြောသည်။

“မော်ချီး၊ ဖာဆောင်းကားလမ်း ၉၄ မိုင်မှာ ဖြစ်တယ်။ အဲဒါ ကျနော်တို့ဘက်က ထူးထူးခြားခြားတော့ ဘာမှ မရဘူး။ MA-1 သေနတ်တစ်လက်တော့ ရတယ်။ ရန်သူဘက်က တပ်သား ၃ ယောက် သေတယ်။ ဒဏ်ရာရတာတော့ မရှိဘူး” ဟု သူက ပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ)နှင့် ကရင်နီတပ်မတော်တို့သည် မြန်မာစစ်အစိုးရ ကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထွက်ပေါ်လာမည့် ရလဒ်များကို မလက်ခံနိုင်သည့်အတွက် စစ်ရေးအရ နည်းလမ်း အသွယ်သွယ်ဖြင့် ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု ကေအဲန်ပီပီ ဗဟိုကော်မတီဝင် ခူဖဲဘူးက ပြောသည်။

၎င်းက “အခြေအနေက ၂၀၁၀ တိုက်ပွဲနဲ့ ဆိုင်တယ်၊ မဆိုင်ဘူးဆိုတာ အဲလိုမဟုတ်ဘူး။ ကျနော်တို့ ကေအဲန်ပီပီ စစ်တပ်တွေကပေါ့လေ။ သူတို့ လုပ်စရာ ရှိတာ လုပ်နေတယ်ဆိုတော့ ဆိုင်လည်း ကိုယ့်ကိုယ်လုပ်နေမှာပဲ မဆိုင်ရင်လည်း တိုက်ပွဲက ဖြစ်နေမှာပဲ။ ဆက်စပ်တယ် ပြောလို့လည်း ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က ကန့်ကွက်ထားတာကိုး” ဟု ပြောဆိုသွားသည်။

ကရင်နီပြည်နယ်ရှိ ကျေးရွာဒေသများတွင် ရွေးကောက်ပွဲအတွက် စစ်အစိုးရ၏ ကျောထောက်နောက်ခံပါတီ ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)မှ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ပါက ကရင်နီတပ်မတော် အနေဖြင့် စစ်ရေးအရ ဆန့်ကျင်တိုက်ခိုက်မည် ဆိုသည့် သတင်းများ ရွာသူ၊သားများအကြား ပြန့်နှံ့နေသည်ဟု သိရသည်။

1 မှတ်ချက်

  • Comment Link ကိုပြည်သူ စနေနေ့, 09 အောက်တိုဘာလ 2010 19:42 posted by ကိုပြည်သူ

    အရမ်း ကြားချင်တဲ့သတင်းမျိုးပါဗျာ...ကုန်ကုန်ပြောရင် မြန်မာပြည်ကြီးမှာစစ် သံကိုပြန်ကြားချင်တော့တယ်ဗျာ..ငြိမ်း ချမ်းရေးကို မနှစ်သက်လို့ တော့မဟုတ်ပါဘူး..စစ်အာဏာရှင်တွေကသာငြိမ်းချမ်ရေး မလိုလားသူတွေပါ။ တွေ့ ဆုံဆွေးနွေ မှူ မလုပ်တဲ့နအဖ ကလူထုကိုလျစ်လျုရှု နေတာကြာရောပေါ့...တိုင်းရင်းသားတွေညီညွတ် ကြပါတော့ကွာ..စစ်မှန်သောငြိမ်းချမ်ရေးဆိုတာ အာဏရှင်ကိုအပြီးသတ်တော်လှန်တိုက်ခိုက်ခြင်းတဲ့..အာဏာရှင်လုံးဝမရှိတော့ခြင်းပဲ...တို့ ပြည်သူတွေအတွက်နောက်ဆုံးမျော်လင့်ချက်ကတော့ မီးဟုန်းဟုမ်းတောက်လောင်စ်ေမဲ့ညီညွတ်သော အဆုံးသတ်တော်လှန်ရေးတစ်ခုပါ။ အဆိုးမြင်ခဲ့ရင်ခွင့်လွတ်ပါဗျာ ။လွတ်မြောက်စရာဒီတစ်ခုလေးကျန်တော့လို့ ပါ။
    ကျေးဇူးတင်ပါတယ်။

    patrickjaaye@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it

မှတ်ချက်ပေးပါ

ရွေးကောက်ပွဲ နောက်ဆုတ်ရန် ၂ဝဝ၇ ကျောင်းသားများ တောင်းဆို

နယူးဒေလီ (မဇ္ဈိမ) ။ ။ ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ရွေးကောက်ပွဲကို နောက်ဆုတ်ပေးရန် ပြည်တွင်း၌ လျှို့ဝှက်လှုပ်ရှားသည့် ၂ဝဝ၇ မျိုးဆက်ကျောင်းသားသမဂ္ဂက ယနေ့ကျရောက်သည့် ၇ နှစ်မြောက် ကမ္ဘာ့ဒီမိုကရေစီ လူငယ်များနေ့တွင် စစ်အစိုးရကို တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးကာ ၂ဝဝ၈ အခြေခံ ဥပဒေကို ပြင်ဆင်ရန် လိုအပ်သဖြင့် ရွေးကောက်ပွဲ နောက်ဆုတ်ပေးရန် ရန်ကုန်တွင် ၎င်းကျောင်းသားသမဂ္ဂက တောင်းဆိုခြင်း ဖြစ်သည်။

“အရင်ဆုံး လုပ်ရမှာက စစ်တပ်ရေးဆွဲထားတဲ့ ၂ဝဝ၈ student2ဖွဲ့စည်းအုပ်ချုပ်ပုံ ပြုပြင်ဖို့လိုတယ်။ ၂ဝဝ၈ ဥပဒေမှာ ပြည်သူတွေ သဘော မကျတဲ့ ဥပဒေတွေ ပါတယ်။ လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားတဲ့ ကိစ္စတွေကို ပြည်သူလူထုက လက်မခံဘူး။ လူငယ်တွေအနေနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် လှုပ်ရှားမယ်ဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲကို အရင်ဆုံးတိုက်ဖျက်ရမယ်။ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို သွားစေချင်တယ်” ဟု ၂ဝဝ၇ မျိုးဆက်ကျောင်းသားသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ၊ တိုင်းရင်းသား ခေါင်းဆောင်များကို ပြန်လွှတ်ပေးကာ ၂ဝဝ၈ ဖွဲ့စည်းပုံပါ ပြည်သူမကြိုက်သော ဥပဒေများကို ဆွေးနွေးပြင်ဆင်ရန်နှင့် ပြင်ဆင်ပြီးမှ ရွေးကောက်ပွဲ ကျင်းပလိုကြောင်း သူက ဆက်ပြောသည်။

၂ဝဝ၇ မျိုးဆက် ကျောင်းသားများသမဂ္ဂကို ရွှေဝါရောင် လှုပ်ရှားမှုနောက်ပိုင်း ရန်ကုန်မြို့ရှိ တက္ကသိုလ်ကျောင်းများမှ ကျောင်းသားကျောင်းသူများဖြင့် ဖွဲ့စည်းခဲ့သည်။ ယခုအခါ တိုင်းနှင့် ပြည်နယ်များရှိ တက္ကသိုလ်များတွင် အဖွဲ့များအဖြစ် တိုးချဲ့ဖွဲ့စည်းနေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေးအတွက် ရန်ကုန်ရှိ တန်ခိုးကြီး ဘုရားများ၌ နှင်းဆီပန်း အဝါရောင်များ ကပ်လှူဆုတောင်းခဲ့ပြီး၊ ယင်းအဖွဲ့က ဦးဆောင်ကာ လူငယ်စကားဝိုင်းကို လုံခြုံသည့် နေရာတွင် ကျင်းပခဲ့သည်။

စစ်အစိုးရက ပျောက်ပျက်စေရန် ကြိုးပမ်းသည့် သမိုင်းဝင် တံတားနီ အရေးအခင်း၊ 7 July အရေးအခင်းများနှင့် ပတ်သက်၍ စာတမ်းဖတ်ပွဲတခုကို ပြုလုပ်ခဲ့ရာ တက်ရောက်လာသည့် ကျောင်းသားလူငယ်များက ဆွေးနွေးခဲ့သည်။

နောင်တော်ကျောင်းသားများက ၁၉၆၂ ခုနှစ်မှစ၍ အသက်၊ သွေး၊ ချွေး စတေးကာ တော်လှန်ခဲ့သည့် လမ်းစဉ်အတိုင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးအတွက် ဆက်လက်လုပ်ကိုင်သွားမည်ဟု ၂ဝဝ၇ မျိုးဆက် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

၂ဝဝ၇ မျိုးဆက်ကျောင်းသားသမဂ္ဂသည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ မျိုးဆက်သစ်လူငယ်များ၊ မြေလတ်ကျောင်းသားများ၊ ရန်ကုန်ရှိ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ အဖွဲ့တို့နှင့်အတူ ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ တပ်ပေါင်းစုအဖွဲ့တွင်လည်း ပူးပေါင်းပါဝင် လှုပ်ရှားနေသည်။

“၂ဝ၁ဝ ရွေးကောက်ပွဲက မျှတမှုမရှိဘူး။ စစ်အာဏာရှင်စနစ်ကို တရားမဝင် စနစ်ကနေ တရားဝင် လုပ်တာဖြစ်တယ်။ အခု ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်တွေအနေနဲ့ လွှတ်တော်ထဲမှာ ပြင်ဆင်နိုင်ဖို့ ဆိုတာလည်း မယုံကြည်ဘူး။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရေး၊ မဲမထည့်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်နေတယ်” ဟု တပ်ပေါင်းစုအဖွဲ့ အထွေထွေ အတွင်းရေးမှူး ကိုရန်နိုင်က မဇ္ဈိမကို ပြောသည်။ ရွေးကောက်ပွဲတွင် အနီးကပ် စောင့်ကြည့်ပြီး မသမာမှုများကို ဖော်ထုတ်သွားမည်ဟု ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲသည် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် အားလုံး ပါဝင်ပတ်သက်မှု မရှိသည့်အပြင် နိုင်ငံရေး ခေါင်းဆောင်များကို ဖမ်းဆီးအကျဉ်းချထားသဖြင့် ပြည်သူများအနေဖြင့် မဲရုံသို့ မသွားဘဲနေကြရန် တပ်ပေါင်းစုက တိုက်တွန်းလိုက်သည်။

သွေးစည်းညီညွတ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုတွင် လူငယ်မျိုးဆက်များ အပြန်အလှန် ကူညီကြရန်အတွက် ၂ဝဝ၄ ခုနှစ်အတွင်း တောင်အာဖရိကတွင် ကျင်းပခဲ့သည့် တတိယမြောက် ကမ္ဘာ့ဒီမိုကရေစီရေးဆိုင်ရာ ညီလာခံတွင် တက်လာသည့် ကမ္ဘာတဝှန်းမှ လူငယ်များက ကမ္ဘာ့ဒီမိုကရေစီ လူငယ်များနေ့ကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင်မူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံရမှု ပြစ်ဒဏ်ပြင်ဆင်ခွင့် အယူခံကို လက်ခံသင့်၊ မသင့် ရန်ကုန်ရှိ ဗဟိုတရားရုံးချုပ်တွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲခဲ့ရာ စစ်အစိုးရဘက်မှ ဥပဒေရုံး ညွှန်ကြားရေးမှူး ဒေါ်ခင်ချိုအုန်း လိုက်ပါလျှောက်လဲခဲ့ပြီး၊ ၃ ဦးထိုင် တရားသူကြီးအဖွဲ့က ကြားနာခဲ့သည်။

“၁၉၇၄ အခြေခံ ဥပဒေဟာ ရပ်ဆိုင်းသွားပြီလို့ ကြေညာထားတယ်။ ရပ်ဆိုင်းထားတဲ့ ဖွဲ့စည်းပုံ ဥပဒေ အပုဒ် ၁ ကို ထုတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်တာဟာ ဥပဒေအရ မှားယွင်းတယ်။ မှားယွင်းတဲ့ ဥပဒေကို ကျင့်သုံးပြီး ချလိုက်တာ ဖြစ်တယ်လို့ တင်ပြခဲ့တယ်။ ၇၄ ဥပဒေ ရပ်ဆိုင်းသွားပြီ ဆိုတာကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ၂ဝဝ၈ ဖွဲ့စည်းပုံ ပြဋ္ဌာန်းတော့ အခြေခံ ဥပဒေ နိဒါန်းအပိုဒ် ၃ မှာ ဖော်ပြထားတဲ့ ၈၈ ခုနှစ်တုန်းက ဖြစ်ပေါ်ခဲ့သည့် အခြေအနေ အရပ်ရပ်များကြောင့် ဖျက်သိမ်းခဲ့တယ်လို့ ဖော်ပြခဲ့တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်. ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ ဒေါ်ဝင်းမမအတွက် ရှေ့နေဒေါ်ခင်ဌေးကြွယ်က လျှောက်လဲချက်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အထိန်းသိမ်းခံမှ လွတ်မြောက်သည်နှင့် တပြိုင်နက် မျိုးဆက်သစ် လူငယ်များနှင့် ထိတွေ့နိုင်ရန် အင်တာနက် လူမှုကွန်ရက် တခုဖြစ်သော “တွစ်တာ” (Twitter) ကို အသုံးပြုရန် ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်ဟု အေပီသတင်းတွင် ယနေ့ ဖော်ပြပါရှိသည်။




Add this page to your favorite Social Bookmarking websites
e-letter-burmese

Who is Online

We have 1051 guests online

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောမြို့နယ်များတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် တခြားနိုင်ငံရေးပါတီများအကြား

ထောင်ဒဏ် ၆၅ ချမှတ်ခံထားရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် ယနေ့ ကျရောက်သည့် ၄၈ နှစ် မြောက် မွေးနေ့ကို ရှမ်းပြည်နယ် ကျိုင်းတုံထောင်၌ ကျန်းမာရေးချို့တဲ့စွာဖြင့် ဖြတ်သန်းနေရကြောင်း မိသားစုဝင်များက ပြောသည်။

naing

၂၀၀၇ ခုနှစ် သြဂုတ်လ လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြ ကာလ အတွင်း က တခြားသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့်အတူ တွေ့ရသည့် ကိုမင်းကိုနိုင်

“ရာသီဥတု အေးတော့ လက်တွေ ခြေထောက်တွေ ကိုက်တယ်၊ ကျီးပေါင်း အတက်ရှိတယ်၊ ခြေထောက် အတက်ထွက်တယ်၊ ခြေထောက်က နာတယ်၊ အတက်ကျီးပေါင်းကတော့ တော်တော်ဆိုးတယ်၊ ဆေးတွေလည်း ပို့နေရတယ်၊ အကိုက်အခဲ ပျောက် ဆေးတွေလည်း သောက်နေရတယ်”ဟု ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ဧရာဝတီသို့ ပြောသည်။

ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ရသည့် အခြေအနေ မရှိသော်လည်း အတက် ကျီးပေါင်း ဝေဒနာ ခံစားနေရ· သည့်အတွက် လေ့ကျင့်ခန်းများလုပ်ရပြီး ဆေးလိမ်းနေရကြောင်း ၎င်းက ဆက်ပြောသည်။

ကိုမင်းကိုနိုင်သည် ၂၀၀၇ ခုနှစ် လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြရာတွင် ဦးဆောင်ခဲ့မှုဖြင့် ထောင် ဒဏ် ၆၅ နှစ်ချမှတ်ခံထားရသူ ဖြစ်သည်။

၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့တွင် ကိုမင်းကိုနိုင်ကို မွေးဖွားခဲ့သည်။ ဦးသက်ညွန့်နှင့် ဒေါ်လှကြည်တို့၏ တတိယ မြောက် သားဖြစ်သည်။ ငယ်ရွယ်စဉ် အချိန်ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားခဲ့ပြီး ရန်ကုန် တက္ကသိုလ်တွင် သတ္တဗေဒ ပညာရပ်ဖြင့် ပညာဆည်းပူးခဲ့ကြောင်း သိရသည်။·

ယနေ့ ကျရောက်သော ကိုမင်းကိုနိုင်၏ ၄၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် မိသားစုဝင်များက နေအိမ်တွင် သံဃာ တော်များအား ဆွမ်းကပ်ကြောင်း၊ ကျိုင်းတုံ ထောင်ရှိ ကိုမင်းကိုနိုင်ကို အောက်တိုဘာလ ၁၁ ရက်နေ့ က နောက်ဆုံး ထောင် ၀င်စာ သွားရောက် တွေ့ဆုံခဲ့ကြောင်း ဒေါ်ကြည်ကြည်ညွန့်က ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ထားသည့် စာရင်းအရ အကျဉ်းထောင်များအတွင်း ကျန်းမာရေး ဆိုးရွားစွာ ခံစားနေရသူ ၁၂၈ ဦးရှိကြောင်း၊ မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင် များ တွင် နိုင်ငံရေးအကျဉ်းသား ၂၁၈၃ ဦး ခန့်ရှိကြောင်း သိရှိရသည်။·

ယနေ့ ညနေပိုင်းတွင် ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့၌ AAPP နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ ချုပ်(ဗကသ)တို့ကလည်း ကိုမင်းကိုနိုင်၏ မွေးနေ့ပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗကသ နိုင်ငံခြားရေးရာ ကော်မတီမှ တာဝန်ခံ ကိုမင်းနိုင်က ပြောသည်။

ယမန်နှစ် မွေးနေ့ကလည်း ကိုမင်းကိုနိုင် ကိုယ်တိုင်ရေးသားသည့်“နောက်ကြည့်မှန်”အမည်ရှိ ဝတ္ထုစာအုပ်ကို မွေးနေ့ အထိမ်း အမှတ်အဖြစ် AAPPက· ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်သည် ၁၉၈၈ အရေးတော်ပုံ သမိုင်းကို နောက်ခံထားသော အချစ်ဝတ္ထု စာအုပ်ဖြစ်သည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၌ ကျင်းပသော ကျောင်းသားညီလာခံ၏ အစည်းအဝေး ဆုံးဖြတ် ချက်အရ ကိုမင်းကိုနိုင်ကို ဗကသ ဥက္ကဋ္ဌတာဝန် ပေးအပ်ခဲ့ပြီးနောက် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးထိန်း သိမ်းခံရကာ ၂၀၀၄ ခုနှစ် တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

ထိုသို့ လွတ်မြောက်ခဲ့ပြီး ကျောင်းသားများကို ပြန်လည်စုစည်းကာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဦးဆောင် ဖွဲ့စည်း ခဲ့သည်။ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ကိုမင်းကိုနိုင်အား စစ်အစိုးရက အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ကိုမင်းကိုနိုင်သည် နိုင်ငံရေး လှုပ်ရှားမှုအပြင် ပန်းချီ၊ ဂီတ၊ စာပေ စသည့် အနုပညာလိုက်စားသူ တဦးလည်း ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲဝင်မည့် အ

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောမြို့နယ်များတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် တခြားနိုင်ငံရေးပါတီများအကြား ပြဿနာများ ကြီးထွားနေကြောင်း သိရသည်။

“ကြံ့ဖွံ့ပါတီက သူတို့ရှုံးမယ်ဆိုတာ သိလို့ နည်းပေါင်းစုံနဲ့ အင်အားသုံး အနိုင်ကျင့်နေတာပါ။ စည်းရုံးရေးတွေ မလုပ်ဖို့ ဟန့်တားတယ်၊ သူတို့ပြောတာ နားမထောင်ရင် ရွာလုံးကျွတ် ပြောင်းရွှေ့ခံရမယ်ဆိုပြီးတော့ ခြိမ်းခြောက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။ ဒါပေမယ့် ကျနော်တို့ ပါတီကပဲ နိုင်မယ်ဆိုတာ သေချာပါတယ်” ဟု အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒီမိုကရက်တစ် ပါတီဝင်တဦးက ပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင်လည်း မောင်းတော မြို့နယ် ဒူးညောင်ပေါင်းကြူး ကျေးရွာ၌ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒီမိုကရက်တစ်ပါတီက စည်းရုံးရေး ဆင်းနေစဉ် ကြံ့ဖွံ့ပါတီက တားမြစ်ခဲသောကြောင့် ရပ်တန့်ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း မောင်းတော မြို့နယ် ခမောင်းဆိပ်ကျေးရွာဘက်တွင် ကြံ့ဖွံ့ပါတီနှင့် ဒေသခံတခြားပါတီတို့ ရိုက်နှက်မှု ဖြစ်ပွားခဲ့သေးကြောင်း သိရသော်လည်း အတည်မပြုနိုင်သေးပေ။

“ပြဿနာတွေတော့ နည်းနည်းပါးပါးရှိပါတယ်။ ဒါပေမယ့် ရိုက်ပွဲ အဆင့်တော့မရောက်သေးပါဘူး။ ဘယ်လိုလုပ်လုပ် ပြိုင်မှပဲသိရမှာပါ။ ကျနော်တို့ပါတီ ထောက်ခံမှု ရနေတာတော့ အသေအချာပါပဲ” ဟု အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။

ထိုဒေသတွင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ၂ ခုမှာ ဒေသခံလူထု ကိုယ်စားပြုထားသည့် အစ္စလမ်ပါတီများ ဖြစ်သည်။ ထို ၂ ပါတီအနက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်
ငြိမ်းချမ်းရေးပါတီမှာ ကြံ့ဖွံ့ပါတီ၏ ကျောထောက်နောက်ခံ ပြုထားသော ပါတီတခုဖြစ်ကြောင်းသိရသည်။

၎င်းပါတီသည် ရှိုင်း ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးအောင်ဇော်ဝင်း ဦးဆောင်သော ပါတီတခုဖြစ်ပြီး စစ်အစိုးရ၏ ထောက်ခံအားပေးမှုကို အပြည့်အ၀ ရရှိထားသော ပါတီတခုဟုလည်း ဒေသခံများက ဆိုသည်။

“ဒီနေ့ မနက် ၈ နာရီဝန်းကျင်လောက်မှာ ဦးအောင်ဇော်ဝင်းတို့ အဖွဲ့တွေ ကားစီးရေ ၂၀ ကျော်လောက်နဲ့ မောင်းတော တမြို့ လုံးကို လှည့်ပြီး မဲဆွယ်တယ်။ ကြံ့ခိုင်ရေးတံဆိပ်တွေကို ကားတွေမှာကပ်၊ အသံတွေမျိုးစုံ အော်ပြီးတော့ ထင်တိုင်းကြဲနေကြတယ်။ တားဆီးမယ့်သူလည်း မရှိဘူး” ဟု မောင်းတော မြို့ခံ အမျိုးသမီး တဦးက ပြောသည်။

ဦးအောင်ဇော်ဝင်းသည် ယခုရက်ပိုင်းတွင် မောင်းတောမြို့၌ စည်းရုံးရေးများ ဆက်တိုက် လုပ်ဆောင်နေပြီး ၎င်း၏ စည်းရုံးရေးခရီးစဉ်တွင် ကားစီးရေ အများအပြား ခြံရံ၍ အစိုးရ အရာရှိများ၏ ခရီးစဉ် လမ်းကြောင်းကဲ့သို့ ပြုမူနေကြောင်း ဒေသခံများက ဆိုသည်။

ကြံ့ဖွံ့ပါတီသည် ဒေသခံများအချင်းချင်း ရန်တိုက်ပေးနေသဖြင့် ပြဿနာများ ဆက်လက်ကြီးထွားလာနိုင်ပြီး ရိုက်နှက် သက်ဖြတ်မှုများ ဖြစ်လာနိုင်၍ စိုးရိမ်စရာကောင်းကြောင်း ဒေသခံများက ပြောကြသည်။

ဘူးသီးတောင်၊ မောင်းတောဒေသ၌ အထက်ပါ ပါတီ ၂ ခုအပြင် ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) တို့လည်း ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် စုစုပေါင်း ၄ ပါတီသာ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ထိုဒေသတွင် အစ္စလမ်ဘာသာဝင် ဦးရေမှာ စုစုပေါင်း လူဦးရေ၏ ၉၅ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။


ဒေသခံများအား စည်းရုံးရေးဆင်းရာတွင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီနှင့် ကြံ့ဖွံ့ပါတီကသာ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ နိုင်ငံပိုင် အဆောက်အအုံများကို အသုံးပြုကြောင်း ဒေသခံများက ဆိုသည်။

ကြံ့ဖွံ့ပါတီ၏ လုပ်ရပ်များကြောင့် ကျောက်ဖြူမြို့တွင်လည်း အောက်တိုဘာလ ၁၅ ရက်နေ့က ရန်ပွဲဖြစ်မည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၈ ရက်နေ့က မိုးကြိုးပစ် ခံရတဲ့ ကြံ့ဖွံ့ အမတ်ကိစ္စက စတာပါ။ စည်းရုံးရေးဆင်းတာ မအောင်မြင်တာရယ်၊ တခြား ပါတီဝင်တွေကို အသိအမှတ်ပြု၊ နေရာ မပေးတော့တဲ့ကိစ္စတွေ ရယ်ကြောင့် တုတ်ဆွဲ၊ ဓားဆွဲ အနေအထားအထိ ဖြစ်ကြတာပါ” ဟု ကျောက်ဖြူ ဒေသခံ တဦးက ပြောသည်။

အောက်တိုဘာလ ၈ ရက်နေ့ စည်းရုံးရေး ခရီးစဉ်တွင် မိုးကြိုးပစ်ခံခဲ့ရသော ကြံ့ဖွံ့ လွှတ်တော်အမတ်လောင်း ဦးဝေခိုင်နှင့် ကျောက်ဖြူဒေသမှ ၀င်ရောက်အရွေးခံမည့် လွှတ်တော်အမတ် အများစုသည် ကြံ့ဖွံ့ အသင်းဝင်များ မဟုတ်ခဲ့ဘဲ အစိုးရနှင့် ပူးပေါင်းကာ ပါတီ၏ ခေါင်းဆောင် နေရာများကို ရယူထားခြင်းကြောင့် အသင်း၏ တာဝန်များကို နှစ်ပေါင်းများစွာ လုပ်ဆောင် ခဲ့ကြသည့် အောက်ခြေ ပါတီဝင်များမှာ ယခုအခါ လျစ်လျှူရှုခံထားရသောကြောင့် ပါတီတွင်း မကျေနပ်မှုများ ကြီးထွားလာနေကြောင်း ဒေသခံများကဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲဝင်မည့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည် သည် ခရစ်ယာန် သာသနာပြုများကို အသုံးချပြီး မဲဆွယ်နေသည်ဟု သိရှိရသည်။

1

ခရစ်ယာန်သာသနာပြုများ၏ ဓာတ်ပုံများကို ကြံ့ဖွံ့ပါတီက ၎င်းတို့ မဲဆွယ်ကြော်ငြာဆိုင်းဘုတ်များတွင် ဤသို့ အသုံးချထားသည် (ဓာတ်ပုံ - ဧရာဝတီ)

ဦးအောင်ကြည်သည် ခရစ်ယာန်သာသနာပြု ဂေဟာတခုသို့ သွားရောက်လည်ပတ်စဉ် သာသနာပြု ပုဂ္ဂိုလ်များနှင့်အတူ ရိုက်ကူးထားသော ဓာတ်ပုံများကို ၎င်း၏ မဲဆွယ်လှုပ်ရှားမှု ကြော်ငြာဆိုင်းဘုတ်များတွင် ထည့်သွင်းထားခြင်းဖြင့် ဘာသာရေးကို အသုံးချကာ ခရစ်ယာန်ဘာသာဝင်များ စိတ်ဝင်စားလာစေရန် မဲဆွယ်နေသည်ကို တွေ့ရသည်။

“လမ်းဆုံလမ်းခွ၊ မီးပွိုင့်တွေမှာ ခရစ်ယာန်သာသနာပြု ပုဂ္ဂိုလ်တွေနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပုံကြီးချဲ့ပြီး ကြော်ငြာဆိုင်းဘုတ်ထဲမှာ ထည့်သုံးထားတယ်။ ဓာတ်ပုံအပေါ်မှာ လူမျိုးဘာသာခြား အားလုံးနဲ့ တစိတ် တ၀မ်းတည်းရှိနေပြီး အားလုံး စိတ်ချမ်းသာရအောင် ကူညီနေတာ ဘယ်သူလဲဆိုတဲ့ စာသားကို ထင်ထင်ရှားရှား ရေးထားတယ်” ဟု မင်္ဂလာ တောင်ညွန့် မြို့နယ်မှ သတင်းထောက် တဦးက ပြောသည်။

ရန်ကုန်မြို့ပေါ်ရှိ ခရစ်ယာန်အသိုင်းအ၀န်းက ဦးအောင်ကြည်၏ လုပ်ရပ်အပေါ် စိတ်မချမ်းမသာ ဖြစ်နေကြပြီး ဘာသာရေးကို အသုံးချမဲဆွယ်သော လုပ်ရပ်အဖြစ် ရှုမြင်ကြကြောင်း သိရသည်။

“သာသနာ့ဝန်ထမ်းတွေ နိုင်ငံရေးလုပ်ခွင့်၊ မဲပေးခွင့်မရှိဘူးလို့ ရွေးကောက်ပွဲဥပဒေမှာ တရားဝင် ပြဌာန်းထားတယ်။ သာသနာ့ဝန်ထမ်းတွေထဲမှာ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်နဲ့ ဟိန္ဒူဘာသာဝင် သာသနာ့ဝန်ထမ်းတွေ ပါတယ်လို့ ဥပေဒမှာ ရေးထားတယ်။ ဦးအောင်ကြည် မလုပ်သင့်တဲ့လုပ်ရပ်ကို လုပ်လိုက်တာပဲ ” ဟု ရန်ကုန်အခြေစိုက် ကရင်နှစ်ခြင်း သင်းအုပ်ဆရာ တဦးက ပြောသည်။

မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ဦးအောင်ကြည်နှင့်အပြိုင် ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်သူ ဒီမိုကရက် တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ ကလည်း ဦးအောင်ကြည်၏လုပ်ရပ်သည် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချခြင်းဖြစ် သည်ဟု ဆိုသည်။

“ဒါ မဲရဖို့ ဘာသာရေးကို အလွဲသုံးစားလုပ်တာ” ဟု ဦးသုဝေက ပြောသည်။

တခြားသော နိုင်ငံရေးသမားတဦးကမူ ဘာသာရေးနှင့် နိုင်ငံရေး ပေါင်းစပ်ယှက်နွှယ်ခြင်းသည် အန္တရာယ်ကြီးသော လုပ်ရပ်တခုဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်လာနိုင်ကြောင်း သုံးသပ်သည်။
2

“ဒီလမ်းပေါ်မှာ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကတည်းက ပြည်သူလူထုနဲ့ တသားတည်းရှိခဲ့တာ ဘယ်သူလဲ” ဆိုသည့် စာသားရေးထိုးထားသော ဦးအောင်ကြည်၏ မဲဆွယ်ဆိုင်းဘုတ် (ဓာတ်ပုံ - ဧရာဝတီ)



ကြံ့ဖွံ့ပါတီ၏ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းသည်လည်း ဘာသာရေးကို အသုံးချကာ မဲဆွယ်ခြင်းများ ပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပ ၇ ရပ်ကွက်၊ သီရိဇေယျာလမ်းရှိ ဆောက်လုပ်မှု ရပ်ဆိုင်းခံထားရသော ဗလီကြီးကို အစ္စလမ် ဘာသာဝင်များထံမှ ဆန္ဒမဲများ ရရှိရေးအတွက် ဦးအောင်သိန်းလင်းက ပြန်လည်ဆောက်ခွင့်ပေးခဲ့ရာ ဗုဒ္ဓဘာသာဝင်များနှင့် မစ္စလမ် ဘာသာဝင်များ အကြား တင်းမာမှုများဖြစ်ပေါ်ခဲ့သည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း ၂၊ ပုဒ်မ ၆ (င) တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မပြုလုပ်ရဆိုသော စည်းကမ်းချက်ကို ထည့်သွင်းထားပြီး ရွေးကောက်ပွဲဥပဒေ အခန်း ၁၃၊ ပုဒ်မ ၅၈ (ဂ) တွင်
လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြ ဆန္ဒမဲပေးရန်၊ ဆန္ဒမဲမပေးရန်လည်းကောင်း ဟောပြော၊ ပြောဆို၊ ကြေညာချက် ထုတ်ပြန်ခြင်းနှင့် လှုံ့ဆော်ခြင်းများ ပြုလုပ်လျှင် တနှစ်ထက်မပိုသော ထောင်ဒဏ်၊ တသိန်းထက် မပိုသော ငွေဒဏ်နှင့် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း တရားဝင်ပြဌာန်းထားသည်။

ဦးအောင်ကြည်သည် မင်္ဂလာတောင်ညွန့် မြို့နယ် နေရာအနှံ့အပြားတွင် ၎င်း၏ ဓာတ်ပုံများကို ပုံကြီးချဲ့ ထည့်သွင်း ရိုက်နှိပ်ထားသော ကြော်ငြာ ဆိုင်းဘုတ်မြောက်မြားစွာကို ချိတ်ဆွဲထားပြီး ရပ်ကွက်တိုင်းတွင် ဦးအောင်ကြည်၏ ကြော်ငြာ ဆိုင်းဘုတ်များ ရှိနေသည်ကို တွေ့ရသည်။

အလုပ်သမားဝန်ကြီးနှင့် ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးအောင်ကြည်သည် ဗိုလ်ချုပ်အောင်ကြည်၊ မင်းဗထူးဟူသော ကလောင်အမည်များဖြင့် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ စာအုပ် ၆ အုပ်ရေးသားထုတ်ဝေခဲ့ပြီး တူဒေးစာအုပ်တိုက်က ထုတ်ဝေသော CEO မဂ္ဂဇင်းတွင် စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်းပါးများ ပုံမှန် ရေးသားနေသူဖြစ်သည်။

ဦးအောင်ကြည်သည် ကြံ့ဖွံ့ပါတီပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် တခြားသော စစ်အစိုးရ ၀န်ကြီးများနှင့်မတူဘဲ မဲဆွယ်လှုပ်ရှားမှုများ ပြုလုပ်ရာတွင် အွန်လိုင်း ဝက်ဘ်ဆိုက် တခုလွှင့်တင်ထားပြီး မဲဆွယ်ဝက်ဘ်ဆိုက် ကို ၎င်း၏ ကလောင်ခွဲတခု ဖြစ်သော မင်းဗထူး အမည်ဖြင့် လွှင့်တင်ထားကြောင်း သိရသည်။

3

မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ကိုယ်စားလှယ် ဦးအောင်ကြည်၏ မဲဆွယ်ဆိုင်းဘုတ်များကို ၎င်းမြို့နယ်အတွင် နေရာအနှံ့ စိုက်ထူထားသည် (ဓာတ်ပုံ- ဧရာဝတီ)

ဦးအောင်ကြည်၏ ဝက်ဘ်ဆိုက်မှာ www.minbahtoo.com ဖြစ်ပြီး အဆိုပါ ဝက်ဘ်ဆိုက်တွင် ဦးအောင်ကြည်၏ ကိုယ်ရေးအကျဉ်း၊ ခံယူချက်၊ ရေးသားပြီးစာအုပ်များ၊ လုပ်ဆောင်ချက် ဓာတ်ပုံများ၊ ဆက်သွယ်ရန် အီးမေးလ်လိပ်စာ အပါအဝင် ဦးအောင်ကြည်နှင့် ပတ်သက်သော အကြောင်းအရာများ အားလုံးကို ထည့်သွင်းဖော်ပြထားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကြံ့ဖွံ့ပါတီမှ ဦးအောင်ကြည်နှင့်အတူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌဦးသုဝေ၊ တစ်သီးပုဂ္ဂလ ဦးလှမျိုးမြင့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဦးခင်မောင်လွင်၊ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ်ပါတီမှ ဦးဇော်ဝင်း စုစုပေါင်း ၅ ဦး ၀င်ရောက် အရွေးချယ်ခံကြမည် ဖြစ်ကြောင်း သိရသည်။
http://www.mongloi.org/burmese/images/stories/newspictures/2010/ssa-s.jpg
Monday, October 18, 2010 6:41 PM

မိုင်းရှူးမြို့နယ် ကျေးလက်ဒေသဘက် ကြံ့ဖွံ့ပါတီ စည်းရုံးရေးဆင်းစဉ် တက်ရောက်နားထောင်ရန် လူထုအား ဆင့်ခေါ်သော် လည်း ၂-၃ ယောက်သာရောက်လာသောကြောင့် အုပ်စုဥက္ကဌနှင့် ရွာသူကြီးများ အားကြံ့ဖွံ့ဥက္ကဌက ခေါ်ယူသတိပေး ခြိမ်း ခြောက်ခဲ့ကြောင်းစုံစမ်းသိရှိရပါသည်။
နယ်စပ်ဂိတ်အကြောင်းပြပြီး USDP မဲဆွယ်စည်းရုံး
Monday, October 18, 2010 6:19 PM

သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ် USDP ဥက္ကဌ ဦးစိုင်းအောင်ကြည်က လူထုအပြည့်အ၀ထောက်ခံမဲပေး လျှင် ထိုင်း - မြန်မာနယ်စပ်ဂိတ်တခုဖြစ်သည့် ဘီပီဝမ်းဂိတ်အား ပြန်ဖွင့်နိုင်ရန်လုပ်ပေးမည်ဟု စည်းရုံးရေး ခရီးစဉ် ၌ ပြောဆိုနေကြောင်း စုံစမ်းသိရှိရပါသည်။
SSA တောင်ပိုင်းတပ်ဖွဲ့ကို ၂၄ နာရီစောင့်ကြည့်ရန်ဒေသခံများအား နအဖတပ် ညွှန်ကြား
Monday, October 18, 2010 5:59 PM

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ဒေသခံများအား အာဏာပိုင်များက SSA တောင်ပိုင်းတပ်ဖွဲ့ကို ၂၄ နာရီစောင့်ကြည့်ပြီး သတင်းပေးပို့ရန် ညွှန်ကြားထားကြောင်း နယ်စပ်သတင်းများအရသိရှိရပါသည်။
ကျောင်းသားများထံ ထီလက်မှတ်ရောင်း ကျောင်းရံပုံငွေရှာ
Monday, October 18, 2010 3:10 PM

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ အထက်တန်းကျောင်းဆောင်သစ် ဆောက်လုပ်ရန် လိုအပ်သည့် ရံပုံငွေအတွက် ယခုလ ၁၄ ရက်မှ စ၍ ကျောင်းသားများထံ အောင်ဘာလေထီလက်မှတ် ရောင်းချနေကြောင်း သိရသည်။
သိန္နီ၌ USDP အ၀င်ကြမ်း စစ်တပ်အနိုင်ကျင့်ရင် ကူညီဖြေရှင်းမည်ဟု စည်းရုံးပြောဆို
Friday, October 15, 2010 5:13 PM

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့သို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးဆင်းစဉ် နအဖစစ်တပ်မှ အနိုင်ပြု ကျင့်လာရင် ကြံ့ဖွံ့ ပါတီ ကူညီဖြေရှင်းပေးမည်ဟု ကတိပေးပြောဆိုကြောင်း စုံစမ်းသိရှိရသည်။
လားရှိုးကနာမည်ကြီး KDUP ပါတီအနိုင်ရလျှင် USDP နှင့် ပူးပေါင်းဖို့များ
Friday, October 15, 2010 5:03 PM

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ လူဦးရေ ထက်ဝက်ခန့်အင်အားရထားသော Kokang Democracy and Unity Party (KDUP) ကိုးကန့်ဒီမိုကရေစီနှင့်သွေးစည်းညီညွတ်ရေးပါတီအနိုင်ရခဲ့သည်ရှိသော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် သာပူးပေါင်း အားဖြည့်အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် ကိုးကန့်ပါတီဝင်တဦးကပြော သည်။
၂ ပတ်အတွင်း နအဖတပ်တွင်း ရာထူးနေရာများ လူစားထိုးဖွယ်ရှိ
Friday, October 15, 2010 3:55 PM

နိုင်ငံတစ်ဝှန်းရှိ နအဖစစ်တပ်မှ ဒုရင်းမှူး ၁၀၀ ခန့်သည် အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ ရက်သတ္တနှစ်ပတ်ကြာ တပ်ရင်းမှူး သင်တန်းတက်ရောက်နေပြီး သင်တန်းပြီးဆုံးပါက တပ်ရင်းမှူးအဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်လူထုအား KDUP ပါတီက မဲစာရွက်နမူနာဖြင့် မဲခြစ်နည်းသင်ပေး
Thursday, October 14, 2010 7:09 PM

ယခုတပါတ်အတွင်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးးမြို့၌ ကိုးကန့်ပါတီ KDUP က ကိုးကန့်လူထုအား မဲစာရွက်နမူနာ ထုတ် ပေးကာ မဲခြစ်နည်း၊ထည့်နည်းများ သင်ပေးနေကြောင်း စုံစမ်းသိရှိရသည်။
ယာခင်းသွားအိပ်စောင့်ရွာသားများအား လျော်ကြေးမဲ့ ပစ်သတ်မည်ဟု မိုင်းရယ်ဗျူဟာမှူးအမိန့်ချ
Thursday, October 14, 2010 6:52 PM

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့အခြေစိုက် ဗျူဟာမှူးက လယ်ယာခြံခင်းသို့သွားအိပ်စောင့်သော ရွာသားများအားတွေ့ ရှိပါက လျော်ကြေးမရှိ ပစ်သတ်မည်ဖြစ်ကြောင်း ကျေးရွာ အုပ်စုဥက္ကဌများအား ခေါ်ယူအမိန့်ချသည်ဟု သျှမ်းပြည် အလယ် ပိုင်း သတင်းရပ်ကွက်က ကြားသိရသည်။
ကြံ့ဖွံ့ပါတီ မဲရုံတစ်ရုံကိုယ်စားလှယ် ၃ ဦး ထားရန် ငွေပေးငှား
Thursday, October 14, 2010 6:50 PM

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီက ရွေးကောက်ပွဲနေ့တွင် နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်မြေရှိ မဲရုံများ၌ ကိုယ်စားလှယ်များ ထားရန် ယမန်နေ့ကစ၍ ငွေပေးငှားရမ်းနေကြောင်း သိရသည်။

all burma monks alliance

ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရကို ကုလအတွင်းရေးမှူးချုပ် ပြစ်တင်ဝေဖန် click
- ကုလနဲ့ ပူးပေါင်းလုပ်ကိုင်မှု အားနည်းလို့ မြန်မာအပေါ် ကုလအတွင်းရေးမှူးချုပ် စိတ်ပျက် click
- မြန်မာအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေးကိစ္စ ထောက်ခံဖို့ အင်ဒိုနီးရှားကို HRW တိုက်တွန်း click
- စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့အတွင်း ပြောင်းလဲမှုရှိ click
- အကျဉ်းသား (၁၀၀) လွှတ်၊ နိုင်ငံရေးအကျဉ်းသား မပါ click
- မန္တလေးထောင်က အကျဉ်းသား (၅) ထောင်ကျော် သီတဂူဆရာတော်ကြီး အလှူပေး click
- သီတဂူဆရာတော် အိုးဘိုထောင် အကျဉ်းသားတွေကို ဒါနပြု click
- အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ ယခင်နှင့် ယခု စင်္ကာပူအတွေ့အကြုံများ (၁) click
- ဒေါ်အောင်ဆန်းစုကြည် လွတ်လာလျှင် ... (အယ်ဒီတာ့စကား - ရုပ်သံ) click
- ဗိုလ်မှူးရွှေမန်းနှင့် ဗိုလ်မှူးကီးသို့ အိတ်ဖွင့်ပေးစာ (ဆောင်းပါး) click
- မစ်ရှီဂန်မှ ပေးသောစာ(၂၉) click
- မစ်ရှီဂန်မှ ပေးသောစာ(၂၈) click
- မစ်ရှီဂန်မှ ပေးသောစာ(၂၇) click
- ပြည်သူ့ကြားက ပြည်သူ့စကား (ရုပ်သံ) click
- ရွေးကောက်ပွဲပေါ် စိတ်ဝင်စားမှု အားနည်း click
- ရွေးကောက်ပွဲကို ရာဇဝင်ထဲမှာ ထားခဲ့ click
- ရွေးကောက်ပွဲဝင် ပါတီများ ဂျာနယ်တွေထဲမှာ ကြော်ငြာထည့်ပြီ၊ ပါတီကို ထောက်ပံ့သူများအကြောင်း အသံ ထွက် click
- ၂ဝ၁ဝ ရွေးကောက်ပွဲ ကျောင်းသားလူငယ်များ အသံ click
- လွတ်ရက်စေ့ အကျဉ်းသားများထံမှ ကြိုတင်မဲ ကောက်မည် click
- ပြည်ပရောက် မြန်မာများထံမှ ကြိုတင်မဲကောက် click
- NDF မဲဆွယ်မှု ရပ်ကွက်ကော်မရှင် နှောင့်ယှက် click
- ကြံ့ခိုင်ရေးပါတီ ထောက်ခံကြောင်း အပြောကြောင့် မြို့တော်ဝန် ဈေးဖွင့်ခွင့်ပေး click
- ကြံ့ခိုင်ရေးက တခြားပါတီထက် အခွင့်အရေး ပိုရနေ click
- ကြံ့ခိုင်ရေးပါတီက စစ်တပ်ကို ခုတုံးလုပ် မဲဆွယ် click
- “မူဆလင်တွေ လွတ်လပ်ဖို့ ကြံ့ခိုင်ရေးပါတီကို ထောက်ခံကြ” ဟုဆိုကာ လွှတ်တော်အမတ်လောင်းများက လှည့်လည်စည်းရုံး click
- မိတ္ထီလာမှာလည်း ဆည်ဖောက်လို့ ရေကြီးနေ click
- ဆန္ဒပြ မြန်မာအလုပ်သမား (၃၀၀) ကျော် မဲဆောက်သို့ ရောက် click
- သစ်တော မထိန်းသိမ်းလျှင် စားနပ်ရိက္ခာ မဖူလုံနိုင် click
- အမေရိကန် ဖျော်ဖြေပွဲတွေမှာ ဆန္ဒပြခံရတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ သဘောထား click
- စစ်ဝါဒဖြန့် သရုပ်ဆောင် ခန့်စည်သူ သြစတြေးလျ၊ ပါ့သ်ဖျော်ဖြေပွဲသို့ မရောက်လာသေးဟု ဆို click
- ကောက်ကွေ့တဲ့မြစ်ကို ဆွဲဆန့်နိုင်ပါ့မလား (စာအုပ်စင်) click
- ကျွန်းပိုင်ဆိုင်မှုပေါ် တရုတ်နဲ့ ဂျပန်တို့ အပြိုင်ဆန္ဒပြ click
- Megi တိုင်ဖုန်းမုန်တိုင်း ဖိလစ်ပိုင်ကို ဖြတ်သန်း တိုက်ခတ်မည် click
- ဘင်္ဂလားပင်လယ်အော် မုန်တိုင်း အိန္ဒိယသို့ ၀င်ရောက် click
- ၂၀၀၈ မွန်ဘိုင်းအကြမ်းဖက် တိုက်ခိုက်ခံရမှု မတိုင်ခင် FBI သတင်းကြိုတင်ရရှိ click
- ချီလီမိုင်းလုပ်ငန်း လုံခြုံစိတ်ချရရေး တောင်းဆို click
- ဂျာမဏီမှာ ယဉ်ကျေးမှုစုံပုံစံ အလုပ်မဖြစ် click
- ကမ္ဘာ့လူသန်း (၁) ထောင်နီးပါး ငတ်မွတ်ပြီး အဟာရချို့တဲ့နေ click
- ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်လောင်းများကို မိုးကြိုးပစ်၍ လူထုများ ၀မ်းမြောက် click
- ကလေးမွေးပြီး စွန့်ပစ်သူ မြန်မာအမျိုးသမီး အမေရိကန်တွင် ထောင် (၃) နှစ်ကျ click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် တည်ရှိနေကြောင်း ကြေညာချက်ထုတ်ပြန် click
- မိမိတို့သည် နိုင်ငံရေးပေါင်းစည်းမှုအင်အားအဖြစ် ဆက်လက်ရပ်တည်သွားမည် (ဦးဝင်းတင်) click
- ၀ါစိမ်းနီနဲ့ ကြယ်ဖြူအလံတော်သစ် တသိန်းခွဲကို အောက်တိုဘာ (၂၁) ရက်နေ့အပြီး ချုပ်နေ click
- သမိုင်းဘီးကို နောက်ပြန်မလှည့်နဲ့ (ဆောင်းပါး) click
- မန္တလေးရေဘေးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအကူအညီပေးရေးအဖွဲ့ လှုပ်ရှားမှု (ဓာတ်ပုံ) click
- မန္တလေးမြို့သစ်က ရေကြီးခဲ့တဲ့ ရပ်ကွက်များ အခြေအနေ နောက်ဆုံးသတင်း click
- မြန်မာငွေ တန်းဖိုးတက်၍ ဘင်္ဂလာသို့ မြန်မာ့ကုန်ပစ္စည်း ဝင်ရောက်မှုနည်းပါး click
- ဗိုလ်ချုပ်သန်းရွှေ၏ မြေးများ ဂျာနယ်တွင် ကြော်ငြာထည့် click
- တပင်တိုင် ရွှေမင်းသမီး ရခိုင်သီးချင်းခွေ ထွက်ပြီ click
- သတင်းထဲက ဂဏန်းများ click

ထိုင်းနိုင်ငံ၊ ခွန်ကယ်မြို့က မြန်မာအလုပ်သမားတွေရဲ့ အောင်မြင်မှု

ပတ်စပို့နဲ့ အလုပ်လုပ်ခွင့်လက်မှတ်များ ပြန်ရရေးအတွက် တလကျော် ဆန္ဒပြတောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ ထိုင်းနိုင်ငံ၊ ခွန်ကယ်မြို့က မြန်မာအလုပ်သမားတွေရဲ့ အောင်မြင်မှု
သတင်းပေးပို့ - ပြည်သူ့သူရဲကောင်းများအုပ်စု
သတင်းဓာတ်ပုံ - ကိုအောင်တင့် (ခွန်ကယ်မြို့၊ ဒေချာဖန်းနစ် ပိုက်ကွန်စက်ရုံမှ အလုပ်သမားတဦး)

ထိုင်း-လာအိုနယ်စပ် ခွန်ကယ်မြို့၊ ဒေချာဖန်းနစ် ပိုက်ကွန်စက်ရုံမှာ စက်တင်ဘာလ (ရ) ၇က်နေ့ကစပြီး အ လုပ်သမားတွေ ကိုင်ဆောင်ရမယ့် ပတ်စပို့တွေ၊ အလုပ်လုပ်ခွင့် ကတ်ပြားတွေ၊ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် လက်မှတ်တွေ၊ နစ်နာနေတဲ့ လုပ်အားခကိစ္စတွေ ရရှိဖို့အတွက် မြန်မာအလုပ်သမားတွေက တောင်းဆိုဆန္ဒပြ ခဲ့ပါတယ်။ နောက်ဆုံးမှာ အလုပ်ရှင်က ခြိမ်းခြောက်ခြင်း၊ မောင်းထုတ်ခြင်း၊ လက်မှတ်တွေကိုတော့ ပယ်ဖျက် လိုက်ပြီလို့ ပြောဆိုခြင်း၊ လုပ်အားခတွေကို စက်ရုံအပြင်ကို ထွက်မှ ပေးမယ်လို့ဆိုခြင်း ... စတာတွေကြောင့် ရှေ့နေတွေရဲ့တိုက်တွန်းချက်အရ အလုပ်သမားတွေထဲက အလုပ်သမား (၅၆၉) ဦးဟာ အောက်တိုဘာ (၁၄) ရက်နေ့မှာ စက်ရုံကနေ ထွက်ခွာပေးခဲ့ရပြီး စက်ရုံနဲ့ (၃) ကီလိုလောက်ဝေးတဲ့ ဘုန်းတော်ကြီးကျောင်းတခုမှာ သူတို့တွေ စုဝေးနေထိုင်ခဲ့ရပါတယ်။

သူတို့တွေ ထွက်လာရခြင်းအကြောင်းကတော့ ထိုင်း-လာအိုနယ်စပ်က ဒေချားဖန်းနစ် ပိုက်ကွန်စက်ရုံက မြန် မာအလုပ်သမားတွေရဲ့ အလုပ်သမားလက်မှတ်တွေကို ပယ်ဖျက်လိုက်ကြောင်း စက်ရုံမှူးက ပြောဆိုပြီး မောင်းထုတ်တာတွေ လုပ်ခဲ့သလို အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ပြီး ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ တာကြောင့် ပတ်စပို့ကိုင်ထားပြီး အလုပ်လုပ်ခွင့်လက်မှတ်နဲ့ လုပ်အားခရဖို့ စောင့်နေရတဲ့ အလုပ်သမားတွေရဲ့ လုံခြုံရေး စိုးရိမ်စရာအခြေအနေကို ရောက်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။

(၁၃) ရက်နေ့တုန်းကတော့ အလုပ်ရှင်နဲ့ ချိန်းဆိုခဲ့တဲ့ လူ့အခွင့်ရေးရှေ့နေတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့က ကိုယ်စားလှယ်တွေ ရောက်ရှိလာပြီး အလုပ်သမားတွေကိစ္စကို ဆွေးနွေးရာမှာ စက်ရုံပြင်ပကို ထွက်ပေးမှ လုပ်ခရှင်းပေးမယ်ဆိုတာကြောင့် အလုပ်သမာတွေက စက်ရုံကနေ ထွက်ခွာပေးခဲ့ရခြင်းပါတယ်။ (၁၃) ရက်နေ့တုန်းကတော့ အလုပ်သမားတွေကို ငွေရှင်းပြီးတာနဲ့ အလုပ်လုပ်ခွင့် ကတ်ပြားတွေလည်း ပယ် ဖျက်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကို ပြန်ပို့မယ်ဆိုတာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအ ဖွဲ့ရဲ့ အတွင်းရေးမှူး ဦးကျော်သောင်းက အလုပ်သမားတွေရဲ့ လက်မှတ်တွေကို ပယ်ဖျက်လို့မရကြောင်း ရှေ့ နေတွေနဲ့ အကြေအလည် ဆွေးနွေးမှုတွေ လုပ်ခဲ့ရပါတယ်။

ဒီ့နောက်မှာတော့ အလုပ်သမားလက်မှတ် ပယ်ဖျက်ရေး မလုပ်နိုင်ဖို့ လူ့အခွင့်အရေးရှေ့နေတွေက အားထုတ် ခဲ့ကြပါတယ်။ အခု အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခဲ့တဲ့ ဒေချာဖန်နစ် ငါးဖမ်းပိုက်စက်ရုံဟာ ကမ္ဘာ့ ငါးဖမ်းပိုက်စက်ရုံကြီးတွေထဲက တခုဖြစ်ပြီး အမေရိကန်၊ ဒိန်မတ်၊ ဖင်လန်၊ စပိန်၊ ကနေဒါ၊ ဂျပန် ... စတဲ့ နိုင်ငံပေါင်း (၄၀) ကျော်ကို စက်ရုံထွက် ကုန်ပစ္စည်းတွေ တင်ပို့နေတာလည်း ဖြစ်ပါတယ်။
အောက်တိုဘာ (၁၄) ရက်နေ့မှာတော့ အလုပ်သမားတွေထဲက ကျန်ရှိနေတဲ့ ပတ်စပို့စာအုပ်များကို ထုတ်ဝေ ပေးနေပြီး လုပ်အားခတွေ ပြန်ပေးရာမှာ အလုပ်ရှင်က တဦးကို ဘတ် (၅၀၀) ကနေ ဘတ် (၇၀၀) နှုန်း လောက်ကို ငွေကြေးဖြတ်တောက်မှုတွေ လုပ်ထားပါတယ်။

မြန်မာအလုပ်သမားတွေဟာ အောက်တိုဘာ (၁၅) ရက်နေ့မှာတော့ သူတိုရဲ့လုပ်အားခနဲ့ နောက်ထပ် အလုပ် ရှင်ဆီကို ရွှေ့ပြောင်းနိုင်ဖို့ အခွင့်အရေးတွေရတာကြောင့် ဘန်ကောက် မင်ဘူရီ မဟာချိုင်က စက်ရုံတွေဆီ ပြောင်းရွှေ့သွားသူတွေရှိသလို မဲဆောက်က အလုပ်ရှင်သူဌေးတွေဆီ ထပ်ဆက်သွယ်ဖို့ မဲဆောက်ကို ပြန်တဲ့ အရေအတွက်လည်း (၃၀၀) ကျော် ရှိနေပါတယ်။

အလုပ်သမားတွေအနေနဲ့ အခုလို တောင်းဆိုတာတွေ အားလုံးနီးပါး ရရှိသွားခဲ့တာဟာ သူတို့တတွေ စည်းလုံး ညီညွတ်စွာ လုပ်ဆောင်ခဲ့မှုကြောင့်ရော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ကြိုးပမ်းမှု၊ ထိုင်းလူ့အ ခွင့်အရေးရှေ့နေတွေရဲ့ အားထုတ်ကြိုးပမ်းပေးမှု၊ အစိုးရမဟုတ်တဲ့ အန်ဂျီအိုအဖွဲ့တခုဖြစ်တဲ့ map ဖောင်ဒေး ရှင်းတို့ရဲ့ကြိုပမ်းမှု၊ သတင်းမီဒီယာတွေက အချိန်မီသတင်းထုတ်ပြန်ပေးမှုတွေကြောင့် အခုလိုအခြေအနေဖြစ် ခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ အလုပ်သမား အလုပ်လုပ်ခွင့်လက်မှတ်ဆိုရင်လည်း အလုပ် ရှင်က သိမ်းထားသလို ပတ်စပို့တွေကိုလည်း သိမ်းထားတာကြောင့် ခွန်ကယ်အလုပ်သမားတွေက ဦးဆောင် ပြီး သူတို့ရဲ့ရပိုင်ခွင့်ဖြစ်တဲ့ ပတ်စပိုနဲ့ အလုပ်လုပ်ခွင့်လက်မှတ်တွေ ပြန်ရအောင် တလကျော်ကြာ ဆန္ဒထုတ် ဖော်တိုက်ပွဲဝင်ခဲ့ရခြင်းဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေကတော့ ခွန်ကယ်မြို့ ဘုန်းကြီးကျောင်းတခုကနေ (၁၅) ရက်နေ့ ညနေ ၄ နာရီ မိနစ် (၄၀) မှာ စတင်ထွက်ခွာနိုင်ခဲ့ပြီး (၁၆) ရက်နေ့ကျရင် မဲဆောက်မြို့က မယ်တော်ဘုန်းကြီးကျောင်းကို စုစည်း စွာ ရောက်ရှိကြမှာဖြစ်ပါတယ်။

အပြည့်အစုံသို့...

Friday, October 15, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၅-၁၀-၂၀၁၀)

- “ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလာရင် NDF ကို ဖျက်သိမ်းပေးမှာပါ” (အင်တာဗျူး) click
- အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံမူဝါဒ မပြောင်းလဲဟု ဒေါ်အောင်ဆန်းစုကြည် ယုံကြည် click
- NLD ခေါင်းဆောင်များကို ရှေ့နေဦးအေးမြင့် စွပ်စွဲဝေဖန် click
- စစ်အစိုးရကို စစ်ဆေးရေး ဂျပန်ထောက်ခံဖို့ မေတ္တာရပ်ခံစာပို့ click
- မြန်မာ့ဒီမိုကရေစီအပြောင်းအလဲအပေါ် ကုလနှင့် အာဆီယံတို့ သုံးသပ်ချက်များ click
- မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တပ်မဖြန့်ရ၊ တနေရာတည်းမှာနေဖို့ စစ်အစိုးရ ညွှန်ကြား click
- KIO ကို သောင်းကျန်းသူလို့ ပြန်ခေါ် click
- KIO သောင်းကျန်းသူလို့ စစ်အစိုးရသတင်းမှာ ပြန်ဖော်ပြ click
- KIO ကို သောင်းကျန်းသူအဖြစ် စစ်အစိုးရ ပြန်သုံးနှုန်း click
- စစ်အစိုးရကို ကေအိုင်အေကို သောင်းကျန်းသူအဖြစ် ပြန်လည်ခေါ်ဝေါ် click
- မြန်မာ-လာအိုနဲ့ အိမ်နီးချင်းများ click
- နိုင်ငံတော်အလံသစ် တသိန်းခွဲ အမြန်ချုပ်လုပ်ရန် ညွှန်ကြား click
- သခင်အုန်းမြင့် ကွယ်လွန်ခြင်း တလပြည့် မိသားစုက ဖိတ် click
- နယူးဇီလန်ပါလီမန်က မြန်မာ့အရေးကြားနာပွဲ (ဓာတ်ပုံသတင်း) click

ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရကို ကုလအတွင်းရေးမှူးချုပ် ပြစ်တင်ဝေဖန် click - ကုလနဲ့ ပူးပေါင်းလုပ်ကိုင်မှု အားနည်းလို့ မြန်မာအပေါ် ကုလအတွင်းရေးမှူးချုပ်

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၇-၁၀-၂၀၁၀)

- ပါတီအချင်းချင်း ရိုက်ပွဲဖြစ် click
- တံတားဦးမှာလည်း ရေကြီးလို့ ပြည်သူတွေ အခက်အခဲ ဖြစ်နေ click
- ရေကြီးရေလျှံမှုနဲ့ ကယ်ဆယ်ရေးတာဝန် (တနင်္ဂနွေ ဆွေးနွေးပွဲ)click
- ဝေနှင်းပွင့်သုန် ပေ (၁၆၀) အမြင့်မှ ခုန်ချ၊ ဒေါ်လာတသောင်းကျော်ရ click
- မြန်မာ့အရေး ကုလ ဘာလုပ်ပေးမလဲ click
- တပ်မတော်ထောက်လှမ်းရေး ပြုပြင်မှု click
- စစ်တပ် ရှေ့တိုးမလား၊ နောက်ဆုတ်မလား (ဆွေးနွေးဖလှယ်) click
- အာဏာအရေးနှင့် ဘာသာရေး (အယ်ဒီတာ့အာဘော်) click
- မစ်ရှီဂန်မှ ပေးသောစာ အမှတ်(၃ဝ) (အသံလွှင့်ဆောင်းပါး) click
- ဒို့သမိုင်းမှာ မရိုင်းကြရလေအောင် (ဆောင်းပါး) click

ပါတီ အချင်းချင်း ရိုက်ပွဲဖြစ်

USDA

အစိုးရ ဘဏ္ဍာသုံးပြီး လမ်းခင်း မဲဆွယ် တယ်လို့ ကြံဖွံ့ပါတီ စွပ်စွဲခံရ။

အစ္စလာမ် ဘာသာဝင်တွေကို အခြေခံ ဖွဲ့စည်းထားတဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမို ကရက် တစ်ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ ရခိုင်ပြည် မောင်တောမြို့ ခမောင်းဆိပ် ကျေးရွာမှာ ရန်ဖြစ် ရိုက်နှက်ခဲ့ကြတဲ့ အတွက် တချို့ ဒဏ်ရာရခဲ့ကြပါတယ်။

မနေ့ညနေပိုင်းက အမျိုးသား ဖွံ့ဖြိုး တိုးတက် ရေး ဒီမို ကရက်တစ် ပါတီရဲ့ စည်းရုံးရေး ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ကို ကြံ့ခိုင်ရေးပါတီက ဝင်ရောက် နှောင့်ယှက် ခဲ့ရာက အပြန်အလှန် ရိုက်နှက်ခဲ့ကြတာလို့ ဆိုပါတယ်။

မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြောပြချက်အရ ကျေးရွာ ၇ ရွာလောက်မှာ သူတို့ နှစ်ပါတီကြား ခိုက်ရန်ဖြစ်ပွားခဲ့ ကြတယ်လို့ ဆိုပါတယ်။

မောင်တောမြို့မှာ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီက အင်အား ကောင်းနေပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အခြေအနေ သိပ်မကောင်းလို့ မဲမဆွယ်ရဲ အောင် ရန်ရှာ ရိုက်နှက်နေကြတာလို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဟာ အရင်ကလည်း ဦးအေးလွင် ခေါင်းဆောင်တဲ့ ရှစ်လေးလုံး မျိုးဆက် ကျောင်းသားတွေကို ကြည့်မြင်တိုင် မြို့နယ်မှာ ရိုက်နှက်ခဲ့ ဖူးပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ စည်းရုံးရေး အဖွဲ့ကိုလည်း ၂၀၀၃ ခုနှစ် တုန်းက ဒီပဲယင်း မြို့နယ်မှာ ရိုက်နှက် သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရ ပါတယ်။

Sunday, October 17, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၇-၁၀-၂၀၁၀)

- ပါတီအချင်းချင်း ရိုက်ပွဲဖြစ် click
- တံတားဦးမှာလည်း ရေကြီးလို့ ပြည်သူတွေ အခက်အခဲ ဖြစ်နေ click
- ရေကြီးရေလျှံမှုနဲ့ ကယ်ဆယ်ရေးတာဝန် (တနင်္ဂနွေ ဆွေးနွေးပွဲ)click
- ဝေနှင်းပွင့်သုန် ပေ (၁၆၀) အမြင့်မှ ခုန်ချ၊ ဒေါ်လာတသောင်းကျော်ရ click
- မြန်မာ့အရေး ကုလ ဘာလုပ်ပေးမလဲ click
- တပ်မတော်ထောက်လှမ်းရေး ပြုပြင်မှု click
- စစ်တပ် ရှေ့တိုးမလား၊ နောက်ဆုတ်မလား (ဆွေးနွေးဖလှယ်) click
- အာဏာအရေးနှင့် ဘာသာရေး (အယ်ဒီတာ့အာဘော်) click
- မစ်ရှီဂန်မှ ပေးသောစာ အမှတ်(၃ဝ) (အသံလွှင့်ဆောင်းပါး) click
- ဒို့သမိုင်းမှာ မရိုင်းကြရလေအောင် (ဆောင်းပါး) click

“ခွေးလေခွေးလွင့်၊ ကြံ့ဖွတ်နှင့် ဆင်ဖြူ” (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)
- လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်ကြဖို့ click
- စစ်အစိုးရ ရွေးကောက်ပွဲနဲ့ ဒေါက်တာဇာနည်ရဲ့အမြင် (ဒီမိုကရေစီရေးရာ) click
- ပါတီတွေ ငွေကြေးအရ ပွင့်လင်းမြင်သာမှုရှိဖို့ RNDP တိုက်တွန်း click
- ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ ဂျပန်ရှိ မြန်မာသံရုံး အကြောင်းကြား click
- ရွေးကောက်ပွဲအတွက် မြန်မာသံရုံးတွေမှာ ကြိုတင်မဲပေး click
- ငါးဖမ်းပိုက်စက်ရုံက မြန်မာအလုပ်သမားတွေ အလုပ်အကိုင်သစ်ရရှိ click
- တံခွန်စိုက်လို့ လှူလိုက်ကြပါစို့ရဲ့ (ဆောင်းပါး) click
- ပုဂံမြို့ဟောင်းက ရှေးဟောင်းဘုရားစေတီများ (၂) - မြန်မာပုံ ဂူဘုရားများ (ဆောင်းပါး) click
- အတိုက်အခံသတင်း ဖော်ပြတဲ့ မီဒီယာတွေ ပိတ်ဖို့ အီရန်အစိုးရ သတိပေး click
- ပြန်စတင်မယ့် နျူကလီးယားဆွေးနွေးပွဲ အီရန်သမ္မတ ကြိုဆို click
- မိုင်းလုပ်သားတွေရဲ့ ကျေးဇူးတော် အခမ်းအနား click
- ပြင်သစ် အပါအ၀င် ဥရောပမှာ အကြမ်းဖက် တိုက်ခိုက်ခံရနိုင်ဖွယ်ရှိ click
- နိုင်ငံရေးအကျဉ်းသားများ ရန်ပုံငွေအတွက် ဝေနှင်းပွင့်သုန် အမြင့်ပေ (၁၆၀) က ခုန်ချ click
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လုံခြုံရေးအရာရှိ မီးလောင်သေဆုံး click
- မြန်မာနယ်စပ်မှာ ထိုင်းလုံခြုံရေး တိုးမြှင့် click
- အိန္ဒိယ-မြန်မာနယ်စပ်ဂိတ် ပိတ်ထားသဖြင့် နှစ်နိုင်ငံကုန်သွယ်ရေး ရပ် click
- ရှမ်းလူထု ဆုံးဖြတ်နိုင်ရန် ပညာပေးဗွီစီဒီ ဖြန့်ချိ click
- မွှေးသည့်ပန်းများမှ ကျောယားပြေ တိုက်ပွဲလေးတခုအကြောင်း (၁) (ဆောင်းပါး) click
- အမျိုးသမီးများအဖွဲ့ချုပ်နှင့် စကားပြောခြင်း - အပိုင်း (၁) (ရုပ်သံ) click
- အမျိုးသမီးများအဖွဲ့ချုပ်နှင့် စကားပြောခြင်း - အပိုင်း (၂) (ရုပ်သံ) click
- အထီးကျန် သို့မဟုတ် အကသ၏ ကြယ်တပွင့် (ကဗျာ) click
- ‘မပစ်ချင်တဲ့မြား’ (ကဗျာ) click
- ဒို့အခွင့်အရေး ကိုယ်တိုင်ရွေး click
- ဂျပန်ရှိ မြန်မာသံရုံးက ကြိုတင်မဲ ကောက်မည် click
- ရွေးကောက်ပွဲကနေ စစ်ဗိုလ်ကြီးစိုးသည့် စီးပွားရေးစနစ်ကို ပယ်ဖျက်နိုင်ပါ့မလား click
- ယာယီပတ်စပို့ ကိုင်ထားသည့် အလုပ်သမား (၅၀၀) ကျော် အလုပ်လက်မဲ့ဖြစ် click
- စစ်သင်္ဘောနဲ့ ပင့်တဲ့ဆင်ဖြူ click
- လွမ်းစရာ သီချင်းတွေအကြောင်း (အသံလွှင့်ဆောင်းပါး) click