Monday, October 18, 2010 6:41 PM
မိုင်းရှူးမြို့နယ် ကျေးလက်ဒေသဘက် ကြံ့ဖွံ့ပါတီ စည်းရုံးရေးဆင်းစဉ် တက်ရောက်နားထောင်ရန် လူထုအား ဆင့်ခေါ်သော် လည်း ၂-၃ ယောက်သာရောက်လာသောကြောင့် အုပ်စုဥက္ကဌနှင့် ရွာသူကြီးများ အားကြံ့ဖွံ့ဥက္ကဌက ခေါ်ယူသတိပေး ခြိမ်း ခြောက်ခဲ့ကြောင်းစုံစမ်းသိရှိရပါသည်။
နယ်စပ်ဂိတ်အကြောင်းပြပြီး USDP မဲဆွယ်စည်းရုံး
Monday, October 18, 2010 6:19 PM
သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ် USDP ဥက္ကဌ ဦးစိုင်းအောင်ကြည်က လူထုအပြည့်အ၀ထောက်ခံမဲပေး လျှင် ထိုင်း - မြန်မာနယ်စပ်ဂိတ်တခုဖြစ်သည့် ဘီပီဝမ်းဂိတ်အား ပြန်ဖွင့်နိုင်ရန်လုပ်ပေးမည်ဟု စည်းရုံးရေး ခရီးစဉ် ၌ ပြောဆိုနေကြောင်း စုံစမ်းသိရှိရပါသည်။
SSA တောင်ပိုင်းတပ်ဖွဲ့ကို ၂၄ နာရီစောင့်ကြည့်ရန်ဒေသခံများအား နအဖတပ် ညွှန်ကြား
Monday, October 18, 2010 5:59 PM
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ဒေသခံများအား အာဏာပိုင်များက SSA တောင်ပိုင်းတပ်ဖွဲ့ကို ၂၄ နာရီစောင့်ကြည့်ပြီး သတင်းပေးပို့ရန် ညွှန်ကြားထားကြောင်း နယ်စပ်သတင်းများအရသိရှိရပါသည်။
ကျောင်းသားများထံ ထီလက်မှတ်ရောင်း ကျောင်းရံပုံငွေရှာ
Monday, October 18, 2010 3:10 PM
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ အထက်တန်းကျောင်းဆောင်သစ် ဆောက်လုပ်ရန် လိုအပ်သည့် ရံပုံငွေအတွက် ယခုလ ၁၄ ရက်မှ စ၍ ကျောင်းသားများထံ အောင်ဘာလေထီလက်မှတ် ရောင်းချနေကြောင်း သိရသည်။
သိန္နီ၌ USDP အ၀င်ကြမ်း စစ်တပ်အနိုင်ကျင့်ရင် ကူညီဖြေရှင်းမည်ဟု စည်းရုံးပြောဆို
Friday, October 15, 2010 5:13 PM
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့သို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးဆင်းစဉ် နအဖစစ်တပ်မှ အနိုင်ပြု ကျင့်လာရင် ကြံ့ဖွံ့ ပါတီ ကူညီဖြေရှင်းပေးမည်ဟု ကတိပေးပြောဆိုကြောင်း စုံစမ်းသိရှိရသည်။
လားရှိုးကနာမည်ကြီး KDUP ပါတီအနိုင်ရလျှင် USDP နှင့် ပူးပေါင်းဖို့များ
Friday, October 15, 2010 5:03 PM
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ လူဦးရေ ထက်ဝက်ခန့်အင်အားရထားသော Kokang Democracy and Unity Party (KDUP) ကိုးကန့်ဒီမိုကရေစီနှင့်သွေးစည်းညီညွတ်ရေးပါတီအနိုင်ရခဲ့သည်ရှိသော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် သာပူးပေါင်း အားဖြည့်အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် ကိုးကန့်ပါတီဝင်တဦးကပြော သည်။
၂ ပတ်အတွင်း နအဖတပ်တွင်း ရာထူးနေရာများ လူစားထိုးဖွယ်ရှိ
Friday, October 15, 2010 3:55 PM
နိုင်ငံတစ်ဝှန်းရှိ နအဖစစ်တပ်မှ ဒုရင်းမှူး ၁၀၀ ခန့်သည် အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ ရက်သတ္တနှစ်ပတ်ကြာ တပ်ရင်းမှူး သင်တန်းတက်ရောက်နေပြီး သင်တန်းပြီးဆုံးပါက တပ်ရင်းမှူးအဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်လူထုအား KDUP ပါတီက မဲစာရွက်နမူနာဖြင့် မဲခြစ်နည်းသင်ပေး
Thursday, October 14, 2010 7:09 PM
ယခုတပါတ်အတွင်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးးမြို့၌ ကိုးကန့်ပါတီ KDUP က ကိုးကန့်လူထုအား မဲစာရွက်နမူနာ ထုတ် ပေးကာ မဲခြစ်နည်း၊ထည့်နည်းများ သင်ပေးနေကြောင်း စုံစမ်းသိရှိရသည်။
ယာခင်းသွားအိပ်စောင့်ရွာသားများအား လျော်ကြေးမဲ့ ပစ်သတ်မည်ဟု မိုင်းရယ်ဗျူဟာမှူးအမိန့်ချ
Thursday, October 14, 2010 6:52 PM
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့အခြေစိုက် ဗျူဟာမှူးက လယ်ယာခြံခင်းသို့သွားအိပ်စောင့်သော ရွာသားများအားတွေ့ ရှိပါက လျော်ကြေးမရှိ ပစ်သတ်မည်ဖြစ်ကြောင်း ကျေးရွာ အုပ်စုဥက္ကဌများအား ခေါ်ယူအမိန့်ချသည်ဟု သျှမ်းပြည် အလယ် ပိုင်း သတင်းရပ်ကွက်က ကြားသိရသည်။
ကြံ့ဖွံ့ပါတီ မဲရုံတစ်ရုံကိုယ်စားလှယ် ၃ ဦး ထားရန် ငွေပေးငှား
Thursday, October 14, 2010 6:50 PM
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီက ရွေးကောက်ပွဲနေ့တွင် နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်မြေရှိ မဲရုံများ၌ ကိုယ်စားလှယ်များ ထားရန် ယမန်နေ့ကစ၍ ငွေပေးငှားရမ်းနေကြောင်း သိရသည်။
No comments:
Post a Comment