နေမင်းထွန်းမှသတင်းဖြင့်ကျေးဇူးဆပ်ပါသည်

Saturday, December 11, 2010

မနေ့ က သတင်းစာ

အထူးမှတ်ချက် - သတင်း မဟုတ်ပါ။
ပေါက်တတ်ကရ ရေးထားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးဓာတ်ပုံလို့ ဆိုတယ်။ မနေ့က သတင်းစာထဲမှာ ပါတယ်။
ပုံက အစစ်အမှန်မှ ဟုတ်ရဲ့လား သံသယ ဖြစ်မိတယ်။
ဦးထုပ် တံဆိပ်ကို ကြည့်လေ။ ကာတွန်းဆရာတွေဆွဲကြသလို အရိုးခေါင်းနဲ့မှ မဟုတ်ဘဲ။

မေမြို့ သို့မဟုတ် ပြင်ဦးလွင်မှာ မိန့်ခွန်း ဖတ်နေတုန်း ရိုက်ထားတာ။ ဗိုလ်သင်တန်းဆင်းပွဲ။

မိန့်ခွန်းက တက်လာတဲ့အစိုးရသစ်ကို ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမယ် ဆိုတာနဲ့  အဆုံးသတ်တယ်။

ရှေ့ပိုင်းမှာ ရှည်ရှည်ဝေးဝေး လျှောက်ပြောထားတာတွေကတော့ တံတား ဘယ်လောက်ဆောက်ပြီးဘီ၊ ကျောင်းတွေလည်း အများကြီး တကယ် အများကြီး၊ ပြီးတော့ ကတ္တရာလမ်းတွေလည်း မည်းမည်းကြီး အဲ - အများကြီး ဆောက်ပြီးဘီ၊ ပြင်လိုက်တဲ့ လေယာဉ်ကွင်းက ၆၂ ကွင်းတောင် ရှိတယ် စသဖြင့် စသဖြင့်ပေါ့။ ဓာတ်ငွေ့ ရောင်းစားမယ် ဆိုတာတောင် ပါသေးရဲ့။

ဗိုလ်လောင်း ၄ ယောက်။

ခပ်တောင့်တောင့် ခပ်မိုက်မိုက် ထိုင်နေတဲ့ သူတို့ကို ကြည့်ပြီး ဒဏ်ပေးထားတာ လို့ မထင်နဲ့အုံး။ ထူးချွန်ဆု ရတဲ့သူတွေလို့ ဆိုတယ်။ မထူးချွန်တဲ့ ဗိုလ်လောင်းတွေလည်း သူတို့ နောက်ဘက်မှာ အဲဒီလို ထိုင်ရဟန် တူတယ်။

မိန့်ခွန်း ဖတ်နေချိန်မှာ မရယ်နဲ့ မပြုံးနဲ့ မျက်တောင်မခတ်နဲ့ လေမလည်နဲ့ စသဖြင့် စည်းကမ်းချက်တွေ ထုတ်ထားမလား မသိ။ အင်း - ဗိုလ်တယောက်ဖြစ်ရတာ မလွယ်ပါလား။ သင်တန်းမှာ ကျောင်းသားကြီးတွေ ကြင်နာတာလည်း ခံရ ဆိုပဲ။ (ဗိုလ်တွေဟာ ပင်ပန်း ဆင်းရဲ ခက်ခဲမှုတွေ ကြုံခဲ့ရသူတွေမို့ အတိုးချ မိုက်လုံးကြီး လူတွေကို နှိပ်စက်နေကြတယ် ထင်ပါရဲ့။)

ဒါက ဗိုလ်သင်တန်းဆင်းပွဲ တက်ရောက်လာတဲ့ သူများ တဲ့။

တခြားသူတွေ မဟုတ်ပါ၊ ဗိုလ်ချုပ်မှူးကြီးကြိုင်ကြိုင်၊ ချစ်လှစွာသော သမီးတော်၊ ချစ်စွာသော မြေးတော်များ ဖြစ်ပါတယ်။
ရှစ်လုံးတို့၊ တခြားဗိုလ်ချုပ်တို့ပုံက အောက်ဘက် နည်းနည်း ရောက်နေတယ်။
ရှစ်လုံးတို့ခမျာ သတင်းစာထဲမှာလည်း တဆင့် နိမ့်ခံနေရ။ သနားရတော့ မလိုလို။

အနက်ရောင် ၀မ်းဆက်နဲ့ သကောင့်သားက သူဌေးမြေး။
မန်ချက်စတာ ယူနိုက်တက် အသင်းကို ၀ယ်ဖို့  ပူဆာတယ် ဆိုတဲ့သူပေါ့။
တခြား သားတွေ၊ သမီးတွေ၊ မြေးတွေက ဘာတွေ ပူဆာကြမယ် မသိ။
အပူကပ်သမျှ လိုက်လုပ်ပေးရရင်တော့ ပေါတာကြီးလစာနဲ့ ဘယ်လောက်မလဲ။
ခိုးမှပဲ ရတော့မယ်။ မန်ယူဝယ်ဖို့ဆိုရင် ဒမြပါ တိုက်ရမယ်။
ပေါတာကြီးပုံစံက အေးရာအေးကြောင်းလို့ ယူဆရတယ်။
ပူဆာသူတွေ ၀ိုင်းဝိုင်းလည်နေလို့ ခိုးနေရတာ ဖြစ်မယ်။
ခိုးတာက အရှိန် ဘယ်လောက်တောင် လွန်သွားသလဲဆို ဒီနှစ်ထဲ မဲခိုးရတာမျိုး၊ အာဖရိက အလံတွေ ပုံတူ ကူး ခိုးချရတာမျိုးတွေ အထိ ဖြစ်ကုန်တာပဲ ကြည့်တော့။

Saturday, December 11, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၁-၁၂-၂၀၁၀)

- ကုလ လူ့အခွင့်ရေးနေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပေးပို့ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံမှတ်တမ်း (ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၁၀) click
- ရန်ကုန်မှာ ကျင်းပတဲ့ လူ့အခွင့်အရေးနေ့ အခမ်းအနားများ (ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၁၀) (ဓာတ်ပုံ) click
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် (ရုပ်သံ) click
- ဂျပန်နိုင်ငံ တိုကျိုမြို့က လူ့အခွင့်အရေးနေ့ ဆန္ဒပြပွဲ (ဓာတ်ပုံ) click
- နအဖဘက်က တွေ့ဆုံဆွေးနွေးဖို့ အရိပ်အယောင်မပြသေးဟု အဖွဲ့ချုပ်က ပြော click
- မြန်မာ့အရေး တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုရှိခဲ့ click
- နိုင်ငံရေးအကျဉ်းသားများ click
- ဒီကေဘီအေတချို့ အလင်းဝင် click
- မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်းနှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၁) click
- ဝီကီလိခ် ပေါက်ကြားမှုနဲ့ မြန်မာ့နိုင်ငံရေး click
- မဲဝယ်လို့ နိုင်တယ်ဆိုပြီး ကြံ့ဖွံ့က ကော်မရှင် တိုင် click
- အခြေခံ အဆောက်အဦ (ဆောင်းပါး) click
- မြန်မာ (၂၀) ကျော်ပါ သင်္ဘောတစီး ပင်လယ်ဓားပြတွေ ဖမ်းဆီးသွား click
- ပြည်ပရောက် အနုပညာရှင်များရဲ့ စုပေါင်း တင်ဆက်မှု (နယူးယောက်) click
- Facebook နဲ့ Twitter click
- ကျန်းမာစေရာ မြန်မာ့အစာ (ဆောင်းပါး) click
- ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃) (ဆောင်းပါး) click
- မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရုရှား သွားရောက် click
- ကမ္ဘာမြေပူနွေးမှုတိုက်ဖျက်ရေး အစီအစဉ် ရာသီဥတုညီလာခံမှာ ချမှတ် click
- ရန်ပုံငွေထူထောင်ပြီး ဆင်းရဲတဲ့ နိုင်ငံတွေကို ကူညီထောက်ပံ့မယ် click
- စစ်အစိုးရ တပ်ခေါ်ကျိုးခြေကုပ်စခန်းကို ဒီကေဘီအေက သိမ်းပိုက် click
- DKBA နှင့် ABSDF ပူးတွဲပြီး ဝေါ်လေ နေရာ (၃) ခုကို တိုက်ခိုက် click
- တက်လာသည့် နအဖတပ် ချုံခိုတိုက်ခိုက်ခံရ click
- သျှမ်းပြည်တပ်တော်နှင့် တိုက်ပွဲဖြစ်ပြီး မြန်မာတပ်သား တပ်မှ ထွက်ပြေး click
- တပ်စခန်း ခြံစည်းရိုးအတွက် စစ်အစိုးရတပ်မှ ရွာသားများအား ၀ါးနှင့် တိုင်များ ခုတ်ခိုင်း click
- ဖားကန့်ကျောက်စိမ်းခွန် ကေအိုင်အို ပြန်ကောက် click
- နအဖအရာရှိက ချင်းလူမျိုး ကျေးရွာဥက္ကဌကို ထိုးကြိတ်ရိုက်နှက် click
- နိုင်ငံတစ်ဝန်း ရဲအရာရှိ (၅၀၀) ကျော် ပြောင်းရွေ့မှု မူစယ်ရဲအရာရှိများ ပါဝင် click
- မြန်မာ့အရေး ဆွေးနွေးဖြေရှင်းစေချင်ဟု တရုတ်ကပြောကြောင်း ဝီကီလိခ် ဖွင့်ချ click
- ဝီကီလိစ်တွင် မြန်မာ့နျူကလီးယားအရေးများ ပေါက်ကြား click
- မြန်မာနျူကလီယားပြဿနာကြောင့် ဂျူလီယန်အာဆန်းကို ထောင်တွင်း တိုက်ပိတ် click
- မြောက်ကိုရီးယား-မြန်မာ အနုမြူပဟေဠိ click
- ထောင်ဝင်စာတွေ့ရာတွင် တောင်းဆိုပိုင်ခွင့်များ ပညာပေးမည် click
- ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြအဖွဲ့ဝင် ဦးအေးကြည် ကွယ်လွန် click
- မဲမသမာမှု တိုင်ကြားချက်များကို တရားရုံးမတင်ဘဲ အချိန်ဆွဲ click
- တရုတ်နိုဘယ်ဆုရှင် လျူရှောင်ဘို ဂုဏ်ပြုဆန္ဒပြပွဲ ဆန်ဖရန် တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ကျင်းပ click
- ဒီဇင်ဘာ (၁၁) ရက် နောက်ဆုံးရ သတင်းတိုများ click
- Dateline Irrawaddy (ရုပ်သံ) click
- ဒုတိယပင်လုံညီလာခံ သို့မဟုတ် အမျိုးသားပြန်လည်သင့်မြတ်ရေး (ဆောင်းပါး) click
- နေပြည်တော် မြန်မာ့အသံတွင် ‘အမေ’ ဇာတ်လမ်းများ မထုတ်လွှင့်ရ click
- ရခိုင်ပြည်နယ် မြေပုံမြို့မှာ အချိန်အခါမဟုတ်ဘဲ မိုးသည်းထန် click
- ဗန်းမော် ဖုန်းဌာနက ဖုန်းပျက်သည်ဆိုပြီး ငွေများ တောင်းယူ click
- မေတ္တာအင်အားနှင့် ခရီးသွားခြင်း (ဆောင်းပါး) click
- မျှော်လင့်ရက်တွေ ရှည်ကြာနေ (ဆောင်းပါး) click
- အိက်စ်ဇိုင်း စာရေးဆရာများရဲ့ အိမ်အလွမ်း (စာအုပ်စင်) click
- ဝီကီလိစ် ထောက်ခံသူများ ဆိုက်ဘာစစ်ပွဲ စတင် (ရုပ်သံ) click
- အိန္ဒိယဆန့်ကျင်ရေး စာမေးပွဲမေးခွန်းထုတ်မှုကြောင့် ကျောင်းဆရာ အဖမ်းခံရ click
- အရေးပေါ် ဒီဂရီ ရုတ်သိမ်းပြီး အဆုံးသတ်ဖို့ စည်းဝေး click
- အနိမ့်ဆုံးလုပ်ခ တိုးပေမယ့် ရည်မှန်းချက်ရောက်ဖို့ နှေးကွေး click

Saturday, December 11, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၁-၁၂-၂၀၁၀)

- စစ်အစိုးရ တပ်ခေါ်ကျိုးခြေကုပ်စခန်းကို ဒီကေဘီအေက သိမ်းပိုက် click
- DKBA နှင့် ABSDF ပူးတွဲပြီး ဝေါ်လေ နေရာ (၃) ခုကို တိုက်ခိုက် click
- တက်လာသည့် နအဖတပ် ချုံခိုတိုက်ခိုက်ခံရ click
- သျှမ်းပြည်တပ်တော်နှင့် တိုက်ပွဲဖြစ်ပြီး မြန်မာတပ်သား တပ်မှ ထွက်ပြေး click
- တပ်စခန်း ခြံစည်းရိုးအတွက် စစ်အစိုးရတပ်မှ ရွာသားများအား ၀ါးနှင့် တိုင်များ ခုတ်ခိုင်း click
- ဖားကန့်ကျောက်စိမ်းခွန် ကေအိုင်အို ပြန်ကောက် click
- နအဖအရာရှိက ချင်းလူမျိုး ကျေးရွာဥက္ကဌကို ထိုးကြိတ်ရိုက်နှက် click
- နိုင်ငံတစ်ဝန်း ရဲအရာရှိ (၅၀၀) ကျော် ပြောင်းရွေ့မှု မူစယ်ရဲအရာရှိများ ပါဝင် click
- မြန်မာ့အရေး ဆွေးနွေးဖြေရှင်းစေချင်ဟု တရုတ်ကပြောကြောင်း ဝီကီလိခ် ဖွင့်ချ click
- ဝီကီလိစ်တွင် မြန်မာ့နျူကလီးယားအရေးများ ပေါက်ကြား click
- မြောက်ကိုရီးယား-မြန်မာ အနုမြူပဟေဠိ click
- ထောင်ဝင်စာတွေ့ရာတွင် တောင်းဆိုပိုင်ခွင့်များ ပညာပေးမည် click
- ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြအဖွဲ့ဝင် ဦးအေးကြည် ကွယ်လွန် click
- မဲမသမာမှု တိုင်ကြားချက်များကို တရားရုံးမတင်ဘဲ အချိန်ဆွဲ click
- တရုတ်နိုဘယ်ဆုရှင် လျူရှောင်ဘို ဂုဏ်ပြုဆန္ဒပြပွဲ ဆန်ဖရန် တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ကျင်းပ click
- ဒီဇင်ဘာ (၁၁) ရက် နောက်ဆုံးရ သတင်းတိုများ click
- ဒုတိယပင်လုံညီလာခံ သို့မဟုတ် အမျိုးသားပြန်လည်သင့်မြတ်ရေး (ဆောင်းပါး) click
- နေပြည်တော် မြန်မာ့အသံတွင် ‘အမေ’ ဇာတ်လမ်းများ မထုတ်လွှင့်ရ click
- ရခိုင်ပြည်နယ် မြေပုံမြို့မှာ အချိန်အခါမဟုတ်ဘဲ မိုးသည်းထန် click
- ဗန်းမော် ဖုန်းဌာနက ဖုန်းပျက်သည်ဆိုပြီး ငွေများ တောင်းယူ click
- မေတ္တာအင်အားနှင့် ခရီးသွားခြင်း (ဆောင်းပါး) click
- မျှော်လင့်ရက်တွေ ရှည်ကြာနေ (ဆောင်းပါး) click
- အရေးပေါ် ဒီဂရီ ရုတ်သိမ်းပြီး အဆုံးသတ်ဖို့ စည်းဝေး click
- အနိမ့်ဆုံးလုပ်ခ တိုးပေမယ့် ရည်မှန်းချက်ရောက်ဖို့ နှေးကွေး click

Saturday, December 11, 2010

ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲဝင် (၇) ဦး သတ်ဖြတ်ခံခဲ့ရ (သွေးလန့်တတ်သူများ၊ နှလုံးရောဂါရှိသူများ ဆလိုက်ရှိုးဓာတ်ပုံမကြည့်ရ)

ကရင်ပြည်နယ် ဖလူးတိုက်ပွဲတွေအတွင်းမှာ နအဖစစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲဝင် (၇) ဦး သတ်ဖြတ်ခံခဲ့ရ
နိုဝင်ဘာလ (၃၀) ရက်နေ့က ကရင်ပြည်နယ် ဖလူးတိုက်ပွဲတွေအတွင်းမှာ နအဖစစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံ လိုက်ရတဲ့ ကေအန်ယူ/ကေအန်အယ်အေ ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲဝင် (၇) ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

ကရင်ပြည်နယ်တွင်းမှာ ဒီကေဘီအေနဲ့ နအဖစစ်တပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် မြ၀တီမြို့နဲ့ (၄) မိုင်ခန့်သာ ဝေးတဲ့ ဖလူးကြီး-ဖလူးလေးရွာအနီးမှာ တပ်စွဲထားတဲ့ ငြိမ်းချမ်ရေးကောင်စီတပ်ဖွဲ့က တပ်သားတွေ ဖမ်းဆီးပြီး (၁) ဦးကို နအဖစစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားသလို (၆) ဦးကိုလည်း ဖမ်းဆီးသွားပြီးနောက် ရက်ရက်စက် စက် သတ်ဖြတ်ပစ်ခဲ့ပါတယ်။ လက်ပြန်ကြိုးတုပ်ပြီး ဓားနဲ့ထိုးသတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းတွေကို နအဖစစ် တပ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ နအဖစစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးအဖွဲတွေအပေါ်ထားရှိတဲ့ သဘောထားအမှန်ပဲဖြစ်ပါတယ်။ ဒီကေဘီအေ တွေကိုလည်း အလားတူ ရက်ရက်စက်စက် ဖိနှိပ်နေသလို ကရင်ရွာသားတွေကို အဓမ္မ ပေါ်တာဆွဲတာတွေ လုပ်နေပါတယ်။

မြ၀တီမှာ အခြေစိုက်လှုပ်ရှားနေတဲ့ စစ်ဗျူးဟာမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေးက မြ၀တီမြို့သားတွေ ပြေးလိုက် လွှားလိုက်၊ ထိုင်းဘက် ကူးလိုက်လုပ်နေတာကို အတော်ကြည့်ရခက်နေပြီဖြစ်ကြောင်း၊ နောက်တခါ မြ၀တီမြို့ ပြာကျသွားအောင်လုပ်ပြီး အားလုံးသေကုန်မှသာ ကောင်းကြောင်း၊ နောက်တကြိမ်ဆိုရင်တော့ မြို့တခုလုံး မီး လောင်ပြာကျအောင် လက်နက်ကြီးစာကျွေးလိုက်မယ်လို့ သူနဲ့ ဂေါက်ရိုက်ဖော် ဗိုလ်မှူးတွေကို မြ၀တီဂေါက် ကွင်းမှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေကြောင်း စုံစမ်းသိရှိရပါတယ်။ (ဓာတ်ပုံဆလိုက်ရှိုးကို ကြည့်ရှုလိုပါက ‘အပြည့်အစုံသို့’ ကို ကလစ်ပါ။ သွေးလန့်တတ်သူများ၊ နှလုံးရောဂါရှိသူများ မကြည့်ရ)

အပြည့်အစုံသို့...