Saturday, December 11, 2010
ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲဝင် (၇) ဦး သတ်ဖြတ်ခံခဲ့ရ (သွေးလန့်တတ်သူများ၊ နှလုံးရောဂါရှိသူများ ဆလိုက်ရှိုးဓာတ်ပုံမကြည့်ရ)
ကရင်ပြည်နယ် ဖလူးတိုက်ပွဲတွေအတွင်းမှာ နအဖစစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲဝင် (၇) ဦး သတ်ဖြတ်ခံခဲ့ရ
ကရင်ပြည်နယ်တွင်းမှာ ဒီကေဘီအေနဲ့ နအဖစစ်တပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် မြ၀တီမြို့နဲ့ (၄) မိုင်ခန့်သာ ဝေးတဲ့ ဖလူးကြီး-ဖလူးလေးရွာအနီးမှာ တပ်စွဲထားတဲ့ ငြိမ်းချမ်ရေးကောင်စီတပ်ဖွဲ့က တပ်သားတွေ ဖမ်းဆီးပြီး (၁) ဦးကို နအဖစစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားသလို (၆) ဦးကိုလည်း ဖမ်းဆီးသွားပြီးနောက် ရက်ရက်စက် စက် သတ်ဖြတ်ပစ်ခဲ့ပါတယ်။ လက်ပြန်ကြိုးတုပ်ပြီး ဓားနဲ့ထိုးသတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းတွေကို နအဖစစ် တပ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ နအဖစစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးအဖွဲတွေအပေါ်ထားရှိတဲ့ သဘောထားအမှန်ပဲဖြစ်ပါတယ်။ ဒီကေဘီအေ တွေကိုလည်း အလားတူ ရက်ရက်စက်စက် ဖိနှိပ်နေသလို ကရင်ရွာသားတွေကို အဓမ္မ ပေါ်တာဆွဲတာတွေ လုပ်နေပါတယ်။
မြ၀တီမှာ အခြေစိုက်လှုပ်ရှားနေတဲ့ စစ်ဗျူးဟာမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေးက မြ၀တီမြို့သားတွေ ပြေးလိုက် လွှားလိုက်၊ ထိုင်းဘက် ကူးလိုက်လုပ်နေတာကို အတော်ကြည့်ရခက်နေပြီဖြစ်ကြောင်း၊ နောက်တခါ မြ၀တီမြို့ ပြာကျသွားအောင်လုပ်ပြီး အားလုံးသေကုန်မှသာ ကောင်းကြောင်း၊ နောက်တကြိမ်ဆိုရင်တော့ မြို့တခုလုံး မီး လောင်ပြာကျအောင် လက်နက်ကြီးစာကျွေးလိုက်မယ်လို့ သူနဲ့ ဂေါက်ရိုက်ဖော် ဗိုလ်မှူးတွေကို မြ၀တီဂေါက် ကွင်းမှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေကြောင်း စုံစမ်းသိရှိရပါတယ်။ (ဓာတ်ပုံဆလိုက်ရှိုးကို ကြည့်ရှုလိုပါက ‘အပြည့်အစုံသို့’ ကို ကလစ်ပါ။ သွေးလန့်တတ်သူများ၊ နှလုံးရောဂါရှိသူများ မကြည့်ရ)
No comments:
Post a Comment