နေမင်းထွန်းမှသတင်းဖြင့်ကျေးဇူးဆပ်ပါသည်

Tuesday, November 23, 2010

ကျနော် နေမင်းထွန်းမှ မြန်မာပြည်သူပြည်သားများကို သတင်းဖြင့်ကျေးဇူးဆပ်ပါမည် ကျမ်းမာကြပါစေ

Tuesday, November 23, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၃-၁၁-၂၀၁၀)

- ခလရ (၇၇) တပ်သား အဓမ္မမှု စစစ်ပြီ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် တွေ့ဆုံခွင့်ရ click
- ယူဒီပီဥက္ကဋ္ဌဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းလို click
- မြောက်ဦးရထားလမ်း ရှေးဟောင်းနှင့် ကုမ္ပဏီ သဘောတူညီမှုမရနိုင် click
- မြစ်ရေနှင့် နတ်သုဒ္ဓါ (ဆောင်းပါး) click
- ဝေါ်လေဒေသရှိ စစ်အစိုးရတပ်ဖွဲ့များ စားရေရိက္ခာပြတ်လပ် click
- သျှမ်းသူပုန်နှင့် လျှို့ဝှက်ဆက်သွယ်သူဟု စွပ်စွဲ၍ ဒေသခံ အမျိုးသမီးအား ဖမ်းချုပ် click
- ရွေးကောက်ပွဲလွန် လူ့အခွင့်အရေးချိုးဖောက်မှု ပိုများ၊ သျှမ်းရွာသား ရာကျော် နယ်စပ်သို့ ထွက်ပြေး click
- KIO ဆက်ဆံရေးရုံးများကို စစ်အစိုးရက ပိတ်ခိုင်း click
- ကေအိုင်အေနှင့် နအဖအစိုးရကြား တင်းမာသော ဆက်ဆံရေးများကြောင့် ကေအိုင်အိုရုံးများ ရုပ်သိမ်း click
- စစ်ဆေးရုံတွင် အန်အယ်လ်ဒီ သွေးလှူ click
- ဦးဉာဏ်ဝင်း လက်ကိုင်ဖုန်း ဖြတ်တောက်ခံရ click
- ဒေါ်အောင်ဆန်းစုကြည်အပေါ် အန္တရာယ်ဆိုး မကျရောက်စေရန် ဆုတောင်း click
- သြစတြေးလျ၊ ဆစ်ဒနီမြန်မာကွန်မြူနီတီက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း ထုတ်ဖော် မည် click
- ဒေါ်အောင်ဆန်းစုကြည် သားဖြစ်သူနှင့် ပြန်လည်တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်းတို့ ဆယ်နှစ်ခန့်အတွင်း ပထမဆုံးအကြိမ် ဆုံတွေ့ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် သား ပြန်လည် ဆုံတွေ့ခြင်း (ရုပ်သံ) click
- အမေတွေနဲ့ သားတွေအတွက် ရှေ့ပြေးနိမိတ် (အက်ဆေး) click
- ကျော်သူနဲ့ စာပေအနုပညာရှင်များ အိပ်ခ်ျအိုင်ဗီဝေဒနာရှင်များအား တွေ့ဆုံအားပေး click
- “လူနာတွေကို အဓမ္မလုပ်လာရင် လုံးဝလက်မခံဘူး” (အင်တာဗျူး) click
- မတူညီတဲ့ တုန့်ပြန်မှုတွေနဲ့ ၀န်ကြီးဌာနတွေရဲ့ သဘောထား (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- ပြည်တွင်းဂျာနယ်များ အပိတ်ခံရ (ရုပ်သံ) click
- မဇ္ဈိမလှိုင်းခတ်သံ (ဆောင်းပါး) click

(ကာတွန်း နေမျိုးအေး)
- နိုဝင်ဘာ (၂၃) ရက် နောက်ဆုံးရ သတင်းတိုများ click
- ဂီရိလေဘေးဒေသတွင် သောက်သုံးရေ ပြတ်လပ် click
- ဂီရိရန်ပုံငွေစတိတ်ရှိုး လူပေါင်းထောင်ချီ တက်ရောက်အားပေး click
- ကျပ် (၅) သိန်းတန် ဖုန်းလိုင်း (၂) သောင်းကျော် ထပ်ချမည် click
- နေပြည်တော် ကျောက်မျက်ပြပွဲ နိုင်ငံခြားသား များပြား click
- မြန်မာမှန်ရင် စက်ဘီးတောင် စီးခွင့်မပေးပါ click
- ဓာတ်ဆီမှောင်ခို ဈေးပြန်ကောင်း click
- မောင်မျိုးမင်းက အနုပညာနဲ့ နှက်လိုက်ပြီ (ပေးစာ) click
- လွိုင်းကထုံး (၂၀၁၀) အမှတ်တရ ဓာတ်ပုံများ click

လူထုတိုက်ပွဲကော်မတီ (၂၀၁၀) မှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကို မိုးသီးဇွန်နှင့် ဒီဗွီဘီ အင်တာဗျူး

Moethee Zun & DVB from 88bigguy on Vimeo.

နအဖစစ်အုပ်စုရဲ့ ရတနာပုံနဲ့ကြေးမုံ အွန်လိုင်းစာမျက်နှာတွေကို People Action Comittee က ဒေါ်အောင်ဆန်းစုကြည်ပုံ တင်ပြီး သိမ်းပိုက်လိုက်ပြန်ပြီ

အမေတွေနဲ့ သားတွေအတွက် ရှေ့ပြေးနိမိတ်


တီဗီ ဖန်သားပြင်ပေါ်မှာတော့ အမေက အေးဆေးငြိမ်သက်စွာဖြင့် သားအလာကို ထိုင်စောင့်နေသည်။

အမေ့ ရင်တွင်းက လှုပ်ရှားမှုကိုတော့ အမေအချင်းချင်းသာ ရိပ်မိနိုင်လိမ့်မည်။ ၁၀ နှစ်ကျော် ခွဲထားရစ်ခဲ့ရသည့် သားငယ်ကို ပြန်တွေ့ရမည့် မည်သည့် အမေမဆို စိတ်မလှုပ် ရှားဘဲ နေမည်မဟုတ်ပါ။ အမေ ... ဆိုတာ အမေပဲ မဟုတ်လား။ တတိုင်းပြည်လုံးကို ပုခုံးထမ်းထားသည့် အမေလည်း အမေပါပဲ။ ထို အမေက ပိုပြီး အမေဆန်နေ လိမ့်မည်ပေါ့။

အမေနှင့်သား တွေ့ဆုံမှုကို ရုပ်ရှင်ဆန်စေချင် သူများ ရှိနေပေလိမ့်မည် ...။

“အမေ” ဟု တယောက်က ခေါ်လိုက်စဉ် “သား” ဟု တယောက်က ခေါ်ပြီး စလိုးမိုးရှင်းပြေးသွား ... ထို့နောက် တယောက်ကိုတယောက် တင်းကျပ်စွာ ပွေ့ဖက်၊ ထို့နောက် လူကောင်ထွားထွားသားက သေးညှက်ညှက် အမေ့ ကိုယ်လေးကို ချီမြှောက် ..။

ထို ကိစ္စများ ဘာမှ မဖြစ်လိုက်ဘဲ အမေနှင့်သား တွေ့ဆုံမှုက ရိုးရိုးကလေး ပြီးပြည့်စုံသွားသည်။

အမေက သားလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ အမေက “သိပ်ပျော်တာပဲ၊ ကျမ တကယ်ကို ပျော်တယ်” ဟု ပြောနေသည်လား။ အမေ့မျက်လုံးတွေက “ပျော်တယ်” ဆိုသည့် စကားလုံးများထက် ပို ပျော်နေသည်။

ကျမကတော့ အမေနှင့်သား ကိုယ်စား အတွေးများဖြင့် အလုပ်ရှုပ်နေသည်။

တဒင်္ဂတွင်တော့ အမေ့အလုပ်တွေကို အမေ မေ့ထားချင်ပေလိမ့်မည်။ အမေ့ တာဝန်တွေက များလွန်းလှပေမယ့် သား အတွက်တော့ အရိုးရှင်းဆုံး အမေပဲ ဖြစ်ချင်လိမ့်မည်။ အမေကိုယ်တိုင် လုပ်သည့် ရေခဲမုန့်လေး တခွက် ဖြစ်ဖြစ် သားကို ကျွေးချင် နေမှာပဲ။ အမေတိုင်း အမေတိုင်း သားတွေကို အကောင်းဆုံး ကျွေးချင်ကြသည် မဟုတ်လား။ အမေ့လက်ရာ ဆိုတာ ကလည်း သားတွေအတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံး မဟုတ်လား။

“အမေ့လက်ရာ ထမင်းသုတ်”

“အမေချက်သည့် ခရမ်းချဉ်သီး ငါးပိချက်ကလေး”

“အမေ့ မုန့်ဟင်းခါး”

ကျမတွေ့ဖူးသည့် သားတိုင်း သူတို့အမေလက်ရာတွေကို တမ်းတသံ ကြားဖူးသည်။ အမေ့လက်ရာမှာ မေတ္တာတွေပါသည်။ ဒီ အမေကကော သူ့သားကို ဘာတွေ ပြင်ဆင်ကျွေးမှာပါလိမ့်။

ဒါမှမဟုတ် သူတို့အမေများနှင့် တွေ့ဆုံခွင့်မရနိုင်သည့် ကံမကောင်းသော သားတချို့အတွက် ဝမ်းနည်းစိတ်ဖြင့် “အမေက သူတို့အတွက် အလုပ်လုပ်ရဦးမှာ သားရဲ့” ဟု ဆိုလေမလား။

သားကကော ...။ အမေ့ပုခုံးပေါ်က တာဝန်များအတွက် မချင့်မရဲ ဖြစ်နေမလား။ သားအတွက် အချိန်မပေးခဲ့သည့် အမေ့ကို အပြစ် နည်းနည်းလောက်ဖြစ်ဖြစ် တင်ချင်နေမလား။ အမေ့ နားက လူအားလုံးကို ခပ်ဝေးဝေး သွားနေခိုင်းပြီး သားတယောက်တည်း အမေ့နားမှာ၊ အမေ့ရင်ခွင်မှာ နေချင်လေမလား။

သား အမေက … တခြားအမေတွေနဲ့ တခြားသော သားတွေ နောက်ထပ် … နောက်ထပ် မဝေးကွာစေရေးအတွက် သားကို ချန်ထားခဲ့ရတယ် ဆိုတာ၊ သားနဲ့ နှစ်ပေါင်းများစွာ အကွဲကွာ ခံခဲ့ရတယ်ဆိုတာ သိသိကြီးနဲ့ပဲ မကျေမနပ် ဖြစ်နေလေမလား။

ဒါမှမဟုတ် … အမေ့အပြုံးကို ခဏလေးမြင်လိုက်ရုံနဲ့ အားရှိကြတဲ့ တခြားလူတွေလိုပဲ သားလည်း အားတွေ ပြည့်လျှံသွား ပြီလား။ ထူးအိမ်သင်ရဲ့ အမေ့အိမ် ထဲကလို အားလုံးထက် နွေးထွေးလုံခြုံတဲ့ နေရာဟာ အမေ့အိမ်ပဲလို့ သိလိုက်ရတဲ့ အချိန်မှာ အဝေးဆုံးက အမေ့ဆီ ပြေးလာခဲ့တာလား။

ဒါမှမဟုတ် … ငြိမ်းချမ်းရေးအတွက် တချက်ကလေးမှ မငြိမ်းချမ်းရတဲ့ အမေ့ကို သားရဲ့ အပြုံးတပွင့် လာပေးတာလည်း ဖြစ်နိုင်ရဲ့။ သားတို့ရုပ်ရည် သီတာမည်သား … လို့ ဆိုသည် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် အနည်းဆုံး ဒီနေ့တနေ့တော့ အမေ့အတွက်သား … သားအတွက်အမေ ဖြစ်ခွင့်ရပြီလေ။

ကျမအတွက်တော့ ဒီအမေနဲ့ ဒီသားရဲ့ တွေ့ဆုံခြင်းက တခြားသော အမေတွေနဲ့ သားတွေ တွေ့ဆုံဖို့ ရှေ့ပြေးနိမိတ်ကောင်း၊ တခြားအမေတွေနဲ့ တခြားသားတွေရဲ့ ဆုံဆည်းခြင်း ရှေ့ပြေး ရောင်ခြည်ဟု ယုံသည်။

အမေများနှင့် သားများ၏ ဆုံဆည်းမှု ကြောင့်သာ ကမ္ဘာကြီးက ပိုလှလာတတ်သည်။ ကွဲကွာနေသည့် အမေများနှင့် သားများ အမြန်ဆုံး ဆုံဆည်းကြစေ ချင်ပါသည်။ ။

အေးချမ်းမြေ့

Loi Krathong 2010 အမှတ်တရ ဓာတ်ပုံများ

မီးပုံးပျံ လွှတ်တင်နေကြသူများ

မီးပုံးပျံ လွှတ်တင်နေကြသူများ
မီးပုံးပျံ လွှတ်တင်နေသူ တဦး
ဤကဲသို့ ပျော်ပျော် ပါးပါး
“ပန်းဆီမီးတွေ ရောင်းကောင်းတယ်တော့”
နရဝတ် တံတားပေါ်မှာ ယမ်းငွေ့ တဝေဝေ
မီးပုံးပျံ လွှတ်တင်နေကြသူများ
မီးပုံးပျံ လွှတ်တင်နေကြသူများ
ချင်းမိုင် အလှမယ်လေးများ
Tha Phae Gate တွင် အမှတ်တရ ဓာတ်ပုံရိုက်နေကြသူများ
နဝရတ်တံတားအောက်တွင် ပန်းဆီမီး မျှောနေကြသူများ
ချင်းမိုင်မြို့ နာမည်ကျော် Tha Phae Gate
ချင်းမိုင် လှပျိုဖြူတဦး
ချင်းမိုင် လှပျိုဖြူတဦး
ချင်းမိုင် လှပျိုဖြူတဦး
ချင်းမိုင် ကျုံးထောင့်တနေရာ၏ အလှ
ချင်းမိုင် ကျုံးထောင့်တနေရာ၏ အလှ
ဒေါင်းလှပျိုဖြူလေးတဦး
လန်းနား ဟဲဗီးမက်လ်တယ်အဖွဲ့ :P
Tha Phae Gate တွင် အမှတ်တရ ဓာတ်ပုံရိုက်နေကြသူများ
တန်ဆောင်တိုင် ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သော လှပျိုဖြူတဦး
Three Kings Monument ရှေ့တွင် အမှတ်တရ ဓာတ်ပုံ ရိုက်နေကြသူများ
Tha Phae Road တွင် တွေ့ရသော လူမျိုးပေါင်းစုံ
နာမည်ကျော် Tha Phae Gate မြင်ကွင်း
Chang Puak Gate တွင် အမှတ်တရ ဓာတ်ပုံ ရိုက်နေသူနှစ်ဦး
Suan Dok Gate တွင် မီးပုံးပျံ လွှတ်တင် နေသူနှစ်ဦး
Chang Puak Gate မှ ဆင်ရုပ်ကြီးများ
Three Kings Monument ရှေ့ ညမြင်ကွင်း

(ဓာတ်ပုံ - အောင်အောင်/ဧရာဝတီ)

ပြန်လည် ဆုံတွေ့ခြင်း

မြန်မာမှန်ရင် စက်ဘီးတောင် စီးခွင့်မပေးပါ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကူရပူရီမြို့နယ်ရှိ၊ ဖယ်ပလာနယ်မြေမှာ ထုတ်ပြန်ထားတဲ့ အမိန့်ပါ။ သူများမြေပေါ်မှာ မြန်မာတွေ ဂုဏ်သိက္ခာအားဖြင့် ဘယ်လောက် မျက်နှာပွင့်တယ်ဆိုတာ သုံးသပ်ကြည့်ကြဖို့ပါ။

မူရင်းသတင်း - GHRE








ယမန်နေ့က ဦးကျော်သူနဲ့အတူ အဆိုတော် အနဂ္ဂ ၊ ကျားပေါက် ၊ သံသာဝင်း ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ NLD က တောင်ဒဂုံမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ HIV ကူးစက်ခံ ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာကို သွားရောက် လှူဒါန်းခဲ့ကြတဲ့ မှတ်တမ်းဓါတ်ပုံတွေပါ။

ဒီဂေဟာကို ပိတ်သိမ်းဖို့ အာဏာပိုင်တွေက ဖိအားပေးနေပါတယ်။ လူနာတွေကို သာကေတရှိ ဆေးရုံတရုံကို ပြောင်းရွှေ့ပေးဖို့ ဖိအားပေးနေပေမယ့် လူနာတွေကတော့ ပြောင်းရွှေ့လိုခြင်းမရှိဘူးလို့ သိရပါတယ်။

ပေးစာ - မောင်မျိုးမင်းက အနုပညာနဲ့ နှက်လိုက်ပြီ

(အတိုက်ခံရလို့ အခုပိတ်နေတဲ့ ရတနာပုံ ဝက်ဘ်ပေါ်တယ်က ပုံပါ။
ပိတ်နေတာ ဘယ်လို ယူသလဲဆိုတော့ ဒီလိုပါပဲ gooling လိုက်တာပါ)

သို့ ဧရာဝတီခင်ဗျား ...

မောင်မျိုးမင်း ဦးဆောင်တဲ့ ထာဝရ နှင်းဆီ အငြိမ့်ဟာ အစိုးရပိုင်းကို တိုက်ခိုက်တဲ့ ပြက်လုံးတွေနဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ကပြဖျော်ဖြေခဲ့ပါတယ်။ အဲဒါ သူတို့ရဲ့ ပြက်လုံး အသံဖိုင်ဖြစ်ဖြစ် ရုပ်ဖိုင်ဖြစ်ဖြစ် တင်ပေးနိုင်မလား မသိပါဘူး။ ဒါမှမဟုတ် မောင်မျိုးမင်းကို အင်တာဗျူးလေး လုပ်ပေးစေချင်ပါတယ်။


ဒါကတော့ ကျွန်တော် ရေးထားတဲ့ သတင်းလေးပါခင်ဗျာ။

နိုဝင်ဘာလ ၂၁ ရက်နေ့က သုဝဏ္ဏအားကစားရုံမှာ ဖျော်ဖြေခဲ့တဲ့ ထာဝရ နှင်းဆီ အငြိမ့်ပွဲက ပရိသတ် အကြိုက်ဖြစ်ခဲ့ရပါတယ်။ တခြား အငြိမ့်များလိုမဟုတ်ဘဲ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ ဆိုင်တဲ့ ပြက်လုံးတွေကို အခြေခံပြီး ပြက်သွားလို့ ပရိသတ်များ အကြိုက်တွေ့ခဲ့ရပါတယ်။ ထာဝရနှင်းဆီ အငြိမ့်အဖွဲ့ကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က စီစဉ်တာဖြစ်ပြီး လူရွင်တော်များအနေဖြင့် နေတိုး၊ ကျော်ကျော်ဗိုလ်၊ ရဲလေး၊ ထွန်းထွန်း နဲ့ မိုးမိုးတို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒီနှင်းဆီအဖွဲ့သားများရဲ့ အငြိမ့်ဟာ ပြည်တွင်းမှာ နောက်ဆုံး ကပြခဲ့တာဖြစ်ပြီး အစိုးရကို သရော်တိုက်ခိုက်တဲ့ ပြက်လုံးတွေကြောင့် အတော်လေးကို အောင်မြင်ခဲ့ပါတယ်။ အငြိမ့်ထဲမှာပါတဲ့ ပြက်လုံးအချို့ကို ဖော်ပြရမယ်ဆိုရင် လူရွင်တော်အချင်းချင်း ပဟေဠိ လုပ်တဲ့အခါ နောက်ဆုံး မေးခွန်းအဖြစ် တိရစ္ဆာန်တွေ အများဆုံးရှိတဲ့ နေရာ၊ တိရစ္ဆာန်မျိုးစုံ ထားရှိတဲ့နေရာ ဘယ်နေရာလဲ၊ သိတဲ့လူဖြေလို့ လူရွင်တော်တယောက်က မေးတဲ့အခါ အခြားလူရွင်တော်တွေက ငါသိတယ်.. ဟိုဟာမဟုတ်လား.. ဆိုပြီး တစ်ယောက်မှ မဖြေခဲ့ပေ။

ဒါနဲ့ လူရွှင်တော်တယောက်က ဒါဆို ပရိသတ်ကြီး သိမယ်ထင်တယ်ဆိုပြီး ပရိသတ်ကိုမေးတော့ ပရိသတ်က သံပြိုင်ပါပဲ “နေပြည်တော်” လို့ ဖြေခဲ့ကြပါတယ်။ အလာတူ ပြက်လုံးတွေအပြင် ၂၀၁၀ ရွေးကောက်ပွဲကို သရော်သည့်ပြက်လုံးများ၊ ကြံ့ဖွတ်များကို နှိပ်ကွပ်သည့် ပြက်လုံးများ အပါအ၀င် အစိုးရပိုင်၊ ဦးပိုင်စသဖြင့် စီးပွားရေးလုပ်ငန်းများကို သရော်သည့်ပြက်လုံးများ၊ မီးမလာသည့်အကြောင်းကို ပြက်သည့်ပြက်လုံးများ၊ တရားမမျှတမှု ကိုပြက်သည့် ပျက်လုံးများနဲ့ ပရိသတ် လက်ခုပ်သံတွေ အတော်ကလေးကို ညံ ခဲ့ပါတယ်။

ဘာပဲပြောပြော သီးလေးသီး ပြီးတဲ့နောက်မှာတော့ နှင်းဆီ အဖွဲ့သားတွေက ပြည်သူတွေနဲ့ တသားတည်း ကျခဲ့တဲ့အတွက် ဒီမှာနေပြီး အဲဒီလိုပြောင်မြောက်တဲ့ ပြက်လုံးတွေပြက်ခဲ့တဲ့ မောင်မျိုးမင်းနဲ့ နှင်းဆီ ၀ိုင်းတော်သားများ အားလုံးကို လေးစားမိပါတယ်။

ဦးဉာဏ်ဝင်း လက်ကိုင်ဖုန်း ဖြတ်တောက်ခံရ


NLD ပါတီပြောခွင့်ရရှေ့နေ ဦးဉာဏ်ဝင်း၏ GSM တယ်လီဖုန်းကို ယမန်နေ့မှစ၍ ဆက်သွယ်ရေးမှ ဖြတ်တောက်ထားကြောင်း သိရသည်။

"မနေ့က ဦးဉာဏ်ကို မေးကြည့်တော့ သူလည်း တယ်လီဖုန်းခွန် ဆောင်ထားပါတယ်လို့ ပြောတယ်။ ဒီကိစ္စကို သူ ဒီနေ့ စုံစမ်းလိမ့်မယ် ထင်ပါတယ်"ဟု ဦးဉာဏ်ဝင်း၏ မိသားစုဝင်တဦးက ပြောသည်။

နေပြည်တော်တရားရုံးချုပ်မှ NLD ပါတီရပ်တည်ခွင့်လျှောက်ထားမှုကို ပယ်ချလိုက်ကြောင်း သတင်းများပေါ်ထွက်ခဲ့အပြီး ဦးဉာဏ်ဝင်း လက်ကိုင်ဖုန်း ဖြတ်တောက်ခံရခြင်းဖြစ်သည်။

တရားရုံးမှ ပယ်ချမှုဟုတ်မဟုတ်ကို ပါတီမှ အတည်မပြုနိုင်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

"တရားဝင် ပယ်ချရင် တရားဝင်ထုတ်ပြန်ရမှာပေါ့။ အခုဟာ အဲလိုမဟုတ်ဘဲ အမည်မဖော်တဲ့ အရာရှိဆိုတာတွေကို ကိုးကားပြီး သတင်းဌာနတွေက ရေးတာတွေကို ပြန်ကြားနေရတာပဲရှိတယ်။ အစိုးရဘက်က သတင်းထုတ်ပေးပြီး တဘက်က ဘယ်လို တုန့်ပြန်မလဲ ၊ ဘာပြောမလဲဆိုတာကို သွေးတိုးစမ်းတဲ့သဘောပဲ ထင်ပါတယ်"ဟု NLD ပါတီဝင်တဦးက သုံးသပ်သည်။

ရတနာပုံ ဝက်ဘ်ပေါ်တယ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ

အမျိုးသားအဆင့် ဝက်ဘ်ပေါ်တယ် ... ဝိုင်မေးလ်လုပ်မယ် ... ဝိုင်တော့ခ် လုပ်မယ် ဘာညာ ကြွေးကြော်ပြီးသကာလ တလကျော် ကြာအောင် တိုက်ခိုက်ခံနေရပါတယ်ဆိုတဲ့ ရတနာပုံ ဝက်ဘ်ပေါ်တယ် ဟိုတလောကတော့ ပြန်ပွင့်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး ပိတ်မသွားခင် ဟက်ခ်ထားတာကို ဒီလို တွေ့လိုက်ရပါတယ်။




ဒေါ်အောင်ဆန်းစုကြည်ရဲ့ မက်ဆေ့ခ်ျ အောက်ဆုံးမှာတော့ “သန်းရွှေ၊ အင်တာနက် ပြန်ရချင်ရင်တော့ အမေစုကို အာဏာလွှဲလိုက်” လို့ ရေးထားပါတယ်။