တချို့တော်တော်ပြောတယ်
လွယ်တယ် အမေးနွားကျောင်းသား။
ပြန်ကြည့်လိုက်တော့…
အလျှော့ပေါ့ဆုံးစဉ်းစားရင်တောင်
အိမ်ခေါင်မိုးကိုလက်ညှိုးထိုးဖို့မဆိုထားနဲ့
တံစက်မြတ်ရဲ့အနားသတ်မှာရပ်
ရင်တလှပ်လှပ် ဖြစ်ခဲ့ပုံ။
ခက်ပုံများ
သားရဲမဲ့သောတောလည်ထွက်
မြင်းဇက်ကိုလျှော့ အသော့နှင်သူနှင်
ဒုန်းစိုင်းသူစိုင်း…
ဆိုင်းနောက်ထတို့ ဖောင်းပွနေကြပုံ။
အမြင့်ဆုံးသစ်ပင်ကို လက်ညှိုးငေါက်ငေါက်ထိုး
အခေါက်ပိုးစား ရွက်ရှင်ဖားဖားမရှိ
ပင်စည် ချိနဲ့အကိုင်းရွဲ့သတဲ့…
အရိပ်ရဲ့အ၀န်းအ၀ိုင်းအောက်မှာပင်
မမြင်နိုင်သောမြစ်ပြင်၏ အနက်အရှိုင်း
အကောက်အကွေ့တိုက်စားခြင်း ပို့ချခြင်း
လုံးတွင်းသား မသိ
သူတော်ချင်း သတင်းလွေ့လွေ့ရှိနေကြသောအခိုက်။ ။
No comments:
Post a Comment