Monday, November 22, 2010
ထိုင်းရိုးရာ တန်ဆောင်မုန်းလပြည့် မီးမျှောပွဲ (လွိုင်းကထုံး) (၂၁-၁၁-၂၀၁၀)
ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့နယ်အတွင်း နေရာများခွဲ၍ ကျင်းပပြုလုပ်ရာ
သောင်းနှင့်ချီသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လာရောက်ကြ
ဓာတ်ပုံသတင်း - မန်းမျိုးမြင့်
Sunday, November 21, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၁-၁၁-၂၀၁၀)
- NLD လူငယ်အစည်းအဝေးတက်ဖို့ ပြည်နယ်နဲ့တိုင်း လူငယ်များ ရန်ကုန်ရောက် click
- ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကို သန်လျင်မြို့ NLD လူငယ်များ သွားရောက်ဂါဝရပြု click
- မန္တလေးတိုင်း NLD အဖွဲ့ဝင်တွေ ပြန်လည်စုစည်း click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့သားကို ပြည်ဝင်ဗီဇာ ထုတ်မပေးတဲ့အပေါ် ဦးဝင်းတင် ပြစ်တင်ဝေဖန် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်သည့် သတင်းများ ဖော်ပြအပြီး ဂျာနယ် (၉) စောင် အနီကတ်ပြခံရ click
- ဒေါ်အောင်ဆန်းစုကြည်သတင်း ဖော်ပြလို့ ဂျာနယ်တချို့ ပိတ်ခံရ click
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ပိုထည့်လို့ ဂျာနယ်ထုတ်ဝေခွင့် ယာယီအပိတ်ခံရ click
- ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်မေးမြန်းဆွေးနွေး (ဒီမိုကရေစီရေးရာ) click
- “စစ်ရိပ်ငွေ့များရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် အားကောင်းရင် ငြိမ်းချမ်းရေးရမည်” (စာရေးဆရာကြီး ဒဂုန် တာရာနှင့် အင်တာဗျူး) click
- မျက်နှာပုံရိပ်နဲ့ ကွန်ယက်နိုင်ငံရေး (ဆောင်းပါး) click
- အမျိုးသားပြန်လည်သင့်မြတ်ရေး မျှော်လင့်ချက်ပိုများလာ click
- ကုလညီလာခံ ဆုံးဖြတ်ချက်အပြီး နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ ထပ်မံတောင်းဆို click
- HIV ဝေဒနာရှင်တွေအတွက် ဧည့်စာရင်းတိုင်ကြားတာကို လက်မခံ click
- ရန်ကုန်တိုင်း သုံးခွမြို့က လမ်းဘေးဆိုင်များတွင် ဒီဗွီဘီ ကြည့်ရှုခွင့် ပိတ်ပင်ထား click
- ရွေးကောက်ပွဲ တိုင်ကြားမှု ဆက်ရှိနေဆဲ click
- နိုဝင်ဘာ (၂၂) ရက် နောက်ဆုံးရ သတင်းတိုများ click
- မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ် အမေရိကန် သတိပေး click
- အိုင်ယာလန် စီးပွားရေးအတွက် ဥရောပသမဂ္ဂ ကူညီမည် click
- နျူလက်နက်လျှော့ချရေးစာချုပ် အမေရိကန် အတည်ပြုဖို့ ဥရောပနဲ့ ရုရှား တိုက်တွန်း click
- ပုပ်ရဟန်းမင်းရဲ့ မှတ်ချက်ကို HIV တားဆီးသူတွေ ကြိုဆို click
- ဘုန်ကြီးကျောင်းက လူသေထားတဲ့ နေရာကို ဖျက်ဆီးပစ် click
- ရေနံသဘာဝဓာတ်ငွေ့ ပိုက်လိုင်းအန္တရာယ် ကာကွယ်နိုင်ဖို့ click
- ဂရက်ဖင်းအတွက် ရူပနိုဗယ်ဆု click
- အကာအကွယ်ပေးရမယ့် သန္တာကျောက်တန်း click
- စစ်အစိုးရနဲ့ လက်တွဲလုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ၀န်မလေး click- ရွေးကောက်ပွဲအလွန် ပါလီမန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လက်တွဲနိုင်ဖွယ်ရှိမလား click
- စစ်အစိုးရကို ပကတိအတိုင်း မြင်အောင် ကြည့်ပြီး ဆွေးနွေးသင့် click
- (၂၁) ရာစု ပင်လုံညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ် click
- ဒေါ်အောင်ဆန်းစုကြည်က ၀ါရင့်နိုင်ငံရေးသမားကြီးများအား ဂါရ၀ပြု တိုင်းရင်းသားနဲ့ နိုင်ငံရေးအင်အားစု များက ဒုတိယပင်လုံကို အတည်ပြုကြ (သတင်းဆောင်းပါး) click
- ဒေါ်အောင်ဆန်းစုကြည်ကို သုံးရောင်ခြယ်အဖွဲ့ဝင်တို့က သွားရောက်ဂါရ၀ပြု (ဓာတ်ပုံသတင်း) click
- ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသည့် အားကစားပွဲ နယူးဒေလီမှာ ကျင်းပခဲ့ click
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ပိုထည့်လို့ ဂျာနယ်ထုတ်ဝေခွင့် ယာယီအပိတ်ခံရ click
- 7 Day ဂျာနယ် ထုတ်ဝေခွင့် တပတ်အပိတ်ခံရ click
- မြန်မာနိုင်ငံမှာ အပြောင်းအလဲ အမှန်လိုအပ်နေပြီလို့ အမေရိကန် ပြော click
- HIV/AIDS ဂေဟာကိစ္စ ကျန်းမာရေးဌာန လာရောက်ဆွေးနွေး click
- စစ်အစိုးရ ရွေးကောက်ပွဲနှင့် လူငယ်ထု သဘောထား (ဆောင်းပါး) click
- ရွေးကောက်ပွဲ တရားမျှတမှုမရှိဟု ပါတီများ ပြော (ရုပ်သံ) click
- အိမ်တော်ရာဘုရားဝင်းထဲက ဗုံး click
- ခင်မောင်သန်း (စိတ်ပညာ) နာရေး click
ထိုင်းရိုးရာ တန်ဆောင်တိုင် မီးမျှောပွဲနှင့် မြန်မာအလှမယ်ရွေးပွဲ
ဓာတ်ပုံသတင်း - မန်းမျိုးမြင့် (၂၀-၁၁-၂၀၁၀)
အဆိုပါ မယ်ရွေးပွဲကို မဲဆောက်မြို့နယ် (ထာ့စိုင်လို့ဝပ်) အပိုင် မြူနီစပယ်အဖွဲ့က ကျင်းပခြင်းဖြစ်ပြီး မဲဆောက် ဒေသတွင်းရှိ မြန်မာအလုပ်သမများ၊ မြန်မာကျောင်းသူများနှင့် မြ၀တီမြို့မှ လာရောက်ယှဉ်ပြိုင်သူတဦး အပါအ ၀င် (၁၀) ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မယ်ရွေးပွဲ အကဲဖြတ် ထိုင်းဒိုင်လူကြီး (၅) ဦးက မသဇင်မြင့် (ပထမ)၊ မစုမွန် (ဒုတိယ) နှင့် မစုမြတ်လှိုင် (တ တိယ) တို့ကို ရွေးချယ်ခဲ့ကြပြီး ပထမဆုရရှိသူကို သရဖူနှင့်အတူ ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ပထမဆု ရရှိသည့် မြ၀တီမှ မသဇင်မြင့်က “သမီးတို့ကို လာရောက်အားပေးကြတဲ့ မဲဆောက်ရောက် မြန်မာ တွေနဲ့ မြ၀တီက လာပြီး အားပေးကြတဲ့ မြန်မာတွေကို အထူးကျေးဇူးတင်ပါတယ်။ ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှု ၀တ်စုံနဲ့ ထိုင်းမှာ လာရောက် ယှဉ်ပြိုင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်” ဟု ပြောသည်။
မယ်ရွေးပွဲ လာရောက်ကြည့်ရှုကြသည့် ဒေသခံများနှင့် မြန်မာများ သောင်းသောင်းဖြဖြ အားပေးကြသည့် ပြ ကွက်မှာ မြန်မာနိုင်ငံမယ်ရွေးပွဲစတိုင် မြန်မာ့ရိုးရာဝတ်စုံဖြင့် ကိုယ်ဟန်ပြသည့်ပြကွက်ကို သရုပ်ဖော်သွားသည့် မသဇင်မြင့်၏ ပြကွက်ဖြစ်သည်။
ပြိုင်ပွဲဝင် မြန်မာမယ် (၁၀) ဦးသည် ဒိုင်အဖွဲ့၏ ဉာဏ်စမ်းမေးခွန်းများကို ဖြေကြားရာတွင် ထိုင်းနှင့် အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်စွာပြောတတ်သူများ ပါရှိပြီး ပြိုင်ပွဲဝင် မြန်မာအလုပ်သမအချို့မှာ မြန်မာနိုင်မှ ဘွဲ့ရရှိ ထားသူများဖြစ်သည်။
(ထာ့စိုင်လို့ဝပ်) အပိုင် မြူနီစပယ်ဥက္ကဌ နိုင်ဘွန်ချော့ဆူဝေ့ က “နှစ်နိုင်ငံချစ်ကြည်ရေးပိုမို ခိုင်မြဲစေဖို့အတွက် မီးမျှောပွဲ (လွိုင်းကထုံး) အထိမ်းအမှတ်အနေနဲ့ မြန်မာအလှမယ်ရွေးပွဲကို ထည့်သွင်းကျင်းပပေးတာဖြစ်တယ် မကြာခင်မှာလည်း မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက် ကုန် သွယ်ရေးလုပ်ငန်းတွေနဲ့အတူ နှစ်နိုင်ငံချစ်ကြည်ရေးဟာ ပိုပြီး တိုးတက်လာမှာဖြစ်တယ်” ဟု ပြောသည်။
ထိုင်းဘက်ခြမ်းတွင် ပြုလုပ်သည့် ထိုင်းမီးမျှောပွဲတွင် ယခင်နှစ်များက မြ၀တီဘက်မှ လူများ လာရောက်ကြည့် ရှုနိုင်ရန်အတွက် မြန်မာနိုင်ငံဘက်မှ ချစ်ကြည်ရေးတံတားကို ည (၁၂) နာရီအထိ အကန့်အသတ်ဖြင့် ဖွင့်ထား ပေးသော်လည်း ယခုနှစ်တွင် ဖွင့်လှစ်ပေးခြင်းမရှိဟု သိရသည်။
နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား အပါအ၀င် တံတားဘေးဝဲယာ ရှိ လှေဆိပ်များကို မြန်မာဘက်မှ ပိတ်ထားသည်မှာ (၃) လကျော် ရှိပြီဖြစ်သည့်အတွက် ထိုင်းဘက်ခြမ်းတွင် ကျင်းပသည့် မီးမျှောပွဲကိုလာရောက်ရန် လှေဆိပ်များရှိ မြန်မာလုံခြုံရေးများနှင့် နားလည်မှုယူကာ လာရောက် ကြရသည်ဟု မြ၀တီမြို့ခံတဦးက ပြောသည်။
မဲဆောက်တွင် ပြုလုပ်သည့် မီးမျှောပွဲအထိမ်းအမှတ် ထိုင်း-မြန်မာချစ်ကြည်ရေး အလှမယ်ရွေးပွဲတွင် ယခင်က ထိုင်းနှင့်မြန်မာအလှမယ်များကို အတူတွဲ၍ ယှဉ်ပြိုင်စေခဲ့သော်လည်း လွန်ခဲ့သည့် (၂) နှစ်မှ စတင်ကာ မြန် မာမယ်ရွေးပွဲကို သီးသန့် စတင်ကျင်းပပေးခဲ့ခြင်းဖြစ်သည်။
မဲဆောက်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ စုပေါင်းမဟာဘုံကထိန်
ဓာတ်ပုံသတင်း - မန်းမျိုးမြင့်
Saturday, November 20, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၀-၁၁-၂၀၁၀)
- ဒုတိယပင်လုံညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည် click
- ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားများက ဦးဆောင်သူအဖြစ် အသိအမှတ်ပြု click
- ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးတာဝန်ကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ click
- ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရင် ဒုတိယပင်လုံညီလာခံ ဖြစ်လာနိုင် click
- ပင်လုံညီလာခံအတွက် တာဝန်ယူမယ့် ဒီမိုကရေစီခေါင်းဆောင် (ဓာတ်ပုံသတင်း) click
- နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ရန် အဖွဲ့ချုပ်ဝင်များ တောင်းဆို click
- NLD စောင့်ရှောက်ရေးဂေဟာရှိ HIV လူနာများ နေရာရွေ့ရန် ဆွေးနွေး click
- အိပ်ခ်ျအိုင်ဗွီလူနာတွေကို ဆေးရုံမှာနေဖို့ စည်းရုံး click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေ ကြိုဆို click
- သတင်းစာဆရာတဦးနဲ့ မိုးမခ စကားလက်ဆုံ- ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီဟာ ဆူးညှောင့်ခ လုတ်တွေလား click
- အိပ်ပျော်နေတဲ့ ငါ့ကာရန်တွေ ပြန်လည်နိုးထလာခဲ့ပြီ ဂျူလီယာ (ကဗျာ) click
- လက်နက်ကိုင်တော်လှန်ရေးသမား (၃၄) ဦးကို မြန်မာပြည် ပြန်ပို့ရန် အိန္ဒိယအစိုးရ ရုပ်သိမ်း click
- မြောက်ဦးရထားလမ်းကိစ္စ ရခိုင်ပါတီ ပြောဆို click
- အလွမ်းမပြေတဲ့ ကမ်းခြေဇေယျာဦး (ဆောင်းပါး) click
- အောင်အတိတ် … အောင်နိမိတ် (ဓာတ်ပုံသတင်း) click
- စာပေ၊ စာပေဆုနဲ့ သိပ္ပံပညာ တတ်မြောက်ရေး (ဆောင်းပါး) click
- အာဖဂန်စစ်မြေပြင် ဆုတ်ခွာရေးအစီအစဉ် NATO ဆုံးဖြတ် click
- တပ်ရုပ်သိမ်းရေး အာဖဂန်နဲ့ နေတိုးကြား သဘောတူညီမှုရရှိ click
- နေတိုးနဲ့ ရုရှား လက်နက်စာချုပ် ဆွေးနွေးမည် click
- ငွေတန်ဖိုးပြဿနာ ဖြေရှင်းရေး G-20 မှာ တိုက်တွန်းဖို့ရှိ click
- နျူကလီယား ဓာတ်ပေါင်းဖိုစက်ရုံသစ် မြောက်ကိုရီယား ဆောက်လုပ် click
- မန္တလေးမြို့ အိမ်တော်ရာဘုရားဝင်းအတွင်း ယနေ့ ဗုံးတလုံး ပေါက်ကွဲ click- မန္တလေး အိမ်တော်ရာ ဘုရားဝင်း ဗုံးကွဲ၊ နှစ်ဦး ဒဏ်ရာရ click
- အင်တာနက်ဆိုင်များ CCTV ကင်မရာ တပ်ရန် ညွှန်ကြား click
- NLD စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင် (၅၀) ပြောင်းရွှေ့ရမည် click
- အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားတချို့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှ စီးပွားရေး ဦးမော့နိုင်မည် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များတွေ့ click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းကို သံလျင်မြို့နယ် NLD အဖွဲ့ဝင်များ ကြိုဆို click
- မျှော်လင့်ချက်နှင့်အတူ (ဆောင်းပါး) click
- အောင်ဆန်းစုကြည်၊ အိုမာဘာခရီနှင့် လူ့အခွင့်အရေး နိုင်ငံရေး (ဆောင်းပါး) click
- ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (အပိုင်း - ၇) (ဆောင်းပါး) click
- မိတ္ထီလာခရိုင်၊ သဲတောမြို့က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှု ဆုတောင်းပွဲ click
- ရွေးကောက်ပွဲ ပြီးသော်လည်း မြို့အ၀င်ဂိတ် စစ်ဆေးမှု ပိုမိုလုပ်ဆောင်လျက်ရှိ click
- လေဘေးသင့် ရွှေညိုမနှင့် ချောင်းဖျားကြီးကျေးရွာ ပြိုပျက်မည့် အနေထားဖြင့် ရင်ဆိုင်နေရ click
- စစ်ခေါင်းဆောင် သန်းရွှေ၏ အတ္ထုပတ္တိစာအုပ် အိန္ဒိယနိုင်ငံတွင် ထုတ်ဝေ click
- ကမ္ဘာ့ကလေးများနေ့ ချင်းမိုင်တွင် ကျင်းပ click
- စစ်တွေတက္ကသိုလ် ကျောင်းသားများမှ ခေတ်လေးခေတ် ရိုးရာအ၀တ်အစားများဖြင့် သင်ပုန်းဆွမ်းကပ်လှူပွဲ ကို စစ်တွေတွင် ကျင်းပမည် click
- နိုဝင်ဘာ ၂၀၊ ပြည်တွင်းဂျာနယ်ဒိုင်ဂျက် click
သက်ကြီးဝါရင့်နိုင်ငံရေးသမားများသို့ အကြံပေးတင်ပြမေတ္တာရပ်ခံချက်
လေးစားအပ်ပါသော ဘဘတို့ခင်ဗျား ...
လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ခန့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီး အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲသွားပြီး နောက် ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ မြန်မာ့နိုင်ငံရေးအင်အားစုတွေ ကြား၊ အမုန်းတရားတွေ၊ သံသယတွေ၊ အာဃာတတွေ တဖြည်းဖြည်း ကြီးထွားလာခဲ့တာ ယနေ့ဆို အမြင့်ဆုံး အချိန်ရောက်နေပါပြီ။ နိုင်ငံရေးထိပ်တိုက်တွေ့ဆုံမှုတွေ၊ ပြည်တွင်းစစ်ကို အစပျိုးစေမယ့် စစ်ပွဲတွေကလည်း နယ်စပ်ဒေသတွေမှာ တစထက်တစ ကျယ်ပြန့်ဖြစ်ပေါ်လာနေပါတယ်။ တဘက်မှာလည်း စီးပွားရေးက ကမ္ဘာ့ အလယ်မှာ အဆင်းရဲဆုံး နိုင်ငံအဖြစ် လျော့ကျသွားခဲ့ရုံသာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ... အစရှိတဲ့ နယ်ပယ်အသီးသီးမှာလည်း ကမ္ဘာ့အနိမ့်ဆုံးအဆင့်ကို သက်ဆင်းကျရောက်သွားခဲ့ရပါပြီ။
အဲဒီလို ဘက်စုံအကျပ်အတည်းကြီးကို တပ်မတော်အစိုးရရဲ့ မကြာမီက ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ဖြစ်ဖြစ် နောက်ဆက်တွဲပေါ်ပေါက်လာမယ့် ပြည်သူ့လွှတ်တော်နဲ့ အရပ်သားအစိုးရဆိုတဲ့ နိုင်ငံရေးအခင်းအ ကျင်းတွေနဲ့ပဲဖြစ်ဖြစ် ဖြေရှင်းလို့ရနိုင်မှာမဟုတ်ပါ။ ဒီလိုဘက်စုံအကျပ်အတည်းတွေနဲ့ ပြည့်နှက်နေတဲ့ ကျနော် တို့နိုင်ငံအတွက် လက်ငင်းလိုအပ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့နိုင်ငံရေးခေါင်း ဆောင်များ၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များ အတူတကွ လက်တွဲပူး ပေါင်းကာ မြန်မာတနိုင်ငံလုံးအကျိုးအတွက် ပြည်သူလူထုကြီးအကျိုးအတွက်၊ သံသယတွေ၊ အာဃာတတွေ အမုန်းတရားနဲ့ မာန်မာနတွေ ဘေးဖယ်ပြီး ညီညီညွတ်ညွတ် စုပေါင်းဆွေးနွေး အဖြေရှာရေးပဲဖြစ်ပါတယ်။
လွတ်လပ်ရေးမရခင်ကာလ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ပင်လုံညီလာခံမှာ တိုင်းရင်းသားခေါင်းဆောင် တွေ မြန်မာနိုင်ငံရေးခေါင်းဆောင်တွေနှင့်အတူ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ညှိနှိုင်း ဆွေးနွေးသဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တဲ့ သာဓကရှိခဲ့ပါတယ်။
ယခုလတ်တလော အခြေအနေအရ မြန်မာတနိုင်ငံလုံးရဲ့ပြဿနာကို ဖြေရှင်းရမှာဖြစ်တဲ့အတွက် အဆိုပါ ပင် လုံညီလာခံကဲ့သို့သော အမျိုးသားညီလာခံစစ်စစ်တခု ကျင်းပပြီး ကျွန်ုပ်တို့နိုင်ငံအတွင်းမှာ ကြီးထွားလာနေတဲ့ အာဃာတတွေ၊ သံသယတွေ၊ အမုန်းတရားတွေကိုလျှော့ချပြီး လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ နောင် ရင်ဆိုင်လာရမယ့် အခက်အခဲ အကျပ်အတည်းတွေကို စုပေါင်းဖြေရှင်းဖို့ လိုအပ်ပါတယ်။
ညီလာခံဆိုတာ ကိုယ်နဲ့ နီးစပ်ရာ အဆင်ပြေရာတွေ စုခေါ်ပြီး ကိုယ့်အကျိုးအတွက်၊ ကိုယ်လိုချင်ရာ ကိုယ်ဆုံး ဖြတ်တာမျိုး မဖြစ်စေရပါဘူး။ အဲဒီလိုလုပ်ခဲ့ရင်လည်း သံသယတွေ အာဃာတတွေ အမုန်းတရားတွေ တိုးပွား လာရုံသာမကပဲ ပိုမိုနက်ရှိုင်းတဲ့ အကျပ်အတည်း အခက်အခဲတွေကို ကြုံတွေ့ရမှာမို့ သက်ဆိုင်သူအာလုံးနဲ့တ ကွ အဲဒီအကျပ်အတည်းရဲ့ဒဏ်ကို ကိုယ်တိုင်တွေ့ကြုံခံစားနေရတဲ့ ပြည်သူတွေအနေနဲ့ကလည်း လက်ခံမှာမ ဟုတ်ပါဘူး။ ဒါ့ကြောင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အမျိုးသားရေးအကျပ်အတည်းကြီးကို အမှန်တကယ် ဖြေရှင်းပေးနိုင်တဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးကိုလည်း အမှန်တကယ် ကိုယ်စားပြုနိုင်မယ့် အမျိုးသားညီ လာခံစစ်စစ်တခုဖြစ်ဖို့တော့ လိုအပ်ပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာ (၂၄) ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇိုမီးအမျိုးသားကွန်ကရက် (၂၂) နှစ် ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနား ပြုလုပ်စဉ် တမျိုးသားလုံးရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့အ တွက် ဒုတိယပင်လုံညီလာခံခေါ်ဆိုဖို့ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီ အ ဖွဲ့ချုပ်ခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ ဒီမိုကရေစီအင်အားစု များ သဘောတူလက်မှတ်ရေးထိုးတာ တွေ့ရပါတယ်။ တိုင်းရင်းသားများ အပါအ၀င် တနိုင်ငံလုံးမှာ ရင်ဆိုင်နေ ရတဲ့ အထွေထွေအကျပ်အတည်းကြီးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ဖိတ်ခေါ်တာလို့ ယူဆပါတယ်။ ဒုတိယပင် လုံညီလာခံလို့ အမည်တပ်တာလည်း ပထမပင်လုံညီလာခံမှာလို စုပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ နယ်ချဲ့လက် အောက်က လွတ်လပ်ရေးရယူပေးနိုင်ခဲ့သလိုမျိုး ဒုတိယပင်လုံညီလာခံ (ညီလာခံစစ်စစ်) ကျင်းပပြီး ပြည်တွင်း မှာ လိုအပ်နေတဲ့ ‘ငြိမ်းချမ်းရေး’ ကို အဓိကထား စုပေါင်းအဖြေရှာပြီး ရယူနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ကချင်တိုင်ရင်းသားခေါင်းဆောင်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်ရဲ့ မိန့်ခွန်းတခုမှာ “နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက် တယ်ဆိုတာ အဲဒီနိုင်ငံမှာရှိတဲ့ သယံဇာတပစ္စည်းတွေနဲ့ မဆိုင်ပါဘူး။ အဲဒီနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူ လူထု ကြီးရဲ့ စည်းလုံးညီညွတ်မှုနှင့်ပဲ ဆိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီစည်းလုံးညီညွတ်မှုသာ မရှိဘူးဆိုရင်ဖြင့် ဘယ်လောက်အားကြီးတဲ့ အစိုးရတက်တက်၊ ဘယ်လောက်ကောင်းတဲ့ ၀ါဒနဲ့ အုပ်ချုပ်အုပ်ချုပ် နိုင်ငံဖွံ့ဖြိုးတိုး တက်ဖို့ လုံးဝလုပ်နိုင်မှာမဟုတ်သလို အေးချမ်းမှုလည်း ရှိမှာမဟုတ်ပါဘူး။
နိုဝင်ဘာ (၁၃) ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ တိုင်းရင်းသားအားလုံး ပြည်သူလူထုအားလုံးကသာမက တကမ္ဘာလုံးကပါ တခဲနက်ထောက်ခံနေတဲ့ ၁၉၉၀ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့ပါပြီ။
၎င်းလွတ်မြောက်လာချင်းချင်းမှာပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် မယ့်အကြောင်းနဲ့ အဲဒီလိုဖော်ဆောင်ရာမှာလည်း ဒီမိုကရေစီကို အမှန်တကယ်လိုလားသူ မည်သည့်နိုင်ငံရေး အင်အားစုနဲ့မဆို လက်တွဲဆောင်ရွက်သွားပါ့မယ်လို့ ပြောကြားထားခဲ့တဲ့အလျောက် အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် အမျိုးသားညီလာခံစစ်စစ်ဖြစ်တဲ့ ဒုတိယပင်လုံညီလာခံကြီး အကောင်အထည်ဖော် ပေါ် ပေါက်လာရေးမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးဆောင်ဦးရွက်ပြုနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါ တယ်။
တဆက်တည်းမှာပဲ ယနေ့နိုင်ငံအုပ်ချုပ်ရေးမှာ တာဝန်ယူနေကြတဲ့ တပ်မတော်ခေါင်းဆောင်ကြီးများကို ပန် ကြားလိုတာကတော့ ...
ယနေ့နိုင်ငံတော်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်နိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အ မျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်မွေးဖွားပေးခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ ခေါင်း ဆောင်ကြီးများအနေနဲ့ နိုင်ငံနဲ့ ပြည်သူလူထုအပေါ်မှာ အမှန်တကယ် စေတနာရှိတယ်ဆိုရင် ယခုကဲ့သို့ တိုင်း ပြည်နဲ့လူမျိုးအတွက် အမှန်တကယ် အရေးလည်းပါ လိုလည်းလိုအပ်တဲ့ အထက်ပါ အမျိုးသားပြန်လည်သင့် မြတ်ရေး လုပ်ငန်းစဉ်ကြီး လက်တွေ့ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံနဲ့ ပြည် သူလူထုအကျိုးကို ရှေးရှုပြီး အရေးပါတဲ့ အခန်းကဏ္ဍတခုကနေ တာဝန်သိသိ သစ္စာရှိရှိ ပါဝင်ဆောင်ရွက်ပေး ပါရန် ကျနော်တို့ အလေးအနက် တိုက်တွန်းပါတယ်။ ဖိတ်လည်း ဖိတ်ခေါ်ပါတယ်။ အမျိုးသားညီလာခံပေါ် ပေါက်လာရေး ကြိုးပမ်းဆောင်ရွက်နေသူတွေကိုလည်း ကူညီပေးဖို့ တောင်းဆိုပါတယ်။
တပ်မတော်ခေါင်းဆောင်ကြီးများအနေနဲ့ အဆိုပါ အမျိုးသားညီလာခံစစ်စစ် ပေါ်ပေါက်အောင် ပါဝင်ကူညီကြိုး ပမ်းဆောင်ရွက်မယ်ဆိုရင်ဖြင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာရဲ့ထောက်ခံမှု၊ ယုံကြည်မှုကိုရမှာဖြစ်ပြီး မြန် မာနိုင်ငံအနေနဲ့လည်း အလွန်မင်္ဂလာရှိတဲ့နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ထည်နိုင်မှာပါ။
လေးစားအပ်ပါတဲ့ ၀ါရင့်သက်ကြီးနိုင်ငံရေးခေါင်းဆောင်များခင်ဗျား …
အသက်အရွယ်ကြီးရင့်လို့ဖြစ်စေ၊ ကျန်းမာရေးမကောင်းလို့ဖြစ်စေ၊ နိုင်ငံရေးတာဝန်တွေကို စွန့်လွှတ်ပြီး အနား မယူကြပါနဲ့ဦးလို့ မေတ္တာရပ်ခံပါရစေ။ နယ်ချဲ့ကို တော်လှန်ခဲ့ကြတဲ့ လွတ်လပ်ရေးအရယူပေးနိုင်ခဲ့ကြတဲ့ ဖက် ဆစ်နဲ့ အာဏာရှင်စနစ်ကို အစဉ်အဆက် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင် နိုင်ခဲ့ပေမယ့် ကျန်ရှိနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒီမိုကရေစီစနစ်စစ်စစ် ပေါ်ပေါက်ရေးနဲ့ ထာဝစဉ် တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးမျိုး ပေါ်ပေါက်သည်အထိ ကိုယ်တိုင်ပါဝင်၍ဖြစ်စေ အကြံဉာဏ်များပေး၍ဖြစ် စေ မိမိတို့တတ်နိုင်သလောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဆက်လက်၍ လက်တွဲပါ ၀င်ဆောင်ရွက်ပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ ....
(အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ)
ဝါရင့်နိုင်ငံရေးသမားကြီးများအား သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်
ကျွန်ုပ်တို့၏ သတင်းထောက် ပေးပို့သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများက ၀ါရင့်နိုင်ငံရေးသမားကြီးများ အား ပူဇော်ကန်တော့သည့် သက်ကြီးပူဇော်ပွဲတရပ်ကို ပါရမီလမ်းနှင့် ဦးဘဟန်လမ်းထောင့်ရှိ ၀ါရင့်နိုင်ငံရေး သမားကြီး သခင်သိန်းဖေ၏ အိမ်တွင် ယနေ့ (၂၀-၁၁-၂၀၁၀) စနေနေ့ နံနက် (၉) နာရီတွင် ကျင်းပပြုလုပ် သည်။
အဆိုပါ ကန်တော့ပွဲသို့ ကန်တော့ခံ သက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ NLD ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ (၆၂) မျိုးဆက်၊ (၇၄-၇၅-၇၆) မျိုးဆက်၊ (၈၈) မျိုး ဆက်ကျောင်းသားခေါင်းဆောင်ဟောင်းများ၊ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများနှင့် အခြားနိုင်ငံရေးလှုပ် ရှားသူများ စုစုပေါင်း (၁၀၀) ကျော်ခန့် တက်ရောက်ကြသည့်အပြင် သတင်းထောက်များနှင့် လာရောက်ကြည့် ရှုအားပေးသူ ရာနှင့်ချီရှိခဲ့သည်။
ကန်တော့ပွဲတွင် အသက်ရှစ်ဆယ်ကျော် ၀ါရင့်သက်ကြီးနိုင်ငံရေးသမားကြီးများအား ကန်တော့ချိုးဖြင့် ပူဇော် ကန်တော့ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ကန်တော့သူ အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူ များနှင့် ဒီမိုကရေစီအင်အားစုများ၏ ပန်ကြားလွှာကို ဖတ်ကြားခြင်း၊ အပူဇော်ခံ သက်ကြီးဝါရင့်နိုင်ငံရေးသမား ကြီးများကိုယ်စား ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦး နှင့် တိုင်းရင်းသားခေါင်းဆောင် နိုင်ငွေသိန်းတို့က သြ၀ါဒအမှာစကားများ ပြောကြားခြင်းတို့အပြင် အထူးအစီ အစဉ်အဖြစ် ဒုတိယပင်လုံသဘောတူညီချက် ပေါ်ထွက်လာသည်အထိ အကောင်အထည် ဖော်ဆောင်ရွက် ပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများက တာဝန်လွှဲ အပ်ပေးပြီး နောက်ဆုံးအစီအစဉ်အဖြစ် တာဝန်လွှဲအပ်ခံရသူ ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရစကား ပြန်လည်ပြောကြားခဲ့သည်။
ကန်တော့ပွဲသို့ ကန်တော့ခံပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားသည့် ၀ါရင့်သက်ကြီးနိုင်ငံရေးသမားကြီး (၂၈) ယောက်အနက် ရပ်ဝေးနေသူများနှင့် ကျန်းမာရေးချို့တဲ့၍ မလာရောက်နိုင်သူများမှအပ စုစုပေါင်း (၂၀) ဦး တက်ရောက်အပူဇော်ခံကြသည်။
ကန်တော့ပွဲပြီးနောက် ကျန်းမာရေးကြောင့် မလာရောက်နိုင်သူ ဆရာကြီး ဒဂုန်တာရာနှင့်တကွ NLD ဥက္ကဌ ဦး အောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးလွန်းတင်တို့အားလည်း အိမ်တိုင်ရာရောက် သွားကန်တော့ခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်ရောက် ဦးအေးသာအောင်
ကျွန်ုပ်တို့၏ သတင်းထောက် ပေးပို့သည်။ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ALD) ရဲ့ ခေါင်းဆောင်တဦး လည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ရဲ့ အ တွင်းရေးမှူးလည်းဖြစ်တဲ့ ဦးအေးသာအောင်ဟာ ဂီရီမုန်တိုင်းဒဏ်ခံခဲ့ ရတဲ့ ရခိုင်ပြည်နယ်အတွင်း လှည့်လည်ပြီး လေဘေးဒုက္ခသည်များကို ကူညီဆောင်ရွက်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့မှာ ထိန်းသိမ်းခံဘ၀က လွတ်မြောက်လာတဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။
ဂီရိလေမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် မြေပုံမြို့အပါအ၀င် အဓိက ရွာပေါင်း (၁၃၉) ရွာ ပျက်စီးသွားခဲ့တယ်။ ရွာတိုင်းလိုလို ပျက်စီးခဲ့ပါ တယ်။ ရွာတွေမှာရှိတဲ့ အိမ်တိုင်းပျက်စီး ဆုံးရှုံးခဲ့တယ်။ တချို့အိမ်တွေ ဆို အိမ်တိုင်တွေတောင် မရှိတော့ဘူးလို့သိရပါတယ်။ အဓိက (၁၀) ရွာ လောက်ကို ဦးအေးသာအောင်က ကားတို့၊ စက်လှေတို့နဲ့ သွားရောက်ကူညီအားပေးခဲ့တယ်လို့ သိရပါတယ်။
“မြေပုံမြို့ပေါ်မှာလည်း တိုက်တွေလောက်ပဲ အကောင်းကျန်တယ်။ တိုက်ခေါင်မိုးတွေတောင် အမိုးတွေ လန် ကုန်တယ်” ဟု ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်ရောက်ရှိနေသူ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာ အောင်က ပြောပါတယ်။ အခုလောလောဆယ် NGO တွေရော၊ WFP (World Food Programme) စတဲ့ အဖွဲ့အစည်းက အကူအညီပေးပေမယ့် မမျှမတ ဖြစ်နေတယ်လို့ သိရပါတယ်။ အကူအညီတွေ အများကြီး လို အပ်နေသေးတယ်လို့ ပြောပါတယ်။
ဆက်လက်ပြီး ဦးအေးသာအောင်က “အန်ကယ်တို့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန်အိတ် (၁၀၀)၊ တာလဘတ်စ (၁၆၀)၊ သွပ်ပြား (၁၂၀၀) ချပ်နဲ့ ကျေးရွာငါးရွာအတွက် ရေကန်တွေပြန်လည်တူးဖော်ဖို့ ငွေ ကြေးထောက်ပံ့ခဲ့တယ်။ သွပ်ပြားတွေကိုတော့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေကို အဓိကထားပြီး လှူ ဒါန်းခဲ့တယ်။ အန်ကယ် ရောက်နေတာ (၁၀) ရက်လောက်ရှိပြီ။ ကျေးရွာက လူတွေ မြို့တက်ပြီး အကူအညီ တောင်းကြတယ်။ အန်ကယ့်ဆီကိုလည်း အကူအညီလာတောင်းကြတယ်။ အန်ကယ်တို့ဘက်က သူတို့လို အပ်သလောက် အကူအညီမပေးနိုင်လို့ စိတ်မကောင်းဖြစ်ရတယ်” လို့ ပြောပါတယ်။
အဓိက က လယ်သမားတွေမှာ လယ်တွေ၊ တာတမံတွေ ပျက်စီးသွားတယ်။ ဒါတွေကို တကယ့်အင်အားကြီး တဲ့ အဖွဲ့အစည်းတွေက တည်ဆောက်ပေးမှသာ ရေရှည်မှာ အဆင်ပြေနိုင်မယ်။ ပြီးတော့ တံငါသည်တွေက စက်လှေထောင်ပေါင်းများစွာနဲ့ ငါးဖမ်းပိုက်တွေ ပျက်စီးဆုံးရှုံးကုန်ကြတယ်။ ဂီရိဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသူတွေအတွက် အကူအညီများစွာ လိုအပ်နေကြောင်း ဦးအေးသာအောင်က ဆက်လက်ပြောပြခဲ့ ပါတယ်။
Friday, November 19, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၉-၁၁-၂၀၁၀)
- စစ်အစိုးရနဲ့ ဆက်ဆံရေး အမေရိကန် သတိထားသင့် click
- စစ်အုပ်စု လှည့်စားမှုကို ဒေါ်အောင်ဆန်းစုကြည် သတိပေး click
- ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စစ်အစိုးရတာဝန် click
- ဂရိဝန်ကြီးချုပ်က မြန်မာ့ဒီမိုကရေစီရေး ကူညီမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြား click
- ကုလအတွင်းရေးမှူးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ခွန်းဆက် click
- ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေး click
- ၂၀၁၀ ရွေးကောက်ပွဲကိစ္စ ကုလသမဂ္ဂ ညီလာခံတွင် မဲခွဲဆုံးဖြတ် click
- ကုလအထွေထွေညီလာခံက မြန်မာရွေးကောက်ပွဲကို ရှုတ်ချကန့်ကွက် click
- ရွေးကောက်ပွဲရလဒ် တရားဝင်မှုမရှိဟု ကုလနှင့် အမေရိကန်က ပြော click
- တသီးပုဂ္ဂလ အမတ်လောင်းများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- တသီးပုဂ္ဂလကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- နေပြည်တော် တရားရုံးမှာ လျှောက်လှဲချက်ပေးခဲ့သည့် အန်အယ်လ်ဒီအမှု အခြေအနေ click
- NLD ကို ဖျက်သိမ်းခံပါတီအဖြစ် ဖော်ပြရန် ဂျာနယ်များကို ခေါ်ယူသတိပေး click
- ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ဂျာနယ် အပိတ်ခံရ အပါအ၀င် မြန်မာ့ရေးရာသတင်းများ click
- NLD လူမှုစောင့်ရှောက်ရေးဂေဟာမှာ HIV လူနာများ တည်းခိုခွင့် တားမြစ်ခံရ click
- မဖြူဖြူသင်း ကူညီနေသည့် HIV ဝေဒနာသည်များကို အာဏာပိုင်က နေခွင့်မပြု click
- အေအိုင်ဒီအက်စ် ဝေဒနာသည်များ အနှင်ခံရ click
- HIV/AIDS ဂေဟာကို ပိတ်ပစ်ဖို့ စစ်အစိုးရ ညွှန်ကြား click
- အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို နှင်တာ တာဝန်မဲ့ လုပ်ရပ်လား (ဆွေးနွေးဖလှယ်) click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဗွီအိုအေ ရုပ်မြင်သံကြား သီးသန့်ဆွေးနွေးခန်း click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာစစ်အုပ်စု click
- ပြည်သူလူထု၏ သဘောထားအမြင်ကို တောင်းခံခြင်း (ဆောင်းပါး) click
- ဖီးနစ်၊ အာရီဇိုးနားရောက် မြန်မာမိသားစုများက မြန်မာ့အရေးလှုပ်ရှားမှုများ စုဝေးပြုလုပ် click
- ရောဂါ (၃) မျိုး တိုက်ဖျက်ရေးအတွက် ဂလိုဘယ်ဖန်းက အကူအညီများ ပြန်ပေးမည် click
- စစ်ရေးတင်းမာမှုကြောင့် မြ၀တီလူထု ထိတ်လန့် click
- ပစ်ခတ်မှုဖြစ်မည်ဟူသော ကောလဟလကြောင့် မြ၀တီမြို့မှာ ရုတ်ရုတ်သဲသဲဖြစ် click
- အင်အားအလုံးအရင်း တိုးချဲ့လာသည့် နအဖတပ်များကြောင့် ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့် click
- ဒီကေဘီအေတပ် ကေအန်ယူနှင့် ပြန်ပေါင်း (ရုပ်သံ) click
- မြဝတီမြို့တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့ DKBA အဖွဲ့မှ ဗိုလ်စန်းအောင်ရဲ့ နှုတ်ခွန်းဆက်စကား (ရုပ်သံ) click
- နိုင်ငံရေးအကျဉ်းသား ကိုရဲထွဋ်ခေါင် ဆေးကုသမှုမရ click
- ဂီရိဘေးသင့်သူများ စားနပ်ရိက္ခာလို click
- သျှမ်းပြည် (မြောက်ပိုင်း) ၌ ယခုနှစ် ဘိန်းစိုက်ပျိုးရေး စတင် click
- လျှပ်စစ်မီးရရန် ကရင်နီတပ်မှ ကြိုးပမ်းခဲ့သော စီမံကိန်း စစ်တပ်မှ ဆက်လက်ကူညီနေ click
- ဒီမိုပါတီတို့ လွှတ်တော်တွင်းမှာ ဘာလုပ်နိုင်မှာလဲ click
- အမျိုးသားဒီမိုကရေစီအင်အားစု ဒု-ဥက္ကဌ ဦးသိန်းညွန့်ကို သူ့ပါတီဝင်များက ထုတ်ပစ်လိုက် click
- ပဲခူးအမတ်လောင်များ သတင်းစာရှင်းလင်းပွဲ ပြုလုပ် click
- လွှတ်တော်ပြင်ပမှ လှုပ်ရှားမည်ဟု ဦးသုဝေ ပြောကြား click
- ရွေးကောက်ပွဲစရိတ် ရွာအချို့တွင် ငွေကောက်ခံ click
- ရွေးကောက်ပွဲဝင်သူ အမတ်လောင်းများက ၂၀၁၅ ကို မျက်စကြိုပစ်နေပြီ click
- တပ်မတော်နှင့် ပါတီစုံရွေးကောက်ပွဲများ အပိုင်း (၃) click
- ဈေးသည်များ ပုံမှန်ဈေးပတ်လိုက်နေကြသော်လည်း ဈေးမရောင်းရ click
- မိုးခေါင်မှုနှင့် ကြွက်များ ဖျက်ဆီးမှုတို့ကြောင့် စပါး မရိတ်သိမ်းနိုင် click
- စွန့်လွတ်ထားခြင်း ခံရတဲ့ ကျေးလက်ဒေသက အမျိုးသမီးတွေရဲ့ ဘ၀ဟာ (ဆောင်းပါး) click
- ကော့ဘဇားမြို့ ဘုံကထိန် စည်ကားသိုက်မြိုက်စွာ ကျင်းပ click
- ဘန်ကောက် ဘုန်းကြီးကျောင်းထဲ ဖျက်ချထားတဲ့ သန္ဓေသားအလောင်း (၂) ထောင်ကျော်တွေ့ click
- ဒီမိုကရက်လွှမ်းမိုးမှု သက်တမ်းကုန်ခါနီး လွှတ်တော်အစည်းအဝေးတွေ စတင် click
- နေတိုးရဲ့ ဗျူဟာသစ် ကြေညာ click
- အနာဂတ်ဗျူဟာတွေ NATO ချမယ် click
- အာဖဂန်က တပ်ရုပ်သိမ်းရေး NATO ထောက်ခံဖွယ်ရှိ click
- မြန်မာအပေါ် အိန္ဒိယ စိတ်စေတနာ နည်းပါးဟု NCG ဝေဖန် click- ဒီချုပ်နှင့် တသီးပုဂ္ဂလများ ကွန်ယက်ထောင်ရန် သဘောတူ click
- တသီးပုဂ္ဂလ (၁၂) ဦးက ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းလို click
- NLD လူငယ်များ၏ HIV ဂေဟာကို ပြောင်းရွှေ့ခိုင်းနေ click
- HIV/AIDS ဝေဒနာရှင်များ မထားရန် အာဏာပိုင်များ ခြိမ်းခြောက် click
- တောင်ဒဂုံစင်တာရှိ HIV/AIDS ပိုးရှိသူများ မယက က ဆေးရုံသို့ ပြောင်းရွှေ့လို click
- အန်အယ်လ်ဒီပါတီ ဆက်လက်ရပ်တည်ရေး တရားရုံးချုပ် ကြားနာ click
- လူစုဝေးမည်စိုးသဖြင့် တရားရုံးချုပ် အယူခံကိစ္စရပ်များ နေပြည်တော်သို့ ရုတ်တရက် ပြောင်းရွှေ့ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအတွင်းရေးမှူးချုပ် ဆွေးနွေး click
- သတင်းစာဆရာတဦးနဲ့ မိုးမခ စကားလက်ဆုံ - ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ရန်လိုသတဲ့လား click
- ဒေါ်အောင်ဆန်းစုကြည်ကော စစ်အစိုးရပါ အပြောင်းအလဲမရှိ (ဆောင်းပါး) click
- ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (အပိုင်း - ၆) (ဆောင်းပါး) click
- ဝေါလေတွင် နအဖတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိ click
- မြို့တက် SSA မြောက်ပိုင်း အမာခံများ အားစောင့်ဖမ်းရန် လားရှိုး တိုင်းစစ်ဌာနချုပ် ညွှန်ကြား click
- မြ၀တီဒေသခံများ တိုက်ပွဲထပ်ဖြစ်မည်ကို စိုးရိမ် click
- မြ၀တီမြို့မှာ ဗုံးခွဲနှင့် အမှားပြင်ဆင်ချက် click
- ကေအဲန်အယ်လ်အေက နအဖ တပ်ရိက္ခာ ဆန်အိတ် (၅၀) သိမ်းဆည်းခဲ့ click
- KNU နဲ့ လာရောက်ပေါင်းစည်းတဲ့ DKBA ၉၀၉ တပ်ရင်းအား ဂုဏ်ပြုကြိုဆို (၁၇၊ ၁၁၊ ၂၀၁၀) (ရုပ်သံ) click
- ဗုံးထောင်သူဟု မသင်္ကာသူ (၂) ဦးကို ကြေညာထား click
- မျိုးချစ် (၃၄) ဦး မြန်မာပြည် ပြန်မပို့တော့ click
- သက်ကြီးကချင်အမျိုးသမီး (၂) ဦး ယုဇန၀န်ထမ်းတဦး၏ အဓမ္မပြုကျင့်၊ ရိုက်နှက်ခြင်းခံရ click
- ဂီရိဒုက္ခသည်များ အကူအညီ လိုအပ်ဆဲ click
- First Eleven ဂျာနယ် နှစ်ပတ်ပိတ်ခံရ click
- ဘာသာရေးဖိနှိပ်မှု အဆိုးဆုံးနိုင်ငံ မြန်မာ ပါဝင်ဟု အမေရိကန် ထုတ်ပြန် click
- နိုဝင်ဘာ (၁၉) ရက် နောက်ဆုံးရ သတင်းတိုများ click
- နိုင်ငံရေးအကျဉ်းသားများကို မိုးမခပရိသတ်နှင့် မိတ်ဆက်ပေးမည် click
- ငြိမ်းချမ်းရေး (အသံလွှင့်ဆောင်းပါး) click
- ၂၀၁၀ ရွေးကောက်ပွဲကိစ္စ ကုလသမဂ္ဂညီလာခံတွင် မဲခွဲဆုံးဖြတ် click
- NDF ဒုတိယခေါင်းဆောင်ကို ပါတီက ထုတ်ပယ် click
- ရွေးကောက်ပွဲ တရားမျှတမှုမရှိကြောင်း NDF ပါတီမှ ကော်မရှင်ထံ စာတင် click
- တစည ခေါင်းဆောင်များအပေါ် ပါတီဝင်များ မကျေနပ် click
- ထောက်ခံမဲ ဆန္ဒရှင်များအား ကျေးဇူးတင်အခမ်းအနား ကျားဖြူပါတီ ကျင်းပမည် click
- ကြံ့ဖွံ့ပါတီ လမ်းဘေး ဆိုင်းဘုတ်ထောင်ဆဲ click
- ရွေးကောက်ပွဲ သီချင်းဆု နေရဲမာန် ရရှိ click
မြ၀တီမြို့တွင်းတိုက်ပွဲ မှတ်တမ်းရုပ်ရှင် ဖြန့်ချိမည်
ဆက်သွယ်ရန် ...
မန်းမျိုးမြင့် (မဲဆောက်)
ဖုန်း - ၀၈၅ - ၇၂၉၁၅၇၇
ရိုင်းမိုက်ကယ်သရော် လွှတ်တော် လွှတ်တော် ခုံဖိနပ်နဲ့ ဆော်
ရဲဘော်ကျော်သန်း
‘ဘီကြား’ ဆိုတဲ့ ဇာတ်စကားတခုရှိတယ်။ ကိုယ့်ဟာကိုယ် ဘာမှန်းမသိပဲ ဆိုင်းသံကြားရင် ကချင် ခုန်ချင်တဲ့ တောင်မရောက်မြောက်မရောက် နမူနထိုင်း အရှက်မရှိတဲ့သူကို ခေါ်တဲ့စကားတခုပေါ့။ ဗြုပ္ပတ်ကို ပြောရရင် တခါက ဇာတ်ပွဲတခုမှာ ဇာတ်ပိုးရှိတာကလွဲလို့ ဘာအရည်အချင်းမှ မရှိ၊ သုံးမရတဲ့ သူတယောက်ရှိတယ်။ ဒီ တော့ ဇာတ်ထဲမှာ ကားလိပ်ကြိုးဆွဲလိုက်၊ ထမင်းချက်လိုက်နဲ့ ကြာလာတော့ ဇာတ်ဆရာက သနားပြီး အရေး မကြီးတဲ့ ဇာတ်ဝင်ခန်း တခန်းနှစ်ခန်းမှာ သုံးပေးတယ်။
တညမှာတော့ ဇာတ်ထုပ်တခုမှာ သူ့ကို ဘီလူးခန်းက တခန်းထည့်ထားတယ်။ ဒီတော့ ဒီလူလည်း ဘီလူကြိမ်း ဇာတ်စကားလေးတွေ အပြေးအလွှား ကျက်နေတာပေါ့။ ဖြစ်ချင်တော့ အဲဒီညမှာ အဲဒီဇာတ်ထုပ်ကို မကဖြစ် တော့ဘဲ တခြားဇာတ်ထုပ်ကို အခြေအနေအရ ပြောင်းကကြတယ်။ အဲဒီဇာတ်ထုပ်မှာလည်း ဇာတ်ဆရာက သူ့ ကို သိကြားမင်းအခန်းက တခန်းကပေးဖို့ ထည့်ထားတယ်။ ဒီလူလည်း သူ့အလှည့်ကိုစောင့်ရင်း ခဏအိပ်ပျော် သွားတယ်။ ဒီလိုကကြရင်း သူ့အလှည့်ရောက်လို့ နှိုးလွှတ်လိုက်တော့ တွေ့ရာဇာတ်ရုပ်တခု ခေါင်းစွပ်ပြီး ဇာတ် ခုံပေါ်တက်သွားတယ်။ ရောက်တာနဲ့ မနက်က ကျက်ထားတဲ့ ဒဿဂီရိမည်ရတွင်ကျော် ဘုန်းမော်အံ့ထူး၊ ယ က္ခမှူးတဲ့ ငါဟဲ့ဘီလူး ဘာ ညာနဲ့ ကျက်ထားတာတွေ ရွတ်ရင်းတန်းလန်း ခေါင်းစမ်းကြည့်တော့ ဘီးလူးခေါင်း စွပ်မဟုတ် သိကြားခေါင်းစွပ် ဖြစ်နေရော။ ဒါနဲ့ အဆုံးသတ် အချပိုဒ်ကို ဘီလူးလည်းမဟုတ်၊ သိကြားလည်း မ ဟုတ်တဲ့ ငါဟဲ့ဘီကြားလို့ လုပ်ချလိုက်တာ ပရိသတ်လည်း ပတ်တုတ်မရ၊ ဇာတ်လည်း ပျက်ရော။
ကျုပ်တို့ ဗမာပြည်သူတွေအတွက်လည်း အနှီသို့သော ဘီကြားအမတ်မင်းများနဲ့ ဘီကြားလွှတ်တော်ကြီးတွေ ပေါ်ပေါက်လာပါပြီ။ မိုက်တဲ့သူတွေ အားကိုးလောက်စရာ လွှတ်တော်ကြီးတွေပေါ့။ လွှတ်တော်ဆိုလို့ အခြား တပါး လွှတ်တော်တွေလို လူထုအကျိုးဆောင်မယ့်၊ တိုင်းရေးပြည်ရာတွေကို စီမံခန့်ခွဲမယ့်လွှတ်တော်လို့ မ ထင်လိုက်လေနဲ့။ လွှတ်တော် လွှတ်တော်နဲ့ တစာစာအော်ရင်း အမျိုးကောင်းသမီးတွေ၊ အမျိုးကောင်းသား တွေ ဝေးရာက ရှားရမယ့် လွှတ်တော်တွေပဲဖြစ်တယ်။ စစ်အာဏာရှင်တွေ ကြိုဆွဲရာကရမယ့် လူရမ်းကား အ မတ်တွေနဲ့ ရုပ်သေးလွှတ်တော်တွေပဲဖြစ်တယ်။ ခုံဖိနပ်စုပ်နဲ့သာ ဆော်ဖို့ကောင်းတဲ့ အဓမ္မဝါဒီ မုဒိမ်းတတ္တတွေ ရဲ့ လွှတ်တော်တွေလေ။ မိစ္ဆာသန်းရွှေ အမှူးရှိတဲ့ နအဖ ဖက်ဆစ်ဗိုလ်ချုပ်တွေရဲ့ နဖားကြိုးတန်းလန်းနဲ့ လွှတ် တော်ကြီးပေါ့။
ဘီကြားအမတ်များဆိုတာကလည်း မိစ္ဆာသန်းရွှေခိုင်းသမျှကို လက်ညှိုးထောင် ခေါင်းညိတ်လောက်သာ လုပ် တတ်တဲ့ စစ်ဗိုလ်လူထွက်တွေ၊ လူထုအရေး တရွေးသားတောင် ထည့်မစဉ်းစားတဲ့သူတွေ၊ ရထားတဲ့ မဲဆို လည်း သန့်သန့်ရှင်းရှင်း တခုမှမပါဘူး။ ကလိန်မဲ၊ ညစ်မဲ၊ ညာမဲ၊ ကောက်မဲ၊ ခြောက်မဲ၊ လှန့်မဲ၊ လုမဲ၊ အတုမဲ၊ ခိုးမဲ၊ ဝှက်မဲ ... စတဲ့ မတော်မတရား အလိမ်အညာနည်းပေါင်းစုံနဲ့ ရထားတဲ့ မဲတွေနဲ့ အမတ်ဖြစ်လာကြသူတွေ ပေါ့။ အရှက်မဲ့လိုက်တာကတော့ ကမ်းကိုကုန်ရော။ နယ်အသီးသီးမှာ စစ်ဗိုလ်လူထွက် ကြံ့ဖွတ်တွေ ရှုံးခြေ လည်းမြင်ရော ကြိုတင်မဲဆိုတာတွေနဲ့ အနိုင်ယူသွားတယ်။ တောင်ငူနယ်မှာဆို ကြိုတင်မဲအတုတွေ များသွား လို့ မဲပေးတဲ့သူ (၁၀၃) % တောင် ရှိတယ်ဆိုပါလား။
အတုအယောင် ရွေးကောက်ပွဲပဲဆိုချင်ဆို မဟာသူရဲဘောကြောင်သူ ဗမာဗိုလ်ချုပ်တွေရဲ့ ရွေးကောက်ပွဲက တော့ ကမ္ဘာမှာ ကြိုတင်မဲအများဆုံး စံချိန်ချိုးသွားခဲ့ပြီဖြစ်တယ်။ သူ့တို့ကိုယ်တိုင်လုပ်ထားတဲ့ ကြိုတင်မဲ ငါးရာ ခိုင်နှုန်းထက်မပိုရဆိုတဲ့ ရွေးကောက်ပွဲဥပဒေကို သူတို့ကိုယ်တိုင်ချိုးဖောက်တာ အသေအချာပေါ့။ အရှက်ကင်း မဲ့လိုက်ပုံက ဇမ္ဗူမှာတလူဆိုရမလောက်ပါပဲ။ ကြိုတင်မဲဆိုတာက မဲပေးတဲ့နေ့မှာ ကိုယ့်သက်ဆိုင်ရာ မဲရုံကို တ ကယ်ခိုင်မာတဲ့ အကြောင်းတွေကြောင့် မလာနိုင်တဲ့ မဲဆန္ဒရှင်တွေအတွက် ဖွင့်ပေးထားတဲ့ ခြွင်းချက်အခွင့်အ ရေးဖြစ်တယ်။
နအဖတို့ရဲ့ ကြိုတင်မဲဆိုတာတွေကတော့ အဲဒီ့ခြွင်းချက်ပါ သတ်မှတ်ချက်တွေနဲ့ ကင်းလွတ်ပြီး သူတို့နိုင်ရာ ဗိုလ်ကျခံ ဝန်ထမ်းတွေ၊ စစ်သည်စစ်သား မိသားစုတွေ၊ မသိနားမလည်တဲ့ ဆင်းရဲသား ပြည်သူတွေကို အဓမ္မ အကျပ်ကိုင် နားလှည့်ပါးရိုက် ယူထားတဲ့ မဲတွေပဲ။ တချို့ကြိုတင်မဲတွေ ဆိုတာကတော့ ရပ်ကွက် လူဦးရေစာ ရင်း ကြည့်ပြီး ကြံ့ဖွတ်တွေကိုယ်တိုင် အတုလုပ်ထားတာဖြစ်တယ်။ ဒါကြောင့် တချို့နယ်တွေမှာ ရှိတဲ့လူဦး ရေထက် မဲတွေပိုနေတာပေါ့။ သူတို့က ရွေးကောက်ပွဲမှာ မဲပေးတဲ့သူ (၆၀) % ရှိတယ်လို့ ဆိုတယ်။ တကယ် ကတော့ သူတို့ မတော်မတရားလုပ်ထားတဲ့ ကြိုတင်မဲတွေ ထည့်တွက်ရင်တောင် (၄၀) % ပြည့်ဖို့ မလွယ်ဘူး။ တချို့မဲရုံတွေဆို မဲပေးတဲ့သူ ဆယ်ယောက်တောင် မပြည့်ဘူး။
ဒီလောက်ကန်းကုန်အောင် လိမ်ညာညစ်ပတ် ယုတ်မာထားတာတောင် ရွေးကောက်ပွဲရလဒ်ကို အခုထိ တရား ဝင် မကြေညာနိုင်သေးဘူး။ အလိမ်အကောက်စာရင်းတွေ ညှိရခက်နေလို့ဖြစ်မယ်။ ဒီနေ့ခေတ်သူတပါး ရွေး ကောက်ပွဲတွေဆို ဒီနေ့ရွေးကောက်ပွဲလုပ် နောက်တရက် ရလဒ်ကို တရားဝင် ကြေညာပြီး တပတ်အတွင်း အ စိုးရဖွဲ့နိုင်ကြတယ်။ အဖြေက ရှင်းတယ်။ ရွေးကောက်ပွဲက အတုဖြစ်တယ်။ လွှတ်တော်တွေဆိုတာကလည်း အတုဖြစ်တယ်။ နဖားကြိုးတန်းလန်းနဲ့ လွှတ်တော်တွေ။ မိစ္ဆာသန်းရွှေနဲ့ အပေါင်းအပါတွေက ဘယ်တော့မှ အာ ဏာကို လက်မလွှတ်ဘူး။ စစ်အာဏာရှင်စနစ် တည်မြဲရေးကို အခိုင်အမာ သန္နိဋ္ဌာန်ချထားတယ်။
ဒီလိုအခြေအနေဆိုးကိုတောင် နိုင်ငံရေးအရေခြုံ ရေပေါ်ဆီ လူလယ်လူတတ် ငို့ဘသမားတွေက ချီးမွမ်းကြ၊ အ ကောင်းမျှော်လင့်ကြနဲ့ လိမ်ညာယုတ်ပတ်တဲ့ ရွေးကောက်ပွဲနဲ့ အယုတ်တမာ စစ်အုပ်စုကို ကဲ့ရဲ့ရှုတ်ချဖို့ တွန့် ဆုတ်နေကြတုန်းပဲ။ သူတို့ဖောက်သည် သတင်းမီဒီယာတွေကတဆင့် လူထုကို သီတင်းမှားပေး အလံရှူးလုပ် ဖို့ ကြိုးစားနေကြတုန်း။ အချောင်သမား ဟန်ညောင်ရွှေက VOA ကတဆင့် ရွေးကောက်ပွဲဟာ မတရားတာမှန် ပေမယ့် ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်တာ၊ ပြီးတော့ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရတ ခု ပေါ်ပေါက်လာတာဟာ ဒီမိုကရေစီလမ်းကြောင်းအပေါ် ရောက်လာခြင်းဖြစ်တယ်လို့ အပြင်ကနေ အူသလို နအဖအလံရှူး နေဝင်းမောင်တို့၊ အောင်ထွဋ်တို့ အီးဂရက်အုပ်စုကလည်း ရွေးကောက်ပွဲကို ချောတိုင်တက်တာ နဲ့ နှိုင်းပြီး ချောတိုင်တက်တာ မမှားဘူး။ ချောတိုင်တက်သလို သဘောထားပြီး တကြိမ်မရ တကြိမ် အာဏာရှင် တွေရဲ့ လမ်းကြောင်းအတိုင်း ကြိုးစားဦးမယ်လို့ အတွင်းကနေ ဟောင်နေကြတယ်။
ရှေးလူကြီးများရဲ့ အဆုံးအမတခု ရှိပါတယ်။ ကိုယ့်အမှားကို သိမှ လူကောင်း လူမှန်၊ အဲဒီအမှားကို ပြင်နိုင်မှ ပ ညာရှိသူတော်ကောင်း ဖြစ်တယ်။ ကိုယ့်အမှားကို မသိမြင်နိုင်လောက်အောင် အတ္တလွန်ကဲရင် လူမိုက်၊ လူ ယုတ်မာလို့ ဆိုပါတယ်။ နေမျိုးဝေလို နိုင်ငံရေးလူပျက်ကတောင် မှားပါတယ်လို့ ဝန်ခံထားပြီးသားပါ။ ဒီလို နိုင် ငံတခု၊ ပြည်သူတရပ်လုံးရဲ့ ကံကြမ္မာနဲ့ဆိုင်တဲ့ နိုင်ငံရေးရာဇဝတ်မှုကို မှားပါတယ်လို့ မမြင်နိုင်၊ ဝန်မခံချင်သူ တွေကို ဘယ်လိုပြောကြမလဲ စကားလုံးတောင် ရှာမရတော့ပါဘူး။
ဒီရွေးကောက်ပွဲဆိုတဲ့ လုပ်ပွဲကြီးကို လေ့လာကြည့်ရင် စစ်အုပ်စုဟာ အရံအတား အဆင့်ဆင့်နဲ့ သူ့စိတ်ကြိုက် ဖန်းတီးသွားခဲ့တယ်။ နောက်ဆုံးအဆင့် ကြိုတင်ဂျိုကာမဲတွေနဲ့ သူကြိုက်သူ မကြိုက်သူတွေကို နိုင်စေတယ်၊ ရှုံးစေတယ်။ ဒေသအလိုက် အင်အားကောင်းပါတယ်ဆိုတဲ့ တိုင်းရင်းသားပါတီတွေတောင် သူတို့ပြည်နယ်တွေ မှာ ပြည်နယ်အစိုးရဖွဲ့နိုင်လောက်အောင် နိုင်တဲ့ပါတီမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိခင်ပါတီကို ကျောခိုင်း ပြီး ရွေးကောက်ပွဲလိုလားတဲ့ အတွင်းအပြင်က အန်ဂျီအိုတွေ၊ သတင်းမီဒီယာတွေက ဝိုင်းလှော်ပေးနေကြတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ထဲမှာတောင် မူလ NLD က လူတွေကို အနိုင်မပေးဘူး။ အီးဂရက်က လူတွေကိုပဲ အနိုင်ပေးထားတာဟာ စိတ်ဝင်စားစရာပါ။
ဒီမှာ အတွင်းအပြင်က အချောင်သမားတွေ၊ တိုင်းခြားနဲ့ ဗမာအန်ဂျီအိုလိုလို လူတတ်လိုလို ဆိုသူတွေ၊ သတင်း မီဒီယာတွေနဲ့ အဲဒီနောက်ကွယ်က အရိပ်ပွဲ ကစားသမားတွေ (Shadow Player) တွေကြားက အချိတ်အ ဆက် အပေးအယူတွေကို မြင်နိုင်ပါတယ်။ နအဖ ဗိုလ်ချုပ်တွေကလည်း မြင်ကြပါတယ်။ လောကကြီးမှာ အ လိမ်ခံရတယ်ဆိုတာ အတဲ့သူနဲ့ လောဘဖိစီးဖောက်ပြန်သူတွေပဲဖြစ်တယ်။ တကြိမ်ထက် ပိုအလိမ်ခံရသူဟာ အ န ထုံထိုင်း ထိနမိဒ္ဓများသူ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် အတ္တလောဘကြီးသူတွေပဲ ဖြစ်ပါတယ်။ ၉၀ ခု ရလဒ်ကို မျက်ကွယ်ပြုထားတာ၊ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံနဲ့ သိက္ခာကင်းမဲ့တဲ့ ရွေးကောက်ပွဲ မတရားဥပဒေတွေ စည်း မျဉ်းစည်းကမ်းတွေက စစ်အုပ်စုဟာ ဘယ်တော့မှအာဏာမလွှဲဘူးဆိုတဲ့ သူတို့သဘောထားကို အထင်အရှား ပြသပြီးသားဖြစ်တယ်။ ရုပ်သေးပါတီ ကြံ့ဖွတ်တွေကလည်း ရှုံးလည်းနိုင်၊ နိုင်လည်းနိုင်လို့ ဗြောင်ပြောထားပြီး သားပဲ။ ဒီလို ရွေးကောက်ပွဲကို အကောင်းမျှော်လင့်ချက်ထားနေတာ၊ ဝင်ပြိုင်တယ်ဆိုတာဟာ လူ့အန္ဓတွေနဲ့ အတ္တလောဘသားတွေပဲဖြစ်တယ်။
ခွဲခြမ်းစိတ်ဖြာကြည့်ရင် ...
(၁) ၉၀ ခု ရွေးကောက်ပွဲမှာ အရှုံးကြီးရှုံးခဲ့လို့ အခုတခါတော့ ဒေါ်စု မပါတာ တို့အခွင့်အရေး၊ ရတုန်းယူထား လိုက်မယ်ဆိုတဲ့ မျိုးဆက်ဟောင်း ပါတီဟောင်းတွေ။
(၂) တိုင်းပြည်အတွက် မဖြစ်စလောက်လေး ပေးဆပ်ခဲ့ လုပ်ခဲ့တာကို အဟုတ်ကြီးထင်ပြီး အခွင့်သာတုန်း အ မြတ်ထုတ်လိုက်မယ်ဆိုတဲ့ ၈၈ ပျက်တွေ။
(၃) သူ့ဆန်စားထားလို့ ကျရာတီးလုံးအတိုင်း ကနေကြရတဲ့ ပယောဂပူးနေသူတွေ။
(၄) ရှုံးလည်းခံသာ နိုင်ရင်အမြတ်ဆိုတဲ့ ဖဲသမားညာဉ်နဲ့ ဝိသမလောဘသား စီးပွားရေးသမားတွေပဲဖြစ်တယ်။
ဘယ်ပါတီပဲ ကြည့်လိုက် ကြည့်လိုက် ရွေးကောက်ပွဲဝင်မယ့် ပါတီလို့သာဆိုတယ် ဘာနိုင်ငံရေးရည်မှန်းချက် လမ်းစဉ်မှ တိတိကျကျ ပြဋ္ဌာန်းကြေညာထားတာ မတွေ့ရဘူး။ အနိမ့်ဆုံးအဆင့် အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်ရဲ့ ကံကြမ္မာကို လေသံတချက် ဟတဲ့ ပါတီတခု ကိုယ်စားလှယ်လောင်း တ ယောက်မရှိခဲ့ဘူး။
ဒီလိုရွေးကောက်ပွဲရဲ့ရလဒ် ဘယ်သူရှုံးလို့ ဘယ်သူနိုင်သည်ဖြစ်စေ ဘာနိုင်ငံရေးအဓိပ္ပာယ်မှ မရှိပါဘူး။ ဒီအတု အယောင် ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် လွှတ်တော်များဆိုတာကလည်း ဘယ်နည်းနဲ့မှ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာမဟုတ်ဘူး။ လူထုတွေကိုယ်တိုင် အကျုံးဝင်ပတ်သက်တဲ့ ရွေးကောက်ပွဲမှာတောင် ဒီ လောက် ဗြောင်ကျကျ လိမ်ညာယုတ်ပတ် အနိုင်ကျင့်နေတဲ့ စစ်အုပ်စုဟာ လူထုအခန်းကဏ္ဍမပါတဲ့ လွှတ် တော်ထဲမှာ ဘယ်လောက် ဖောက်ပြန်ရမ်းကား ဗိုလ်ကျကြလေမလဲဆိုတာ သိပ်စဉ်းစားကြည့်စရာမလိုပါဘူး။ စစ်အုပ်စုက အနိုင်ပေးလို့ လွှတ်တော်ထဲရောက်လာကြတဲ့ အမတ်တွေ ဘာတွေ ပြောခွင့်ရပြီး ဘာတွေလုပ်နိုင် ကြမလဲ။ ကြိမ်တချက် ဝင့်ပြရုံနဲ့ ငြိမ်ဝပ်ကုပ်ချိသွားမယ့်သူ၊ ကိုယ့်ဟာကို ချိန်ခွင်ပေါ်တက်ထိုင်မယ့်သူ ဘယ် လောက်ပါမလဲ စောင့်သာကြည့်ကြပါတော့။ ဒါကြောင့် လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး ဒီမိုကရေ စီ ဖော်ဆောင်မယ်ဆိုတာဟာ အဓိပ္ပာယ် အကင်းမဲ့ဆုံး ဆင်ခြေလုပ်ရပ်ပဲဖြစ်တယ်။ ဒီလိုရွေးကောက်ပွဲတွေ န ဖားကြိုးတန်းလန်း လွှတ်တော်တွေ ရှိလာတာဟာ ဒီမိုကရေစီရဲ့ လမ်းစပဲလို့ ပြောနေတာဟာ အမှန်တရားကို သစ္စာဖောက်တဲ့ ကိုယ်ဘို့သာသိတဲ့ ငို့ဘသမားတွေသာဖြစ်တယ်။
မိစ္ဆာသန်းရွှေကို အားကျမခံ ကျုပ်တို့ ပြင်ပမှာလည်း အလားတူတွေ တချိန်တည်း ဖြစ်ထွန်းနေတယ်။ အလုပ် သမားခေါင်းဆောင်ဆိုတဲ့ မောင်မောင်နဲ့ အပေါင်းအပါများကလည်း ဖယ်ဒရယ်ပါလီမန်ဆိုတဲ့ ဘီကြားလွှတ် တော်ကြီးတခု ဖွဲ့လိုက်ကြပြန်ပါပြီ။ ၉၀ ခု အမတ်တွေ၊ လက်သင့်ရာ အဖွဲ့အစည်းခေါင်းဆောင်ဆိုသူတွေ၊ ပြီး တော့ ဘယ်လိုညာဝါး စည်းရုံးထားလဲ မသိဘူး၊ ထုံးစံအတိုင်း အစဉ်အလာရှိတဲ့ မွန်၊ ကရင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ စုပေါင်းစပ်ဖာ အူကြောင်ကြားလွှတ်တော်မဟာကြီးပေါ့။ ပြီးရင် ဖယ်ဒရယ်အစိုးရနဲ့ ဖယ် ဒရယ်အာမီဆိုတာကြီးတွေပါ ထူထောင်ကြဦးမယ်ဆိုပဲ။ လေသံသာ ပစ်နေတယ် အဆံကတော့ ဗလာ။ ဗိုလ် နှုတ်ခမ်းမွေးတို့ ရန်သူကို တကယ်ထတိုက်နေတာကိုတော့ ကျည်တတောင့်၊ ငါးပိတကော် ထောက်ပံ့တယ် မ ကြားမိဘူး။ ဖွဲ့လိုက်ရင်လည်း အမျိုးသားနဲ့ချည်း ချီပြီးဖွဲ့တယ်။ အဖွဲ့အမည် ပရောဂျက်တွေသာ ပြောင်းသွား တယ်။ လူတွေကတော့ စားနေကျ ကြောင်ပါး ဒီလူဒီမျက်ခွက်ချည်းပဲ။ အထဲကတိုက်ပွဲကို ပံ့ပိုးတဲ့ လုပ်ငန်းတွေ လုပ်ဖို့၊ အပြင်က စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေ စုစည်းဖို့တော့ မစဉ်းစားဘူး။ ကိုယ့်နေရာ ကိုယ့် အခန်းကဏ္ဍမသိ၊ ကိုယ့်တာဝန် ကိုယ်မထမ်း၊ ဖဲသမားလို ဟိုလှည့်ဒီလှည့် ကုလားဖန်ပြောင်းထိုးပြီး အနှစ် ၂၀ လမ်ကြောင်းအတိုင်း အဖွဲ့ထောင် ပရောဂျက် တင် လုပ်စားဖို့ပဲ ချောင်းနေတယ်။
ကျုပ်တို့ဗမာမှာ လွှတ်တော်ဆိုတာက မင်္ဂလာတရားတွေနဲ့ အညီပေါ်လာတာ၊ သီးခံခြင်း၊ ခွင့်လွှတ်ခြင်း၊ စာနာ ခြင်းနှင့် တိုင်းသူပြည်သားအကျိုးကို ရှေးရှုခြင်း စတဲ့တရားတွေနဲ့ ပေါ်လာတာဖြစ်တယ်။ ပုဂံခေတ်က ထီးလို မင်းလိုလို့လဲခေါ် နန်းတောင်းများမင်း (သို့) နားဋောင်းများမင်းလို့လဲခေါ်တဲ့ မင်းရဲ့လက်ထက်မှာ ပေါ်ပေါက်ခဲ့ တယ်။ နန်းတောင်းများမင်းဟာ ညီအစ်ကိုအများထဲက နောင်တော်တွေကို ကျော်ပြီး မင်းဖြစ်လာတယ်။ သူ့ မယ်တော် မိဖုရားငယ်က လင်မင်းကြီးရဲ့ လိုရာဆုတောင်းစေဆိုတဲ့ ကတိစကားကို ဆုပ်ကိုင်ပြီး သားအတွက် ထီးနန်းတောင်းပေးလို့ ရခဲ့တယ်။ ဒါပေမယ့် သူ့ထက်ပိုပြီး ထီးနန်းရထိုက်တဲ့ နောင်တော်တွေလည်း ရှိနေ တယ်။ ဒါကြောင့် နန်းတောင်းများမင်းဟာ နန်းတော်ထဲမှာ တရားဇရပ်တဆောင် ဆောက်ပြီး နောင်တော်တွေ ကို လွှတ်တက်စေကာ သူ့ကိုယ်စား တိုင်းပြည်အရေးအရာတွေကို စီရင်စေတယ်။ ပြောရရင်တော့ အာဏာခွဲ ပေးတာပေါ့။ တိုင်းပြည်အရေးအရာတွေကို ချမှတ်တဲ့ အမိန့်အာဏာတွေ ပို့လွှတ်တဲ့နေရာ တိုင်းသူပြည်သား တွေကြားက အမှုအခင်းတွေကို စီရင်ပြီး ပလပ်စေ၊ လွှတ်စေ ဆုံးဖြတ်စီရင်တဲ့အတွက် လွှတ်တော်လို့ခေါ် တယ်။
နောက်ပိုင်းခေတ်တွေမှာ မင်းညီမင်းသားတွေသာမက ဝန်၊ အမတ်စတဲ့ ပညာရှိပုဂ္ဂိုလ်တွေပါ လွှတ်တက်စီရင် လာကြတယ်။ ဒီအဖြစ်တွေကို ကြည့်ရင် မိဖုရားငယ်အပေါ်မှာ ကတိတည်တဲ့ မင်းကြီး၊ ရသင့်ရထိုက်တဲ့ ကိုယ့် အခွင့်အရေး ဆုံးရှုံးမှုကို သီးခံခဲ့တဲ့ နောင်တော်များ၊ သက်ဦးဆံပိုင် ဘုရင်ဖြစ်ပါလျက် နောင်တော်တွေအပေါ် စာနာစိတ်နဲ့ အာဏာခွဲဝေပေးခဲ့တဲ့ ဘုရင်နဲ့ ခြုံကြည့်ရင် ပြည်သူတွေရဲ့ အသက်အိုးအိမ်တည်ငြိမ်မှုကို ရှေးရှုပြီး နန်းလုပွဲပဋိပက္ခတွေကို ရှောင်ရှားခဲ့ကြတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်များရဲ့ အမြှော်အမြင်နဲ့ စေတနာတရားတွေဟာ အင်မတန်လေးစား ဂုဏ်ယူထိုက်ပါတယ်။
မတရားလုယူထားတဲ့ အာဏာအခွင့်အရေးကို ဆက်ပြီး ခိုးဆိုးလုယက်ဖို့ ကတိမတည် သစ္စာဖျက်ပြီး အာဏာ မြဲဖို့ လုပ်နေသူများနဲ့တော့ နံ့သာဆီနဲ့ အီးလို ကွာခြားလှပါတယ်။ ဒါကြောင့် အများပြည်သူအကျိုးအတွက် မင်္ဂ လာတရားများနဲ့အညီ ပေါ်ထွန်းခဲ့တဲ့ မူလလွှတ်တော်နဲ့ ဒီနေ့ကျုပ်တို့ မြင်တွေ့နေရတဲ့ ဘီကြားလွှတ်တော်များ နဲ့ကတော့ မနှိုင်းသာအောင် ခြားနားလှပါတယ်။ ဒီတော့ တော်လှန်ရေးကို အကျိုးမပြုတဲ့အပြင် အဆီးအတား တောင် ဖြစ်နေတဲ့၊ စစ်အာဏာရှင် တည်တံ့ဖို့ အထောက်အပံ့ပြုနေတဲ့၊ ဗမာပြည်ဒီမိုကရေစီ ထူထောင်ရေး အ ဟန့်အတားဖြစ်စေမယ့် ဒီလို ဘီကြားအမတ်များနဲ့ ဘီကြားလွှတ်တော်တွေကို ခုံဖိနပ်နဲ့ ဝိုင်းဆော်ကြဖို့ဟာ မျိုး ချစ်တိုင်းရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ။
ရဲဘော်ကျော်သန်း
(၁၈-၁၁-၂၀၁၀)
Thursday, November 18, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၈-၁၁-၂၀၁၀)
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဘန်ကီမွန်း တယ်လီဖုန်း ပြောဆို click
- မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဆွေးနွေးမည် click
- ဒေါ်အောင်ဆန်းစုကြည် ပါခွင့်မရရင် ဘယ်အစိုးရမှ တရားမ၀င် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုသည် အပြုသဘောဆောင် ပထမခြေလှမ်းဖြစ် click
- စစ်အစိုးရ ပျော့ပျောင်းလာခြင်းမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား click
- ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို ဗိုလ်နှုတ်ခမ်းမွေး ထောက်ခံ click
- ဒေါ်အောင်ဆန်းစုကြည် သွားတွေ့ခဲ့တဲ့ HIV ဝေဒနာရှင်တွေကို နေထိုင်ခွင့် ရုပ်သိမ်းမည် click
- ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအားပေးတဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များကို အာဏာပိုင်များက ဧည့်စာရင်း ထုတ်မပေးတော့လို့ ပြောဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်လာသည့်အပေါ် ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ဒီမိုကရက်တစ်ပါတီ (မြန် မာ) ပေးပို့ click
- ဒေါ်အောင်ဆန်းစုကြည်အတွက် ပြည်သူများရဲ့  ရင်ဖွင့်စကားများ click
- အင်တာနက်လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်အမည်ဖြင့် စာမျက်နှာများ ထွက်ပေါ် click
- ဒေါ်အောင်ဆန်းစုကြည်ပုံ မျက်နှာဖုံးပါဂျာနယ် ရခိုင်ပြည်၌ ရောင်းအားကောင်း click
- NLD တရားဝင်ကြောင်း ဥပဒေအရ ကြိုးပမ်း click
- NLD ပါတီရပ်တည်ခွင့်အမှု နေပြည်တော်မှာ ကြားနာ click
- ကလေးစစ်သားဖြစ်ခဲ့သူ မောင်ကျော်ဆန်းဦး NLD ကို အကူအညီ တောင်းခံ click
- အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရှင်ဂမ္ဘီရ တိုက်တွန်း click
- DKBA တချို့ KNU နဲ့ ပေါင်းဟုဆို click
- ဒီကေဘီအေ ခွဲထွက်နဲ့ ကေအန်ယူ စစ်ဆင်ရေး ပူပေါင်းလုပ်မည် click
- သူကြီးမ (၈) ဦး မတရား ဖမ်းဆီးခံရ click
- ဒေသခံ မြန်မာစစ်တပ်မှ မွန်လူငယ်များကို ဖမ်းဆီးငွေညှစ် click
- ဘာသာရေးဖိနှိပ်မှု အဆိုးဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ထိပ်ဆုံးမှ ပါဝင် click
- ဖားကန့်မြေပြိုမှု လူ (၅၀) ခန့် သေဆုံး click
- ဓာတ်ဆီဈေးနဲ့အတူ ကုန်ပစ္စည်းဈေးတွေ လိုက်တက် click
- တောင်ကြီး၊ ဘားအံတို့တွင် မေရီချက် (ပ်) မင်း နားမကြားကျောင်းခွဲများ ဖွင့်မည် click
- ဒုတိယပင်လုံမှသည် အနာဂတ် ပြည်ထောင်စုဆီသို့ (၂) (ဆောင်းပါး) click
- မင်္ဂလာနှင့် နိုင်ငံရေး (၁၅) (သရော်စာ) click
- ကာတွန်းဆရာ Stephff ရဲ့ လက်ရာများ click
- ဒဏ္ဍာရီ မဟုတ် သရုပ်မှန်ကဗျာ (ကဗျာ) click
- ဒီနေ့ ဒီရက်တွေမှာ ... click
- နအဖကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက် တရုတ် တိုက်ခိုက် click
- NDF ခေါင်းဆောင်ပိုင်း ပြဿနာတက် click
- ဦးသိန်းညွန့်ကို NDF က ထုတ်ပယ် click
- NDF ပါတီက လွှတ်တော်အမတ် ဦးသိန်းညွန့်ကို ထုတ်ပယ် click
- ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဦးသုဝေနှင့် ဆက်သွယ်မေးမြန်းချက် click
- အမှားပြင်ဆင်ချက်များဖြင့် ပူးတွဲပြီး နိုဝင်ဘာ (၁၇)၊ (၁၈) နေ့စွဲဖြင့် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များ ဆက်လက်ကြေညာ click
- ရွေးကောက်ပွဲရလဒ် ရှုပ်ထွေးမှုများ ပေါ်လာနိုင် click
- မင်းတပ် စောင့်ကြည့်ရေးကော်မတီဖွဲ့ click
- ကြံ့ဖွံ့ (၇၆) ရာနှုန်းကျော်ဖြင့် ရွေးကောက်ပွဲနိုင်ဟုဆို click
- တိုင်းရင်းသားပါတီအချို့ အဓိက အတိုက်အခံ ဖြစ်လာဖွယ်ရှိ click
- ကျားဖြူသတင်းလွှာ အမြင် click
- ရိုင်းမိုက်ကယ်သရော် လွှတ်တော် လွှတ်တော် ခုံဖိနပ်နဲ့ ဆော် (ဆောင်းပါး) click
- ဘင်္ဂလားဒေ့ရှ် တရားသူကြီးချုပ်အိမ် ဗုံးကွဲ click
- ဘာလင်လေကြောင်း ဖောက်ခွဲပစ္စည်း တွေ့ရှိ click
- START 2 ချုပ်ဆိုနိုင်ရေး အတည်ပြုပေးဖို့ အိုဘားမား ပြော click
- ရေနံချောင်း၌ စစ်သားက အရပ်သား အမျိုးသမီးကို အဓမ္မပြုကျင့် click- ဒီကေဘီအေနှင့် ကေအန်ယူ ပူးတွဲတိုက်တော့မည် click
- နယ်ခြားစောင့်တပ်ဖွဲ့များကို မြ၀တီမြို့မှာ နေရာယူခိုင်း click
- နိုဝင်ဘာလ ၇ – ၈ ရက်နေ့က DKBA နဲ့ နအဖ မြဝတီမြို့တွင်းတိုက်ပွဲ (ရုပ်သံ) click
- နေပြည်တော် ကျောက်မျက်ပွဲ ကျင်းပ၊ စစ်အရာရှိများ စီးပွားဖြစ် click
- တန်ပိုယာဉ်တွေ ဒဏ်ရိုက်ဖမ်းဆီးမှုကြောင့် ဆန်ဈေးတက် click
- ဦးထွန်းကျော် ဦးဆောင်သည့် ကရင်နီဖလားဘောလုံးပွဲ ဒကစမှူး တက်ရောက် click
- နိုဝင်ဘာ (၁၈) ရက် နောက်ဆုံးရ သတင်းတိုများ click
- မြန်မာ့ရေးရာ သတင်းများ (၁၈-၁၁-၂၀၁၀) click
- “အပြောင်းအလဲလိုချင်ရင် အပြောင်းအလဲရအောင် ကြိုးစား” (ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး) click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့် ဝန်ထမ်းများအသံ click
- ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက် နိုင်ငံရေးအပြောင်းအလဲ ဖြစ်နိုင်သလား click
- ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ၊ တိုက်ပွဲ ပြန်စပြီ (ဆောင်းပါး) click
- ပိုလိုအပ်တဲ့သူကို အရင်ပေးတဲ့ အမေ (ဆောင်းပါး) click
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ဖွဲ့စည်းရာတွင် ရခိုင်ပြည်လွတ်မြောက် ရေးပါတီ ပါဝင်မှု မရှိခြင်းအပေါ် ပါတီ ဒု-ဥက္ကဌ (၂) ဗိုလ်မှူး ခိုင်မျိုးမင်းနှင့် ဆက်သွယ်မေးမြန်းခန်း click
- နိုင်ငံတကာရှိ သူငယ်ချင်းအားလုံးသို့ (ပေးစာ) click
- ပြည်ထောင်စုကောင်းကျိုး ရှေ့ရှုသယ်ပိုးသွားမည်ဟု SNDP ဥက္ကဋ္ဌ ပြော click
- ကြံ့ခိုင်ရေးပါတီ (၇၆) % ဖြင့် အနိုင်ရရှိ click
- လွှတ်တော်နေရာ (၇၆.၅) ရာခိုင်နှုန်းကို ကြံ့ခိုင်ရေး သိမ်းပိုက် click
- လူမှုရေးလုပ်ငန်းများ ကြံ့ဖွံ့ပါတီ ရပ်ပြီ click
- ကြံ့ခိုင်ရေးပါတီ၏ မဲမသမာမှုများအပေါ် ပြစ်တင် click
- ကြံ့ဖွံ့နှင့် ပေါင်းရန် ကရင်ပါတီကို စည်းရုံး click
- ဖလုံစဝေါ်ပါတီနှင့် မိတ်ဖွဲ့ရန် တောင်ကလေးဆရာတော်ဆီ သာသနာရေးဝန်ကြီး ချဉ်းကပ် click






No comments:
Post a Comment