Wednesday, November 17, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၆-၁၁-၂၀၁၀)
- နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ရေဒီယိုတသောင်း ထပ်ပေးဦးမည် click
- နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ ကုလအထူးကိုယ်စားလှယ် ထပ်မံတောင်းဆို click
- နိုင်ငံရေးအကျဉ်းသားတွေရဲ့ မျှော်လင့်ချက် click
- နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် ဆက်လက်ဝတ်ပြုဆုတောင်းမည် click
- မြန်မာနိုင်ငံအပေါ် မူဝါဒပြောင်းလဲနိုင်ရေး အမေရိကန် စောင့်ကြည့် click
- ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရ၏ တုံ့ပြန်ပြုမူပုံ အမေရိကန်စောင့်ကြည့် click
- အမေရိကန်၊ ဥရောပသမဂ္ဂ သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ပင်လုံညီလာခံကိစ္စ ဆွေးနွေး click
- (၂၁) ရာစု ပင်လုံညီလာခံခေါ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ ဆုံဆွေးနွေး click
- လူငယ်ညီလာခံတခုလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား click
- NLD ပါတီ ရပ်တည်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ဆောင်ရွက် click
- ပါတီရပ်တည်ခွင့် တရားရုံးစွဲချက်မှာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုး click
- ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တိုင်း တရားရုံးချုပ်တွင် ကျမ်းကျိန်ဆို click
- အမှုအတွက် ဒေါ်အောင်ဆန်းစုကြည် ကျမ်းသစ္စာကျိန်ဆို click
- ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် စိုးရိမ် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအပေါ် တရုတ်အစိုးရက စိတ်မ၀င်စား click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်အပေါ် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) က ၀မ်းမြောက် စွာ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအပေါ် ပြည်ထောင်စုဒီမိုကရေစီပါတီက ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအပေါ် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီက ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအပေါ် လူထုအသံ click
- ဒေါ်အောင်ဆန်းစုကြည်သတင်းပါသည့် ဂျာနယ်များ ဆက်တိုက်ထွက်ရှိပြီး ရောင်းကောင်းလျက်ရှိ click
- အာဏာရှိသူကို ဒေါ်အောင်ဆန်းစုကြည် ညင်သာစွာ ကိုင်ရမယ် click
- မိတ္ထီလာခရိုင်၌ အန်အယ်လ်ဒီအဖွဲ့ဝင်များ အစည်းအဝေး ကျင်းပ click
- အမေ့လက်ဖြင့် (ကဗျာ) click
- ကြံ့ခိုင်ရေးပါတီ ဖျက်သိမ်းရေးနှင့် ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ရန် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီက တောင်းဆို click
- တစည အမတ်လောင်းကိုယ်စားလှယ်က ကြံ့ခိုင်ရေးပါတီ မဲမသမာမှု ဖွင့်ချ click
- တရားမျှတသည့် ရွေးကောက်ပွဲရလဒ်ဖြစ်ရေး ပလောင်ပါတီ တိုင်ကြား click
- မဲမသမာမှု တိုင်ကြားဖို့ ပြင်ဆင်နေ click
- မူးယစ်ရာဇာသစ်များ USDP ပါတီ လွတ်တော်ကိုယ်စားလှယ်များ ဖြစ်လာ click
- ပူပူနွေးနွေး ထိထိမိမိ click
- လားရှိုးသစ်တော သစ်ဆိုင်များမှ လိုင်းကြေးယူ click
- တရားမ၀င် တရုတ်အလုပ်သမားများ ကချင်ပြည်နယ်တွင်းမှ ပြန်လာရန် ညွန်ကြား click
- အချိန်က ပေးလိုက်သော အဖြေတခု (အက်ဆေး) click
- နန်းဆုရတီစိုးအတွက် မိခင်ဖြစ်သူက သက်တော်စောင့် ရှာပေး click
- ၀ီလျံမင်းသား စေ့စပ်ပွဲ click
- လက်နက်ပွဲစား ဗစ်တာဘောက်ကို ထိုင်းက အမေရိကန်လက် လွှဲပြောင်း click
Tuesday, November 16, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၆-၁၁-၂၀၁၀)
- ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့လှုပ်ရှားမှုများ click
- ဒေါ်အောင်ဆန်းစုကြည် လူငယ်များနှင့် တွေ့ဆုံမည် click
- နိုင်ငံရေးကြောက်စိတ် နည်းသွားဟု လူငယ်များ ပြော click
- ဒေါ်အောင်ဆန်းစုကြည်အတွက် facebook အကောင့်များ ဖွင့် click
- NLD ဆက်လက်ရပ်တည်ရေး နေပြည်တော်တွင် ကြားနာမည် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအတွက် ဗြိတိန်ဝန်ကြီးချုပ် ကြိုဆို click
- အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်တွဲရန် အသင့်ရှိဟုဆို click
- တိုင်းရင်းသားအရေး၊ ဒီမိုကရေစီအရေး ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်မည်ဟု ကချင်အမျိုးသားများ မျှော်လင့် click
- တိုင်းရင်းသားတွေ မြင်တဲ့ ဒေါ်အောင်ဆန်းစုကြည် (ဆောင်းပါး) click
- ဒုတိယပင်လုံညီလာခံနဲ့ ဒေါ်အောင်ဆန်းစုကြည် click
- နိုဝင်ဘာ (၁၆) ရက် နောက်ဆုံးရ သတင်းတိုများ click
- ဒေါ်အောင်ဆန်းစုကြည်သတင်း၊ မြန်မာအသိုင်းအ၀ိုင်းသတင်းများ click
- ဖတ်စ်အလဲဗင်း အားကစားဂျာနယ်ရဲ့ သတင်းစကား click
- နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါ (အင်တာဗျူး) click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ BBC အင်တာဗျူး (ရုပ်သံ) click
- မာရသွန်သို့ ... (ဆောင်းပါး) click
- ပြောစရာတွေ ဖြစ်ကုန်တာအတွက် ပေးစာ click
- ကြံ့ဖွံ့ပါတီကို ဖျက်သိမ်းပေးရန် ဒီငြိမ်း တောင်းဆို click
- အထက်အမိန့်အရ လုပ်ရသောကြောင့် ရန်ငြှိုးမထားရန် ကျားဖြူကို လားရှိုးကော်မရှင် ပြော click
- မြိတ်သွားပြီး ကြံ့ဖွံ့ကို မဲထည့်တဲ့ လွင်မိုး click
- လွင်မိုးက ကြံ့ဖွံ့ကို ၀မ်းသာအားရ မဲပေးခဲ့ click
- သရဲလေးကောင်က လွင်မိုးနဲ့အတူ ရွေးကောက်ပွဲမှာ မဲမဆွယ်ခဲ့ကြောင်း ရှင်းလင်း click
- ရွေးကောက်ပွဲမှစ၍ တာချီလိတ်နယ်စပ် ကုန်စည်ကူးသန်းမှု ပိတ်ပင်၊ ကုန်သည်များ အခက်တွေ့ ညည်းတွား click
- UDP ပါတီ ယနေ့ထုတ်ပြန်ချက် click
- ရွေးကောက်ပွဲတွင် ကရင်လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၆) ဦး အရွေးခံရ click
- ရွေးကောက်ပွဲ မသမာမှုကို တိုင်လည်း မထူးဘူး (အင်တာဗျူး) click
- တရားဥပဒေအရ ရွေးကောက်ပွဲကို ကူညီတဲ့သဘော (အင်တာဗျူး) click
- ရေရှည်အကျိုးအတွက် လမ်းစဉ်သစ် (အယ်ဒီတာ့အာဘော်) click
- ကုလသမဂ္ဂ၊ အာဆီယံနှင့် ရွေးကောက်ပွဲလုပ်ဇာတ် (ဆောင်းပါး) click
- ကရင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်ဖြစ် click
- ဘုရားသုံးဆူရှိ ဒီကေဘီအေတပ်စခန်းကို နအဖတပ် ၀င်ရောက်နေရာယူ click
- နယ်စပ်တိုက်ပွဲများကြောင့် ဆေးဈေးနှုန်း မြင့်တက် click
- အထနှေးနေဆဲ ဂီရိထူထောင်ရေး click
- ဂီရိဒဏ်ခံ ဒေသများတွင် အပျက်အစီး စာရင်းမကောက်ခိုင်း click
- မြေပုံ ကျွန်းသာယာတွင် လေဘေးသင့် ပြည်သူများကို စစ်တပ်က လုပ်အားပေးစေခိုင်းနေ click
- စစ်တွေ-အမ်း ရထားလမ်းကို အကြောင်းပြပြီး ရခိုင်ရှေ့ဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို စစ်အစိုးရမှ ဖျက်ဆီးပြီ click
- မြန်မာစကား အသုံးအနှုန်းကိစ္စ click
ဘာတုန်းဟဲ့ ဖွံ့ဖြိုးရေး
ဇော်မင်း
မြန်မာပြည်မှာတော့ ညစ်နည်းတထောင် ရွေးကောက်ပွဲကြီး ပြီးသွားလို့ ကြံ့ဖွတ်ပါတီက နေရာပေါင်း (၈ဝ) % ကျော်နဲ့ အနိုင်ရရှိသွားတယ်လို့ ပြောနေကြပါတယ်။ သို့သော်လည်း အခုအထိ ရွေးကောက်ပွဲပြီးတာ (၉) ရက် တောင် ရှိသွားပေမယ့် ရွေးကောက်ပွဲရလဒ်ကို ပြည်သူတွေ တိတိကျကျ မသိရသေးပါဘူး။ လူထုဆီက ထွက် လာတဲ့ အသံကတော့ ဒီလောက်တောင် ညစ်တဲ့ဟာ သူတို့ပဲ နိုင်မှာပေါ့ဆိုတဲ့ အသံများ ဖြစ်ပါတယ်။ လော လောဆယ်မှာတော့ အစိုးရသစ်လည်း မဖွဲ့နိုင်သေးဘူးဆိုတော့ နအဖတို့ပဲ အာဏာကို ဆက်လက်ကိုင်စွဲကျင့် သုံးနေပါတယ်။
ထူးခြားတာတခု တွေ့လာရတာကတော့ အစိုးရသစ် မဖွဲ့ရသေးပေမယ့် ထိုင်းနိုင်ငံအခြေစိုက် အကြီးစားစက်မှု လုပ်ငန်း ကုမ္ပဏီကြီးတွေက သူတို့ရဲ့ စက်ရုံကြီးတွေကို မြန်မာနိုင်ငံ တနင်္သာရီတိုင်းအထဲက ထားဝယ်ဒေသ ဘက်မှာ တည်ဆောက်မယ်လို့ တရားဝင် ပြောကြားလိုက်ပါတယ်။ ဥပေဒသဘောအတိုင်းဆိုရင် ရွေးကောက် ပွဲအပြီး ပေါ်ထွက်လာမယ့် အစိုးရသစ်နဲ့သာ ဒီလိုကြီးမားတဲ့ စီးပွားရေးကိစ္စများကို ဆက်လက်ဆောင်ရွက်သင့် ပါတယ်။ သို့သော်လည်း အာဏာတကယ်ရှိသူက ဘယ်သူလဲဆိုတာ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါ တယ်။
ထားဝယ်ဒေသဘက်မှာ တည်ဆောက်မယ့် အကြီးစားစက်မှုလုပ်ငန်း ကုမ္ပဏီများထဲမှာ ထိုင်းနိုင်ငံက PTT လို့ ခေါ်တဲ့ ရေနံစိမ်းကနေ အခြားရေနံလောင်စာများ ထုတ်လုပ်တဲ့ အဖွဲ့ကြီး ပါဝင်ပါတယ်။ အဲသည့် ကုမ္ပကြီးဟာ ဓာတ်ဆီ၊ ဒီဇယ်နဲ့ ရေနံဆိုင်ရာ ဓာတုဗေဒပစ္စည်းများ ထုတ်လုပ်ပါတယ်။ တခါ အကြီးစားစက်ရုံများနဲ့ ဘိလပ် မြေ ထုတ်လုပ်နေတဲ့ Siam Cement Group ဆိုတာကလည်း ထားဝယ်ဘက်မှာ စက်ရုံတွေ တည်ဆောက် ပါလိမ့်မယ်။ နောက်ကုမ္ပဏီတခုကတော့ အမည်ဖော်ပြမထားတဲ့ သံမဏိနဲ့ သံမဏိဆက်စပ်ပစ္စည်းများ ထုတ် လုပ်တဲ့ ဂျပန်ကုမ္ပဏီတခုဖြစ်ပါတယ်။
ဆိုတော့ကာ အဲသလို အကြီးစားစက်မှုလုပ်ငန်းတွေ ထားဝယ်မှာ လာရောက်တည်ဆောက်တဲ့အခါ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံအကြားမှာ လမ်းတွေ၊ တံတားတွေနဲ့ လိုအပ်တဲ့ အဆောက်အဦတွေ တည်ဆောက်ဖို့အတွက် လိုလာပါတယ်။ အဲသလို ဆောက်လုပ်ဖို့ တာဝန်ယူထားတဲ့ ကုမ္ပဏီကြီးကတော့ ထိုင်းနိုင်ငံအခြေစိုက် Italian Thai Development ဆိုတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ (၁ဝ) နှစ်စာ စီမံကိန်းအတွက် မြန်မာအာဏာ ပိုင်တွေနဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီစီမံကိန်း ပထမအဆင့်အတွက် ကျသင့်တဲ့ ငွေတန်ဖိုး ဟာ အမေရိကန်ဒေါ်လာ (၈) ဘီလီယံ ဖြစ်ပါတယ်။ ဒေါ်လာသန်းပေါင်း (၈ဝဝဝ) ရှိပါတယ်။ ဒီစီမံကိန်းပြီးစီးတဲ့ အထိ ကုန်ကျမယ့် စုစုပေါင်းငွေတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၅၈) ဘီလီယံ ဖြစ်ပါတယ်။
ထိုင်းအခြေစိုက် အကြီးစားစက်မှုလုပ်ငန်းကုမ္ပဏီကြီးတွေ ဘာဖြစ်လို့ မြန်မာပြည်ကို အလုံးအရင်းနဲ့ ဝင်လာကြ တာလဲ။ ပထမအချက်ကတော့ ထိုင်းနဲ့ မြန်မာဟာ အိမ်နီးချင်းဖြစ်လို့ လမ်းပန်းဆက်သွယ်ရေးမှာ လွယ်ကူ တယ်။ ထားဝယ်မှာကလည်း ပင်လယ်ရေနက်ဆိပ်ကမ်း တည်ဆောက်မှာဆိုတော့ အနောက်ဘက်ကနေလာ မယ့် ပင်လယ်ကူး ကုန်တင်သင်္ဘောများအနေနဲ့ မလက္ကာရေလက်ကြားကို အချိန်အကုန်ခံပြီး ဖြတ်သွားစရာ မ လိုတော့ပါဘူး။ ထားဝယ်ဆိပ်ကမ်းမှာတင် ကုန်တင်ကုန်ချလုပ်နိုင်မှာဖြစ်တဲ့အတွက် သင်္ဘောတွေမှာ လောင် စာဆီ ချွေတာရာရောက်ပြီး ငွေကြေးအရလည်း ဥပမာဆိုရရင် သင်္ဘောတစင်းဟာ ဆီလောင်စာဖိုး ဒေါ်လာ တသိန်းလောက် သက်သာသွားမယ်လို့ ဆိုပါတယ်။
ဒုတိယအချက်ကတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ နောက်ထပ် အကြီးစားစက်မှုလုပ်ငန်းတွေ ထူထောင်ဖို့ တောင်ပိုင်းက ထိုင်းပြည်သူတွေက အကြီးအကျယ် ကန့်ကွက်လို့ဖြစ်ပါတယ်။ ထိုင်းအစိုးရကိုယ်တိုင်ကလည်း သူ့နိုင်ငံအတွင်းမှာ နောက်ထပ် သဘာဝပတ်ဝန်းကျင် ထိခိုက်မှာကို မလိုလားတဲ့အတွက်လည်း ဖြစ်ပါတယ်။ ဥပမာတခု ပြောပါ့မယ်။ “မဲ့တဖွတ်” ဆိုတဲ့ ချောင်ဘူရီမြို့နယ်အတွင်းက ကျေးရွာအနီးမှာ ရေနံဓာတုဗေဒ ပစ္စည်းများ ထုတ်လုပ်တဲ့ စက်ရုံကြီးတခု ရှိနေပါတယ်။ အဲဒီစက်ရုံကထုတ်လွှတ်တဲ့ အခိုးအငွေ့တွေကြောင့် ပြီး ခဲ့တဲ့ (၁ဝ) နှစ်အတွင်း “မဲ့တဖွတ်” ကျေးရွာက ရွာသားအများအပြား ကင်ဆာရောဂါရပြီး အတော်များများ သေ ဆုံးခဲ့ပါတယ်။ ရွာထဲမှာ လူမသေဖူးတဲ့အိမ်ဆိုတာ မရှိသလောက် ဖြစ်ခဲ့ရပါတယ်။ ကင်ဆာရောဂါကို ဆက် လက်ခံစားနေရတဲ့ ရွာသားများ အများအပြား ရှိနေဆဲပါ။ အဲဒီအတွက် ရွာသားများနဲ့ စက်ရုံပိုင်ရှင် ကုမ္ပဏီတို့ အကြားမှာ တရားတဘောင်ဖြစ်နေတာလည်း နှစ်တွေမနည်းတော့ပါဘူး။ Mae Ta Phut Case လို့ဆိုလိုက်ရင် ထိုင်းနိုင်ငံမှာ လူတိုင်းသိတဲ့ ကိစ္စကြီး ဖြစ်ပါတယ်။ နောက်တချက်တော့ အကြီးစားစက်မှု လုပ်ငန်းတွေက စွန့် ပစ်သွန်ထုတ်လိုက်တဲ့ အညစ်အကြေးများကြောင့် ချောင်းမြောင်းတွေ ညစ်ပတ်ပျက်စီးလို့ ဒေသခံတွေရဲ့ ရေချို ငါးဖမ်းလုပ်ငန်းတွေ ပျက်စီးခဲ့ရပါတယ်။ စက်ရုံကြီးများရှိနေတဲ့ ဒေသတဝှိုက်က လယ်ကွင်းတွေလည်း ဓာတု ဗေဒဓာတ်သင့်ကုန်လို့ စိုက်ပျိုးရေးသမားတွေ ဆုံးရှုံးရတာတွေဟာလည်း မနည်းလှပါဘူး။
အဲသလို အကြောင်းများကြောင့် အလားတူ စက်ရုံကြီးများ ထပ်မံတည်ဆောက်ဖို့ ထိုင်းအစိုးရကလည်း တွန့် ဆုတ်တွန့်ဆုတ်ဖြစ်နေသလို ထိုင်းနိုင်ငံတောင်ပိုင်းက ပြည်သူများပါ မလိုလားဘဲ အကြီးအကျယ် ကန့်ကွက် နေတာမို့ မြန်မာပြည်က ရေနက်ဆိပ်ကမ်းတည်ရှိမယ့် ထားဝယ်ဒေသဟာ အကြီးစားစက်မှုကုမ္ပဏီကြီးများအ တွက် ပစ်မှတ်ကောင်း ဖြစ်နေရတာပါ၊
အထက်က ပြောပြခဲ့တဲ့ သတင်းများနဲ့ တိုက်တိုက်ဆိုင်ဆိုင် အဖြစ်လေးတခုလည်း ဖြစ်ပျက်ခဲ့ပါတယ်။ နိုဝင် ဘာလ (၇) ရက်နေ့ မြန်မာပြည်မှာ ရွေးကောက်ပွဲပြီးတော့ နိုဝင်ဘာလ (၈) ရက်နေ့မှာ မြန်မာပြည်က စီးပွား ရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်တဲ့ ကမ္ဘောဇ ဦးခင်ရွှေ (ခေါ်) ဒေါက်တာခင်ရွှေ ဘန်ကောက်မြို့ကို ရောက်လာ တယ်လို့ကြားသိရပါတယ်။ သူရဲ့ ပီအိပ်ခ်ျဒီ ဒေါက်တာဘွဲ့ဟာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့သာဖြစ်ပြီး တချို့ ကလည်း နိုင်ငံခြားတက္ကသိုလ်တခုကနေ ပိုက်ဆံပေးပြီး ဝယ်ထားတဲ့ ဟန်ပြဒေါက်တာဘွဲ့ကြီးသာဖြစ်ကြောင်း ပြောကြပါတယ်။ ရောက်လာရတဲ့အကြောင်းကတော့ ထိုင်းအခြေစိုက် အကြီးစား စီးပွားရေးလုပ်ငန်းရှင်များနဲ့ လာရောက်တွေ့ဆုံတယ်လို့ ကြားသိရပါတယ်။
အဲဒီအစည်းအဝေးမှာ ဦးခင်ရွှေက သူဟာ အခုဆိုရင် ပြည်သူတွေက မဲနဲ့ ရွေးချယ်လိုက်တဲ့ ပြည်သူ့ကိုယ်စား လှယ် (ကြံ့ဖွတ်အမတ်) ဖြစ်သွားပြီ ဆိုတဲ့အကြောင်း ပြောပါသတဲ့။ ထိုင်းစီးပွားရေးသမားများက အစိုးရဖွဲ့ရင် ဦးခင်ရွှေ ဘယ်ရာထူးမျိုးရနိုင်သလဲလို့ မေးကြတယ်လို့ ဆိုပါတယ်။ အဲတော့ ဦးခင်ရွှေက သူအနေနဲ့ အနည်း ဆုံး ဒုတိယသမ္မတဆိုလား၊ ဒုတိယဝန်ကြီးချုပ်ဆိုလား အဲသလို ရာထူးမျိုးကို ရလိမ့်မယ်လို့ အဖြေ ပြန်ပေး တယ်လို့ ကြားရပါတယ်။ တဆက်ထဲမှာလည်း ဦးခင်ရွှေက ခင်ဗျားတို့ ထိုင်းကုမ္ပဏီကြီးတွေ မြန်မြန်လာပြီး ရင်းနှီးမြှုပ်နှံကြ၊ မဟုတ်ရင် တရုတ်ကုမ္ပဏီတွေက အားလုံး လက်ဝါးကြီးအုပ်သွားလိမ့်မယ်ဆိုပြီး အကြံပေး တယ်လို့လည်း သိရပါသေးတယ်။
ရွေးကောက်ပွဲအပြီး နောက်တရက်မှာ ဘန်ကောက်ကို ချက်ချင်းထွက်လာပြီး အခုလို စီးပွားရေးကိစ္စတွေ လုပ် တာဟာ စစ်အစိုးရက မျက်နှာသာပေးထားလို့သာ လုပ်နိုင်တယ်ဆိုတာကို အထင်အရှားမြင်ရပါတယ်။ နောက် အစိုးရသစ် ဖွဲ့လာမယ့်အချိန်မှာလည်း အနာဂတ်မှာ တကယ်တမ်း အာဏာရှိမှာကတော့ တပ်ချုပ်ကြီးသာဖြစ် တယ်ဆိုတာကို ဘယ်သူငြင်းနိုင်မှာလဲ။
နောက်တချက်ကတော့ မြန်မာပြည်က ပြည်သူတွေအနေနဲ့ ရေရှည်မှာ အဲသလို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ အကြီးစား စက်မှုလုပ်ငန်းကြီးတွေကြောင့် ကိုယ့်တိုင်းပြည်က သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးဆုံးရှုံးမယ်။ ဒေသခံတွေရဲ့ ကျန်းမာရေးကို ထိခိုက်မယ်ဆိုတာတွေအတွက် လွတ်လွတ်လပ်လပ် ပြောဆိုတင်ပြနိုင်ခွင့် မရှိ သေးတာကိုလည်း ဝမ်းနည်းဖွယ်မြင်ရပါတယ်။ ထိုင်းနိုင်ငံကတော့ ဒီမိုကရေစီ အထိုက်အလျောက် ထွန်းကား တဲ့ နိုင်ငံဆိုတော့ အုပ်ချုပ်သူအစိုးရဟာ နိုင်ငံသားပြည်သူတွေရဲ့အသံကို နားထောင်ရပါတယ်။ နိုင်ငံသားတွေ တောင်းဆိုတာကို ပြည်ငဲ့ကြည့်ရပါတယ်။ ဒါဟာ မြန်မာပြည်အခြေအနေနဲ့ ဘယ်လောက်ကွာဟနေသလဲဆို တာကို ထင်ဟပ်ပြသရာလည်း ရောက်ပါတယ်။
ကြံ့ဖွတ်အများစု အမတ်တွေရယ်၊ စစ်ဗိုလ်တွေရယ် ပေါင်းပြီး အစိုးရသစ် ဖွဲ့မယ်ဆိုရင် မေးရမယ့် မေးခွန်းတခု ကတော့ သူတို့မှာ နိုင်ငံရဲ့သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းဖို့ ခိုင်ခံ့တဲ့ ပေါ်လစီတွေရှိရဲ့လား ဆိုတာပဲ ဖြစ်ပါတယ်။ သူများနိုင်ငံတွေမှာ ဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီးလုပ်ရင်း သဘာဝပတ်ဝန်းကျင်တွေ ဒေ သခံ ပြည်သူတွေ အကြီးအကျယ် ထိခိုက်တာမျိုးဖြစ်ခဲ့ပါတယ်။ လူနည်းစုသာ အကျိုးခံစားရပါတယ်။ အဲသည် တော့ ကိုယ့်နိုင်ငံမှာ ဖွံ့ဖြိုးရေးကိုလုပ်မယ်ဆိုရင် သူများနိုင်ငံမှာဖြစ်ခဲ့တဲ့ အမှားတွေကို အစိုးရလုပ်မယ့်သူတွေ က သင်ခန်းစာယူဖို့ အမှန်တကယ် ဆန္ဒရှိရဲ့လား ဆိုတာကလည်း မေးထိုက်တဲ့ မေးခွန်းလို့ ဆိုပါရစေ။
ဇော်မင်း
(၁၆) ရက်၊ နိုဝင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
ရွေးစရာ နှစ်လမ်းနှင့် တိုက်ပွဲ
အောင်ချမ်း
(စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)
ယခုကာလဟာ တပ်မတော်မိသားစုများ အပါအ၀င် လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး စစ် အာဏာရှင်စနစ်ရဲ့လက်အောက်က လွတ်မြောက်ပြီး တရားမျှတ စစ်မှန်လွတ်လပ် အေးချမ်းတဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင်ထားတဲ့ အပစ်ရပ်အဖွဲ့အားလုံးရော၊ အပစ်မရပ်ဘဲ တိုက်ခိုက်တော် လှန်နေတဲ့ အဖွဲ့တွေရော၊ စစ်အာဏာရှင် ထားရာနေ စေရာသွား ဘ၀နဲ့ ခေါင်းငုံ့လည်စင်းခံနေရတဲ့ တပ်မတော် ထဲက အရာရှိအရာခံ အကြပ်တပ်သားများရော မြို့အသီးသီးမှာရှိတဲ့ ဒီမိုကရေစီလိုလားသူများအားလုံးရော တ ညီတညွတ်တည်း တိုက်ပွဲဝင်ရတော့မယ့်ကာလဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်မတော်များ၏ အခန်းကဏ္ဍ
မိတ်ဆွေတို့အနေနဲ့ န၀တ တဖြစ်လဲ နအဖ ဆိုတဲ့ စစ်အာဏာရှင် ကြီးစိုးပြီး နိုင်ငံတော်အာဏာကို မတရားသေ နတ်တေ့ ယူထားကြတဲ့သူတွေနဲ့ တေ့တေ့ဆိုင်ဆိုင် ဆယ်စုနှစ်တစုနဲ့ တ၀က်ကျော်ကျော် ပတ်သက်ဆက်ဆံ ဖူးကြပြီးသားဖြစ်တော့ နအဖ အထက်ပိုင်းရဲ့ မိတ်ဆွေတို့ တဖွဲ့ချင်းအပေါ်၊ တယောက်ချင်းအပေါ်ထားတဲ့ သ ဘောထားကို နားလည်ကြပြီးသားဖြစ်မှာပါ။
မိတ်ဆွေတို့နဲ့ ဆယ့်လေးငါးနှစ်ကြာတဲ့အထိ အပစ်အခတ်ရပ်စဲပြီး တဘက်နဲ့တဘက် ၀င်ထွက်သွားလာနေပေ မယ့် မိတ်ဆွေတို့နဲ့ ပတ်သက်တဲ့ နအဖ အထက်အဖွဲ့အစည်းရဲ့ တွေးခေါ်ပုံနဲ့ အဆင့်အတန်းသတ်မှတ်ပုံက ဘယ်လိုဆိုတာ သိပြီးသားဖြစ်မှာပါ။
စပြီး အပစ်ရပ်ပြီဆိုတဲ့နေ့၊ တရားဝင် သတင်းစာ၊ မြန်မာ့ရုပ်မြင်သံကြားနဲ့ ရေဒီယိုကနေ ဘယ်အဖွဲ့ ဘယ်အဖွဲ့ ဟာဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေဘောင်ထဲ ၀င်ရောက်လာကြောင်း ဆိုတာကို အကျယ် တ၀င့် ဖော်ပြချိန်ကတည်းက မိတ်ဆွေတို့ သိမှာပါ။
ဝေါဟာရအရကိုပဲ ကချင်ဆိုတဲ့ကောင်တွေ၊ ရှမ်းဆိုတဲ့ကောင်တွေ၊ ၀ ဆိုတဲ့ကောင်တွေ၊ ကရင်နီဆိုတဲ့ကောင် တွေ၊ ကယန်းဆိုတဲ့ကောင်တွေ၊ မွန်ဆိုတဲ့ကောင်တွေ၊ ကရင်ဆိုတဲ့ကောင်တွေကတော့ ကျေကျေနပ်နပ်ကြီး ပွဲ နဲ့ လမ်းနဲ့ လက်နက်ချပြီး ကျောသပ်ရင်သပ်ခံနေရတာကို သဘောကိုခွေ့နေတာပဲဟေ့ဆိုတဲ့ အဓိပ္ပာယ်ဆိုတာ ကိုယ်တိုင်သိမှာပါ။ သေချာပြန်မှတ်မိချင်ရင် မိတ်ဆွေတို့အဖွဲ့တွေ ငြိမ်းချမ်းရေးယူတယ်ပဲပြောပြော အပစ်အ ခတ်ရပ်စဲတယ်ပဲပြောပြော အဲဒီအချိန်ကထုတ်တဲ့ ကြေးမုံသတင်းစာ၊ မြန်မာ့အလင်းသတင်းစာနဲ့ စစ်အာဏာ ရှင်ရဲ့ ၀ါဒဖြန့်ချိရေးယန္တရားက ထွက်လာခဲ့တဲ့ ရုပ်မြင်သံကြားအခန်း၊ သတင်းစာဖြတ်ပိုင်း၊ ရေဒီယိုအသံလွှင့် ကဏ္ဍတွေက ဆိုလိုရင်းက ဘာလဲဆိုတာကို ပြန်မြင်ယောင်ကြည့်ပါ။
ကချင်ဖြစ်ဖြစ်၊ ၀ ဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ်၊ ကယားဖြစ်ဖြစ်၊ မွန်ဖြစ်ဖြစ်၊ ဘယ်အဖွဲ့ဖြစ်ဖြစ်၊ ခင်ဗျားတို့ သေနတ် တွေကို တန်းစီထောင်ထားပြီး ဝှေးသင်းခံလိုက်ရတဲ့ ကြောင်သိုးတွေလို ခပ်ကုပ်ကုပ်ကလေး ဓာတ်ပုံရိုက်ခံခဲ့ တာ၊ ရုပ်မြင်သံကြားအဖွဲ့ရဲ့ ကင်မရာအောက်မှာ သိမ်ငယ်ခဲ့ကြရတာ မှတ်မိကြမှာပါ (ဝှေးသင်းခံရပြီးသား စိတ်ထားနဲ့ သူတွေကတော့ သိမ်ငယ်စိတ်ဖြစ်မည်မထင်)။ ကချင်အဖွဲ့ခင်ဗျား ... ခင်ဗျားတို့ ကချင်တင်မက အားလုံးသော အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့များအား နအဖ အထက်အဖွဲ့အစည်းမှ စကတည်းက ယနေ့အ ထိ သောင်းကျန်းသူဟုသာ သုံးနှုန်းရည်ညွှန်းသည်ဆိုသည်ကို အသိပေးလိုက်ပါရစေ။
ယခုအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအားလုံး တညီတညွတ်တည်း မိမိနယ်မြေမှ မိမိ တပြိုင် နက်တည်း ပြတ်ပြတ်သားသား စတင်တိုက်ပွဲဝင်ရမယ့် အချိန်ကာလဖြစ်ပါတယ်။ မိတ်ဆွေတို့ဟာ မိတ်ဆွေတို့ စစ်ရေးမဟာမိတ်ဖွဲ့ဖွဲ့၊ နိုင်ငံရေးမဟာမိတ်ဖွဲ့ဖွဲ့ ကြိုက်တာဖွဲ့လို့ဖြစ်ပါတယ်။ တကယ်တမ်း အဲဒီစကားကြီးစကား ကျယ် မဟာမိတ်ဆိုတဲ့ ခေါင်းစဉ်တွေကို သိပ်ခေါင်းခြောက်ခံ စဉ်းစားဖို့ထက် အလုပ်အဖွဲ့တခုအဖြစ် တဖွဲ့နဲ့တဖွဲ့ အသိအမှတ်ပြုဖို့ လိုပါတယ်။
ချင်းမိုင် သွား၊ လူစု၊ သုံးလေးရက် အချိန်ယူ၊ အဲသလိုလုပ်ဖို့ မလိုပါဘူးခင်ဗျား။ အဖွဲ့တိုင်း အဖွဲ့တိုင်း ၊ အခြားအ လုပ်ဖြစ်မယ့် နည်းနာတွေ သုံးပြီး ချိတ်ဆက်ပါ။ တဖွဲ့ချင်းရဲ့ ပေါ်လစီကို အာမခံနိုင်မယ့် စစ်ဦးစီးချုပ်နဲ့ ဗဟိုဦး ဆောင်ကော်မတီကိုကိုယ်စားပြုမယ့် ခေါင်းဆောင်တဦးစီကို တဖွဲ့စီက ရွေးလိုက်ပါ။ ပြီးရင် အဲဒီကိုယ်စားလှယ် တဦးချင်းနဲ့ သူ့အလုပ်အဖွဲ့ငယ်တွေပါဝင်တဲ့ ပြည်ထောင်စုကော်မတီဆိုတာ ဖွဲ့လိုက်ပါ။ ပြီးရင် အဲဒီကော်မတီရဲ့ စစ်ရေးဆုံးဖြတ်ချက်တွေကို ဒေသအလိုက် တာဝန်ယူကိုင်တွယ်မည်ဖြစ်သလို ကော်မတီကို ပြန်လည်တင်ပြ ဆွေးနွေးပြီး နေ့စဉ် အချိတ်အဆက်နဲ့ လှုပ်ရှားရမှာဖြစ်ပါတယ်။
ပြီးရင် ခင်ဗျားတို့တွေရဲ့ ပထ၀ီအနေအထားတွေ တခုချင်းအရ ကိုယ့်ပြည်နယ် ကိုယ့်ဒေသကို မြေပုံတကွက်စီ ကနေ ဒေသန္တရတခုစီအထိ ခွဲပြီး တာဝန်ယူလိုက်နိုင်ဖို့ လိုပါတယ်။ စစ်ဦးစီးမှူးတွေအနေနဲ့လည်း တပွဲချင်း နည်းဗျူဟာပိုင်းအပြင် သေနင်္ဂဗျူဟာတခုလုံးကို တိတိကျကျ ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုအပ်တဲ့အ တွက် ခင်ဗျားတို့ချင်းတွေ ဆက်သွယ်ရေးကွန်ရက်များ နာရီနဲ့အမျှ ရှိနေရပါမယ်။ စစ်ပွဲတပွဲချင်းကို အဆုံးအ ဖြတ်ပေးနိုင်မယ့် အဓိကအချက်ဖြစ်တဲ့ လှုပ်ရှားစစ်ကိုတော့ ပိုင်ပိုင်နိုင်နိုင် ကျင့်သုံးဖို့ လိုပါလိမ့်မယ်။
ပေါ့ပါးပြီး ပြောင်းလွယ်ပြင်လွယ်ဖြစ်မယ့် စုဖွဲ့မှုအသေးစားလေးတွေနဲ့ synchronized and coordinated attacks နည်းဗျူဟာကို တွင်တွင်သုံးနိုင်ရပါလိ့မ်မယ် (ရန်သူ၏ စိတ်နေစိတ်ထား လုပ်ပုံကိုင်ပုံများကို သင်တို့ အနေဖြင့် သိပြီးဖြစ်မည်ဟု ယူဆပါ၏)။
အဲသလိုမှမဟုတ်ရင်တော့ ခွေးလျက်တဲ့ ထန်းလျက်ခဲလိုပဲ ခင်ဗျားတို့ တိုင်းရင်းသူတွေ အဓမ္မ ပေးခံလိုက်ရတဲ့ သားကလေးတွေ ဥလာတာ အဖတ်တင်ပြီး ခင်ဗျားတို့လည်း အခြေမှုန်းခံလိုက်ရတာသာ အဖတ်တင်ပါလိမ့် မယ်။ တခု ခင်ဗျားတို့ သတိထားရမယ့် အချက်ကတော့ သတင်းလုံခြုံရေးကိစ္စနဲ့ စစ်ရေးသတိရှိဖို့ ဖြစ်ပါတယ်။ ယောင်လို့မှ ပြည်ပရောက်အဖွဲ့အစည်းများကို ပတ်သက်ဆက်နွယ်ပြီး အလုပ်လုပ်ဖို့ မကြံလိုက်ပါနဲ့။
ပြည်တွင်း ဒီမိုကရေစီအင်အားစုများ
ပြည်တွင်းဒီမိုကရေစီအင်အားစုများအနေဖြင့်တော့ဟူမူ အထူးပြောစရာလိုမည်မထင်ပါ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ဝန်းကျင်လုံး ကြာနီကန်ဆရာတော်ကို အားကျသလား မှတ်ရလောက်အောင် တရားပွဲများသာ မှိုလို ပေါက် လူစည်ခဲ့ပြီး ဘာတခုမှ အလုပ်မဖြစ်ခဲ့သည့် အနေအထားများကို ထပ်မံမပြုလုပ်ရန် အထူးသတိထား သင့်သလို ကုန်းမခံဘူးဆိုလျှင်လည်း ပက်လက်လှန်၍ တဟီးဟီး မနေတန်ရာဟု သတိပေးလိုပါ၏။
ပြည်တွင်း ရောကျော်များ
လွှတ်တော်ထဲ ငါတော့ရောက်ရချည်သေးရဲ့ဟု စိတ်ကူးနှင့် ရူးခဲ့သူများအနေဖြင့်လည်း မူလတန်းကျောင်းသား ဘ၀ မုန့်လုခံရ၍ အတန်းပိုင်ဆရာထံ လက်ပိုက်တိုင်တောသော အနေအထားဖြင့်သာ ငါ့မုန့်ကလေးပြန်ရ နိုးနိုး ဖြင့် တိုင်မယ်တောမယ် အာမယ် ပွားမယ် စိတ်ကူးနေကြရုံဆိုလျှင်တော့ သင်တို့ မြဲမြဲမှတ်ထားရမည်မှာ သင် တို့ ခါးတွင်ချိတ်ထားသော ဆီပုလင်းသည် ခြေရာလက်ရာမပျက် ဖြစ်သော်ငြား သင်တို့၏ အိပ်ရာနား သဲများ ပြန့်ကျဲကျန်ခဲ့သည်အထိ မသိသေးလျှင်တော့ သင်တို့ကြိုက်၍သာဖြစ်ပေလိမ့်မည်ဟု ယူဆ၍ရပါ၏။
ဖြစ်သင့်သည်မှာကတော့ ပြည်တွင်းမှ ဒီမိုကရေစီအင်အားစုများနှင့် common ground တခုကိုရှာ၍ လက်တွဲ လုပ်ကိုင်သွားသင့်ပါသည်။ အဟုတ်အမှန် အတည်ပေါက် အသည်းအသန် အမတ်မင်းများ ဖြစ်လိုလျှင်လည်း အနည်းငယ်တော့ ကြိတ်မှိတ်သည်းခံကြစေလိုပါ၏။
တပ်မတော်
ကျနော်တို့ တပ်မတော်သည် အစဉ်အလာကောင်းခဲ့သော တပ်မတော်ဖြစ်ပါသည်။ ဖက်ဆစ်ဂျပန်ကို ပြည်သူ လူထုနှင့်အတူ လက်တွဲတော်လှန်ခဲ့သော တပ်မတော်ဖြစ်ပါသည်။ ကမ္ဘာစစ်နှင့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲများအရ လွတ်လပ်ရေးရလာခဲ့ချိန်မတိုင်ခင်ကတည်းက ပြည်သူလူထုထဲက ပေါက်ဖွားလာ သော တပ်မတော်ဖြစ်ပါသည်။
ကျနော်တို့တပ်မတော်ကို စတင်ဖျက်ဆီးခဲ့သူများသည် တပ်မတော်ကို လက်ကိုင်တုတ်လုပ်ချင်သော နိုင်ငံရေး သမားတစုနှင့် လက်ကိုင်တုတ်အလုပ်ခံပြီးမှ အကြွင်းမဲ့အာဏာ၏ အရသာကို သိရှိသွားသော ဗိုလ်ချုပ်ကြီး နေ ၀င်းတို့ဖြစ်ပါသည်။ တကယ်တော့ တပ်မတော်သည် တိုင်းပြည်ကာကွယ်ရေးအတွက်သာ အမြဲရှိသင့်သည့် နိုင် ငံ့ဝန်ထမ်းတို့၏ အဖွဲ့အစည်းကြီးတရပ်ဖြစ်ပါသည်။
တပ်မတော်တွင် ရိုးရိုးသားသား အေးအေးဆေးဆေး ပြန်တမ်းဝင်အရာရှိအဖြစ်နှင့် အေးအေးလူလူ နေလိုကြ သည့် အရာရှိများ များပြားစွာရှိသလို၊ တပ်မတော်သားဘ၀ကို ဂုဏ်ယူလိုကြသည့် အခြားအဆင့် တပ်မတော် သားများလည်း မရှားလှပါ။ ယခင်ရက်ပိုင်းက ဒီကေဘီအေမှ ထိမ်းသိမ်းထားသော တပ်မတော်အရာရှိနှင့် ဒီဗွီ ဘီ အင်တာဗျူးကို ဖတ်ရှုလိုက်ရချိန်ဝယ် တပ်မတော်အရာရှိများအပေါ် ထားရှိသော နအဖ အထက်အဖွဲ့အ စည်း၏ သဘောထားကို သိနိုင်မြင်နိုင်ပါ၏။ ထိုအရာရှိသည် အထက်အမိန့်အရ ဒီကေဘီအေ ခေါင်းဆောင် များနှင့် သွားရောက်ဆက်စပ်ညှိနှိုင်းရန်ဖြစ်သော်လည်း ဒီကေဘီအေမှ ဖမ်းဆီးထိမ်းသိမ်းလိုက်ချိန်တွင် ထိုအ ရာရှိ၏ အသိတွင် သူ့အား ပြန်လွှတ်ပေးခဲ့လျှင်လည်း သူ့အနေဖြင့် စစ်ခုံရုံးအတင်ခံရမည်ကို သိနေနှင့်ပြီးဖြစ် နေပါသည်။ တကယ်တော့ ဒီကေဘီအေနှင့် ပူးပေါင်းရန်၊ မိမိတပ်ရင်း တပ်မနှင့် မိမိအဖွဲ့အစည်းအား ပုန်ကန် ခြားနားရန် သွားရောက်ခြင်းမဟုတ်ခဲ့ပါ။
ထိုကဲ့သို့ မိမိ၏ တပ်မတော်အရာရှိများအပေါ်တွင်ပင် ယခုလို သဘောထားရှိသည့် နအဖ အဖွဲ့အစည်းသည် သာမာန် အခြားအဆင့် တပ်မတော်သားများနှင့် တပ်မိသားစုများအပေါ် မည်မျှ အကြင်နာကင်း ရက်စက်မည် ကို တပ်မတော်သားတိုင်း သိပြီးဖြစ်ပါသည်။
တပ်မတော်သား ရဲဘော်ရဲဘက်အပေါင်းတို့ ခင်ဗျား ...
ယခုကာလသည် ခင်ဗျားတို့ ကျနော်တို့ ၏ တပ်မတော်သားဘ၀ ဂုဏ်သိက္ခာ၊ ကျနော်တို့ မိသားစုများ၏ အနာ ဂတ်နှင့် ပြည်သူလူထုဘ၀တခုလုံး ကောင်းစားစေရေးအတွက် တပ်မတော်သားအားလုံး နအဖ အထက်အဖွဲ့ အစည်းအား ပြတ်ပြတ်သားသား တွန်းလှန်တိုက်ထုတ်၍ ပြည်သူလူထုနှင့် လက်တွဲပြီး ဒီမိုကရေစီအောင်ပွဲခံ ရန်သာဖြစ်ပါတော့သည်ခင်ဗျား။
တိုက်ပွဲစဉ်မဟုတ်သည့် တခြားရွေးစရာ
ကြာမည်၊ ပင်ပန်းမည်၊ အဆုံးအရှုံးများမည်၊ ဆင်းရဲမည်၊ သေမည်၊ ထိုအရာများကို ကွင်းရှောင်နိုင်ရန် လမ်း သည်ကား တလမ်းတည်းသာရှိ၏။ ထိုလမ်းသည်ကား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နအဖ အထက်အဖွဲ့အစည်း အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တိုင်းရင်းသားလူမျိုးအဖွဲ့အစည်း များ အားလုံးပါသော သုံးပွင့်ဆိုင် ဆွေးနွေးဖြေရှင်း အလျှော့အတင်း လုပ်ကြခြင်းဖြင့် ယုံကြည်မှုအပြန်အလှန် တည်ဆောက်ကာ အတိတ်ဖြစ်ရပ်ဆိုးများအား ခွင့်လွှတ်နားလည်ပြည်ဖုံးကားချပြီး ပြည်ထောင်စုသစ်ကြီးအား အင်တိုက်အားတိုက် အနစ်နာကိုယ်စီခံမှုဖြင့် နွမ်းနယ်ဆင်းရဲသော မိမိပြည်သူပြည်သားများ၏ ဘ၀များအား တန်ဖိုးထားရန်သာဖြစ်ပါ၏။
ကျနော်တို့ တိုင်းပြည်၏ ယနေ့အခြေအနေသည် ကျောက်ခေတ်နှင့် ပြက္ခဒိန်တရွက်သာ ကွာပါတော့၏။ ထို့ ကြောင့် အိမ်နီးချင်းနိုင်ငံများအား အမီလိုက်ဖို့မဆိုထားနှင့်၊ ကိုယ့်ပြည်တွင်ဖွားသော နိုင်ငံသားအားလုံး စစ်မှန် သည့် ဒီမိုကရေစီကို ခံစားရပြီး ထမင်းဝရန် ကိစ္စကို ပထမ အလေးပေး၍ လုပ်ဆောင်သွားမည်ဆိုလျှင်မူ ကျ နော်တို့ တိုင်းပြည်နှင့် ကျနော်တို့ရင်သွေးများ၏ အနာဂတ်လှပါလာနိုင်ပါ၏။ အနည်းဆုံးဆိုရလျှင်မူ ကျနော်တို့ ၏ အလယ်တန်းကျောင်း စာသင်ခန်းထဲတွင် သနပ်ခါး ပါးကွက်ကြားကလေးဖြင့် ထိုင်နေနိုင်မည့် လူမမယ် က လေးမလေး ဖာသည်ပေါက်စ မဖြစ်တော့မည့် အကျိုးအမြတ်များကို မနှေးအမြန် မြင်တွေ့လာရပါတော့မည်။
အောင်ချမ်း
Monday, November 15, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၅-၁၁-၂၀၁၀)
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနဲ့အတူ နိုင်ငံရေးအပြောင်းအလဲ လူထုမျှော်လင့် click
- ငြိမ်းချမ်းတဲ့ အပြောင်းအလဲကို ဒေါ်အောင်ဆန်းစုကြည် လိုလား click
- ကြံ့ဖွံ့နှင့်လည်း လက်တွဲနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော click
- ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အပေါ် မှန်ကန်သည့် ဆုံးဖြတ်ချက်ချနိုင် မည်ဟု ယုံကြည်ကြောင်း ဗိုလ်နှုတ်ခမ်းမွေး ပြောဆို click
- ပါတီလုပ်ငန်းတာဝန်များ ဒေါ်အောင်ဆန်းစုကြည် စတင်ထမ်းဆောင် click
- ဒေါ်အောင်ဆန်းစုကြည် အလုပ်တွေ ဆက်လုပ် click
- ဒေါ်အောင်ဆန်းစုကြည် တိုင်းနှင့်ပြည်နယ်က အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် တွေ့ click
- လူထုအသံ နားထောင်ဖို့ NLD တိုင်းနဲ့ ပြည်နယ် တာဝန်ခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- ပြည်နယ်နှင့်တိုင်း အဖွဲ့ချုပ်ဝင်များ၏ မျှော်လင့်ချက်များ click
- NLD ပါတီ ရပ်တည်ခွင့်အမှု နေပြည်တော်မှာ နိုဝင်ဘာ (၁၈) ရက် ကြားနာမည် click
- ပါတီရပ်တည်ခွင့် အမှုအတွက် ဒေါ်အောင်ဆန်းစုကြည် ကျမ်းကျိန်ရမည် click
- ပါတီရပ်တည်ရေး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး click
- ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲဆောင်ရွက်လိုကြောင်း NDF ပြောဆို click
- ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲ အဓိကရုဏ်းဖြစ်အောင် စွမ်းအင်ရှင် ကြိုးစား click
- ဒေါ်အောင်ဆန်းစုကြည်၏ လူထုမိန့်ခွန်း (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု ကမ္ဘာက ဆက်လက်ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်အပေါ် နိုင်ငံတကာ၏ တုံ့ပြန်ချက်များ click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအပေါ် နိုင်ငံတကာ တုံ့ပြန်ချက်များ click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု တီမောနှင့် ဘူဂေးရီးယား ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်းကို သြစတြေးလျ ဝမ်းသာ click
- ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီရုန်းကန်မှု သြစတြေးလျ ၀န်ကြီးချုပ် ထောက်ခံ click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအပေါ် မွန်ပြည်သစ်ပါတီ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှု တိုင်းရင်းသားအုပ်စုတွေ ထောက်ခံ click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်အပေါ် ရွေးကောက်ပွဲဝင်သည့် နိုင်ငံရေးပါတီများက ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် လိုက်ပို့တဲ့ ဦးလွင်၏ ဇနီး နာရေး မြင်ကွင်းဓာတ်ပုံ click
- ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ ဦးလွင်ရဲ့ ဇနီး ဒေါ်တင်တင်မလေး ဈာပန (ဓာတ်ပုံ) click
- အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း အမှတ်တရအ ခမ်းအနား (ဓာတ်ပုံ) click
- သင့်မြတ်ရေးကို ရွေးကောက်ပွဲဝင် ပါတီများ ထောက်ခံ click
- အမျိုးသားရင်ကြားစေ့ရေး ဘယ်လိုလုပ်နိုင်မလဲ (ဆွေးနွေးဖလှယ်) click
- Network for Democracy of the people, by the people, for the people (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (အပိုင်း - ၄) (ဆောင်းပါး) click
- အကိုကြီးထံ ညီမလေး ရန်ကုန်က ပေးတဲ့စာ click
- ကိုပေါရဲ့ အသံ (ပေးစာ) click
- မဲမသမာမှုဟူသော စွပ်စွဲချက်များ ပေါ်ထွက်နေဆဲ click
- မြောက်ပိုင်းတိုင်း စစ်တိုင်းမှူးဟောင်းကို မဲမသမာမှုဖြင့် တိုင်မည် click
- မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ လွှတ်တော်ကိုယ်စားလှယ် (၁၆) ဦး ရရှိကြောင်း အတည်ပြုနိုင် click
- နယူးဒေလီတွင် ပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်လှုပ်ရှားမှု (ဓာတ်ပုံ) click
- ဘုရားသုံးဆူတွင် တိုက်ပွဲဆက် click
- ကရင်ပြည်နယ်တွင်း မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲဆက်ဖြစ် click
- ဒီကေဘီအေနှင့် နအဖ တိုက်ပွဲများ ဆက်ဖြစ်၊ ဒုက္ခသည် (၃၅၀) ခန့် ထွက်ပြေး click
- ဝေါ်လေတွင် စစ်အစိုးရနှင့် DKBA တိုက်ပွဲဖြစ်၊ ဒေသခံ (၄၀၀) ခန့် တိမ်းရှောင် click
- ဒီကေဘီအေနှင့် နအဖ နောက်ဆက်တွဲ တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် (၄၀၀) ကျော် ထပ်မံထွက်ပြေး လာ click
- ဝေါ်လေက ဒီကနေ့ စစ်ပြေးဒုက္ခသည်များ ဖြစ်ပါတယ် (ဓာတ်ပုံ) click
- မုန်တိုင်းဖြစ်ပေါ်နိုင်ဟု ဦးထွန်းလွင် ခန့်မှန်း click
- ပင်လယ်ရေတား တမံကို ဖျက်ဆီး၍ လယ်မြေများ ပျက်စီး click
- နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ click
- ၂၀၁၁ခုနှစ် WCPRC ဆုရရှိသူများအတွက် ထိုင်း-မြန်မာနယ်စပ် ကလေးငယ်များ သတင်းစာရှင်းလင်းပွဲ ပြု လုပ် click
- တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာအသင်းကြီးက (၄) ကြိမ်မြောက် သက်ကြီးပူဇော် click
- ကိုရီးယားရောက် မြန်မာအသိုင်းအ၀ိုင်း လှုပ်ရှားမှု (ဓာတ်ပုံ) click
- ပီနန်ဆရာတော်ဘုရားကြီး တက်ရောက်တဲ့ ဂျပန်သာသနာ့ဥသျှောင်အဖွဲ့ ဘုံကထိန် (ဓာတ်ပုံ) click
- နယူးယောက်မြို့ ၀ိသုဒ္မါရုံကျောင်းတိုက် စုပေါင်းမဟာကထိန်ပွဲ (ဓာတ်ပုံ) click
- ဖို့တ်ဝိန်းမြို့ ဇေတ၀န်ကျောင်းတိုက် စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ (ဓာတ်ပုံ) click
- လော့စ်အိန်ဂျလိစ်က တန်ဆောင်တိုင် မီးထွန်းပွဲတော် (ဓာတ်ပုံ) click
- အိန္ဒိယ (၅) ထပ်တိုက် ပြို၊ လူ (၄၀) ကျော် သေဆုံး click
- ကာကွယ်ရေးဒုံး အစီအစဉ်မှာ ပါဖို့ ရုရှားနဲ့ နေတိုး ဆွေးနွေး click
- မျိုးဆက်သစ်လူငယ်များအကြား ဒေါ်အောင်ဆန်းစုကြည် ရေပန်းစားနေ click- လူထုကြီးက ဒေါ်အောင်ဆန်းစုကြည် သွားမယ်လို့ထင်တဲ့ နေရာများမှာ ကြိုဆိုစောင့်ဆိုင်းနေကြ click
- ဒုတိယပင်လုံဆက်သွားဖို့ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်မှုမရှိမည်ကို SSA ခေါင်းဆောင် စိုးရိမ် click
- ဒေါ်အောင်ဆန်းစုကြည် ပြည်သူသို့ နှုတ်ဆက်မိန့်ခွန်း (အပြည့်အစုံ) click
- “အားမွေးထားကြပါ” နိုဝင်ဘာ (၁၄) ဒေါ်အောင်ဆန်းစုကြည် ရွှေဂုံတိုင်မိန့်ခွန်း အပြည့်အစုံ click
- ဒေါ်အောင်ဆန်းစုကြည်သတင်း စိစစ်ရေးက ကန့်သတ် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအပေါ် နိုင်ငံတကာက ကြိုဆို click
- အမေရိကန်-မြန်မာကွန်မြူနီတီက မြန်မာ့အရေးလှုပ်ရှားသူများရဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း အပေါ် သဘောထား - (၂) click
- ကျမကလည်း ပြည်သူတွေကို ချစ်ပါတယ် click
- ပြည်သူတွေက ချစ်သောသူ (ဆောင်းပါး) click
- ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တဲ့ ကျော်သူ (အင်တာဗျူး) click
- ပြောစရာတွေတော့ ဖြစ်ကုန်ပြီ (ပေးစာ) click
- နိုဝင်ဘာ (၁၅) ရက် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု click
- နိုဝင်ဘာ (၁၅) ရက် နောက်ဆုံးရ သတင်းတိုများ click
- ဝေါ်လေ ကနဲလေးမှာ ညတိုက်ပွဲ ဖြစ်ပွား click
- ထပ်မံရောက်ရှိလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို နယ်စပ်မှာပဲ နေရာချထား click
- မြ၀တီမြို့ ပြန်လည်စည်ကားစပြု click
- SSA-N နှင့် နအဖတပ် တိုက်ပွဲကား ထိုးစစ်မဟုတ်ဟု စ၀်ယွတ်စစ် ထောက်ပြ click
- ရွေးကောက်ပွဲရလဒ် လက်မခံကြောင်း RCCSS က ကြေညာ click
- ရွေးကောက်ပွဲရလဒ် လုံးဝလက်မခံကြောင်း RCSS/SSA ထုတ်ပြန်ကြေညာ click
- ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် - ပင်လုံကို ပြန်မသွားသရွေ့ ယမ်းငွေ့ဝေနေဦးမည် (အင်တာဗျူး) click
- ကြံ့ဖွံ့ပါတီ မူဝါဒအရ နိုင်ငံရေး မပြောင်းနိုင် click
- နေပြည်တော် ခြိမ်းခြောက်ခံနေရပြီလော click
- နအဖ တပ်သားနှစ်ဦး ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေးလွတ်မြောက် click
- လာဦးမှာလား (၆) ကြိမ်မြောက် မုန်တိုင်း click
- ချင်းမိုင်ရောက် မြန်မာနိုင်ငံသားများ ကျေးဇူးတော်ချီးမွမ်းပွဲ ကျင်းပ click
- အမေရိကန်က ဦးရစ်ချတ်အောင်မြင့် မြန်မာပြည်ဝင်ခွင့် စစ်အစိုးရက ရန်ကုန်လေဆိပ်မှာ ပယ်ချ click
- ကမ္ဘာ့စီးပွားရေးမှာ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ ပုပ်ရဟန်းမင်း တိုက်တွန်း click
Sunday, November 14, 2010
အန်အယ်လ်ဒီရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော (ဓာတ်ပုံ)
ကျွန်ုပ်တို့၏ သတင်းထောက် ရိုက်ကူးပေးပို့သည်။
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၄-၁၁-၂၀၁၀)
- ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး မိန့်ခွန်း လူ (၁) သိန်းခန့် တက်ရောက်နားထောင် click
- “ပြည်သူကို အကျယ်ချုပ်မချပါနဲ့” လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း (၂၀၁၀ ပြည့်နှစ်၊ နို ဝင်ဘာလ ၁၄ ရက်) click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်း (၂၀၁၀ နိုဝင်ဘာ ၁၄ ရက်၊ ရန်ကုန်မြို့) (အသံဖိုင်) click
- ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ် ရုံးချုပ်တွင် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ) click
- ပြည်သူကို ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ပြောကြားနေစဉ် (နိုဝင်ဘာ ၁၄ ရက်၊ ၂၀၁၀) (ဓာတ်ပုံ) click
- ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမပြောခင် ရောက်နေသည့် လူထု (ဓာတ်ပုံ) click
- ကျမကလည်း ပြည်သူတွေကို ချစ်ပါတယ် (သတင်းဓာတ်ပုံ) click
- ဒီနေ့ အမေစု ပြည်သူတွေကို အလိမ္မာသုံးပြီး စကားပြောပုံ click
- ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲ (မှတ်တမ်းဓာတ်ပုံ) click
- ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲ နားထောင်နေသူတဦးမှ ဆက်သွယ်တင်ပြခြင်း (၁) click
- ဒေါ်အောင်ဆန်းစုကြည် ပြည်သူကို မိန့်ခွန်းပြော၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ် click
- ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး သတင်းစာရှင်းလင်းပွဲ ပြုလုပ် click
- ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ click
- ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ (၂၀၁၀ နိုဝင်ဘာ ၁၄ ရက်၊ ရန်ကုန်မြို့) (အသံဖိုင်) click
- ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ပြောစကား (မြန်မာစံတော်ချိန် နေ့ခင်း ၂ နာရီ) click
- အသုဘပို့သွားတဲ့ ဒေါ်အောင်ဆန်းစုကြည် click
- ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်ရ click
- ဘီဘီစီနဲ့ ဒေါ်အောင်ဆန်းစုကြည် သီးသန့်ဆက်သွယ်မေးမြန်းခန်း click
- နောက်ဆုံးရ ဒေါ်အောင်ဆန်းစုကြည်သတင်း (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ကမ္ဘာ့ခေါင်းဆောင်များ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်အပေါ် ယူအန်အေ နှစ်ထောင်းအားရဖြစ် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှု ဒီကေဘီအေ ခေါင်းဆောင် ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်လာသည့်အပေါ် ဦးခင်မောင်ဆွေ (အန်ဒီအက်ဖ်) ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အပေါ် စာပေနှင့် အနုပညာလောကသားများ ကြိုဆို click
- NLD နိုင်ငံရေး ဆက်လုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော click
- ဒေါ်အောင်ဆန်းစုကြည် အမျိုးသားရင်ကြားစေ့ရေး ဆက်လုပ်မည် click
- အမျိုးသားသင့်မြတ်ရေးအတွက် ဒီမိုကရေစီလိုလားသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်တွဲမည် click
- အမျိုးသားညီညွတ်ရေး ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုဖို့ တောင်းဆို click
- ပြည်သူတွေရဲ့ ယုံကြည်ထောက်ခံမှု လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော click
- ဒီမိုကရေစီဖြစ်ပေါ်ရေး ပြည်သူတွေ ပါဝင်ဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော click
- ဒေါ်အောင်ဆန်းစုကြည်က ကျော်သူကို လက်ခံတွေ့ဆုံ (နိုဝင်ဘာ ၁၄ ရက်၊ ၂၀၁၀) (ဓာတ်ပုံ) click
- ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ရေး ပန်းချီကား ကိုကျော်သူ လက်ဆောင်ပေး click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုသတင်း အကန့်အသတ်ဖြင့် ဖော်ပြခွင့်ရ click
- ဒေါ်အောင်ဆန်းစုကြည် သတင်းများကို ရန်ကုန်မှ ဂျာနယ်တချို့က အင်တာနက်တွင် ဖော်ပြ click
- အမေရိကန်-မြန်မာကွန်မြူနီတီက ဒေါ်အောင်ဆန်းစုကြည်ထံ အရောက် ပြည်သူ့အသံ ပေးပို့ကြရန် တိုက် တွန်း click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး မှတ်တမ်းဓာတ်ပုံများ click
- စစ်အစိုးရကို ဆက်လက် ဖိအားပေးရန်လို (အယ်ဒီတာ့အာဘော်) click
- ပြန်လည် နိုးထလာတဲ့ တနင်္ဂနွေ (ဆောင်းပါး) click
- မျှော်လင့်ချက်များနဲ့ (၁၃) ရက်နေ့ click
- ရွေးကောက်ပွဲ မတရားမှု ကမ္ဘာသိအောင် အစီရင်ခံစာ ထုတ်ပြန်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်မည် click
- တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း (အသံဖိုင်) click
- ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းဟောပြောပွဲ ရုပ်သံသတင်း click
- ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ကောက်နုတ်ချက်များ (၂) click
- ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ကောက်နုတ်ချက်များ (၁) click
- ဒီနေ့  ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မလဲ click
- စစ်အစိုးရကို အာဃာတမထားဟု ဒေါ်အောင်ဆန်းစုကြည် ပြော click
- ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတဲ့ နောက်ဆုံးရ အခြေအနေများ click
- ဒေါ်အောင်ဆန်းစုကြည်အတွက် ကျော်သူ ပန်းချီကားလက်ဆောင် ပေးအပ် click
- နိုဝင်ဘာ (၁၄) ရက် နောက်ဆုံးရ သတင်းတိုများ click
- နိုဝင်ဘာ (၁၄) ရက် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု click
- မနေ့က မြင်ကွင်း (ဓာတ်ပုံ) click
- မနေ့က ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့မြင်ကွင်း (ရုပ်သံ) click
- အမေရိကန်-မြန်မာကွန်မြူနီတီက မြန်မာ့အရေးလှုပ်ရှားသူများရဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း အပေါ် သဘောထား click
Saturday, November 13, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၃-၁၁-၂၀၁၀)
- ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ဗဟန်းရုံးချုပ်မှာ တရားဟောမည် click
- မနက်ဖြန် အဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်မိန့်ခွန်း ပြောမည် click
- မနက်ဖြန် ပါတီရုံးချုပ်ကို လာခဲ့ပါ အသံချဲ့စက်နဲ့ ပြောမယ် (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ click
- ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ click
- ဒေါ်အောင်ဆန်းစုကြည် တကယ်လွတ်ပြီ click
- လူထုခေါင်းဆောင် ပြန်လည်လွတ်မြောက်ပြီ click
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက် click
- မြန်မာ့အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပါပြီ click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီ (နိုဝင်ဘာ ၁၃ ရက်၊ ၂၀၁၀) (ဓာတ်ပုံ) click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီ၊ လူထုကို တွေ့ဆုံ (ဓာတ်ပုံများ) click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် (ရုပ်သံ) click
- နှုတ်ဆက်စကားပြောတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ) click
- သူမ လွတ်သည့် အချိန် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်လာသည့်အပေါ် ဆက်သွယ်မေးမြန်းချက် click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြောစကား click
- ခွန်အားအပြည့် အားမာန်အပြည့်နဲ့ ဒေါ်အောင်ဆန်းစုကြည် (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားခေါင်းဆောင်အဖြစ် ရပ်တည်ဖို့ လိုလားတယ် (နိုင်ဟံသာနှင့် အင်တာ ဗျူး) click
- ဒေါ်အောင်ဆန်းစုကြည် လွတ်လာသည့်အပေါ် အက်စ်အန်အယ်လ်ဒီ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲလိုသည်ဟု NDF ပြော click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်အပေါ် နိုင်ငံရေးအင်အားစုများ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာအပေါ် လူငယ်တွေရဲ့အမြင် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု နိုင်ငံတကာခေါင်းဆောင်တွေ ၀မ်းမြောက်ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှု ဗြိတိန်နိုင်ငံ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနဲ့ နိုဘယ်ဆုရှင်တွေရဲ့ စကား click
- ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာ ခရီးရှည်ကြီးရဲ့ ခြေလှမ်းအစသာဖြစ် click
- ဒုတိယ ဒီပဲယင်းဖြစ်မှာကို ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်ကြ click
- မြ၀တီမြို့က ဒီကေဘီအေ မိသားစုအိမ်များ ရှာဖွေခံရ click
- ဗိုလ်ကြီးသက်နိုင် အရေးယူခံရနိုင် click
- ရွေးကောက်ပွဲရလဒ်အပေါ် နိုင်ငံရေးပါတီအသီးသီး ကန့်ကွက် click
- မင်္ဂလာနှင့် နိုင်ငံရေး (၁၄) (သရော်စာ) click
- ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ click- ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆက်စကား (အသံဖိုင်) click
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်ပြီ click
- ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် click
- နိုဝင်ဘာ (၁၃) ရက် နောက်ဆုံးရ သတင်းတိုများ click
- နိုဝင်ဘာ (၁၃) ရက် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု click
- ကုက္ကိုင်းလမ်းဆုံအနီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရေးကို သည်းခံစောင့်ဆိုင်းနေကြသူများ (၁၃၊ နိုဝင်ဘာလ၊ ၂၀၁၀) click
- ဒေါ်အောင်ဆန်းစုကြည်အရေး အားလုံးအရေး (မိုးသီးဇွန်၏ ပန်ကြားချက် - ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ (ဆောင်းပါး) click
- ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းရမည့် ပြဿနာများ (အယ်ဒီတာ့အာဘော်) click
- စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုကြီးတရပ် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီးတော့ ပေါ်ထွက်လာနိုင် တယ် (လူထုစိန်ဝင်းနှင့် အင်တာဗျူး) click
- ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားခေါင်းဆောင်အဖြစ် လက်ခံ (ဒေါက်တာတူးဂျာနှင့် တွေ့ဆုံမေးမြန်း ခန်း) click
- ယနေ့ နောက်ဆုံးရ ဒေါ်အောင်ဆန်းစုကြည် သတင်းများ click
- ယနေ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို စောင့်မျှော်သူ များပြားနေ click
- နယ်အသီးသီးကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် မျှော်လင့် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို စောင့်စားခြင်း (ရုပ်သံ) click
- မနေ့က NLD ရုံးချုပ်အနီးမှာ စောင့်စားနေတဲ့ လူထု (ဓာတ်ပုံသတင်း) click
- နိုဝင်ဘာ (၁၂) ယမန်နေ့ ရန်ကုန်မြို့ အဖွဲ့ချုပ်ရုံးရှေ့မြင်ကွင်း (ဓာတ်ပုံသတင်း) click
- ၂၀၁၀ နိုဝင်ဘာ (၁၂) ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရှေ့ ဓာတ်ပုံများ click
- အောင်ပွဲရသည့်တိုင် (ကဗျာ) click
- ရွေးကောက်ပွဲကြောင့် ကျေးရွာ စိတ်ဝမ်းကွဲ (ရုပ်သံ) click
- ရွေးကောက်ပွဲအပြီး မီဒီယာလွတ်လပ်ခွင့် ပိုတင်းကျပ် click
- တွေ့ဆုံဆွေးနွေးရေးနဲ့သာ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ (ဒီကေဘီအေ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသည့် နအဖစစ်တပ် စစ်ဦးစီး တတိယတန်း ဗိုလ်ကြီးသက်နိုင်နှင့် အင်တာဗျူး - ရုပ်သံ) click
- မြဝတီမြို့ခံ ပြည်သူတွေ ပုန်းရှောင်အိပ်ရင်း လုံခြုံရေး ဆက်ကြေးပေးနေရ click
- သစ်သီးပုပ်များ (၂) (ကဗျာ) click
Friday, November 12, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၂-၁၁-၂၀၁၀)
- ဒေါ်အောင်ဆန်းစုကြည် ဒီညသန်းခေါင်ကျော် လွတ်မည်ဟု ဦးကြည်ဝင်း ပြော click
- ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ (၁၃) ရက်မှ လွတ်မြောက်မယ်လို့ ဦးဉာဏ်ဝင်း မျှော်လင့် click
- ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ လွတ်မယ်လို့ ယူဆရ click
- ဒေါ်အောင်ဆန်းစုကြည် စနေနေ့မှ လွတ်ဖွယ်ရှိ click
- ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးကိစ္စ သေချာစီစဉ်သင့် click
- ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍ အရေးပါနေဆဲ click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကမ္ဘာက တောင်းဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်စေ့ပြီ click
- ဒေါ်အောင်ဆန်းစုကြည်အိမ်အနီး ထောက်ခံသူများ စောင့်မျှော် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မျှော်လင့်ပြီး ထောက်ခံသူ ရာနဲ့ချီ စုဝေး click
- ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ လူထောင်နှင့်ချီပြီး စောင့်မျှော်နေ click
- ဒေါ်အောင်ဆန်းစုကြည်ကို ထောင်နှင့်ချီသည့် ပြည်သူများ ကြိုဆိုရန် စောင့်ဆိုင်းခဲ့ကြ click
- ဒေါ်အောင်ဆန်းစုကြည်ကို အများစောင့်ကြို click
- ဒေါ်အောင်ဆန်းစုကြည်ကို လူအများ ဆက်လက်စောင့်မျှော် click
- ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ဆိုင်းနေကြတဲ့ ပြည်သူလူထု (မှတ်တမ်းဓာတ်ပုံများ) click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် ဒီနေ့ ရက်ပြည့်ပြီ (မှတ်တမ်းဓာတ်ပုံများ) click
- ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် စောင့်မျှော် (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (အပိုင်း - ၃) (ဆောင်းပါး) click
- ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည့်အပေါ် နိုင်ငံရေးပါတီတချို့၏ မျှော်လင့်ချက်များ click
- နိုင်ငံရေးအပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည် လွတ်ရေး ပါတီတွေ မျှော်လင့်click
- သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- အများ မျှော်လင့်ခဲ့ရတဲ့နေ့ (ဆောင်းပါး) click
- အမေရိကန်မြန်မာကွန်မြူနီတီအားလုံး၏ အားကို ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်က အလိုရှိသည် (အင်တာဗျူး) click
- နိုဝင်ဘာ (၁၃) ရက် နောက်ဆုံးရ သတင်းတိုများ click
- မြန်မာကို မြောက်ကိုရီးယား နျူကလီးယားပစ္စည်း ပို့ပေး click
- SSA တောင်ပိုင်းနှင့် တိုက်ပွဲ စစ်အစိုးရတပ်မှ ဗိုလ်မှူးကြီးအဆင့် အပါအ၀င် စစ်သည် (၄) ဦး ကျဆုံး click
- ရှမ်းတပ်ဖွဲ့များနှင့် စစ်အစိုးရတပ်များ တိုက်ပွဲဖြစ်ပွား click
- ဘုရားသုံးဆူမြို့ ပုံမှန်အခြေအနေ ပြန်မရောက်သေး click
- ဘုရားသုံးဆူအခြေအနေ ငြိမ်သက်မှုမရှိသေး click
- ကရင်ပြည်နယ်အတွင်း စစ်အစိုးရနှင့် DKBA တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ click
- ဖမ်းထားသော မြန်မာစစ်တပ်ဗိုလ်ကြီးကို ကရင် DKBA ပြန်လွှတ်ပေး click
- ဒီကေဘီအေက ဖမ်းဆီးရမိခဲ့သော နအဖတပ်မှူးအား ပြန်လွှတ်လိုက်ပြီ click
- ဒီကေဘီအေက ဖမ်းထားသည့် နအဖအရာရှိ ဗိုလ်ကြီးသက်နိုင်ကို ယနေ့ ပြန်လွှတ် click
- တိုင်းရင်းသားလက်နက်ကိုင် (၄) ဖွဲ့ ခေါင်းဆောင်တွေ ထပ်မံတွေ့ဆုံ click
- နိုင်ငံရေးအရမရှင်းဘဲ လက်နက်ကိုင်ပဋိပက္ခ မရှင်းနိုင် click
- မြန်မာဒုက္ခသည် ပြန်ပို့ရေး မလောသင့် click
- မြ၀တီတိုက်ပွဲက ဒုက္ခသည်အခြေအနေ (ရုပ်သံ) click
- ရွေးကောက်ပွဲရလဒ် လက်မှတ်ထိုးပြီးမှ ရုတ်ချည်းပြောင်းလဲ click
- ရွေးကောက်ပွဲ မျှတမှုမရှိကြောင်း တသီးပုဂ္ဂလများ ထုတ်ပြန်ကြေညာ click
- ရွေးကောက်ပွဲကော်မရှင်အား မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ကန့်ကွက်သော်လည်း လက်မခံဟု ယူဆ ရ click
- အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ မဲအပြတ်အသတ် အနိုင်ရ click
- တိုင်းရင်းသားဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ click
- ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသားပါတီများ ပါလီမန်အသစ်မှာ ဘာဆက်လုပ်မလဲ click
- တာဝန်သိအစိုးရ ဖြစ်ပေါ်ရေး click
- တိုင်းပြည်ကို ဆေးကုချင်သူ (အင်တာဗျူး) click
- ဈေးကွက်သတ်မှတ်မှု ငွေကြေးနှုန်းထားဖြစ်ရေး G-20 ဆက်လုပ်သွားမည် click
- ရှပ်နီတွေ စုဝေးနေလို့ ရဲနဲ့ စစ်သားတွေ အသင့်ပြင် click
- မှောင်စပျိုးချိန် NLD ရုံးချုပ်ရှေ့ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ဆိုင်းနေတဲ့ လူထုကြီးကို ဦးဝင်းတင်နဲ့ ဦး တင်ဦးက မေတ္တာရပ်ခံနေရ click
- ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြိုနေသူများကို လူစုခွဲ click
- အဖွဲ့ချုပ်ဝင်တွေ ဒေါ်အောင်ဆန်းစုကြည်ကို မျှော်လင့်တကြီးနဲ့ စောင့်မျှော်နေကြ click
- ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မည်ဟု သတင်းများ ထွက်ပေါ် (နေ့ခင်း ၁ နာရီ ၁၃ မိ နစ်) click
- ဒေါ်အောင်ဆန်းစုကြည် နာရီပိုင်းအတွင်း လွတ်မည်ဟုပြော click
- နိုဝင်ဘာ (၁၂-၁၃) ရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မယ်လို့ မျှော်လင့်နေ click
- ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ (၁၂) တွင် လွတ်မြောက်လာမည်ဟု သတင်းထွက် click
- လူထုခေါင်းဆောင် ပြန်လွတ်တော့မည် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်ရမယ့်နေ့ ဒီချုပ် ပြင်ဆင် click
- နောက်ဆုံးရ ဒေါ်အောင်ဆန်းစုကြည် သတင်းများ click
- နိုဝင်ဘာ (၁၂) ရက် နောက်ဆုံးရ သတင်းတိုများ click
- နိုဝင်ဘာ (၁၂) ရက် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုဆို (ဓာတ်ပုံ) click
- လူထုစောင့်မျှော်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် click
- ဒေါ်အောင်ဆန်းစုကြည်ကို ဘာလုပ်စေချင်ကြသနည်း (ဆောင်းပါး) click
- ဒေါ်အောင်ဆန်းစုကြည် (ဆောင်းပါး) click
- ဒေါ်အောင်ဆန်းစုကြည် ဘဝခရီးလမ်း (ဆောင်းပါး) click
- ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ - အပိုင်း (၂) (ဆောင်းပါး) click
ဓာတ်ပုံသတင်း (နိုဝင်ဘာ ၁၂၊ မိုးမခ၀က်ဘ်ဆိုက်)
တနင်္လာနေ့က ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် တွေ့ရသော Kim Aris ခေါ် ကိုထိန်လင်း (photo; bangkok post)- ဖမ်းထားသည့် နအဖ ဗိုလ်ကြီးကို DKBA ပြန်လွှတ် click
- ဒီကေဘီအေက ပြည်သူ့စစ် (၉) ဦးကို ပြန်လွှတ်ပေး click
- ယာမဂျိရဲ့ တိုက်ပွဲဖြစ်နေတဲ့ မြဝတီမြို့ အချုပ်ခန်းထဲက အတွေ့အကြုံတပိုင်းတစ (ရုပ်သံ) click
- မြဝတီမြို့မှာ စစ်ပြင်ဆင် click
- ရှမ်းအပစ်ရပ်အဖွဲ့နှင့် စစ်အစိုးရ တိုက်ပွဲဖြစ် click
- SSA-N ကို စစ်အစိုးရတပ် လက်နက်ကြီးဖြင့် ပစ်ခတ် click
- ကားလိုင်စင်လုပ် အထူးခံစားခွင့် ဒီကေဘီအေအဖွဲ့ ရနေ click
- ကရင်နီပြည်မှ ကြယ်နီတပွင့် (ကဗျာ) click
- သြစတြေးလျ ရုပ်သံအဖွဲ့ ပြည်နှင်ဒဏ်ခံရ click
- သြစတြေးလျ သတင်းထောက် စစ်အစိုးရ မောင်းထုတ် click
- သတင်းသမား (၂) ဦး ရန်ကုန်မှ နှင်ထုတ်ခံရမှု သြစတြေးလျအစိုးရ ကန့်ကွက် click
- မြန်မာကို လေယာဉ်ရောင်းသူ ကနေဒါ တရားစွဲ click
- ရခိုင်အမျိုးသား အလုပ်သမားတဦး နစ်နာကြေး ဘတ်ငွေတသိန်း ရရှိ click
- ရွေးကောက်ပွဲ မတရားကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ် click
- စစ်အစိုးရ ရွေးကောက်ပွဲကို နိုင်ငံတကာခေါင်းဆောင်များ၏ တုန့်ပြန်ချက်များ click
- ရွေးကောက်ပွဲ ထောက်ခံသူများ ရလဒ်ကြောင့် စိတ်ပျက် click
- NDF ကို မဲပေးလို့ ရေနံဝန်ထမ်းတွေ ခြိမ်းခြောက်ခံရ click
- ကြံ့ဖွံ့ကို မဲမထည့်သဖြင့် ဒုက္ခသည်များကို အကူအညီ ဖြတ်တောက် click
- ကြံ့ဖွံ့ပါတီကို မဲမပေးသဖြင့် တာတမံကို ဖောက်ချရာ လယ်ဧက ထောင်ချီ၍ ပျက်စီး click
- ကချင်ပြည်နယ် မြို့နယ်ကြီးများတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရ click
- ကရင်နီပြည်နယ် လွှတ်တော်နေရာအားလုံး ကြံ့ဖွံ့တပါတီတည်း ရယူ click
- ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်မှာ ဖလုံးစဝေါ်ပါတီ အနိုင်ရ click
- နိုင်ပြီး ပြန်ရှုံးတဲ့ ရွေးကောက်ပွဲရလဒ် (ဒေါက်တာစောနိုင် အင်တာဗျူး) click
- ရွေးကောက်ပွဲအလွန် အသံများ (အင်တာဗျူး) click
- ရွေးကောက်ပွဲရဲ့ ပိတ်ကားနောက်က အခြေအနေ (အင်တာဗျူး) click
- ၂၀၁၀ မသမာမှု (၁) click
- ကြိုတင်မဲကို မတရားသဖြင့် ပေးခဲ့ရပါသည် (ပေးစာ) click
- ယနေ့မြန်မာသို့ မောင်ကောင်းမှ အိတ်ဖွင့်ပေးစာ click
- ပါကစ္စတန် မှုခင်းရုံး ဗုံးကွဲ၊ (၁၈) ဦးသေ click
- G-20 ထိပ်သီးတွေ ကုန်သွယ်ရေးကိစ္စ သဘောကွဲ click
- ငွေလဲနှုန်းကိစ္စ ဂျီ ၂၀ မှာ အဓိက ပြောစရာဖြစ် click















No comments:
Post a Comment