သူ၏အောက်မှ လူထုကြီးသည်၊ စည်းကမ်းသေ၀ပ်ခြင်း အတန်ငယ် ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်းမရှိ၊
တချို့ကပြုံးရယ်၍နေ၏။ နောက်နားရှိ လူထုအစိတ်အပိုင်း တခုကား အချင်းချင်း ကပ်ကာ တီးတိုးပြော၍ နေ၏။ သို့သော်ပြက်ရယ်ပြု
ချင်းကားမရှိ။ အစိမ်းပုတ်ရောင် ကတ္တီပါကားကြီးသည် သူ့ကိုနောက်ကား ခံ၍ထား၏။ ကားလိပ်ကြီးမှာ ဘ၀ရုပ်ပုံတောတောင်မှ ခြယ်
လှယ်ထားခြင်းမရှိ ပကတိ ပိန်းပြောင်ပြောင်ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပါယ်ကိုမျှ ထူးထူးထွေထွေ မဖေါ်ပြ။ သို့သော်
မှိုင်းညို့ခြင်းတခုကိုသာ ရဲဝံ့စွာ ဆောင်၍နေသည်။ သူသည် သည်စိမ်းညို့မှိုင်းသော ကားကြီး၏ အရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စ
ကားပြော၍နေသည်။ သူသည် ဗမာပထ၀ီ မြေကြီးမှ ဗမာ့ ၀ါဂွမ်းစစ်စစ်ဖြင့် ယက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ၀တ်ထား၏။ လုံချည်မှာ
နီရဲသော ရွှေတောင်ပိုးလုံချည် ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်၊ မျက်နှာအသွင်အပြင် မှာ အပူပိုင်းဒေသ အီကွေတာ
ပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်း မျက်နှာနှင့်တူ၏။ သို့မဟုတ် တောင်ပေါ်ချင်းတယောက်၏ မျက်နှာနှင့်
လည်းတူ၏။
တက္ကသိုလ် ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထယ်ဝါခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း တို့သည် သူ့တွင်လုံးဝ မခို
အောင်း။ လမ်းပေါ်တွင် နေရာတကာ တွေ့မြင်နိုင်သော သာမန် ဆင်းရဲသား တဦးနှင့် သာတူ၏။ ဗမာလူထုကြီးထဲမှ သူတဦး၏အသွင် အ
ပြင်မျိုးသာဖြစ်၏။ သူသည် လက်နှစ်ဘက် ကို ဘေးသို့ ကား၍ လှုပ်ကာ လှုပ်ကာ စကားကိုပြော၏။ သူ၏ စကားလုံးများကား ပြေပြစ်
ခြင်းမရှိ။ ချောမွေ့ခြင်းမရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။
သင်ပထမဆုံးသော အောင်ဆန်း ၏ ပုံပန်းကို ရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည်ဖြစ်၏။
ထိုအခါကား ၁၉၃၅ခု
ပဌမဦးဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီး ကို ရန်ကုန်မြို့ ဂျူဘလီဟော
ခန်းမတွင် ဆင်ယင်နေသော အခါဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ နယ်မှ ကျောင်း
သား ကိုယ်စားလှယ် အဖြစ် ကျောင်းသားများ ညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်း စကားပြောသည် ကို တွေ့မြင်ရခြင်း ဖြစ်ပေ
သည်။ ၁၉၃၆ခု၊
သပိတ်မှောက်ကိစ္စ တောက်လောင် တော့မည့် ဆဲဆဲ၊ မီးခိုးများ အူနေသည့်အခိုက်၊ “အောင်ဆန်း” အမည်ကို သတင်း
စာများတွင် ဘတ်ရသော အခါ၊ သူ့ကို သိချင်သောစိတ် အင်မတန်ထက်သန်ခဲ့သည်။ ထိုအခါက အောင်ဆန်းမှာ တက္ကသိုလ် သမဂ္ဂ အ
သင်း၏ ကြွေးကြော်သံ ဖြစ်သော အိုးဝေမဂ္ဂဇင်း ၏ အယ်ဒီတာ ဖြစ်၏။ ကျွန်တော်မှာ စာပေ၀ါသနာ ပါသူဖြစ်ရာ၊ အောင်ဆန်း ကို အိုး
ဝေမဂ္ဂဇင်း အယ်ဒီတာ အဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဘူးချင်၏။ သို့သော် ဂျူဘလီဟော ကျောင်း
သားများ ညီလာခံတွင် သူ၏ရုပ်သွင်နှင့် သူစကားပြောသည် ကို တွေ့မြင်ကြားနာရသောအခါ၊ အထင်နှင့် အမြင် ကွာနေသည်ကို တွေ့ရ
၏။ ကျွန်တော်ထင်ထား သည်မှာ ကောလိပ်ကျောင်းသား ရုပ်ဖြောင့်ဂိုက်ကြ စကားပြောကောင်း ဟု ဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့်
အတော်အထင်ကြီးထား၏။
တေ့ရွ သော အခါ ရုပ်ကလည်းမဖြောင့်၊ စကားပြောကလည်း မပြေပြစ်၊ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်၊ ထိုအခါ ကျွန်တော်မှာ အရွယ်နု
နယ် သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့်စေချင် စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေ
နပ်။ နောက်တနှစ်ခန့် ကြာသောအခါ၊ ကျွန်တော်လည်း တက္ကသိုလ် ရောက်၍ နေသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၃၇၃၈
ခုနှစ်က ကိုအောင်ဆန်းသည် တက္ကသိုလ် သမဂ္ဂ တွင် ဒုတိယဥက္ကဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ တွင် ဥက္ကဌ ဖြစ်၏။ ထိုအ
ခါ ကျွန်တော်သည် ကိုအောင်ဆန်း နှင့်အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံသည် မရင်းနှီးခဲ့ပေ။ သူနှင့်ကား ရင်းနှီး၍ မဖြစ်၊ သူသည် ရင်းနှီး
၍ ရသော လူစားမျိုးမဟုတ်။ နိုင်ငံရေး အတူတူ တွဲဘက်လုပ်လျှင်သာ သူနှင့်ရင်းနှီးမည် ဖြစ်၏။ တက္ကသိုလ်တွင် နေစဉ် ကျွန်တော်သည်
သမဂ္ဂ နိုင်ငံရေး ကိုသာ တဘတ်သတ် မလိုက်၊ စာပေလည်း ဘတ်ချင်၏။ စာလည်း ရေးချင်၏။ ဂီတ ကိုလည်း လိုက်စားဘူး၏။သည်လို
အစုံလုပ်ချင်သဖြင့် သူနှင့် မရင်းနှီး နိုင်ပေ။ သူကား နိုင်ငံရေး သမား သက်သက် ဖြစ်၏။ ကိုအောင်ဆန်း နှင့်ကျွန်တော်ကို သခင်ဗဟိန်း
က အသိဖ့ွေဲ ပးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေးသမား သက်သက် မဟုတ် သဖြင့် သူ၏ အသိထက် လွန်မြောက်၍ ရင်းနှီးသော
အဖြစ်သို့ မရောက်သွားခဲ့ပေ။ သခင်ဗဟိန်းနှင့်ကား သည်လိုမဟုတ်။ သခင်ဗဟိန်းသည် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်၏။ စာပေ ကဗျာ
No comments:
Post a Comment