နေမင်းထွန်းမှသတင်းဖြင့်ကျေးဇူးဆပ်ပါသည်

Saturday, December 25, 2010

“အချစ်ကောင်”




၉၉.၉၉ ရာခိုင်နှုန်း
(အဲ့ဒါ)
မင်းအတွက် ပေးထားခဲ့တာ
အပေးမယူ မရှိပေမယ့်
ကျစရာမျက်ရည်စတွေ
ကျန်နေသေးတယ်။

မျှော်လင့်ချက် လှေကြီးမှာ
ငါကိုယ်တိုင် မာလိန်မှူးလုပ်
ငါကိုယ်တိုင် ထိုးသားကြီးလုပ်နေတာ
ပန်းတိုင်ဆီရောက်ဖို့ပဲ မဟုတ်ဖူးလား။

ဒါတွေထားပါလေ
မင်းမသိချင်ဟန်ဆောင် တာလား
မင်းမသိချင်ဟန်ဆောင် မှာလား
တစတစ အရည်ပျော်ကျရတော့မယ့်
မျက်ရည်ထုတွေ
ဟော့ဒီ နှလုံးသားအောက်ခြေမှာ
ဒုနဲ့ဒေး ရှိလို့နေသေး။

ချစ်သူရေ
မျဉ်းပြိုင်နှစ်ကြောင်းရဲ့ မဆုံမှတ်လို
စကားလုံးတွေ အံ့ချော်နေတုန်းမို့
ငါကိုယ်တိုင်တောင် မယုံနိုင်ခြင်းကြီးစွာ
ခေါင်းငိုက်စိုက်ကျ သက်ပြင်းချ
မျက်ရည်မိုးတွေ ဖြိုင်ဖြိုင်ရွာကျနေပေမယ့်
ငါ့ကိုက
အချစ်ကောင်ကြီး ဖြစ်နေလေတာကိုး။

No comments:

Post a Comment