နေမင်းထွန်းမှသတင်းဖြင့်ကျေးဇူးဆပ်ပါသည်

Sunday, December 12, 2010

အချိန် မရှိ

ဒေါ်အောင်ဆန်းစုကြည်က အချိန် သိပ်မရှိဘူးလို့ အင်တာဗျူးတခုမှာ ပြောထားပါတယ်။ ဟုတ်မှာပါ။ ခေါင်းဖီးဖို့တောင် အချိန် မလုနိုင်ဖြစ်နေပုံ ရပါတယ်။သောကြာနေ့က သူ့အိမ်မှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ဝိုင် ယွန်းတို့ အဖွဲ့နဲ့ တွေ့ပြီးတဲ့ အချိန် ရိုက်ထားတဲ့ ပုံတွေ အဆင်ပြေတယ်။ သပ်သပ်ယပ်ယပ်။ နေ့ ၁၂း၀၀ ကျော်ကျော်။

နေ့ ၁း၀၀ NLD ရုံး လူ့အခွင့်အရေးနေ့ မိန့်ခွန်းပြောချိန် ရိုက်ထားတဲ့ ဓာတ်ပုံမှာတော့ ဆံပင်က မသပ်မယပ် ဖြစ်နေပြီ။ သြော် - တကယ်ကို အချိန် ဆင်းရဲနေပြီ။

No comments:

Post a Comment